ပွန်ဒူဂတ်
ပုံပန်းသွင်ပြင်
ပွန်ဒူဂတ် (ရောမ ရေသယ်တံတား)* | |
---|---|
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ | |
တည်ရှိသည့် နိုင်ငံ | ပြင်သစ် |
အမျိုးအစား | ယဉ်ကျေးမှု |
ရွေးချယ်သည့်စံနှုန်း | i, iii, iv |
ကိုးကား | ၃၄၄ |
ဒေသ** | ဥရောပနှင့် မြောက်အမေရိက |
သတ်မှတ်ခြင်း မှတ်တမ်း | |
စတင်သတ်မှတ်ခြင်း | ၁၉၈၅ (နဝမအကြိမ်) |
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည် ** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ |
ပွန်ဒူဂတ် သည် ရှေးဟောင်း ရောမခေတ်မှ ရေသယ်တံတားတစ်ခု ဖြစ်ပြီး အေဒီ ၁ ရာစုက တည်ဆောက်ခဲ့ကာ ရောမပြည်၏ ကိုလိုနီတစ်ခု ဖြစ်သော နီမောဆပ်စ် (ယနေ့ခေတ် ပြင်သစ်နိုင်ငံ တောင်ပိုင်း နီမက်) သို့ ၅၀ km (၃၁ mi) မျှ ရေကို သယ်ပို့နိုင်ရန် အတွက် ဖြစ်သည်။[၁] ၎င်းသည် ဂါဒွန်မြစ်ကို ပြင်သစ်နိုင်ငံတောင်ပိုင်း ဗားစ်ပွန်ဒူဂတ်မြို့ အနီးတွင် ဖြတ်သန်းသွားသည်။ ပွန်ဒူဂတ်သည် ရောမ ရေသယ်တံတားများတွင် အမြင့်ဆုံး ဖြစ်ပြီး အကောင်းဆုံး ထိန်းသိမ်းထားနိုင်သော တံတားတစ်ခုလည်း ဖြစ်သည်။ ၎င်း၏ သမိုင်းကြောင်းအရ အရေးပါမှုကြောင့် ၁၉၈၅ ခုနှစ်တွင် ယူနက်စကို ၏ ကမ္ဘာ့အမွေအနှစ်နေရာစာရင်းသို့ ထည့်သွင်းခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Map of the Roman Aqueduct to Nîmes။ Athena Review။ 15 November 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 August 2020 တွင် ပြန်စစ်ပြီး။