စူပါကွန်ဒပ်တီဗီတီ

ဝီကီပီးဒီးယား မှ

စူပါကွန်ဒပ်တီဗီတီ (Superconductivity ) ဆိုသည်မှာ လျှပ်စစ်ဓာတ်၏ ခုခံအား (electrical resistance) သုည ရှိသော အခြေအနေ ဖြစ်ပြီး အချို့သော ဝတ္ထုပစ္စည်းများတွင် အပူချိန် သတ်မှတ်ချက် တစ်ခု၏ အောက်သို့ ကျရောက်သော အခါတွင် ဖြစ်ပေါ်တတ်သည်။ စူပါကွန်ဒပ်တီဗီတီကို စတင်တွေ့ရှိသူမှာ ဟိုက်ကမ်မာလင်းအွန်းနပ်စ် (Heike Kamerlingh Onnes) ဖြစ်ပြီး ၁၉၁၁ ခုနှစ် ဧပြီလ ၈ ရက်တွင် လေဒန်တွင် ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။