စာစီစာကုံး

ဝီကီပီးဒီးယား မှ
Michel de Montaigne ၏ စာစီစာကုံး

စာစီစာကုံးဆိုသည်မှာ မိမိရေးသားလိုသော အကြောင်းအရာကို ခေါင်းစဉ်နှင့်ကိုက်ညီအောင် ရေးသားခြင်းကို ခေါ်ဆိုသည်။[၁]

အကြောင်းအရာ တစ်ရပ်ကို ထင်ရှားပေါ်လွင်အောင် ကျပန်း ရေးဖွဲ့ထားသော စာပင်ဖြစ်သည်။ ရေးသူ၏ အမြင်အတွေ့၊ အသိနှင့် အတွေးအယူအဆတို့ကို ဖော်ထုတ်ပြရသည်။ ကိုယ်ပိုင်စကားပြေ အရေးအသားဖြင့် အတတ်နိုင်ဆုံးဖတ်ကောင်းအောင် ကြိုးစားရေးရခြင်း ဖြစ်သည်။[၂]

စာစီစာကုံး (Essay)[ပြင်ဆင်ရန်]

သင့်တင့်လျောက်ပတ်စွာ စီကုံးရေးသားထားသောစာကို စာစီစာကုံးဟု ခေါ်သည်။ စာစီစာကုံးတစ်ခုတွင် နိဒါန်း၊ စာကိုယ် နှင့် နိဂုံး ဟူ၍ အပိုင်းသုံးပိုင်း ပါဝင်သည်။ သီးခြားအကြောင်းအရာ တစ်ခုနှင့်ပတ်သက်၍ စာကြီးပေကြီးဟန်မပါဘဲ ရိုးရိုးလေး အတိုအကျဉ်းအားဖြင့် ရေးသားတင်ပြသော စာစီကုံးမူတစ်ရပ် ဖြစ်သည်။ သဘောသကန်ကို သရုပ်ပေါ်လွင်ရုံမျှဖြစ်သည်။ မွန်တိမ်းစာစီစာကုံး(၁၀၅၈-၉၅)၊ ဘေကူးစာစီစာကုံး(၁၅၉၇) တို့မှာ စောစွာပေါ်ပေါက်သော စာစီစာကုံးများဖြစ်သည်။ ရေးသားသူ၏ ရှင်းလင်းတင်ပြချက်နှင့် ရည်ရွယ်ချက်ပေါ်လွင် ထင်ရှားလျှင် လုံလောက်ပြီဟု ယူဆကြသည်။ အစမ်းစာဟူ၍လည်းကောင်း၊ စာတမ်းစာဟူ၍လည်းကောင်းး အချို့က ခေါ်တွင်ကြသည်။[၁]

စာစီစာကုံး ရေးသားရာတွင် သတိထားရမည့် အချက်များ[ပြင်ဆင်ရန်]

  1. ခေါင်းစဉ်နှင့် ကိုက်ညီရမည်။
  2. ခေါင်းစဉ်နှင့် ကိုက်ညီသော ရေးဟန် ရှိရမည်။
  3. ပေးထားသော ပုံကြမ်းအချက်နှင့် ကိုက်ညီရမည်။
  4. စာလုံးပေါင်း သတ်ပုံ မှန်ကန်ရမည်။
  5. ဝါကျဖွဲ့ထုံး မှန်ရမည်။
  6. စကားပြောဟန်ဖြင့် ရေးသားခြင်းကို ရှောင်ရမည်။
  7. မတိုလွန်း၊ မရှည်လွန်းသော အတိုင်းအတာ ရှိရမည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ လှသမိန် (ဧပြီ ၁၉၇၈)။ "စာစီစာကုံး" (pdf)။ in စာပေစိစစ်ရေးကော်မတီ (ed.)။ ဗဟုသုတ စွယ်စုံ (ပထမအကြိမ် ed.)။ တောက်တောက်ဝင်း ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: ဇော်မော် စာပေ။
  2. ၂.၀ ၂.၁ ဦးရဲဝေ(မြန်မာစာ)၏ စာစီစာကုံးအရေးအသား