စန္ဒာဒီပ

ဝီကီပီးဒီးယား မှ
အရှင်စန္ဒာဒီပ
ဘာသာဗုဒ္ဓဘာသာ
ဘာသာအုပ်စုထေရဝါဒ
ပညာရေးကေလနိယတက္ကသိုလ် (M.A.)
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ
အခြားအမည်များအရှင်စန္ဒာဒီပ
မောင်ချမ်းမွန်
ပုဂ္ဂိုလ်ရေးရာ
နိုင်ငံသား/လူမျိုးမြန်မာ
မွေးဖွား (1990-05-31) ၃၁ မေ၊ ၁၉၉၀ (အသက် ၃၃)
ငါန်းဇွန်မြို့နယ်မန္တလေးတိုင်းမြန်မာနိုင်ငံ
ဘာသာရေးရာ
ဆရာ(များ)အရှင်ဣန္ဒာစာရ၊ သုဓမ္မဝတီဆရာတော်
တပည့်များကေလနိယတက္ကသိုလ်
ကိုလံဘိုမြို့သီရိလင်္ကာနိုင်ငံ
ဝက်ဘ်ဆိုဒ်ashincandadipa.org

အရှင်စန္ဒာဒီပ (၃၁ မေ ၁၉၉၀ မွေးဖွား) သည် မြန်မာ ဗုဒ္ဓဘာသာ ရဟန်းစာရေးဆရာတစ်ပါး ဖြစ်သည်။ အရှင်စန္ဒာဒီပကို မန္တလေးတိုင်းဒေသကြီးငါန်းဇွန်မြို့နယ်၊ မကျီးကုန်းရွာ၊ ခမည်းတော် ဦးကျော်ဌေး + မယ်တော် ဒေါ်စိန်အေးတို့မှ ၁၉၉၀ ခုနှစ် မေလ ၃၁ ရက်နေ့၊ မြန်မာသက္ကရာဇ် ၁၃၅၂ ခုနှစ်၊ နယုံလဆန်း ၈ ရက် (အင်္ဂါနေ့) တွင် ဖွားမြင်၍ မွေးချင်း ၈ ယောက်ရှိရာတွင် သတ္တမမြောက်သား ဖြစ်သည်။

ရှင်သာမဏေပြုခြင်း[ပြင်ဆင်ရန်]

၂၀၀၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၀ ရက်၊ မြန်မာသက္ကရာဇ် ၁၃၆၂ ခုနှစ်၊ နတ္တော်လဆန်း (၁၅)ရက် (တနင်္ဂနွေနေ့)တွင် သုဓမ္မဝတီပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တဣန္ဒာစာရထံတွင် ရှင်သာမဏေအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်။

ရဟန်းဖြစ်တော်မူခြင်း[ပြင်ဆင်ရန်]

၂၀၁၀ ခုနှစ် ဇွန်လ ၂၄ ရက်၊ မြန်မာသက္ကရာဇ် ၁၃၇၂ ခုနှစ်၊ ပထမဝါဆိုလဆန်း (၁၃)ရက် (ကြာသပတေးနေ့)တွင် သုဓမ္မဝတီပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တဣန္ဒာစာရကို ဥပဇ္ဈာယ်ပြုလျက် မြောက်ကျင်းရွာ ရွှေမြင်သာကျောင်းတိုက်အတွင်းရှိ ခဏ္ဍသိမ်တွင် ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။

ပညာသင်ယူတော်မူခြင်း[ပြင်ဆင်ရန်]

ငယ်ဆရာအရင်းဖြစ်တော်မူသော သုဓမ္မဝတီပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တဣန္ဒာစာရ၏အထံတော်တွင် ကကြီးမှအစ ပညာသင်ယူခဲ့ပြီး၊ မန္တလေးမြို့မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ် ဦးစီးပဓာနနာယကဆရာတော်ဘုရားကြီး ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ(မဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ)၊ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဇော်ဂျီလမ်း၊ မစိုးရိမ်တိုက်သစ် ပဓာနနာယကဆရာတော် ဘဒ္ဒန္တတိက္ခိန္ဒြိယာဘိဝံသ (သ-စ-အ) ထံတွင်လည်းကောင်း၊ မွန်ပြည်နယ်မော်လမြိုင်မြို့၊ ဒိုင်းဝန်ကွင်း၊ ရှမ်းစုရပ်ကွက်၊ ဆင်ဖြူစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တခေမာစာရ (ဒွိပိဋကဓရ၊ အဂ္ဂမဟာပဏ္ဍိတ၊ မဟာဂန္ထဝါစကပဏ္ဍိတ)နှင့် အနုနာယကစာချဆရာတော်များအထံတော်တွင် ပရိယတ္တိစာပေများကို လေ့လာသင်ယူ ဆည်းပူးခဲ့ပြီး၊ ရန်ကုန်မြို့တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၃)ဝိုင်း၊ ပါရမီအင်္ဂလိပ်သင်တန်းကျောင်းဆရာတော် ဘဒ္ဒန္တအဂ္ဂသေနနှင့် သီရိလင်္ကာနိုင်ငံကိုလံဘိုမြို့၊ ကေလနိယတက္ကသိုလ်မှ Ven. Prof. M. Wimalagnana, Snr. Lec. Ven. Dr. Wadinagala Pannaloka, Ven. Prof. R. Padmasiri, Snr. Lec. Dr. A. Welitota, Prof. W. Priyadarshana, Dr. Yu, Nam-Hyun, Dr. Prinsi Peiris  တို့ထံတွင်လည်းကောင်း ဘာသန္တရစာပေများကို သင်ယူခဲ့သည်။

အောင်မြင်တော်မူခဲ့သော စာမေးပွဲများ[ပြင်ဆင်ရန်]

  • ၁၃၆၄ ခုနှစ်တွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှကျင်းပသော အဘိဓမ္မာ ပထမဆင့်၊
  • ၁၃၆၅ ခုနှစ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှကျင်းပသော အဘိဓမ္မာ ဒုတိယဆင့်၊
  • ၁၃၆၆ ခုနှစ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှကျင်းပသော အဘိဓမ္မာ တတိယဆင့်၊
  • ၁၃၆၇ ခုနှစ်တွင် နိုင်ငံတော်အစိုးရပထမပြန်စာပေးပွဲ၌ ပထမငယ်တန်း၊
  • ၁၃၆၈ ခုနှစ်တွင် နိုင်ငံတော်အစိုးရပထမပြန်စာမေးပွဲ၌ ပထမလတ်တန်း၊
  • ၁၃၆၉ ခုနှစ်တွင် နိုင်ငံတော်အစိုးရပထမပြန်စာမေးပွဲ၌ ပထမကြီးတန်း၊
  • ၁၃၇၂  ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ ကြီးမှူးကျင်းပအပ်သော ဓမ္မာစရိယစာမေးပွဲ၌ အဋ္ဌသာလိနီကျမ်း၊
  • ၁၃၇၃ ခုနှစ်တွင် တောင်ပြင်ထီးလင်းတိုက် သာသနမာမက ဓမ္မာစရိယစာမေးပွဲ၌ ပါရာဇိကဏ်ကျမ်း၊
  • ၁၃၇၄  ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ ကြီးမှူးကျင်းပအပ်သော ဓမ္မာစရိယစာမေးပွဲ၌ သီလက္ခန်ကျမ်း၊
  • ၁၃၇၅ ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ ကြီးမှူးကျင်းပအပ်သော ဓမ္မာစရိယစာမေးပွဲ၌ ပါရာဇိကဏ်ကျမ်းကို ဖြေဆိုအောင်မြင်ခဲ့သောကြောင့် နိုင်ငံတော်မှ ဆက်ကပ်သော သာသနဓဇဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ကို ရရှိတော်မူခဲ့သည်။
  • ၁၃၇၅ ခုနှစ်တွင် မွန်ပြည်နယ်၊ မုဒုံမြို့၊ ပရိယတ္တိသာသနဟိတဓရ ဓမ္မာစရိယစာမေးပွဲ၌ ပါရာဇိကဏ်ကျမ်း၊
  • ၁၃၇၅ ခုနှစ်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သဒ္ဓမ္မပါလနိကာယစာမေးပွဲ၌ ပါရာဇိကဏ်ကျမ်း၊
  • ၁၃၇၅ ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ ကြီးမှူးကျင်းပအပ်သော နိကာယ်စာမေးပွဲတွင် ပါရာဇိကဏ်ကျမ်း၊
  • ၁၃၇၅ ခုနှစ်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရာမညမူလဓမ္မာစရိယစာမေးပွဲတွင် ပါရာဇိကဏ်ကျမ်း၊
  • ၁၃၇၆ ခုနှစ်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရာမညမူလဓမ္မာစရိယစာမေးပွဲတွင် သီလက္ခန်ကျမ်း၊
  • ၁၃၇၇ ခုနှစ်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရာမညမူလဓမ္မာစရိယစာမေးပွဲတွင် အဋ္ဌသာလိနီကျမ်းကို ဖြေဆိုအောင်မြင်ခဲ့သောကြောင့် ရာမညမူလ သာသနဓဇဓမ္မာစရိယဘွဲ့တံဆိပ်တော်ကို ရရှိတော်မူခဲ့သည်။
  • ၁၃၇၉ ခုနှစ်တွင် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၊ ကေလနိယတက္ကသိုလ် (post Graduate Institute of Pali and Buddhist Studies) Master of Arts Degree Course ကို ဖြေဆိုအောင်မြင်သောကြောင့် MA-Buddhism(Srilanka) ဘွဲ့ကို ဆပ်ကပ်ခံခဲ့ရသည်။

စာပေဆုများ[ပြင်ဆင်ရန်]

အရှင်စန္ဒာဒီပသည် မောင်ချမ်းမွန်ဟူသော ကလောင်အမည်ဖြင့် စာပေရေးသားရာ အောက်ပါဆုများကို ရရှိခဲ့သည်။

  1. ၂၀၁၂ ခုနှစ်တွင် သခင့်ရဲ့ဂုဏ်ရည်သဘောခေါင်းစဉ်ဖြင့် ဧဒင်ဥယျာဉ်ဝက်ဆိုဒ်တွင် ကဗျာ တတိယဆု၊
  2. ၂၀၁၂ ခုနှစ်တွင် မိဘကျေးဇူးခေါင်းစဉ်ဖြင့် ထာဝရသူငယ်ချင်းဝက်ဆိုဒ်တွင် ကဗျာ တတိယဆု၊
  3. ၂၀၁၂ ခုနှစ်တွင် မွေးနေ့ဆုတောင်းခေါင်းစဉ်ဖြင့် အလင်းကမ္ဘာဝက်ဆိုဒ်တွင် ကဗျာ ပထမဆု၊
  4. ၂၀၁၄ ခုနှစ်တွင် ဘဝအမြင်ခေါင်းစဉ်ဖြင့် ရွှေမြို့တော်ဝက်ဆိုဒ်တွင် ဆောင်းပါး ပထမဆု၊
  5. ၂၀၁၄ ခုနှစ်တွင် ထေရဝါဒဗုဒ္ဓသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများ ခေါင်းစဉ်ဖြင့် ထေရဝါဒဗုဒ္ဓသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအသင်း (ရန်ကုန်)တွင် ဆောင်းပါး တတိယဆု၊
  6. ၂၀၁၇ ခုနှစ်တွင် ငါတို့သည် Save The Aged ခေါင်းစဉ်ဖြင့် Save The Aged (သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအသင်း)တွင် ကဗျာ တတိယဆု ရရှိခဲ့သည်။
  7. ၂၀၁၇ ခုနှစ်တွင် မြင်းမိုရ်ထက်မြင့်သော ခေါင်းစဉ်ဖြင့် ရသသွေးစာပေတွင် ဝတ္ထုတို နှစ်သိမ့်ဆု၊

စာရေးသားခြင်း[ပြင်ဆင်ရန်]

အရှင်စန္ဒာဒီပ သည် ကြေးမုံ သတင်းစာ၊ ပြည်ချစ်သားဂျာနယ်၊ စံတော်ချိန်သတင်းစာမြန်မာတိုင်း(မ်)သတင်းစာ၊ The Family life မဂ္ဂဇင်း၊ ရယ်စရာမဂ္ဂဇင်း၊ ပြုံးစရာမဂ္ဂဇင်း၊ ရတနာပုံသတင်းစာ စသည်တို့တွင် စာပေများ ရေးသားခဲ့သည်။

စာပေထုတ်ဝေခြင်း[ပြင်ဆင်ရန်]

အရှင်စန္ဒာဒီပသည် အောက်ပါစာအုပ်များကို ထုတ်ဝေခဲ့သည်။

  1. သုဓမ္မဝတီ ပဋ္ဌာန်းငွေရတု မဂ္ဂဇင်း
  2. ဂုဏဝိသိဋ္ဌပူဇာ
  3. ကြေးမုံဝတ္ထုတိုစုစည်းမှု (ကြေးမုံ)

ယခုအခါ အရှင်စန္ဒာဒီပသည် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၊ အမှတ် (၂၈၄)၊ ဒေမတဂေါတလမ်း၊ မကုဋရာမမြန်မာကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်ပြီး M-phil တန်းကို သင်ကြား၍ ဘာသန္တရစာပေများကို ဆက်လက်ဆည်းပူးလျက် ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]