ဆန်တီယာဂို ဒီ ကွန်ပိုစတယ်လာမြို့
ပုံပန်းသွင်ပြင်
ဆန်တီယာဂို ဒီ ကွန်ပိုစတယ်လာ Santiago de Compostela | |||
---|---|---|---|
မြို့တော်နှင့် စည်ပင်သာယာနယ်နိမိတ် | |||
ဆန်တီယာဂို ဒီ ကွန်ပိုစတယ်လာ ၊ ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ | |||
| |||
Location of the municipality of Santiago de Compostela within Galicia | |||
ကိုဩဒိနိတ်: 42°52′40″N 8°32′40″W / 42.87778°N 8.54444°Wကိုဩဒိနိတ်: 42°52′40″N 8°32′40″W / 42.87778°N 8.54444°W | |||
နိုင်ငံ | စပိန် | ||
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ | ဂါလီစီယာ | ||
ခရိုင် | ကိုရူနာ | ||
ကိုမာကာ | စန်တီယာဂို | ||
အစိုးရ | |||
• အမျိုးအစား | မြို့တော်ဝန်ကောင်စီ | ||
• အစိုးရအဖွဲ့ | စန်တီယာဂို ကောင်စီ | ||
• မြို့တော်ဝန် | Xosé Sánchez (PSOE) | ||
ဧရိယာ | |||
• စုစုပေါင်း | ၂၂၀ စတုရန်းကီလိုမီတာ (၈၀ စတုရန်းမိုင်) | ||
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၂၆၀ မီတာ (၈၅၀ ပေ) | ||
လူဦးရေ (၂၀၁၈) | |||
• စုစုပေါင်း | ၉၆,၄၀၅ | ||
• သိပ်သည်းမှု | ၄၄၀/km၂ (၁၁၀၀/sq mi) | ||
Demonym(s) | စန်တီယာဂန် | ||
အချိန်ဇုန် | CET (GMT +1) | ||
• နွေရာသီ (DST) | CEST (GMT +2) (UTC) | ||
ဧရိယာကုဒ် | +34 | ||
ဝက်ဘ်ဆိုဒ် | santiagodecompostela.gal |
ဆန်တီယာဂို ဒီ ကွန်ပိုစတယ်လာမြို့ (ကွန်ပိုစတယ်လာမှ စိန့်ဂျိမ်း) သည် စပိန်နိုင်ငံ အနောက်မြောက်ပိုင်း ဂါလီဆီယာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော်ဖြစ်သည်။ မြို့၏ ဇာစ်မြစ်မှာ ယခုအခါ ဆန်တီယာဂို ဒီ ကွန်ပိုစတယ်လာ ကသီဒါရယ်ဘုရားကျောင်း ဖြစ်သော မဟာစိန့်ဂျိမ်း၏ ဗိမာန် ဖြစ်ပြီး ၉ ရာစုမှစ၍ ရိုမန်ကက်သလစ်တို့၏ ဘုရားဖူးလမ်းကြောင်း ဖြစ်သော စိန့်ဂျိမ်းလမ်းကြောင်း၏ အဆုံးသတ်ပန်းတိုင် ဖြစ်သည်။[၁] ၁၉၈၅ ခုနှစ်တွင် မြို့တော်၏ မြို့ဟောင်းနေရာကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ စာရင်းသွင်းခဲ့သည်။
ဆန်တီယာဂို ဒီ ကွန်ပိုစတယ်လာသည် အတ္တလန္တိတ် လေဖိအားနည်းစနစ်မှ တိုက်ခတ်လာသော လေများနှင့် အလွန်နီးကပ်သဖြင့် ဆောင်းရာသီကာလအတွင်း ပြင်းထန်သော မိုးရွာကျမှုများ ရှိပြီး ၎င်း၏ လတ္တီကျုအရကြည့်မည်ဆိုပါက အလွန်ပြင်းထန်သော ရာသီဥတု ရှိသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Encyclopaedia Britannica; Or A Dictionary of Arts, Sciences, and Miscellaneous Literature (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Archibald Constable။ 1823။ p. 500။