နာရာ ပန်းခြံ

ဝီကီပီးဒီးယား မှ
နာရာ ပန်းခြံရှိ လွတ်လပ်စွာသွားလာနေသော သမင်

နာရာ ပန်းခြံ (奈良公園 Nara Kōen?)သည် အများပြည်သူအပမ်းဖြေရာ ပန်းခြံတစ်ခုဖြစ်ပြီး ဂျပန်နိုင်ငံနာရာစီရင်စုနာရာမြို့၊ ဝါကခုစတောင်ခြေရင်းမှာ တည်ရှိပါသည်။ ၁၈၈၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဂျပန်နိုင်ငံ၏ ရှေးအကျဆုံးပန်းခြံများထဲမှ တစ်ခုဖြစ်သည်။ ၁၂၀၀ကျော်ရှိသော တောရိုင်းsikaသမင်များသည် ပန်းခြံအတွင်း လွတ်လပ်စွာ လှည့်လည်သွားလာနေနိုင်ပြီး လာရောက်လည်ပတ်သူများအနေဖြင့်လည်း သမင်များနှင့် လွတ်လပ်စွာ အစာကျွှေးမွေး၊ ထိတွေ့ပြီး အမှတ်တရဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးနိုင်ပါသည်။ ပန်းခြံ၏ တရားဝင်အရွယ်အစားမှာ ၅၀၂ဟက်တာ (၁၂၄၀ဧကခန့်) ရှိပြီး အစွန်းဘက် သို့မဟုတ် နာရာပန်းခြံ ဝန်းရံထားသည့် တိုးဒိုင်းဂျိဗုဒ္ဓဘာသာဘုရားကျောင်း၊ ကိုးဖုခုဂျိဗုဒ္ဓဘာသာဘုရားကျာင်းနှင့် ကဆုဂရှင်တိုဘုရားကျောင်း အပါအဝင် ၆၆၀ဟက်တာ (၁၆၀၀ဧက)ဧရိယာ ကျယ်ဝန်းသည်။