ပေါဖွန် ဟင်ဒင်ဗတ်

ဝီကီပီးဒီးယား မှ

ပေါဖွန်ဟင်ဒင်ဗတ်သည် ပထမကမ္ဘာစစ်အတွင်းက ထင် ရှားသော ဂျာမန်စစ် သူကြီးဖြစ်သည့်အပြင် စစ်ပြီးခေတ်၌ ဂျာမနီနိုင်ငံ သမ္မတအဖြစ် နှစ်ကြိမ်တိုင် ဆက်၍ ရွေး ကောက် တင်မြေ|ာက်ခြင်း ခံရသော နိုင်ငံခေါင်းဆောင်ကြီး လည်း ဖြစ်သည်။

ဟင်ဒင်ဗတ်သည် ပရပ်ရှင်း သူရဲကောင်းမျိုးရိုးထဲမှ ဖြစ်၍ ၁၈၄၇ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့တွင် ဂျာမနီနိုင်ငံ ပိုဇန်မြို့၌ ဖွားမြင်သည်၊ အသက် ၁၁ နှစ်အရွယ်တွင် စစ် ပညာကို သင်ကြားပြီးနောက် ပရပ်ရှားနှင့် 0x100သစတြီးယား စစ်ပွဲ၊ ဂျာမနီနှင့် ပြင်သစ်စစ်ပွဲစသော စစ်ပွဲ အသီးသီးတို့ တွင် ထူးချွန်စွာ စစ်မှုထမ်းခဲ့သည်။ စစ်ဘက်၌ အမှုထမ်း နေစဉ် ဗိုလ်ချုပ် ရာထူးသို့တိုင်အောင် ရာထူးအဆင့်ဆင့် တိုးတက်ခန့်အပ်ခြင်း ခံရသည်။ ဗိုလ်ချုပ် ဟင်ဒင်ဗတ် သည် ၁၉၁၁ ခုနှစ်တွင် စစ်ဘက်မှ အနားယူ၍ ဟန်နု ိဗာမြို့၌ အေးချမ်းစွာ နေထိုင်ခဲ့ လေသည်။ ပထမကမ္ဘာစစ်ဖြစ်ပွားသည့် ၁၉၁၄ ခုနှစ်တွင် ရုရှားစစ်တပ် များသည် ပရပ်ရှားနိုင်ငံ အရှေ့ပိုင်းသို့ ဝင်ရောက် တိုက်ခိုက် လေသည်။ ထိုအခါဂျာမန်စစ်ဌာနချုပ်က အသက် ၆၇ နှစ် အရွယ်ရှိ အငြိမ်းစား ဗိုလ်ချုပ် ဟင်ဒင်ဗတ်ကို အရှေ့စစ် မျက်နှာတွင်ကွပ်ကဲရန်တာဝန်ပေးအပ်ခဲ့လေသည်။ ဗိုလ်ချုပ် ဟင်ဒင်ဗတ်သည် ရုရှားတပ်များကို မဆူရီယန်အိုင်ဒေသ၊ တင်နင်ဗတ်တိုက်ပွဲတွင် တိုက်ခိုက် ချေမှုန်းခဲ့သည်။ ထိုနောက်စစ်သူကြီး ရာထူးသို့ တိုးမြှင့်ပေးပြီးလျှင် အရှေ့ဘက်ရှိ ဂျာမန် တပ်များ၏ စစ်သေနာပတိအဖြစ် ခန့်အပ်ခြင်း ခံရသည်။

တစ်ဖန် ၁၉၁၆ ခုနှစ်တွင် ဟင်ဒင်ဗတ်သည် ဂျာမန်စစ်တပ် အားလုံးအတွက် သေနာပတိချုပ် ဖြစ်လာလေသည်။ ၁၉၁၇ ခုနှစ်တွင် ဟင်ဒင်ဗတ်သည် အနောက်ဘက်စစ် မျက်နှာ၌ ထိုးစစ်ဆင်တိုက်ခိုက်သော မဟာမိတ်တပ်များကို လည်း ဟင်ဒင်ဗတ်စစ်ကြောင်းဟု အမည်တွင်သည့် ခံတပ် ကတုတ်ကျင်းများမှ ကြံ့ကြံ့ခံခဲ့လေသည်။ ၁၉၁၈ ခုနှစ်တွင် ဂျာမနီနိုင်သည် မဟာမိတ်နိုင်ငံများနှင့် စစ်ရပ်စဲလိုက်ရသဖြင့် ပထမကကမ္ဘာစစ် ပြီးဆုံးလေသည်။ စစ်သူကြီး ဟင်ဒင်ဗတ် သည်လည်း ၁၉၁၉ ခုနှစ်တွင် ဒုတိယအကြိမ် အနားယူလေ သည်။

၁၉၂၅ ခုနှစ်တွင် ဂျာမနီနိုင်ငံ၏ ပထမဦးဆုံး သမ္မတ အီဗတ် ကွယ်လွန်သောအခါ ဂျာမန် ကွန်ဆားဗေး တစ် ပါတီဝင်တို့က ဟင်ဒင်ဗတ်ကို သမ္မတအဖြစ် ဝင်ရောက် အရွေးခံရန် တိုက်တွန်းကြသည်။ ထိုအချိန်တွင် သူသည် အသက် ၇၈ နှစ်အရွယ်ရှိပြီး ဖြစ်၏။ ဟင်ဒင်ဗတ်သည် ရွေးကောက်ပွဲတွင် အနိုင်ရသဖြင့် သမ္မတအဖြစ် နိုင်ငံ၏ တာဝန်ကို ထမ်းဆောင်ရလေသည်။

သမ္မတ ဟင်ဒင်ဗတ်သည် ဘုရင်အုပ်ချုပ်မှု စံနစ်ကို လိုလားသူဖြစ်သော်လည်း ဟိုအင်ဆောလန်း မင်းဆက်ကို ဂျာမန်ထီးနန်း၌ ပြန်လည် ဆက်ခံစိုးစံနိုင်ရန် မကြံစည်ခဲ့ သည် သာမက ဂျာမနီနိုင်ငံ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥ ပဒေကို သစ္စာရှိစွာ စောင့်ထိန်းခဲ့သူဖြစ်ပေသည်၊ ၁၉၃၂ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် အဲဒေါ့ဟစ်တလာနှင့်ပြိုင် ၍ အရွေးခံရာအနိုင်ရရှိသဖြင့် ဒုတိယအကြိမ် သမ္မတ အဖြစ် ဆောင်ရွက်ရ ပြန်သည်။ ထိုအချိန်၌ ဟစ်တလာ ခေါင်းဆောင်သော နာဇီပါတီခေါ် အမျိုးသား ဆိုရှယ် လစ် အလုပ်သမားပါတီသည်အင်အားကောင်းလျက် ရှိသည်။ ထိုကြောင့် သမ္မတ ဟင်ဒင်ဗတ်သည် ၁၉၃၃ ခုနှစ်တွင် ဟစ်တလာကို ဝန်ကြီးချုပ်အဖြစ် ခန့်ရသည်။

ဟစ်တလာခေါင်းဆောင်သော နာဇီအဖွဲ့သည် နိုင်ငံအုပ်ချုပ် ရေး အာဏာကို တဖြည်းဖြည်း သိမ်းယူခဲ့ရာ နောက်ဆုံး၌ ဂျာမနီသည် အာဏာရှင်အုပ်စိုသောနိုင်ငံအဖြစ်သို့ ရောက်ရှိ လေသည်။ ဟင်ဒင်ဗတ်သည်လည်း နိုင်ငံ၏တာဝန်ကို စွန့်လွှတ်၍ နျူးဒက်မြို့တွင် နေထိုင် ခဲ့ရာ ၁၉၃၄ ခုနှစ် ဩဂုတ်လ ၂ ရက်နေ့တွင်ကွယ်လွန်လေ သည်။ သူ၏ရုပ်အလောင်းကို အောင်မြေဖြစ်သော တင်နင် ဗတ်မြို့တွင် မြှုပ်နှံခဲ့ကြလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)