တင်နက်ဆီမြစ်ဝှမ်း အာဏာပိုင်အဖွဲ့

ဝီကီပီးဒီးယား မှ

အမေရိကန်ပြည်ထောင်စုနိုင်ငံ တည်‌ထောင်ခဲ့ပြီး‌နောက် ပထမ အနှစ်တစ်ရာအတွင်းတွင် သဘာဝ ပင်ရင်းအ‌ခြေအမြစ် များ အကြီးအကျယ် ပြုန်းတီးပျက်စီးခဲ့၇‌လေသည်။ လူတို့သည် လယ်ယာတည်ရန်အတွက်၎င်း၊ ဓာတ်သတ္တုများ တူး‌ဖော်ရန် အတွက်၎င်း၊ သစ်‌တောကြီးများကို စည်းမဲ့ကမ်းမဲ့ ခုတ်ထွင်ရှင်း လင်းခဲ့ကြ၏။ ထို့‌ကြောင့် ‌မြေဆီလွှာတို့သည် ‌ရေတိုက်စား သဖြင့်၎င်း၊ ‌လေတိုက်ခတ်သဖြင့်၎င်း၊ ပြုန်းတီးသွားခဲ့‌လေရာ ထို‌ဒေသ၌ လယ်ယာလုပ်ကိုင်ရန် မဖြစ်နိုင်‌တော့ဘဲ ယခင်က ထက် ‌ရေလွှမ်းမိုးသည့်ဒဏ်ကို ပိုမိုခံစားရသဖြင့် လူအများ ‌သေ‌ကြေပျက်စီး၍ ပစ္စည်းဥစ္စာအများ ဆုံးပါးခဲ့၇‌လေသည်။

ထိုသို့ပျက်စီးရသည့် ‌ဒေသတို့တွင် တင်နက်ဆီမြစ်ဝှမ်း‌ဒေသ သည် အခြားတစ်ပါး‌သော‌ဒေသတို့ထက် ပို၍ ဆိုးရွား‌လေသည်။ ထို့‌ကြောင့် တင်နက်ဆီမြစ်ဝှမ်း အာဏာပိုင်အဖွဲ့ကို ၁၉၃၃ ခုနှစ် ‌မေလ ၁၈ ရက်‌နေ့တွင် ပြည်‌ထောင်စုဆိုင်ရာ ‌ကော်ပို‌ရေး ရှင်းအဖြစ် တည်‌ထောင်ခဲ့‌လေသည်။

အင်္ဂလိပ်လို တင်နက်ဆီဗဲ‌လေး‌အော်‌သောရီတီဟု‌ခေါ်သည်။ ယင်းကိုတစ်ဖန် အတို‌ကောက်အားဖြင့် တီ၊ ဗွီ၊ ‌အေဟု ‌ခေါ်ပြန် သည်။ ထို တီ၊ ဗွီ၊ ‌အေ၏ ရည်ရွယ်ချက်မှာ တင်နက်ဆီမြစ် ဝှမ်း ပင်ရင်း အ‌ခြေအမြစ်များကို တိုးချဲ့လုပ်ကိုင်သွားရန် ‌ရေ လွှမ်းမိုးခြင်း‌ဘေးမှ ကာကွယ်ရန်၊ ‌ေ၇‌ကြောင်းသွားလာ‌ရေး အတွက် မြစ်များကို နက်‌အောင်တူးရန်နှင့် လျှပ်စစ်ဓာတ်အား အတွက် ‌ရေကာတာ‌ဆောက်လုပ်ရန်ဖြစ်၏။ ထို့ပြင် သစ်‌တော သစ်များကို ပြုစုပျိုး‌ထောင်‌ပေး၍ လက်ရှိသစ်‌တောများကို ကာကွယ်‌စောင့် ‌ရှောက်‌ပေးရန်နှင့် ‌မြေဩဇာ‌ကောင်း‌ကောင်းကို ‌ဈေးနှုန်းချိုသာစွာဖြင့် ထုတ်လုပ်‌ပေးရန်ဟူ၍လည်းဖြစ်၏။ ထိုမှ တစ်ပါး ‌တောင်သူလယ်သမားများနှင့် ကုန်ထုတ်လုပ်သူများအား တင်နက်ဆီမြစ်ဝှမ်း သဘာဝ အ‌ခြေအမြစ်များကို အသုံးပြုနိုင် ‌အောင် အား‌ပေးမည်ဟူ၍လည်း ရည်ရွယ်‌လေသည်။ တင်နက် ဆီမြစ်ဝှမ်းသည် စတုရန်းမိုင်‌ပေါင်း ၄၀၉၁၀ ကျယ်ဝန်း၏။

တင်နက်ဆီကင်တပ်ကီဗာဂျီးနီးယားမြောက်ပိုင်း ကယ်ရို လိုင်းနား၊ ‌ ဂျော်ဂျီယာအလာဘားမားမစ္စစ္စပီတည်းဟူ ‌သော ပြည်နယ် ၇ နယ်တို့၏ အစိတ်အပိုင်းများ ပါဝင်‌လေ သည်။ သို့‌သော် မြစ်ဝှမ်းအပြင်ဘက်ရှိ ‌ဒေသများသည်လည်း တီ၊ ဗွီ၊ ‌အေ လုပ်ငန်း၏ အကျိုးကိုခံစာရသည်။ ထိုအစီအစဉ် အရ ထုတ်ယူ၇ရှိ‌သော လျှပ်စစ်ဓာတ်အားကို စတုရန်းမိုင် ရ၃၀၀၀ ခန့်ကျယ်ပြန့်‌သော‌ဒေသအတွင်းရှိ အိမ်များ၊ လယ်ယာ များ၊ ဆိုင်များ၊ သတ္တုတွင်းများနှင့် စက်ရုံများပင် အသုံး ပြုကြ၇‌လေသည်။

တင်နက်ဆီမြစ်ဝှမ်းသည် မီး‌သွေး၊ ‌ကြေးနီ၊ သံ၊ မန်ဂနိ ဓာတ်ပစ္စည်း၊ စကျင်‌ကျောက်၊ သွပ်နှင့် အခြားအဖိုးတန် ဓာတ် သတ္တုများစွာထွက်သည်။ ထုံး‌ကျောက်၊ သဲနှင့် ‌ကျောက်စရစ်တို့ မှာကား သုံးစွဲ၍မကုန်နိုင်ဖြစ်သည်။ ယခုအခါ အဆိုပါပစ္စည်း များသည် ‌ရှေးကထက်ပိုမို၍ ထွက်ရှိ‌နေ‌လေသည်။ တီ၊ ဗွီ၊ ‌အေ အဖွဲ့၏ ‌ဆောက်လုပ်‌ရေး အစီအစဉ်အရ တင်နက်ဆီမြစ်နှင့် ယင်း၏မြစ်လက်တက်များတွင် ရေကြောင်း သွားလာ‌ရေး၊ ‌ရေလွှမ်းမိုးမှု ထိန်းသိမ်းကာကွယ်‌ရေးနှင့် လျှပ်စစ် ဓာတ်အားထုတ်လုပ်‌ရေးတို့အတွက် ‌ရေကာတာများ တည် ‌ဆောက်‌ပေးရန် ရည်ရွယ်သည်။ သို့ဖြစ်၍ ‌ေ၇‌ကြောင်းသွားလာ ‌ရေးအတွက် ‌ရေအတိမ်အနက်ကို ထိန်းသိမ်း‌ပေးရန် တင်နက်ဆီ မြစ်တစ်‌လျှောက် ကင်တပ်ကီပြည်နယ် ပဒူကာမှ တင်နက် ဆီပြည်နယ် ‌နော့စဗီးအထိ ကင်တပ်ကီး၊ ပစ်ကဝစ် လန်ဒင်၊ ဝီလဆန်၊ ဝှီးလား အစရှိ‌သော ‌ရေကာတာကြီးကိုးခုကို ‌ဆောက် လုပ်ခဲ့ရာ ယင်းတို့အနက် ကင်တပ်ကီး ‌ရေကာတာမှာ အကြီး ဆုံးဖြစ်၍ တစ်မိုင်ခွဲရှည်ပြီးလျှင် ၁၆၆ ‌ပေ မြင့်သည်။

တင်နက်ဆီမြစ်၏ မြစ်လက်တက်များ‌ပေါ်တွင် မြစ်မကြီး အတွင်းသို့ ‌ရေအစီးကို ထိန်းသိမ်းရန်အတွက် ရေလှောင်‌သော ဆည်များ ‌ဆောက်လုပ်ထား၏။ ယင်းတို့အနက် ဖွန်တန်နာ ဆည်သည် ‌ပေ ၄၈၀ မြင့်၍ အ‌မေရိကန်ပြည်‌ထောင်စုနိုင်ငံတွင် အမြင့်ဆုံး ဆည်များအနက် စတုတ္ထဖြစ်၏။ တင်နက်ဆီမြစ်နှင့် ယင်း၏ မြစ်လက်တက်များရှိ ‌ရေကာတာနှစ်ရပ် စုစု‌ပေါင်းမှာ ၂၁ ခုဖြစ်‌လေသည်။

တီ၊ ဗွီ၊ ‌အေ အဖွဲ့သည် ရေကြောင်းသွားလာ‌ရေးနှင့် ‌ရေ လွှမ်းမိုးမှု ကာကွယ်‌ရေးတို့ကို ‌ဆောင်ရွက်ယင်းနှင့် လျှပ်စစ် ဓာတ်အားကိုလည်း ထုတ်‌ပေး‌လေသည်။ ပိုလျှံ‌သော လျှပ်စစ် ဓာတ်အားကို နှုန်းထားချိုသာစွာဖြင့် မျူနီစီပယ်အဖွဲ့နှင့် ‌တော နယ် လျှပ်စစ်ဓာတ်အား သမဝါယမအဖွဲ့‌ပေါင်း ၁၄၈ ဖွဲ့ကို လျှပ်စစ်ဓာတ်အား‌ပေးသွင်းခဲ့ရာ နှစ်စဉ် ‌ဒေါ်လာသန်း‌ပေါင်း များစွာ ၇ရှိ‌လေသည်။

တီ၊ ဗွီ၊ ‌အေ အဖွဲ့သည် ‌မြေကြီးကို ‌ရေတိုက်စားခြင်းမှ တားဆီးကာကွယ်ရန်နှင့် မြစ်ဝှမ်းတစ်‌လျှောက် လယ်ယာ လုပ်ငန်း အ‌ခြေအ‌နေများတိုးတက်ရန် ‌ဆောင်ရွက်၏။ ၁၉၃၃ ခုနှစ်မှစ၍ ‌ရေတိုက်စားခြင်းမှ ကာကွယ်ရန် ‌မြေဧက ၅၀၀၀၀၀ ‌ကျော်ကို ‌လှေကားထစ်သဖွယ် လယ်ကွက်များပြု လုပ်‌ပေးခဲ့ပြီးဖြစ်သည်။ သစ်ပင်‌ပေါက် ၂၅ ကု‌ဋေကို ဖြန့်ချိ ‌ဝေငှ၍ စိုက်ပျိုး‌စေရာ ယခုအခါ ဧက‌ပေါင်း ၂၁၁၀၀၀ တို့မှာ သစ်‌တောများ ပြန်၍ဖြစ်‌နေကြပြီ။

ထို့ပြင် သစ်‌တောများကို ‌ပေါင်းရှင်းခြင်း၊ မီး‌ဘေးမှ ကာကွယ်ခြင်းစ‌သော အစီအမံများကို ပြုလုပ်‌ပေးသဖြင့် ထို‌ဒေသရှိ သစ်‌တောအ‌ခြေအမြစ်တို့ကို ထိန်းသိမ်း‌စောင့် ‌ရှောက်ခဲ့သည်။ တီ၊ ဗွီ၊ ‌အေ အဖွဲ့သည် လုပ်ငန်းဆိုင်ရာ လက်နက်ကရိယာအသစ်များကို တီထွင်ခြင်း၊ လယ်ယာလုပ်ငန်း ထွက်ပစ္စည်းကို လျှပ်စစ် ဓာတ်အားဖြင့် ပြုပြင်‌ပေးခြင်း စသည့်နည်းသစ်များကို သု‌တေသနပြု‌ပေးသည်။ ထို့‌ကြောင့် ‌တောင်သူလယ်သမားများသည် လယ်ယာများကို ပိုမို ‌ကောင်း မွန်စွာ စီမံအုပ်ချုပ်နိုင်ရန်အတွက် အကူအညီများစွာ ရကြ‌လေ သည်။

ထို့ပြင် ငှက်ဖျား‌ရောဂါ ကာကွယ်‌ရေး၊ အပန်း‌ဖြေ‌ရေး၊ လမ်းပန်းဆက်သွယ်‌ရေး၊ သဘာအ‌ခြေအမြစ်များကို ‌လေ့လာ ‌ရေး၊ စီးပွား‌ရေးစ‌သောပြဿနာများကို ‌လေ့လာရန် သု‌တေသန နည်းဖြင့် လက်‌တွေ့နည်းဖြင့်၎င်း ‌ဆောင်ရွက်သည်။ တီ၊ ဗွီ၊ ‌အေ အဖွဲ့၏ ရန်ပုံ‌ငွေသည် ‌ဒေါ်လာ ၂၆ ကု‌ဋေ ‌ကျော်သည်။ လိုအပ်လျှင် ‌ငွေ‌ချေးလက်မှတ်များကို ‌ဒေါ်လာ ၇ ကု‌ဋေ‌ကျော်ဖိုးအထိ ထုတ်ရန်အာဏာရှိသည်။ တီ၊ ဗွီ၊ ‌အေ အဖွဲ့၏ လုပ်ငန်းကို ကွန်ဂရက်နှင့် နိုင်ငံ‌တော်သမ္မတသို့ တာဝန်ခံ၇‌သော အဖွဲ့ဝင် ၃ ဦးပါဝင်သည့် ဘုတ်အဖွဲ့က စီမံ အုပ်ချုပ် ‌ဆောင်ရွက်‌ပေးသည်။ ထိုအဖွဲ့ဝင်ပုဂ္ဂိုလ်များကို သုံးနှစ် တစ်ကြိမ် ခန့်အပ်၍ ပုဂ္ဂိုလ်တစ်ဦးလျှင် အလုပ်သက် တမ်း ၉ နှစ်ဖြစ်‌လေသည်။

ကိုးကား[ပြင်ဆင်ရန်]

မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)