စလက်ရှ်

ဝီကီပီးဒီးယား မှ
Slash.

ဆော်လ်ဟတ်ဒ်ဆင်န် (Saul Hudson) ကို ၁၉၆၅ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် မွေးဖွားခဲ့ပြီး သူ၏ စင်ပေါ်တွင် သုံးသော စလက်ရှ် (Slash) ဆိုသော အမည်ဖြင့် လူသိများသည်။ သူသည် အင်္ဂလိပ် ဂီတသမား တစ်ဦးဖြစ်ပြီး မူလက အင်္ဂလန်နိုင်ငံ စတက်ဒ်ဖို့ဒ် ရှိုင်းယားပြည်နယ် စတရုတ်အွန်ထရင့် (Stoke-on-Trent) မြို့တွင် နေထိုင်ခဲ့သည်။ သူ ကလေးဘဝကပင် သူ၏ မိသားစုသည် အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယား ပြည်နယ်၊ လော့စ်အိန်ဂျယ်လိစ်မြို့ သို့ ရွှေ့ပြောင်းနေထိုင်ခဲ့သည်။ စလက်ရှ်သည် Guns N' Roses ဂီတအဖွဲ့တွင် လိဒ်ဂစ်တာ သများ အဖြစ် ၁၉၈၅ မှ ၁၉၉၆ အထိ တီးခတ်ခဲ့သည်။ Guns N' Roses မှ ထွက်ခွာပြီးနောက် စလက်ရှ်သည် Slash's Snakepit အဖွဲ့ကို တည်ထောင်ခဲ့ပြီး နောက်ပိုင်းတွင် Guns N' Roses အဖွဲ့မှ တီးခတ်ဖော်များ ဖြစ်ကြသော ဒဖ်မက်ကာဂန် (Duff McKagan) နှင့် မတ်ဆိုရမ်(Matt Sorum) တို့နှင့် အတူ Velvet Revolver အဖွဲ့ကို တည်ထောင်ခဲ့သည်။

၂၀၀၉ ခုနှစ် ဩဂုတ်လတွင် တိုင်းမ်မဂ္ဂဇင်းမှ သူ့အား အချိန်တိုင်းအတွက် အကောင်းဆုံး အီလက်ထရစ် ဂစ်တာသမားများ စာရင်း၏ နံပါတ်၂ နေရာတွင် ဖော်ပြခဲ့သည်။