ထရွိုင်းမြို့
ဘီစီ ၁၂၀၀ ခန့်က ထရိုဂျန်စစ်ပွဲဖြစ်ပွားရာ တံတိုင်း | |
တည်နေရာ | Tevfikiye, Çanakkale Province, Turkey |
---|---|
ဒေသ | Troad |
ကိုဩဒိနိတ် | 39°57′27″N 26°14′20″E / 39.95750°N 26.23889°Eကိုဩဒိနိတ်: 39°57′27″N 26°14′20″E / 39.95750°N 26.23889°E |
အမျိုးအစား | Settlement |
သမိုင်းကြောင်း | |
စတင်တည်ဆောက်ခြင်း | 3000 BC |
စွန့်ခွာခြင်း | 500 AD |
ကာလအပိုင်းအခြား | ကြေးခေတ် မှ ဘိုင်ဇန်တိုင်း အင်ပါယာ |
ဆိုဒ်မှတ်ချက်များ | |
ဝဘ်ဆိုဒ် | Troia Archaeological Site |
တရားဝင်အမည် | Archaeological Site of Troy |
အမျိုးအစား | Cultural |
ရွေးချယ်သည့်စံနှုန်း | ii, iii, vi |
ရွေးချယ်ခြင်း | 1998 (22nd World Heritage Committee) |
ရည်ညွှန်းနံပါတ် | 849 |
Region | ဥရောပနှင့် အာရှ |
အာရှမိုင်းနား၏ အနောက်မြောက်ကမ်းခြေအနီးတွင် အစ်လီ ယမ်မြို့ပျက်ကြီးကို ယနေ့တိုင် တွေ့မြင်နိုင်ပေသည်။ ယင်း အစ်လီယမ်မြို့ပျက်ကြီးကို ထရွိုင်းမြို့ဟု ခေါ်ခဲ့ကြသည်။ ယခုမူ ထိုမြို့ကြီးကို ထရုတ်ဟု ခေါ်သည်။
မကြာမီက မြို့ဟောင်းနေရာကို တူးဖော်ကြည့်ရှုသည့်အခါ၊ ခိုင်ခံ့သော တံတိုင်းကြီးများ၊ မျှော်စင်ကြီးများ၊ တိုင်အကျိုး အပဲ့များကို တွေ့ရသဖြင့် ထိုမြို့တော်ကြီးသည် တခေတ်က ကြီး ကျယ်စည်ကားသော မြို့ကြီးတစ်မြို့ ဖြစ်ခဲ့ကြောင်း ခန့်မှန်းရ လေသည်။ ယင်းမြို့ဟောင်း၏ တည်ရာအရပ်မှာ အီးဂျီးယန်း ပင်လယ်နှင့် ဆက်စပ်နေသည့် ဟဲလစပွန့်(ဝါ) ဒါးဒနယ် ရေ လက်ကြားအနီးဖြစ်သည်။
ထရွိုင်းမြို့၏ အရှေ့တောင်ဘက်တွင် နတ်မင်းကြီးဇု စံမြန်း ရာ ဘုံဗိမာန်ရှိသော အိုင်ဒါတောင်ကို တွေ့မြင်နိုင်သည်ဟု ကမ္ဘာကျော် ဂရိလူမျိုး ကဗျာစာဆိုကြီး ဟိုးမားက သူ၏အစ်လ ယက်အမည်ရှိ လင်္ကာကြီးတွင် ရေးသားခဲ့၏။ နတ်မင်းကြီးဇု သည် အိုင်ဒါတောင်ထိပ်ပေါ်ရှိ နတ်နန်းထက်မှ ဂရိနှင့် ထရွိုင်း လူမျိုးတို့ တိုက်ခိုက်သောစစ်ပွဲကို ရှုစားခဲ့သည်ဟု ဆိုလေသည်။ ထိုစစ်ပွဲကို ထရိုဂျန်စစ်ပွဲဟုခေါ်သည်။
ပင်လယ်ကမ်းခြေနှင့် တောင်တန်းများအကြားတွင် ပေ ၁ဝဝ ခန့်မြင့်သော ကုန်းတန်းရှည်ကြီးတစ်ခုရှိ သည်။ ဂရိသမိုင်းအရ ထိုကုန်းတန်း၏အောက်၌ ထရွိုင်းမြို့တော်ကြီးသည် နှစ်ပေါင်း များစွာ နစ်မြုပ်နေခဲ့သည်။ ၁၈၇၁ ခုနှစ်နှင့် ၁၈၉ဝ ပြည့်နှစ် များတွင် အဆိုပါကုန်းတန်းကို တူးဖော်ကြရာ၊ ထရိုဂျန်စစ်ပွဲ ဖြစ်ပွားသည့်အရပ်ဖြစ်ကြောင်း အထောက်အထားများကို တွေ့ရ လေသည်။
ဘီစီ ၂၅ဝဝ ပြည့်နှစ်ခန့်က ထရွိုင်းမြို့သည် ရွာသိမ်ရွာငယ် တစ်ခုမျှသာ ဖြစ်သော်လည်း၊ တစ်စတစ်စ စည်ကားတိုးတက် လာခဲ့သဖြင့်၊ နောက်ဆုံးတွင် အီးဂျီးယန်းယဉ်ကျေးမှု၏ အချက် အခြာဒေသ ဖြစ်လာခဲ့၏။ ယခုဖော်ပြပါ ထရွိုင်းမြို့ပုံပြင်မှာ ဆဋ္ဌမမြောက် ထရွိုင်းမြို့တော်၏ သမိုင်းဖြစ်သည်။ ယင်းဆဋ္ဌမ မြောက် ထရွိုင်းမြို့တော်သည် ဘီစီ ၁၂ ရာစု သို့မဟုတ် ဘီစီ ၁၃ ရာစုတွင် ပျက်စီးခဲ့လေသည်။
ထရွိုင်းမြို့တော်ကြီး ပျက်စီးရသည့်အကြောင်းရင်းမှာ ရှေး နှစ်ပေါင်း ၃ဝဝဝ ကျော်လောက်က ဂရိနှင့် ထရိုဂျန်လူမျိုးတို့ စစ်မက်ဖြစ်ပွားခဲ့သောကြောင့်ပင်တည်း။ တစ်ဖန် စစ်ဖြစ်ပွားရ သည့်ရသည့်အကြောင်းမှာလည်း ထရွိုင်းမြို့တော်ကို စိုးစံသော ပရိုင်းယမ်ဘုရင်၏သား ပဲရစ်သည် စပါးတားမြို့ကို စိုးစံသော မင်နီလေးအပ် ဘုရင်၏ မိဖုရားဟယ်လင်ကို ထရွိုင်းမြို့ သို့ ဆောင်ကြဉ်းကာ ခိုးယူပေါင်းသင်းသောကြောင့်ဖြစ်သည်။ ယင်းသို့ ထရိုဂျန်လူမျိုးတို့၏ စော်ကားရန်စခြင်းကို ခံလိုက်ရ သော ဂရိလူမျိုးတို့သည် ၁ဝ နှစ်တာကာလပတ်လုံး အင်အားစု ရုံးပြီးလျှင်၊ မိုင်စီးနီးဘုရင် အက်ဂါမံနွန်ကို ခေါင်းဆောင်အဖြစ် တင်မြေ|ာက်၍၊ ထရိုဂျန်တို့အား လက်စားချေရန် ထရွိုင်းမြို့သို့ ချီတက်ခဲ့ကြသည်။ ဂရိတို့သည် ထရွိုင်းမြို့ကို ၁ဝ နှစ်ကြာမျှ ခဲယဉ်း ပင်ပန်းစွာ ဝိုင်းဝန်းလုပ်ကြံပြီး၍၊ နောက်ဆုံးတွင် ဥပါယ်တံမျဉ်ဖြင့် အောင်နိုင်ခဲ့ကြ၏။
ဂရိတို့၏ ဥပါယ်တံမျဉ်ကား သစ်သားဖြင့် ပြုလုပ်သော မြင်းရုပ်ကြီး၏အတွင်း၌ စစ်သည်တော်များ ဝင်ရောက်ပုန်း အောင်း၍ နေစေကာ၊ ထိုမြင်းရုပ်ကြီးကို ထရွိုင်းမြို့၏ မြို့ရိုး ပြင်ဘက်တွင် စွန့်ပစ်ထားခဲ့ဟန်ပြုလျက်၊ ကျန်စစ်သည်တော် အပေါင်းလည်း သင်္ဘောများစီးကာ ထွက်ခွာသွားဟန်ပြုခဲ့ကြ သည်။ ထိုအခါ ထရိုဂျန်တို့သည် ဂရိများ ပြည်တော်ပြန်ကြပြီ အထင်ဖြင့် မြို့ပြင်ရှိမြင်းရုပ်ကြီးကို မြို့တွင်းသို့ ဝမ်းပန်းတသာ သွင်း ယူခဲ့ကြလေသည်။ ညဉ့်အချိန်ရောက်သော် မြင်းရုပ်ကြီး အတွင်း၌ ပုန်းအောင်းနေခဲ့ကြသော ဂရိစစ်သည်တော်များသည် အပြင်သို့ထွက်လာကြပြီးလျှင် မြို့ကိုစီးကြ၏။ သင်္ဘောစီးလျက် ထွက်ခွာသွားဟန်ပြုသော ဂရိစစ်သည်တော်များလည်း တိတ်တ ဆိတ် မြို့သို့ပြန်လာကြပြီးလျှင်၊ ဝိုင်းဝန်းတိုက်ခိုက်ကြသော ကြောင့် နောက်ဆုံးတွင် ထရွိုင်းမြို့တော်ကြီးသည် ဂရိတို့၏ လက်တွင်းသို့ ကျဆင်း၍ ပျက်စီးသွားလေသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅)