စလေ ရုပ်စုံကျောင်း

ဝီကီပီးဒီးယား မှ
စလေရုပ်စုံကျောင်း
စလေ ရုပ်စုံကျောင်း သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
စလေ ရုပ်စုံကျောင်း
မြန်မာနိုင်ငံ အတွင်း တည်နေရာပြ မြေပုံ
အချက်အလက်များ
ကိုဩဒိနိတ်20°50′00″N 94°44′42″E / 20.833398°N 94.745070°E / 20.833398; 94.745070ကိုဩဒိနိတ်: 20°50′00″N 94°44′42″E / 20.833398°N 94.745070°E / 20.833398; 94.745070
ဘာသာရေး နှီးနွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ
နိုင်ငံစလေမြို့မကွေးတိုင်းဒေသကြီးမြန်မာနိုင်ငံ
ဗိသုကာ
ပြီးစီး၁၈၈၂; ၁၄၂ နှစ် အကြာက (၁၈၈၂)

စလေရုပ်စုံကျောင်း သည် မြန်မာနိုင်ငံမကွေးတိုင်းဒေသကြီးစလေမြို့တွင် တည်ရှိသော ရှေးဟောင်းသမိုင်းဝင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတစ်ခု ဖြစ်သည်။[၁] ကုန်းဘောင်ခေတ် စာဆိုတော် ဦးပုည၏ မွေးရပ်မြေဇာတိဟု လူသိများပြီး သမိုင်းမှတ်တမ်း အထောက်အထားများအရ ဒုတိယပုဂံဟု တင်စားခေါ်ဝေါ်ကြသည့် စလေမြို့သို့ ပြည်တွင်းပြည်ပမှ ဧည့်သည်အများအပြား လာရောက်လျက် ရှိနေသည့်အတူ စလေမြို့၏ အထင်ကရနေရာတစ်ခု ဖြစ်သော ပန်းပုရုပ်စုံကျောင်းသို့ သွားရောက်လေ့လာ ကြည့်ရှုနေကြသည်။

စလေပန်းပုရုပ်စုံကျောင်းတော်ကြီးကို စလေမြို့နေ ဦးဘိုးကြည်နှင့် ဇနီး ဒေါ်ရွှေသက်တို့က ခရစ်နှစ် ၁၈၈၂-ခု၊ မြန်မာနှစ် ၁၂၄၄-ခုတွင် စတင်တည်ဆောက်ခဲ့ကာ ခရစ်နှစ် ၁၈၉၂-၊ မြန်မာနှစ် ၁၂၅၄-ခုတွင် ပြီးစီးလှူဒါန်းခဲ့ပြီး ကျောင်းတော်ကြီးမှာ အလျားပေ ၁၅၀၊ အနံ ၈၉-ပေရှိကာ သစ်သားတိုင်လုံးပေါင်း ၁၅၄-လုံး ရှိသည်။

ကျောင်းတော်ကြီး၏ ပန်းပုရုပ်စုံပေါင်း ၄၅-ရုပ်နှင့် အဆောင်ပေါင်း ၆ ဆောင်ကျန်ရှိနေပြီး ၁၉၉၅-ခုနှစ်တွင် စလေဒေသအနီးတစ်ဝိုက်မှ တွေ့ရှိရသော ရှေးဟောင်းပစ္စည်းများ ခင်းကျင်းပြသရန်အတွက် ရှေးဟောင်းသုတေသနပြတိုက်အဖြစ် စတင်ဖွင့်လှစ် ပြသခဲ့သည်။ ယခုလက်ရှိအချိန်တွင်လည်း စလေပန်းပုရုပ်စုံကျောင်းတော်ကြီးကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ထိန်းသိမ်းကာကွယ် စောင့်ရှောက်လျက် ရှိသည်။

စလေပန်းပုရုပ်စုံကျောင်းတော်ကြီးသို့ ဝင်ရောက်လေ့လာပါက ပြည်တွင်းဧည့်သည်များကို ဝင်ကြေးအခမဲ့နှင့် နိုင်ငံခြားသား ဧည့်သည် တစ်ဦးလျှင် ၅၀၀၀-ကျပ်နှုန်း ပေးဆောင်ရပြီး အပတ်စဉ် တနင်္လာနှင့် အစိုးရရုံးပိတ်ရက်များမှအပ ကျန်ရက်များတွင် ဖွင့်လှစ်ပေးလျက်ရှိသည်။ [၂] မီတာ(၃၀) အရှည်ရှိပြီး (၁၂၄၀) မီတာ အကျယ်အဝန်းရှိသော ရုပ်စုံကျောင်းသည် ၎င်း၏ရှုပ်ထွေး၍ သေသပ်လှပသော လက်မှုနှင့် ပန်းပုလက်ရာများအား ကြည့်ရှုလေ့လာရန် ကမ္ဘာတစ်ဝန်းလုံးမှ ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Nge၊ Nway Nadi။ Western style monastery
  2. မန္တလေးနေ့စဉ်သတင်းစာ၊ ၂.၁၁.၂၀၁၉၊ စာ-၂၄