ဆက်ဖို

ဝီကီပီးဒီးယား မှ

ဆက်ဖိုသည် ဂရိစာပေသမိုင်းတွင် ရှေးကျသော လစ်ရစ် ကဗျာစာဆိုရှင် ဂရိအမျိုးသမီး ဖြစ်သည်။ ဘီစီ ၆ဝဝခန့်တွင် အီးဂျီးယန်းပင်လယ်ရှိ လက်စဗော့ကျွန်းတွင်မွေးဖွားသည်ဟု အမှတ်အသား ပြုကြသည်။ ဂရိပညာရှိအယ်ရစ္စတိုတယ်သည် ဆက်ဖိုအား ဂရိစာဆိုပညာရှိ ဟိုးမားနှင့်တန်းတူထားခဲ့သည်။


သူစီကုံးရေးသားခဲ့သော လစ်ရစ်ကဗျာကိုးစောင်တွင် အက်ဖရိုဒိုက်တီခေါ် အလှနတ်သမီးအား ချီးကျူး သည့်ကဗျာမှာ ယနေ့တိုင်ထင်ပေါ်ကျော်ကြားလျက် ရှိလေသည်။

သူ၏ ကဗျာစီကုံးပုံ နည်းနိဿယမှာ ထူးခြားလှသဖြင့် သူ၏ နည်းကို ဆက်ဖို၏နည်းဟု နှောင်းလူတို့က မှည့်ခေါ်ကြသည်။ သူ၏ အဖွဲ့အနွဲ့မှာ ရိုးသားသော်လည်း ချစ်ခြင်းရသကို ပေါ် အောင်သီကုံးရာ၌ များစွာထိရောက်လေးနက်သည်။ ဆက်ဖို နှင့်စပ်လျဉ်းသော ဒဏ္ဍာရီတစ်ခုမှာ သူသည်ချစ်သူ ဖေယွန်နှင့် မပေါင်းရသောကြောင့် လျူကေးဒီးယန်းကျောက်ဆောင်ထိပ်မှ ခုန်ချကာ သူ့ကိုယ်သူ အဆုံးစီရင်သည်ဟူ၏။ သို့သော် ဤ ဒဏ္ဍာရီကို စာပေသမိုင်းဆရာတို့ ပယ်လေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)

အခြားကဏ္ဍများ[ပြင်ဆင်ရန်]

ဂရိဘာသာနှင့် စာပေ