တတ္စုယ ဖူဂျီဝရ
Tatsuya Fujiwara | |
---|---|
မွေးဖွား | Saitama, ဂျပန်နိုင်ငံ | မေ ၁၅၊ ၁၉၈၂
အလုပ်အကိုင် | သရုပ်ဆောင် |
တက်ကြွလှုပ်ရှားနှစ်များ | ၁၉၉၇–လက်ရှိ |
အရပ် | ၁.၇၈ m (၅ ft ၁၀ in) |
ဝက်ဘ်ဆိုဒ် | horipro.co.jp/fujiwaratatsuya/ |
တတ္စုယ ဖူဂျီဝရ (藤原 竜也 Fujiwara Tatsuya , မေ ၁၅၊ ၁၉၈၂ မွေး) သည် ဂျပန်သရုပ်ဆောင်တစ်ဦးဖြစ်သည်။ Battle Royale ရုပ်ရှင်၌ ရှုယ နနဟရအဖြစ်၊ Death Note ကား၌ လိုက်တိုယဂမိအဖြစ်၊ Kaiji ကား၌ ကိုင်ဂျိအဖြစ်၊ ဟိဒဲအို နခတ၏ The Incite Mill ၌ ရိခုဟိကို ယုကိအဖြစ် သရုပ်ဆောင်မှုများကြောင့် ကမ္ဘာကျော်လေသည်။ ၂၀၁၄ တွင် Rurouni Kenshin ဇာတ်ကား၌ လူကြမ်း ရှိရှိအို မခိုတိုအဖြစ် ပါဝင်ခဲ့သည်။ [၁][၂][၃]
ဘဝအစောပိုင်း
[ပြင်ဆင်ရန်]စိုင်းတမတွင် မွေးသော ဖူဂျီဝရသည် ငယ်စဉ်ကတည်းက သရုပ်ဆောင်လိုစိတ် ရှိခဲ့သည်။ အကြာကြီးတွဲခဲ့သော ချစ်သူနှင့် ၂၀၁၃ ကတည်းက လက်ထပ်လိုက်ပြီး ၂၀၁၆ ၌ မိဘများဖြစ်ခဲ့ကြသည်။ ကလေး၏ လိင်အမျိုးအစားနှင့် အမည်ကိုမူ မသိကြရသေးချေ။ [၄]
Career
[ပြင်ဆင်ရန်]ကင်းဂျီ ဖုကဆကုရေးသော ၂၀၀၀ ခုနှစ် အငြင်းပွားဖွယ်ရာ Battle Royale ဇာတ်ကား၌ ရှုယ နနဟရအဖြစ် သရုပ်ဆောင်ခဲ့၍ ကျော်ကြားသည်။ အဆက်ဖြစ်သော Battle Royale II: Requiem ၌ Wild Seven ခေါင်းဆောင်အဖြစ် ဇာတ်ရုပ်ကို ဆက်လက်သရုပ်ဆောင်သည်။[ကိုးကားချက်လိုသည်]
ကာတွန်းဇာတ်လမ်းတွဲကို အခြေပြု ရိုက်ကူးသော သေမင်းမှတ်စု(Death Note) နှင့် Death Note: The Last Name ၌ အဓိကဇာတ်ကောင် လိုက်တိုယဂမိအဖြစ် သရုပ်ဆောင်သည်။ သေမင်းမှတ်စုဇာတ်လမ်းတွဲအတွက် နောက်ဆက်တွဲဖြစ်သော L: Change the World, an L ၌ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါခဲ့သည်။ လိုက်အက်ရှင်ကားတွင် သေမင်းမှတ်စု၏ အဓိကဇာတ်ရုပ် လိုက်တိုယဂမိအဖြစ် သရုပ်ဆောင်ခဲ့သည်။ ရိုက်ကူးနေစဉ်အတွင်း ထိန်းချုပ်ထားသော ခံစားချက်များနှင့် ဇာတ်ရုပ်တရုပ်ကို သရုပ်ဆောင်ရသည်မှာ အလွန်ခက်ခဲပါသည်ဟု ဆိုခဲ့သည်။Death Note: The Last Name ကိုရိုက်ကူးစဉ် အယ်လ်အဖြစ် သရုပ်ဆောင်သူ Kenichi Matsuyama နှင့် သူငယ်ချင်းရင်းချာ ဖြစ်သွားသည်။ မစွတ်ယမ ကပြောသည်မှာ တစွတ်ယသည် ကောင်းကောင်းလုပ်နိုင်ခဲ့သည်ဟူသတည်း။ [ကိုးကားချက်လိုသည်]
ပြဇာတ်လက်ရာများတွင်မူ၊ ဂျပန်၌ အလွှမ်းမိုးနိုင်ဆုံး ဒါရိုက်တာများထဲမှ တဦးဖြစ်သူ ယုခိအို နိနငဝနှင့် ပူးပေါင်းလုပ်ဆောင်ကြောင့် လူသိများသည်။ ရုပ်ရှင်များ မရိုက်ကူးမီက သူ့အနုပညာအလုပ်ကို ပြဇာတ်မှ စတင်ခဲ့သည်။ ၎င်းမှာ မိထွေးဖြစ်သူနှင့် ညစ်ညမ်းသော ဆက်ဆံရေးရှိသူ ကောင်လေး ရှင်းတိုခု-မာရု အဖြစ် အဓိကပြဇာတ်ရုပ်ဖြစ်သည်။ ဟမ်းမလက်နှင့် ရိုမီယိုဂျူးလိယက်အပါအဝင် ရှိတ်စပီးယားပြဇာတ်များ၌လည်း ကပြသရုပ်ဆောင်ခဲ့သည်။[၅] ဖူဂျီဝရသည် ဟိဒဲအို နခတ၏ စိတ္တဇဆန်သည်းထိတ်ရင်ဖိုကား The Incite Mill ၌ ခေါင်းဆောင်အဖြစ် ပါဝင်သည်။ [၆] (စာချန်...) IRIS ဇာတ်ကားအတွက် Meisa Kuroki, Yuu Shirota ပြီးနောက် သေမင်းမှတ်စုတွဲဖက်မင်းသား ဟိခရိ မိစုရှိမတို့နှင့်အတူ အသံသရုပ်ဆောင်ခဲ့သည်။ အဆိုပါကားသည် Lee Byung-hun ပါဝင်သော ကိုရီးယားဇာတ်လမ်းတွဲ ဖြစ်သည်။[၇][၈][၉][၁၀]
၂၀၁၄ ၌ Rurouni Kenshin ဇာတ်လမ်းတွဲတွင် ရှိရှိအို မခိုတိုဇာတ်ရုပ်၌ သရုပ်ဆောင်သည်။[၁၁][၁၂][၁၃] ၂၀၁၅ ဇန်နဝါရီမှ ဖေဖော်ဝါရီအထိ ၁၂ နှစ်အတွင်းပထမဆုံးအကြိမ် အိုဆာကာရှိ Umeda Arts Theater ဇာတ်ရုံနှင့် စိုင်းတမရှိ Sai-no-Kuni Saitama Arts Theater ဇာတ်ရုံတို့၌ ယုကိအို နိနငဝညွှန်ကြားသော ဟမ်းမလက်ပြဇာတ်ဝယ် သရုပ်ဆောင်သည်။ ထို့နောက် ၂၀၁၅ မတ်တွင် ထိုင်ဝမ်၌လည်းကောင်း၊ မေတွင် ဘာဘီကန်ဇာတ်ရုံ(Barbican Theatre)၌လည်းကောင်း ကပြရန် စီမံခဲ့လေသည်။[၁၄][၁၅][၁၆]
Filmography
[ပြင်ဆင်ရန်]Films
[ပြင်ဆင်ရန်]- Kamen Gakuen (2000) - Akira Dojima
- Battle Royale (2000) - Shuya Nanahara
- Sabu (2002) - Eiji
- Battle Royale II: Requiem (2003) - Shuya Nanahara
- Dark Fist (2003) - Takimo Usato
- Sweet Happenings (2004) - Yukio Watanabe
- Moonlight Jellyfish (2004) - Seiji Terasawa
- Electric Magnet (Girl) (2006) - Yuichiro Kazama
- Chain Movements (2004) - Nagato Sone
- Sea Ghost (2006) - Yukoni Chinari
- Death Note (2006) - Light Yagami
- Death Note 2: The Last Name (2006) - Light Yagami
- It's Only You (2007) - Hiro Kamikaze
- L: Change the World (2008) (cameo) - Light Yagami
- My First Love Goes to Past (2008) - Yuriko Dosu
- Chameleon (2008)
- Snakes and Earrings (2008)
- Zen (2009) - Hojo Tokiyori
- Kaiji (2009) - Kaiji Ito
- Parade (2010) - Naoki
- The Incite Mill (2010)
- You Dance With The Summer (2010) - Shiro Takaki
- The Borrower Arrietty (2010) - Spiller (voice)
- Kaiji 2 (2011) - Kaiji Ito
- Okaeri Hayabusa (2012) - Kento Ohashi
- I'm Flash! (2012)
- Wara no Tate (2013) - Kunihide Kiyomaru
- Kamisama no Karute 2 (2014) - Dr. Tatsuya Shindo
- Sanbun no Ichi (2014) - Shu
- Monsterz (2014)
- Rurouni Kenshin: Kyoto Inferno (2014) - Shishio Makoto
- Rurouni Kenshin: The Legend Ends (2014) - Shishio Makoto
- ST 'Scientific Task Force' Aka to Shiro no Sosa File - The Movie (2015)
- Pokémon the Movie: Hoopa and the Clash of Ages (2015) - Barza (voice)
- Erased (2016) - Satoru Fujinuma
- Death Note: Light Up the New World (2016) - Light Yagami
- Confession of Murder (2017) - Sonezaki
Television
[ပြင်ဆင်ရန်]- That's the Answer (1997)
- Cyber Bishōjo Telomere (1998)
- Feeling Relief Is Easy (1998)
- Frozen Summer (1998)
- Change! (1998)
- LxIxVxE (1999)
- Kiss of Heaven (1999)
- The Things You Taught Me (2000)
- Saintly Springtime of Life (2001)
- Ikutsumono Umi o Koeru Te (2001)
- Heaven's Coins 3 (2001)
- I Cannot Say I Love You (2002)
- Night of Being Concerned (2002)
- Ai Gorin (2003)
- Shinsengumi! (2004) - Okita Sōji
- Yatsuhakamura (2004)
- Red Doubt (2005)
- SunLight (2005)
- Furuhata Ninzaburo (2006)
- Sengoku Jieitai: Sekigahara no Tatakai (2006)
- Tokyo Daikushu (2008)
- Ojiichan wa 25-sai (2010)
- Wagaya no Rekishi (2010) - Osamu Tezuka
- Piece Vote (2011) - Yu Wakitan
- ST 'Scientific Task Force' Keishichou Kagaku Tokusouhan (2013)
- ST 'Scientific Task Force' Aka to Shiro no Sosa File (2014)
- Sherlock Holmes (2014) - Windibank and Hosmar Angel
- Lost ID (2016) - Shinichi Todo
- Moribito: Guardian of the Spirit (2016) - The Emperor
ဗီဒီယိုဂိမ်းများ
[ပြင်ဆင်ရန်]- Ryū ga Gotoku 3 - Rikiya Shimabukuro
ကိုးကား
[ပြင်ဆင်ရန်]- ↑ Tatsuya Fujiwara to wed girlfriend of 9 years။ www.channelnewsasia.com (May 31, 2013)။ June 10, 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ November 17, 2015 တွင် ပြန်စစ်ပြီး။
- ↑ Death Note's Tatsuya Fujiwara Getting Married။ Jpopasia.com (2013-06-01)။ 5 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-09-20 တွင် ပြန်စစ်ပြီး။
- ↑ Takashi Kondo (May 30, 2014)။ Through the eyes of Tatsuya Fujiwara။ the-japan-news.com။ May 31, 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ November 17, 2015 တွင် ပြန်စစ်ပြီး။
- ↑ Fujiwara Tatsuya announces birth of first child (2016-06-16)။
- ↑ 星洲网။ Sinchew-i.com။ 21 February 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-09-20 တွင် ပြန်စစ်ပြီး။
- ↑ MrDisgusting (April 20, 2010)။ Trapped in a House with a Madman in 'The Incite Mill'။ bloody-disgusting.com။ November 13, 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ November 17, 2015 တွင် ပြန်စစ်ပြီး။
- ↑ Tatsuya Fujiwara and Meisa Kuroki do voiceover for IRIS။ allkpop.com (2010-04-04)။ 2013-09-20 တွင် ပြန်စစ်ပြီး။
- ↑ 후지와라 타츠야 – Daum 영화 (in ko)။ Movie.daum.net။ 21 September 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-09-20 တွင် ပြန်စစ်ပြီး။
- ↑ ‘아이리스’ 일본판 더빙에 톱스타 총 출동 - 중앙일보 연예။ Article.joins.com။ 21 September 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-09-20 တွင် ပြန်စစ်ပြီး။
- ↑ 日배우 후지와라 타츠야 결혼 ‘3살 연상녀와 9년열애 결실’ - 중앙일보 연예။ Article.joins.com (2013-05-31)။ 21 September 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-09-20 တွင် ပြန်စစ်ပြီး။
- ↑ Death Note's Tatsuya Fujiwara Added to New Live-Action Rurouni Kenshin Films' Cast - News။ Anime News Network (2013-07-02)။ 2013-09-20 တွင် ပြန်စစ်ပြီး။
- ↑ Rurouni Kenshin gets two-part sequel။ Filmbiz.asia (2013-07-03)။ 2013-09-20 တွင် ပြန်စစ်ပြီး။
- ↑ Hugo Ozman (2013-06-30)။ Live Action RUROUNI KENSHIN To Become A Trilogy | Twitch။ Twitchfilm.com။ 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-09-20 တွင် ပြန်စစ်ပြီး။
- ↑ 藤原竜也、12年ぶり主役で挑む「ハムレット」 英国でも公演 「のるかそるか大勝負」။ 3 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 December 2016 တွင် ပြန်စစ်ပြီး။
- ↑ ハムレット | 梅田芸術劇場။ 11 January 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 December 2016 တွင် ပြန်စစ်ပြီး။
- ↑ Barbican - Ninagawa Company : Hamlet
ပြင်ပလင့်ခ်များ
[ပြင်ဆင်ရန်]- Horipro agency profile Archived 3 March 2016 at the Wayback Machine. (Japanese)(ဂျပန်)
- အိုင်အမ်ဒီဘီပေါ်ရှိ တတ္စုယ ဖူဂျီဝရ