မာတိကာသို့ ခုန်သွားရန်

ဆဲမဲနတ်ကျောင်း

ဝီကီပီးဒီးယား မှ
ဆဲမဲနတ်ကျောင်း
晴明神社
Torii gate at entrance to Seimei Shrine
ဆဲမဲနတ်ကျောင်း သည် ဂျပန်နိုင်ငံ တွင် တည်ရှိသည်
ဆဲမဲနတ်ကျောင်း
ဂျပန်နိုင်ငံ အတွင်း တည်နေရာပြ မြေပုံ
အချက်အလက်များ
တည်နေရာ806 Ichijō-agaru, Horikawa-dōri, Kamigyō-ku, Kyōto-shi, Kyōto-ken
602-8222
ကိုဩဒိနိတ်35°01′40″N 135°45′04″E / 35.02778°N 135.75111°E / 35.02778; 135.75111ကိုဩဒိနိတ်: 35°01′40″N 135°45′04″E / 35.02778°N 135.75111°E / 35.02778; 135.75111
ဘာသာရေး နှီးနွယ်မှုShinto
နတ်ဘုရားAbe no Seimei
နိုင်ငံဂျပန်နိုင်ငံ
ဝက်ဘ်ဆိုဒ်seimeijinja.jp
ဗိသုကာ
တည်ထောင်သူEmperor Ichijō
စတင်သည့်နှစ်1007

ဆဲမဲနတ်ကျောင်း (晴明神社, Seimei-jinja) သည် ဂျပန်နိုင်ငံကျိုတိုမြို့ခမိဂယောရပ်ကွက်တွင် တည်ရှိသည့် ရှင်းတိုးနတ်ကျောင်းတစ်ခု ဖြစ်သည်။ ဤနတ်ကျောင်းသည် အွန်းမယောဂျိ ဖြစ်သည့် “အဘဲနိုဆဲမဲ” ၏ အမည်ကို အစွဲပြုကာ ခေါ်ဆိုထားခြင်း ဖြစ်သည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

ဆဲမဲနတ်ကျောင်းကို ဘုရင်အိချိဂျောသည် ခန်းခိုးခေတ်ကာလ (၁၀၀၇ ခုနှစ်) ၏ လေးနှစ်မြောက်နှစ်တွင် တည်ထောင်ခဲ့သည်။ ဘုရင်အိချိဂျောသည် ၁၀၀၅ ခုနှစ် အဘဲနိုဆဲမဲ ဆုံးပါးပြီးနောက်တွင် အမှတ်တရနတ်ကျောင်းတစ်ခုတစ်ဆောက်ရန် အမိန့်ပေးခဲ့သည်။ နတ်ကျောင်းကို အဘဲနိုဆဲမဲ၏ အိမ်တည်ရှိရာနေရာတွင် တည်ဆောက်ခဲ့သည်။ မူလအဆောက်အဦကို ၁၉၂၅ ခုနှစ်တွင် ပြန်လည်ပြုပြင်ခဲ့သည်။

တည်ဆောက်မှု

[ပြင်ဆင်ရန်]

ကျောင်းတော်သို့ ဝင်ရောက်ရန်အတွက် တိုရိအိဂိတ်ပေါက်နှစ်ခု ရှိသည်။ နတ်ကျောင်းတည်ရှိရာမြေပြင်တွင် ထင်ရှားသည့် ရေတွင်းတစ်ခုဖြစ်သည့် “ဆဲမဲ - အိ” တည်ရှိသည်။ ၎င်းရေတွင်းမှ ရေသည် မှော်အစွမ်းတစ်စုံတရာရှိသည်ဟု ယုံကြည်ကြသည်။ လက်ဖက်ရည်အဖျော်ဆရာဖြစ်သည့် ဆန်းနိုရိခယူး သည် ဤရေတွင်းမှရေဖြင့် နှပ်ထားသည့်လက်ဖက်ရည်ကို ပြုလုပ်သည့်အတွက် လူသိများသည်။

မှော်အတတ်ပညာကို ဖော်ပြရာတွင် အသုံးပြုသည့် ထောင့်ငါးခုပါရှိသည့် ကြယ်အမှတ်အသားကို ဒေသခံများက “ဆဲမဲ - ကြယ်” ဟု သိကြသည်။ ၎င်းကို ဤနတ်ကျောင်း၏ နေရာများစွာတွင် အရေးပါသည့်အမှတ်အသားတစ်ခုအဖြစ် မြင်တွေ့နိုင်သည်။

အနီးအနားရှိ တံတားတစ်ခုဖြစ်သည့် “အိချိဂျော မိဒိုရိ - ဘရှိ” သည် နတ်ကျောင်း၏ တောင်ဘက်တွင် တည်ရှိသည်။ ၎င်းသည် လူသားများနှင့် ဝိညဉ်လောကအကြားရှိ ဂိတ်ပေါက်တစ်ခု ဖြစ်သည်။

ပွဲတော်များ

[ပြင်ဆင်ရန်]

ဆဲမဲပွဲတော် (晴明祭) ကို နှစ်တစ်နှစ်၏ September equinoxဖြစ်စဉ် ဖြစ်ပွားသည့်နေ့တွင်တွင် ကျင်းပကြသည်။

ရုပ်ပုံများ

[ပြင်ဆင်ရန်]

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]