နောင်ယန်းအင်း

ဝီကီပီးဒီးယား မှ
နောင်ယန်းအင်း
ကိုဩဒိနိတ်27°13′9″N 96°8′37.9″E / 27.21917°N 96.143861°E / 27.21917; 96.143861ကိုဩဒိနိတ်: 27°13′9″N 96°8′37.9″E / 27.21917°N 96.143861°E / 27.21917; 96.143861
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများမြန်မာနိုင်ငံ
အကျယ်ဆုံး အလျား၁.၄ km (၀.၈၇ mi)
အကျယ်ဆုံး အနံ၀.၈ km (၀.၅၀ mi)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၈၆၅ m (၂,၈၃၈ ft)
ကျွန်းများမရှိ
နောင်ယန်းအင်း သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
နောင်ယန်းအင်း
နောင်ယန်းအင်း
မြန်မာနိုင်ငံရှိ ပြန်လမ်းမဲ့ရေကန်၏ တည်နေရာ

ပြန်လမ်းမဲ့ရေကန် (အင်္ဂလိပ်: Lake of No Return) သည် မြန်မာနိုင်ငံတွင်တည်ရှိသည့် ထူးခြားသည့် ရေကန်တစ်ခု ဖြစ်၏။ ထိုကန်ကြီးသို့ နိုင်ငံရပ်ခြားမှ ခရီးသွားများသည် လာရောက်လည်ပတ်ကြည့်ရှုလေ့လာကြ၏။ ကန်ကြီးသည် ထူးခြားအံ့ဩဖွယ် ဖြစ်ရပ်ဆန်းတို့ဖြင့် ပြည့်နှက်နေ၏။[၁]

တည်နေရာ[ပြင်ဆင်ရန်]

ကန်ကြီးသည် အိန္ဒိယ − မြန်မာနပ်စပ်တွင် တည်ရှိ၏။ စစ်ကိုင်းတိုင်းဒေသကြီးရှိ နာဂလူမျိုးများ နေထိုင်ကြသည့် ပန်ဆောင်မြို့နားတွင် တည်ရှိ၏။[၁] ကန်ကြီးသည် ၁.၄ ကီလိုမီတာ အလျားရှိပြီး အကျယ်ဆုံးနေရရာတွင် ၀.၈ ကီလိုမီတာ တည်ရှိသည်။ လီဒိုလမ်းမကြီးမှ အနောက်တောင်ဘက် ၂.၅ ကီလိုမီတာအကွာတွင် တည်ရှိသည်။

အမည်[ပြင်ဆင်ရန်]

ပြန်လမ်းမဲ့ရေကန်သည် ဒုတိယကမ္ဘာစစ်အတွင်းက အင်္ဂလိပ်တို့က ပေးခဲ့သည့် အမည်ဖြစ်၏။ ဒေသခံတို့ကမူ နောင်ယန်းအင်းဟု ခေါ်ဆိုကြ၏။[၁]

ထူးခြားသည့် ဖြစ်ရပ်များ[ပြင်ဆင်ရန်]

ထူးခြားဆန်းကြယ်သော ဖြစ်ရပ်တို့သည် ဒုတိယကမ္ဘာစစ်အတွင်း ဖြစ်ပွားခဲ့သည်။[၁]

အမေရိကန်[ပြင်ဆင်ရန်]

အမေရိကန်တို့၏ စစ်လေယာဉ်တစ်စီးသည် ကန်းအနီးပျံသန်းနေစဉ် ရုတ်တရက် ပျောက်ဆုံးသွား၏။ ထို့ပြင် လီဒိုလမ်းမကြီး ဖောက်လုပ်စဉ်က အမေရိကန်စစ်သားများသည် လေ့လာစူးစမ်းရန် ကန်ကြီးဆီသို့ သွားကြ၏။ ထိုသို့ သွားရောက်စူးစမ်းခဲ့ကြသည့် တစ်ဖွဲ့လုံး ပျောက်ဆုံးသွား၏။[၁]

ဂျပန်[ပြင်ဆင်ရန်]

ဂျပန်ခေတ်ကာလတွင် ဖြစ်၏။ ဂျပန်စစ်သားများသည် ကန်အနားတွင် ရောဂါဝေဒနာဖြစ်ပွားကာ သေဆုံးခဲ့၏။[၁]

အင်္ဂလိပ်[ပြင်ဆင်ရန်]

အင်္ဂလိပ်တို့၏ တင့်ကားများ၊ လေယာဉ်များ၊ လူများ ပျောက်ဆုံးခဲ့ပြန်သည်။ အင်္ဂလိပ်တို့သည် သူတို့၏ ထိုကဲ့သို့ ထူးခြားဆန်းကြယ်သည့် အတွေ့အကြုံများကြောင့် ကန်ကြီးကို Lake of No Return ဟု အမည်ပေးခဲ့သည်။[၁]

ဒေသခံတို့၏ ယုံကြည်ချက်[ပြင်ဆင်ရန်]

မြန်မာ[ပြင်ဆင်ရန်]

ကန်ကြီးနှင့် ပတ်သက်၍ မြန်မာဒေသခံတို့က ထိုဒေသနှင့် အင်းသည် နတ်ကြီးသည်ဟု ယုံကြည်ကြ၏။ ဘီလူးများ ကျက်စားရဒေသဖြစ်သည်ဟု ယုံကြည်ကာ သားငါးရှာဖွေမှုများ မပြုလုပ်ကြပေ။ ထို့ပြင် ကန်ကြီးတွင် အရွယ်အစားကြီးမားသည့် ရေနဂါများကို တွေ့ရတတ်သည်ဟု ရှေးလူကြီးတို့က ဆိုခဲ့ကြ၏။ ကန်၏ ရေမျက်နှာပြင်အောက်ခြေတွင် နဂါးများ နေထိုင်ရာ နဂါးတိုင်းပြည်ရှိသည်ဟု ဒေသခံတို့သည် ယုံကြည်ကြသည်။[၁]

အိန္ဒိယ[ပြင်ဆင်ရန်]

အိန္ဒိယနိုင်ငံသားတို့သည်လည်း ထိုရေကန်သည် နတ်ဒေဝါတို့နှင့် ပတ်သက်သလို နတ်နဂါးများ စောင့်ရှောက်သည်ဟု ယုံကြည်ကြ၏။ စောင့်ရှောက်သည့် နဂါးသည် အဖြူရောင်ဖြစ်၏။ ထိုဒေသအား ထိခိုက်ပျက်စီးအောင် ပြုသူများကို နဂါးက ဒုက္ခရောက်အောင် လုပ်ခြင်းဖြစ်သည်ဟု အိန္ဒိယဒေသခံတို့က ယုံကြည်ကြ၏။ ထို့ပြင် ယုံကြည်ျက်အရ တစ်နှစ်တစ်ခါ နတ်နဂါးကြီးဆီသို့ လာရောက်ပူဇော်ပသကြ၏။ အိန္ဒိယနိုင်ငံသားတို့သည် နောင်ယန်းအင်းကို “အိန္ဒိယ၏ ဘာမြူဒါလေး” လို့ပင် တင်စားခေါ်ဝေါ်ကြသည်။[၁]

လမ်းပန်းဆက်သွယ်ရေး[ပြင်ဆင်ရန်]

ကန်ကြီးသို့ သွားရောက်လည်ပတ်ရန် ခက်ခဲ၏။ မိုးရာသီတွင် သွားရောက်လည်ပတ်ရန် အင်မတန် ခက်ခဲလွန်း၏။ နွေရာသီရောက်မှ မြစ်ကြီးနားမှတစ်ဆင့် တနိုင်း၊ နန်းယွန်း၊ ပန်းဆောင်အထိ နှစ်ရက်ကြာ ကားတစ်တန် ဆိုင်ကယ်တစ်တန်ဖြင့် သွားကြရ၏။ လမ်းပန်းခက်ခဲပင် ခက်ခဲငြားသော်လည်း ကန်ကြီးဆီသို့ သွားရောက်လည်ပတ်သူများ ရှိ၏။

ရေကန်ကြီးဆီသို့ သွားရောက်ရာ တစ်ခုတည်းသောလမ်းမှာ စတီးဝဲလမ်းခေါ် လီဒိုလမ်းမကြီးပင် ဖြစ်၏။ သို့သော် မြန်မာနိုင်ငံဘက်မှ သွားရောက်မည်ဆိုပါက လမ်းပန်းခရီး ခက်ခဲသဖြင့် နိုင်ငံခြားသား ခရီးသည်တို့သည် အိန္ဒိယနိုင်ငံဘက်မှ ရေကန်ကြီးဆီသို့ သွားလာကြ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀၀ ၁.၀၁ ၁.၀၂ ၁.၀၃ ၁.၀၄ ၁.၀၅ ၁.၀၆ ၁.၀၇ ၁.၀၈ ၁.၀၉ "မနောမယဂမ္ဘီရဂျာနယ်၊ မြန်မာ့နယ်နိမိတ်ထဲက ပြန်လမ်းမဲ့ရေကန်" (၁၅ ဇူလိုင် ၂၀၁၈). မနောမယဂမ္ဘီရဂျာနယ်.  Archived 21 August 2018 at the Wayback Machine. မော်ကွန်းတင်ပြီးမိတ္တူ။ 21 August 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 July 2021 တွင် ပြန်စစ်ပြီး။