တန့်ဆည်မြို့

ဝီကီပီးဒီးယား မှ
(တန့်ဆည် မှ ပြန်ညွှန်းထားသည်)
တန့်ဆည်မြို့
မြို့
တန့်ဆည်မြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
တန့်ဆည်မြို့
တန့်ဆည်မြို့
တန့်ဆည်မြို့ တည်နေရာ
ကိုဩဒိနိတ်: 22°56′40″N 95°22′25″E / 22.94444°N 95.37361°E / 22.94444; 95.37361
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး စစ်ကိုင်း
ခရိုင်ရေဦးခရိုင်
မြို့နယ်တန့်ဆည်မြို့နယ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

တန့်ဆည်မြို့သည် စစ်ကိုင်းတိုင်းဒေသကြီးရေဦးခရိုင်တွင်တည်ရှိပြီး တန့်ဆည်မြို့နယ်၏ ရုံးစိုက်မြို့ဖြစ်၍ ရေဦးမြို့၏ မြောက်ဘက် ၁၄ မိုင်ခန့်တွင် တည်ရှိသည် ။ စစ်ကိုင်း မြစ်ကြီးနား မီးရထားလမ်းပေါ်ရှိ ထန်းတပင်ဘူတာနှင့် ၁၂ မိုင်ခန့်ဝေးသည်။ ရေဦးမြို့နယ်ကန့်ဘလူမြို့နယ်ကျွန်းလှမြို့နယ်ကလေးဝမြို့နယ်တို့နှင့် နယ်နမိတ်ချင်းထိစပ်နေသည်။ အမတ်ကြီးဦးပေါ်ဦး၏ မွေးရပ်ဒေသအဖြစ်လူသိများသည်။ တန့်ဆည်မြို့၌ ၂၀၁၉ခုနှစ် စက်တင်ဘာလတွင် လူနေအိမ်ခြေ ၂၅၈၅ ခန့်နှင့် လူဦးရေ ၁၄၉၁၁ဦး ခန့်ရှိသည်။[၁]အမတ်ကြီးဦးပေါ်ဦး၏ မွေးရပ်ဒေသအဖြစ်လူသိများသည်။

မြေအိုးလုပ်ငန်းတွင်ကျယ်၍၊ မြို့နယ်တစ်ခုလုံးသို့ ဖြန့်ချိနိုင်သည်။ ရှေးဟောင်းမြို့တစ်မြို့ဖြစ်သဖြင့် မြို့ရိုးပျက်၊ စေတီပုထိုးပျက်များစွာနှင့် ကျယ်ပြန့်သောရေကန်ကြီးတစ်ခုရှိသည်။ ကျောထောက်နောက်ခံဖြစ်သော ပတ်ဝန်းကျင်တွင် ဆန်စပါးနှင့် ပဲစိုက်ပျိုးသည်။ မူးမြစ်နှင့် ၄ မိုင်ခန့်သာ ဝေးသော်လည်း၊ ရေသွင်း တူးမြောင်းများ မရှိချေ။ စစ်ကိုင်း မြစ်ကြီးနား မီးရထားလမ်းပေါ်ရှိ ထန်းတပင်ဘူတာနှင့် ၁၂ မိုင်ခန့်ဝေးသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်တွင် စစ်အာဏာရှင်ဆိုးအောက်မှ တန့်ဆည်မြို့ လွတ်မြောက်ခဲ့သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

အလောင်းစည်သူမင်းကြီး ဖောင်တော်ရပ်တန့်ရာနေရာကို ဆည်(ကန်)ဖို့၍ ၎င်းရွာကို တန့်ဆည်ရွာဟု ခေါ်ပြီး နောင်တွင် အစိုးရရုံးစိုက်ရာမြို့ဖြစ်လာသည်။

ပွဲတော်များ[ပြင်ဆင်ရန်]

နှစ်စဉ် တန်ဆောင်မုန်းလဆန်း (၁၀)ရက်မှ (၁၅) ရက်နေ့အထိ ရွှေကတော့မြတ်စွာဘုရားပွဲတော်ကြီးသည် တစ်မြို့နယ်လုံးသာမက အနီးအနားမှပင် ထင်ရှားသိသော ဘုရားပွဲတော်ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. တန့်ဆည်မြို့နယ်၏ ဒေသဆိုင်ရာအချက်အလက်များ။ 1 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 August 2021 တွင် ပြန်စစ်ပြီး။