စတိဗ် ဂျော့စ်

ဝီကီပီးဒီးယား မှ
စတိဗ် ဂျော့စ်
Jobs smiling and holding an iPhone
၂၀၁၀ ခုနှစ် Worldwide Developers Conference တွင် Jobs နဲ့သူရဲ့ iPhone 4 အသစ်
မွေးဖွားစတိဗ် ပေါလ် ဂျော့စ်
၂၄ ဖေဖော်ဝါရီ ၁၉၅၅
ဆန်ဖရန်စစ္စကိုမြို့ကယ်လီဖိုးနီးယားပြည်နယ်အမေရိကန်ပြည်ထောင်စု
ကွယ်လွန်အောက်တိုဘာ ၅၊ ၂၀၁၁(2011-10-05) (အသက် ၅၆)
ပါလိုအယ်တိုမြို့၊ ကယ်လီဖိုးနီးယားပြည်နယ်၊ အမေရိကန်ပြည်ထောင်စု
သေဆုံးရခြင်း အကြောင်းရင်းRespiratory arrest caused by Metastatic Insulinoma
ဌာနေပါလိုအယ်တိုမြို့၊ ကယ်လီဖိုးနီးယားပြည်နယ်၊ အမေရိကန်ပြည်ထောင်စု
မိခင်ကျောင်းReed ကောလိပ် (dropped out)
အလုပ်အကိုင်ပူးတွဲတည်ထောင်သူ၊ ဥက္ကဋ္ဌ နှင့် အမှုဆောင်အရာရှိချုပ် (Apple Inc.)
ပူးတွဲတည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် (Pixar)
တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် (NeXT Inc.)
တက်ကြွလှုပ်ရှားနှစ်များ၁၉၇၄-၂၀၁၁
ကြွယ်ဝမှုအမေရိကန်ဒေါ်လာ ၈.၃ ဘီလီယံ (ဇူလိုင် ၂၀၁၀)
ဘုတ်အဖွဲ့ဝင်The Walt Disney Company[၁]
Apple Inc.
အိမ်ထောင်ဖက်(များ)Laurene Powell
(၁၉၉၁ မှစ၍ သေဆုံးချိန် ၂၀၁၁ အထိ)
လက်တွဲဖော်(များ)Chrisann Brennan
သားသမီးLisa Brennan-Jobs
Reed Jobs
Erin Jobs
Eve Jobs
ဆွေမျိုးသားချင်းMona Simpson (sister)
လက်မှတ်

၁၉၅၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ဆန်ဖရန်စစ္စကို၌ တစ်ကိုယ်တည်းနေ မိခင်မှ မွေးဖွားခဲ့သော ဂျော့ဘ်စ်ကို ခုနစ်ရက်သားအရွယ်တွင် စုံတွဲတစ်တွဲက မွေးစားခဲ့ပြီး တစ်ချိန်တွင် စီလီကွန်တောင်ကြားဟု ထင်ရှားလာမည့် Cupertino နေရာတွင် ကြီးပြင်းလာခဲ့သူ ဖြစ်သည်။ အထက်တန်းကျောင်းသား အရွယ်တွင် Palo Alto ရှိ William Hamlett ကို ဖုန်းဆက်ကာ ကျောင်းသင်ခန်းစာ ပရောဂျက်တစ်ခု အတွက် အစိတ်အပိုင်းများ လိုချင်ကြောင်း တောင်းဆိုခဲ့သူ ဖြစ်သည်။ ထို့နောက် HP ကုမ္ပဏီတွင် နွေရာသီ အလုပ်တစ်ခု ဝင်လုပ်ခဲ့ပြီး အင်ဂျင်နီယာ စတိဗ်ဝေါ့ဇနစ်နှင့် မိတ်ဆွေ ဖြစ်ခဲ့သည်။

ဂျော့ဘ်စ်သည် အော်ရီဂွန်ရှိ ပို့လန်းမြို့၌ Reed ကောလိပ်သို့ တက်ရောက်ခဲ့ပြီး သင်တန်းကာလတစ်ပိုင်း အပြီးတွင် ကောလိပ်မှ ထွက်ခဲ့ပြီး သင်တန်းများ ဆက်လက် တက်နေခဲ့သည်။ ထိုသင်တန်းများထဲတွင် လက်ရေးလက်သား အတတ် သင်တန်း ပါဝင်သည်။ ထိုအချက်ကနောင်တွင် Macintosh ကွန်ပျူတာများ၏ လှပတင့်တယ်မှု အပေါ် သက်ရောက်မှု ရှိခဲ့သည်။ ကျောပိုးအိတ်တစ်လုံးလွယ်ကာ အိန္ဒိယသို့ ခရီးလှည့်ခဲ့ဖူးသည်။ ဂျော့ဘ်စ်သည် ဗီဒီယိုဂိမ်းများ ရှေ့ဆောင်လုပ်ငန်း Atari တွင် ပညာရှင်တစ်ဦး အဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။ ဂျော့ဘ်စ်၏မိသားစုအိမ်ဂိုဒေါင်တွင် Apple Computer ကို ၁၉၇၆ ခုနှစ်၌ စတင် တည်ထောင်ချိန်က ဂျော့ဘ်စ်က အသက် ၂၁ နှစ်၊ ဝေါ့ဇနစ်က အသက် ၂၆ နှစ် ဖြစ်သည်။

ဂျော့ဘ်စ်၏လက်အောက်တွင် ကုမ္ပဏီသည် ပထမဆုံးသော Apple ကွန်ပျူတာများနှင့် ၁၉၈၀ ပြည့်လွန် နှစ်များတွင် ကျော်ကြားခဲ့သည့် Macintosh ကွန်ပျူတာများကို မိတ်ဆက်ခဲ့သည်။ ထို့နောက် ဂျော့ဘ်စ်သည် ကျေးလက်အဆိုတော် ဂျုံးဗစ်နှင့် မေတ္တာမျှခဲ့ပြီး Palo Alto တွင် အခြေချခဲ့သည်။ ဂျော့ဘ်စ်သည် ၁၉၉၁ ခုနှစ်တွင် ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ပါး၏ ရှေ့မှောက်တွင် လက်ထပ် အခမ်းအနားကို ကျင်းပခဲ့သည်။ ဂျော့ဘ်စ်တွင် ထိုဇနီးနှင့်အတူ သားသမီးသုံးဦး ရရှိခဲ့သည်။ ထို့ပြင် လက်မထပ်ခင် ချိန်းတွေ့ခဲ့သော အမျိုးသမီးတစ်ဦးနှင့် သမီးတစ်ယောက် ရခဲ့သည်။ ဂျော့ဘ်စ်သည် ၁၉၈၅ ခုနှစ်တွင် Apple မှ ထွက်ခွာလာခဲ့ပြီး စီးပွားရေးလုပ်ငန်းများအတွက် ခေတ်မီသည့် ကွန်ပျူတာကြီးများ အဓိက ထုတ်လုပ်သည့် NeXT ကွန်ပျူတာ ကုမ္ပဏီကို စတင် လုပ်ကိုင်ခဲ့သည်။ ဂျော့ဘ်စ်သည် လူးကပ်ရုပ်ရှင် ကွန်ပျူတာ ဂရပ်ဖစ်ပညာရှင် တစ်ဦးနှင့်အတူ Pixar ကို ၁၉၈၆ ခုနှစ်တွင် ပူးတွဲ တည်ထောင်ခဲ့သည်။

Apple သည် ၁၉၉၆ ခုနှစ်တွင် Next ကွန်ပျူတာကုမ္ပဏီကို ဒေါ်လာ ၄၂၉ သန်းဖြင့် ဝယ်ယူခဲ့ပြီးနောက် ဂျော့ဘ်စ်နှင့် Apple ပြန်လည် ပေါင်းစည်းခဲ့သည်။ ဂျော့ဘ်စ်သည် ၂၀၀၄ ခုနှစ်တွင် ပန်ကရိယကင်ဆာ အတွက် ခွဲစိတ် ကုသခံခဲ့ရသည်။ ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလတွင် ဆေးခွင့်ယူခဲ့ပြီးနောက် ဂျော့ဘ်စ်သည် ဇွန်လတွင် လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက်ခဲ့သည်။

Steven Paul Jobs (ဖေဖော်ဝါရီ ၂၄၊ ၁၉၅၅ - အောက်တိုဘာ ၅၊ ၂၀၁၁) ဟာ Apple ကို တွဲဖက်ထူထောင်ခဲ့သူဖြစ်ပြီး နဲ့ အမှုဆောင်အရာရှိချုပ် တာဝန်ကို Apple မှာ လုပ်ဆောင်ခဲ့ပါတယ်။ ထို့အပြင် Pixar ကိုလည်း Disney မပိုင်ဆိုင်ခင်ကတည်း အမှုဆောင်အရာရှိချုပ် တာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။[၂] သူက Disney ရဲ့ ရှယ်ယာ အများဆုံးကို ပိုင်ဆိုင်သူ ဖြစ်ပြီး Disney ရဲ့ ဒါရိုက်တာဘုတ်မှာ အဖွဲ့ဝင်ဖြစ်ပါတယ်။ သူဟာ ကွန်ပြူတာ ဆိုင်ရာ နဲ့ ဖျော်ဖြေရေးဆိုင်ရာအပိုင်းတွေမှာ ဦးဆောင်နေတဲ့သူ တစ်ယောက်ပါ။ ၂၀၁၁ ခုနှစ်ဩဂုတ် ၂၄ ရက်တုန်းက ကျန်းမာရေး အခြေအနေကြောင့် ရာထူးက အနားယူခဲ့ ရပါတယ်။

၂၀၁၁ခုနှစ်၊ အောက်တိုဘာလ ၆ရက်နေ့တွင် ၎င်းတည်ထောင်ခဲ့သည့် နည်းပညာကုမ္ပဏီ Apple က ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ်ဟောင်း စတိဗ်ဂျော့စ် ကွယ်လွန်သွားပြီလို့ ကြေညာခဲ့ပါတယ်။ ဗုဒ္ဓဘာသာ ဝင်တစ်ယောက် ဖြစ်တဲ့ စတိဗ်ဂျော့စ်ဟာ ကွယ်လွန်ချိန်မှာအသက် ၅၆ နှစ် ဖြစ်ပြီး ပန်ကရိယ ကင်ဆာ ဝေဒနာကို နာတာရှည် ခံစားခဲ့ရတာ ဖြစ်ပါတယ်။ ထက်မြက်မှု ၊ အလုပ်ကို မြတ်နိုးခုံမင်စွာ လုပ်ကိုင်တတ်မှုနဲ့ ကြိုးစားတဲ့ စွမ်းရည်တို့ဟာ တန်ဖိုး မဖြတ်နိုင်တဲ့ သူ့ရဲ့ တီထွင်ဖန်တီးနိုင်မှုတွေရဲ့ အခြေခံ ဖြစ်ပါတယ်လို့ ကယ်လီဖိုးနီးယားပြည်နယ်က Silicon Valley မှာ ရှိတဲ့ သူ့ ကုမ္ပဏီ ရုံးချုပ်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။[၃] ၂၀၁၁ခုနှစ်၊ အောက်တိုဘာလ ၅ ရက်က Apple ကုမ္ပဏီရဲ့အင်တာနက်စာမျက်နှာ ဝမ်းနည်းမှုအထိမ်းအမှတ်အဖြစ် သူရဲ့ ဓာတ်ပုံကိုဖော်ပြထားပြီး အဲဒီ link ကိုနှိပ်ရာမှာ အောက်ပါအတိုင်း မြင်တွေ့နိုင်ပါတယ်။

"We are deeply saddened to announce that Steve Jobs passed away today. Steve's brilliance, passion and energy were the source of countless innovations that enrich and improve all of our lives. The world is immeasurably better because of Steve. His greatest love was for his wife, Laurene, and his family. Our hearts go out to them and to all who were touched by his extraordinary gifts"

ငယ်ဘ၀[ပြင်ဆင်ရန်]

ဒီဆယ်ကျော်သက် လေးတွေက ဟက်ကာတွေပြုလုပ်ထားတဲ့ နယ်ဝေး ဖုန်းခေါ်ဆိုမှုကို အခမဲ့ ရအောင် ပြောင်းပေးတဲ့ Blue Box လေးတွေအကြောင်း ကြားမိတဲ့အခါ စာအုပ်ထဲကနေ ဖတ်ပြီး သူတို့လက်တွေ့ တပ်ဆင် ကြည့်ကြ ပါတယ်။ အောင်မြင် သွားပြီး စတိဗ်ဂျော့စ်ကစီးပွားဖြစ် တစ်အိမ်တက် တစ်အိမ်ဆင်းလိုက်ရောင်းချဖို့ အကြံရ ပါတယ်။ တရား ဥပဒေနဲ့ မညီညွတ် တာကြောင့် ရဲဖမ်းတော့မှ သူတို့ လုပ်ငန်းကို ရပ်နားလိုက် ပါတယ်။ စတိဗ်ဂျော့စ် အထက်တန်းကျောင်း ပြီးသွားတဲ့ အခါသူဟာ Oregon ပြည်နယ်က Reed ကောလိပ်ကို သွားခဲ့ပါတယ်။ သူ့မွေးစား မိဘတွေဟာ ငွေကြေး သိပ်မတတ် နိုင်ပေမယ့် သူ့ရဲ့ မွေးမိခင်ကို ပေးခဲ့တဲ့ ကတိအတိုင်း ဈေးကြီးတဲ့ ကျောင်းကို ထားပေးခဲ့ ကြပါတယ်။ ၁၉၇၄ခုနှစ် လောက်မှာ စတိဗ်ဂျော့စ်ဟာငွေလို လာ တာကြောင့် Video Game Companyတစ်ခုဖြစ်တဲ့ Atari မှာအလုပ် ဝင်ခဲ့ပြီး Pinball စက်ကို တီထွင်ခဲ့တဲ့ Atari တည်ထောင်သူ Nolan Bushnell ကိုအားကျခဲ့တာပါ။ သူဟာ အဲ့ဒီကတည်းက ကိုယ်ပိုင် Electronic စီးပွားရေး လုပ်ငန်းကို လုပ်ချင်တဲ့ စိတ်ကူး ရှိခဲ့တာပါ။ စတိဗ်ဂျော့စ်ဟာ Germany အထိသွားပြီး Atari ရဲ့စက်တွေကို ပြင်ဆင်ပေး ခဲ့ရသလို အိန္ဒိယ ကိုလဲ ပညာရှာဖို့ သွားခဲ့ပါ သေးတယ်။ အဲ့အချိန် တွေမှာ Wozကအင်ဂျင်နီယာတွေ စုစည်းရာ HP company မှာအလုပ်လုပ် နေခဲ့ပြီး ကီးဘုတ်ရယ်၊ စက်ခရင်ရယ်နဲ့ တွဲဖက် သုံးနိုင်တဲ့ ချပ်ပြားအနည်းငယ်သာ ပါဝင်တဲ့ ကိုယ်ပိုင် ကွန်ပြူတာဘောက် တစ်ခုကို တီထွင်နိုင်ခဲ့ပါတယ်

ပန်းသီး ကုမ္ပဏီ

Steve ကအင်ဂျင်နီယာပိုင်းနဲ့ ပတ်သက်ပြီး သိပ်မသိ ပေမယ့် Woz နဲ့တိုင်ပင်ပြီး software ရေးဖို့အတွက် computer သုံးချင်ကြတဲ့ သူတွေအတွက် computer တွေတပ်ဆင် ရောင်းချခဲ့ ပါတယ်။ အဲ့တုန်းက Steve ကဘာပြောခဲ့ သလဲ ဆိုတော့ "တို့ပိုက်ဆံတွေ အရှုံးပေါ် ခဲ့ရင်တောင် ကိုယ်ပိုင် company ဆိုတာ ရှိသွားပြီ။ ဘ၀မှာ ပထမဆုံး ကိုယ်ပိုင် company ဖြစ်ပြီပေါ့တဲ့။ သူတို့ ကုမ္ပဏီ အတွက် လိုအပ်တဲ့ငွေ ဒေါ်လာ တစ်ထောင်ကို Steve ရဲ့ Volkswagen ကားနဲ့ Woz ရဲ့ HP 65 calculator ရောင်းပြီး ရှာဖွေခဲ့ရပါတယ်။ ကုမ္ပဏီ နာမည်ကို အမျိုးမျိုး စဉ်းစားပြီး နောက်ဆုံးမှာ Appleလို့ အမည်ပေးခဲ့ပါတယ်။ ပထမဆုံး မှာယူသူက Byte Shop Computer စတိုးဆိုင် ပိုင်ရှင်ပါ။ သူက ကွန်ပျူတာ အလုံးငါးရာ မှာပြီး တစ်လုံးကို ဒေါ်လာငါးရာ ပေးတာကြောင့် သူတို့ဟာ ဒေါ်လာ နှစ်သောင်းခွဲကို စတင် ရရှိပါတယ်။ ကွန်ပြူတာ တစ်လုံးအတွက် အမှန်တကယ် ကုန်ကျငွေက ဒေါ်လာ၂၂၀ ဖြစ်ပြီး ဆိုင်ရောင်းဈေးက ဒေါ်လာ ၆၆၀ပါ။ သူတို့ နှစ်ယောက်က တစ်ဆိုင်ပြီး တစ်ဆိုင် သွားပြီး လိုက်ရောင်းချခဲ့ ရပါတယ်။ ဒါက Apple ကွန်ပျူတာရဲ့ အစပါ။ နောက်တော့ Ron Wayne လို့ခေါ်တဲ့ သူတစ်ယောက်ပါ ပါဝင်လာပြီး သုံးယောက် ပေါင်းပြီး ၁၉၇၆ခုနှစ် ဧပြီ ၁ရက်နေ့မှာ Apple company ကိုစတင် တည်ထောင်ခဲ့ ကြပါတယ်။


ပန်းသီးလိုဂိုနှင့် ကွန်ပျူတာ

လက်ရှိ ပန်းသီးလိုဂို

အဲ့အချိန်မှာပဲ Woz ကသုံးရတာ ပိုမြန်ပြီး ရုပ်ထွက် Resolution ကောင်းကောင်း ပါတဲ့ Color TV တွေနဲ့ တွဲသုံးလို့ ရတဲ့ Apple II ကိုဒီဇိုင်းထွင်နေခဲ့ပြီး ထုတ်ဖို့ အဆင်သင့် ဖြစ်တဲ့ အချိန်မှာ  Steve ကရင်းနှီး မြှပ်နှံမယ့် ငွေရှင်တွေကို လိုက်လံ ရှာဖွေ ပါတယ်။ Mike Markkula ဆိုတဲ့ Steve Jobs ရှယ်ယာရှင်နဲ့ တွေ့ပြီး သူက ဒေါ်လာနှစ်သိန်းခွဲ အရင်းထည့် ပါတယ်။ Mike က Apple ကိုကြေညာ ချင်တာကြောင့် ကြော်ငြာသမား တွေနဲ့ ဆက်သွယ် ပါတယ်။ Steve ကတော့ logo ကိုချစ်စဖွယ် ပုံစံမျိုး မဖြစ်စေ ချင်တာကြောင့် Design ဆရာက ပန်းသီးကို ခရမ်းချဉ်သီးနဲ့ မတူအောင် ကိုက်ရာလေး ထည့်ပေး လိုက်ပါတယ်။ ပြီးတော့ Apple ရဲ့ Color Graphics Capability ကိုသက်သေပြဖို့ အရောင်စုံ အစင်းတွေ ထည့်လိုက် ပါတယ်။ သူတို့ရဲ့ Apple II ကို West Coast ကွန်ပျူတာ ပြပွဲမှာ ဝင်ရောက် ပြသခဲ့ပြီး သူတို့ကို လူကြိုက်များ သွားစေတာက VisiCalc လို့ခေါ်တဲ့ Spreadsheet Software ကြောင့်ပါ။ အဲ့ခေတ်က Personal Computer ဆိုတာ မရှိတော့ စာရင်းအင်းနဲ့ အလုပ်လုပ် ရတဲ့ သူတွေက အလုအယက် ဝယ်ယူ ကြပါတယ်။ Steve လည်းချမ်းသာ သွားပါတယ်။ ကုမ္ပဏီကလည်း ပိုကြီးလာပြီး ရှယ်ယာရှင် တွေလည်းတိုးလာ ပါတယ်။ သူတို့ထဲက ကွန်ပျူတာ သိပ္ပံပညာရှင် Raskin ကစပြီး ပေါင်မုန့် မီးကင်စက် (toaster) တစ်လုံးလို အသုံးပြုရ လွယ်တဲ့ ကွန်ပျူတာ ဖြစ်အောင် ဖန်တီးဖို့ စိတ်ကူး ရပြီးအဲဒီ project ကို Apple Macintosh လို့နာမည် ပေးလိုက် ပါတယ်။

စတိဗ်နှင့် နက်စ်ကုမ္ပဏီ[ပြင်ဆင်ရန်]

Steve Jobs က၁၉၈၅မှာ ရှယ်ယာတွေ အားလုံး ရောင်းချပြီး Apple ကထွက်ခဲ့ ပါတယ်။ ဒါပေမယ့် သူ့မှာ အကြံ ရှိပြီးသား ဖြစ်ပြီး NeXT နဲ့ပူးပေါင်း လိုက်ပါ တော့တယ်။  NeXT ကိုအကောင်းဆုံး ဖြစ်စေချင်တဲ့ ရည်မှန်းချက် မြင့်မြင့် ထားခဲ့တာပါ။ အမှန်တကယ်လည်း NeXT Cube ကတကယ် ကောင်းပေမယ့်လည်း ဈေးကြီးလွန်းနေပါတယ်။ ဝယ်သူ ဘက်က ဒေါ်လာ၃၀၀၀ လောက်ပဲ သုံးချင် ပေမယ့် ဒေါ်လာ တစ်သောင်း လောက်ထိ ကျသင့် နေတာကြောင့် မရောင်းရ ပါဘူး။ နက်စ်ကုမ္ပဏီကလည်း ယိုင်လာပြီး နောက်ဆုံး Hardware ကနေ Software ဘက်ကို ကူးပြောင်း လိုက်ပါ တော့တယ်။ Steve ကနောက် တစ်ကြိမ် အရှုံးနဲ့ ထပ်ရင်ဆိုင် လိုက်ရတော့ အလုပ် တွေဘက် စိတ်လျှော့လိုက်ပြီး မိသားစုဘက် အချိန်ပေး ပါတော့တယ်။ သူ့ဇနီး Laurene နဲ့ ၁၉၉၁မှာ လက်ထပ်ခဲ့ပြီး Reed ဆိုတဲ့ သားတစ်ယောက် ရှိပါတယ်။ နောက်တော့ Pixer နဲ့ဇာတ်လမ်း စပါတယ်။ အဲ့အချိန်မှာ George Lucas ကလင်မယား ကွာရှင်း စရိတ်ကြောင့် ငွေလိုနေ တာကြောင့် သူ့ Lucasfilm ရဲ့ Computer Graphics ဌာနကို ရောင်းချပါတယ်။ Apple ကရှယ်ယာ တွေကို ရောင်းချ လိုက်တဲ့ အခါ Steve လက်ထဲမှာ ငွေအများကြီး ရှိနေ ပြီးတော့ အဲ့အရောင်းအဝယ်ကို သူက စိတ်ဝင်စား ပါတယ်။ ၁၉၈၆မှာ ဌာနကိုဝယ်လိုက်ပြီး Pixar ဆိုတဲ့ နာမည်နဲ့ ပူးပေါင်း ဆောင်ရွက် ပါတယ်။

Pixar & Toy Story Cartoon[ပြင်ဆင်ရန်]

Pixar's Toy Story

Pixar မှာလည်း hardware ပိုင်းက အလုပ် မဖြစ်ခဲ့ပါဘူး။ ဒါနဲ့ software ကုမ္ပဏီ အဖြစ် ပြောင်းလဲ ခဲ့ပြီး 3D TV ကြော်ငြာတွေ လုပ်ပြီး ငွေရှာခဲ့ ပါတယ်။ အလှည့်အပြောင်းက Disney နဲ့ computer-animated ဇာတ်ကားတွေ ထုတ်ဖို့ သဘောတူခဲ့ရာက စပါတယ်။ Disney ရဲ့ marketing ပိုင်းပံ့ပိုးမှုနဲ့ အတူ Toy Story ကာတွန်းကားက အောင်မြင် ခဲ့ပါတယ်။ Pixar ကိုကိုးနှစ် လုံးလုံး အိတ်စိုက် ခဲ့ရတဲ့ Steve ကခုမှ အကျိုး ပြန်ခံစား ရတာပါ။ Toy Story ရဲ့အောင်မြင်မှုနဲ့ အတူ Pixar ရဲ့ရှယ်ယာ တန်ဖိုး တွေက Wall Street မှာတက်လာ ပါတယ်။ Pixar ရဲ့ ၈၀ရာခိုင်နှုန်းကို ပိုင်ဆိုင်တဲ့ Steve ကဒေါ်လာ ၁.၅ဘီလီယံထိ ချမ်းသာ သွားပါ တော့တယ်။ အဲ့ပမာဏက ၁၉၈၀တုန်းက Apple မှာသူရှာဖွေ ခဲ့တဲ့ ပမာဏထက် ငါးဆလောက် ပိုများပါတယ်။ Steve ဘက်က အခြေအနေ ကောင်းနေပေမယ့် Apple ကတော့ ပြောင်းပြန်ပါ။ ၁၉၉၅မှာ Microsoft ရဲ့ Windows 95 ထွက်လာခဲ့ပြီး Macintosh ကိုအထိနာ စေခဲ့ပါတယ်။ CEO အသစ် Gil Amelio ရောက်လာခဲ့ပြီး မလိုအပ်တဲ့ အသုံးစရိတ်တွေ ဖြတ်တောက် ပစ်ပြီး OS အသစ်ကို ရေးမယ့် အစား ရှိပြီးသား တစ်ခုကို ဝယ်ယူမယ်လို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ နောက်တော့ NeXT ရဲ့ OS ဖြစ်တဲ့ NeXTSTEP ကိုဒေါ်လာ $400 million နဲ့ဝယ်ယူ လိုက်ပြီး Steve လည်း Apple ကိုပြန်ရောက် သွားပါ တော့တယ်။ Apple ဘက်က ထိုးတက် ခဲ့သလို Pixer ဘက်ကလည်း Disney နဲ့ပေါင်းပြီး A Bug's Life (1998), Toy Story 2 (1999), Monsters Inc. (2001) နဲ့ Finding Nemo (2003) စတဲ့ ရုပ်ရှင်တွေနဲ့ အောင်မြင်မှုတွေ ဆက်တိုက် ရလာပါတယ်။

iPod (သို့) သင့်အိတ်ကပ်ထဲက သီချင်းပေါင်း ၁၀၀၀[ပြင်ဆင်ရန်]

အိုင်ပေါ့စ်

Steve ပြန်ရောက်ပြီး ပထမ လေးလပတ်မှာ Apple က $700 million အရှုံးပေါ် ခဲ့ပြီးနောက် CEO Gil Amelio လည်းပြုတ်သွား ပါတယ်။ ဒီကာလတွေက Steve အတွက်တော့ အင်မတန် ခက်ခဲတဲ့ အချိန်တွေပါ။ Board အဖွဲ့က ဒါရိုက်တာတွေကို ပြန်လည် ဖွဲ့စည်း၊ အရေးကြီးတဲ့ Steve Jobs ဆုံးဖြတ်ချက် တွေချခဲ့ပြီး Steve ကိုယ်တိုင်လည်း CEO ရာထူးကို ပြန်ရခဲ့ ပါတယ်။ Mac OS X နဲ့ The Digital Hub strategy ကြောင့် Apple ကပြန် ဦးမော့ လာသလို retail stores တွေကို ဖွင့်ဖို့ ဆုံးဖြတ်ခဲ့ တာကလည်း မှန်ကန်ခဲ့ပြီး Apple ကလမ်းကြောင်းမှန် ပေါ်ပြန်တက် လာပါပြီ။ အဲ့ဒါက ၂၀၀၀ ခုနှစ်ပိုင်း လောက်မှာပါ။ ဒါ့အပြင် လူငယ်ပိုင်းက ရုပ်ရှင်တွေ ဘက်က နေ MP3 သီချင်းတွေ ဘက်ကို အားသန် လာတာကို သတိထားမိတဲ့ Steve ကသူ့ကုမ္ပဏီ ဦးတည်ချက်ကို ရုပ်ရှင်တွေ ဘက်ကနေ တေးဂီတ ဘက်ကို ပြောင်းလဲ လိုက်ပြီး iTunes ပေါ်ပေါက် လာပါတယ်။ ခက်တာက သူနဲ့တွဲ သုံးမယ့် player တွေက အဆင်မပြေ တာပါ။ ၂၀၀၁ခုနှစ် မတ်လမှာ Apple တံဆိပ်နဲ့ MP3 player ကိုထုတ်ဖို့ ဆုံးဖြတ် လိုက်ပြီး အောက်တိုဘာမှာတော့ ဒီချစ်စရာ အဖြူရောင် player ကိုမိတ်ဆက်ခဲ့ပြီး '1,000 songs in your pocket' လို့ကြွေးခဲ့ပါတယ်။ ဒီပစ္စည်း သေးသေးလေးက ကုမ္ပဏီရဲ့ အနာဂတ်ကို ပြောင်းလဲ ပစ်နိုင်မယ်လို့ အဲ့အချိန်က Steve အပါအဝင် ဘယ်သူမှ မထင်မှတ် ထားခဲ့ပါဘူး။ ရေကန် အသင့်၊ ကြာအသင့် လို့ဆိုရမှာပါ။ အဲ့အချိန်မှာ လူတွေက သီချင်း နားထောင်ဖို့ player ကောင်းကောင်း တောင့်တ နေချိန်မှာ iPod ထွက်လာခဲ့ပြီး ဈေးကြီး ပေမယ့်လည်း လူတွေက အလုအယက် အားပေး ကြပါတယ်။ Apple ကလည်း သီချင်းတွေ ဘက်က အကျိုးအမြတ် ရနိုင်မှန်း သိသွားတဲ့ အခါမှာ တရားနည်းလမ်း ကျကျ သီချင်းတွေ ဒေါင်းလုတ် လုပ်ဖို့ Label တွေနဲ့ ညှိနှိုင်း ဆွေးနွေးပြီး iTunes Music Store ကိုဧပြီ ၂၀၀၃မှာ စခဲ့ပါတယ်။ နောက်တော့ iPod mini, iPod shuffle, iPod nano, iPod video တွေဆက်ထုတ်ပြီး 'iPod nation' ကိုတည်ထောင် ခဲ့ပါတယ်။ ဒါတွေနဲ့ မရပ်တန့် သွားပါဘူး။ Steve ကိုယ်တိုင် ပြောခဲ့ဖူးတဲ့ သူ Apple ကိုပြန်လာရတဲ့ အကြောင်းအရင်းက Apple နဲ့ကမ္ဘာကြီးကို ပိုကောင်းတဲ့ နေရာ ဖြစ်အောင် တည်ဆောက်မယ်။ Apple မရှိလို့ မဖြစ်တဲ့ ကမ္ဘာတစ်ခုလို့ ဆိုသလိုပဲ သူနောက်ထပ် ရွေ့လိုက်တဲ့ အကွက်က Touch Screen နည်းပညာ ဘက်ပါ။

iPhone[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - အိုင်ဖုန်း

Steve Jobs၂၀၀၇မှာတော့ iPod, ဖုန်းနဲ့ အင်တာနက်ကို ပစ္စည်းတစ်ခုတည်းနဲ့ သုံးလို့ရမယ့် iPhone ထွက်လာပြီး Steve ရဲ့ career မှာအကောင်းဆုံးနဲ့ အမှတ်တရ အရှိဆုံး ပစ္စည်းတစ်ခုသာမက လူတွေရဲ့ ဖုန်း ယဉ်ကျေးမှု၊ ဖုန်းဈေးကွက် ကိုပါ ပြောင်းလဲပစ်ခဲ့ပါတယ်။ iPod တုန်းကလိုပဲ Steve ကဖုန်းဝန်ဆောင်မှု carrier ဖြစ်တဲ့ AT&T ညှိပြီး လုပ်ဆောင် ပါတယ်။ iPhone ကဈေးမြင့်ပေမယ့်လည်း အောင်မြင်ပြီးသားပါ။ ဒီအောင်မြင်မှုမှာ iPhone App Store ရဲ့အကျိုး သက်ရောက်မှု တွေပါဝင်သလို developer တွေကလည်း iPhone apps တွေရေးလာ တာတွေ ကြောင့်လည်း တခြား ကုမ္ပဏီတွေ လိုက်မမှီအောင် ရှေ့က ပြေးနိုင် ခဲ့တာပါ။ ၂၀၀၇ခုနှစ် မှာတော့ စတော့ တစ်ခုရဲ့ တန်ဖိုးဟာ $199.99 အထိ ရှိခဲ့ပြီး $1.58 billion အထိ အကျိုးအမြတ် ရရှိခဲ့ပြီး အကြွေး ကင်းရှင်းတယ် လို့ကုမ္ပဏီက ခပ်ကြွားကြွားလေး ပြောဆို နိုင်တဲ့ အထိ ဖြစ်ခဲ့ပါတယ်။ Apple ရဲ့ဝင်ငွေ တစ်ဝက် လောက်က iTunes နဲ့ iPod ကလာတာ ဖြစ်ပြီး iPod အလုံးပေါင်း သန်း၂၀၀နဲ့ သီချင်းပေါင်း ၆ကုဋေလောက် download ပြုလုပ်ရာမှ ရရှိတာ ဖြစ်ပါတယ်။ ဒီလိုအချက် တွေကြောင့် Fortune မဂ္ဂဇင်းက ပေးတဲ့ နံပါတ် ၁ နေရာ ရခဲ့ပါတယ်။

ကျန်းမာရေး[ပြင်ဆင်ရန်]

Apple ဘက်က အောင်မြင်မှု ထိပ်တန်း ရောက်ချိန်မှာ ကျဆင်း လာတာက Steve ရဲ့ကျန်းမာရေး အခြေအနေပါ။ ၂၀၀၃ အောက်တိုဘာမှာ Steve ရဲ့ပန်ကရိယမှာ အကျိတ်တည်နေတာကို တွေ့ရှိခဲ့ ပါတယ်။[၄] ခွဲစိတ် ကုသလို့ ရနိုင်ပေ မယ့်လည်း Steve Jobs သူကကိုးလ ကြာအောင် ကုဖို့ ငြင်းနေခဲ့ပြီး[၅]၂၀၀၄ ဩဂုတ်လမှ Stanford Medical Center မှာခွဲစိတ်မှု ခံယူခဲ့ တာပါ။ နောက်ငါးနှစ် လုံးလုံး ကျန်းမာနေပုံ ပေါက်ပြီး ကင်ဆာကို ကုသ ပျောက်ကင်း သွားခဲ့ပြီလို့ ထင်မှတ်ခဲ့ ကြပါတယ်။ ၂၀၀၈ခုနှစ်မှာ ပိန်ချုံးနေတဲ့ Steve ကိုမြင်တော့ အားလုံးက အံ့အားသင့် သွားကြပါတယ်။ Apple ကခြောက်လလောက် ခွင့်ယူခဲ့ပြီး အသည်း အစားထိုး ကုသခဲ့ပါတယ်။[၆][၇] ၂၀၀၉ နွေမှာ မပြီးပြတ် သေးတဲ့ iPad ပရောဂျက်ကို အချောသတ်ဖို့ Apple ကိုစိတ်အား ထက်သန်စွာနဲ့ ပြန်လာခဲ့ ပါတယ်။ ၂၀၁၀မှာတော့ သူ့ရဲ့ နောက်ထပ် ဂုဏ်ယူရမယ့် iPad ထွက်ရှိ လာပါတယ်။ ဒီကြားထဲမှာ သူ့ကျန်းမာရေး အခြေအနေက တက်လိုက်၊ ကျလိုက် အခြေအနေပါ။ ဒါပေမယ့် Apple ရဲ့တကယ့် အရေးကြီး ပွဲနှစ်ပွဲ ဖြစ်တဲ့ iPad2 နဲ့ iCloud မိတ်ဆက်ပွဲ တွေကို ပြုလုပ်ခဲ့ ပါသေးတယ်။Steve ကသူ့ကျန်းမာရေး အခြေအနေကို သူသိပြီး Apple ကိုသူမရှိလည်း ပုံမပျက် ဆက်သွား နိုင်အောင် ကြိုတင် စီမံခဲ့ ပါတယ်။ 'Apple University' တည်ထောင် ခဲ့သလို သူရဲ့ နောက်ဆက်ခံသူ Tim Cook ကိုလည်း Board အဖွဲ့တွေနဲ့ သဘော တူညီမှုယူ ရွေးချယ် ခဲ့ပါတယ်။ Steve ကိုလူမြင်ကွင်းမှာ နောက်ဆုံး တွေ့ခဲ့ရတာက ၂၀၁၁ ဇွန်မှာပါ။ ကျဆင်းလာတဲ့ ကျန်းမာရေး အခြေအနေကြောင့် ဩဂုတ်၂၄ မှာ Apple CEO အဖြစ်က အနားယူ ခဲ့ပါတယ်။ အလုပ်နဲ့ ပတ်သက်ပြီး စီမံခဲ့သလို သူ့ကိုယ်ပိုင် ဘ၀ အတွက်လည်း အစီအစဉ်တွေ ထားရှိခဲ့ပါတယ်။ ဂျာနယ်လစ် Walter Isaacson နဲ့သူ့ရဲ့ ပထမဆုံး ကိုယ်ရေးစာအုပ် အတွက် အင်တာဗျူး ခံခဲ့ပါတယ်။ မိသားစုနဲ့ ခရီးထွက်ဖို့ သင်္ဘောတစ်စီးကို ကိုယ်တိုင် ဒီဇိုင်းဆွဲ တည်ဆောက်ခဲ့ ပေမယ့်လည်း သေခြင်းတရားက လက်ဦးသွား ပါတယ်။ အောက်တိုဘာလ ၄ရက်မှာ Apple ရဲ့ iPhone 4S မိတ်ဆက်ပွဲကို ကုတင်ပေါ်က ကြည့်ခဲ့ပါတယ်။

သေဆုံးခြင်း[ပြင်ဆင်ရန်]

iPhone 4s မိတ်ဆက်ပွဲပြီး နောက်တစ်ရက်၂၀၁၁ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့ တွင်Steve Job သည် မိသားစုဝင်များ ဝန်းရံလျက် Palo Alto ရှိ နေအိမ်တွင် ကင်ဆာရောဂါကြောင့် အေးချမ်းစွာ ကွယ်လွန် သွားခဲ့သည်။[၈][၉] ဆယ်စုနှစ် တစ်ခုစာ ကင်ဆာရောဂါကို ရင်ဆိုင်ခဲ့ ရပြီး ကွယ်လွန်ချိန်တွင် အသက် ၅၆ နှစ်သာ ရှိပါသေးသည်။ Apple က Steve Jobs ကွယ်လွန်ကြောင်း ကြေညာချက် ထုတ်ခဲ့ပြီး သူ၏ website တွင် Steve ဓာတ်ပုံဖြင့် "Steve Jobs 1955-2011" ဟု ရေးသား ခဲ့သည်။ CEO Tim Cook က Apple အနေဖြင့် အရာရာကို ကြိုတင်တွေမြင်နိုင်သည့် ပါရမီရှင် ခေါင်းဆောင် တစ်ဦး ဆုံးရှုံးခဲ့ရသလို၊ ကမ္ဘာကြီးအနေနဲ့ အံ့ဩဖို့အကောင်းဆုံး လူသားတစ်ဦး ဆုံးရှုံးခဲ့ ရပါပြီ။ သူမရှိတော့သော်လည်း သူရဲ့ ဝိညာဉ်သည် Apple နှင့်အတူ ရှိနေဦးမည်ဟု ရည်ညွှန်းခဲ့သည်။ Pixar ကုမ္ပဏီကလည်း ဝမ်းနည်းကြောင်းကို ထုတ်ပြန်ခဲ့သည်။ သူ၏ ဈာပနအခမ်းအနားကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၇ ရက်မှာ မိသားစုအသိုင်းအဝန်း အနည်းငယ်နှင့်သာ အကျဉ်းချုံးပြီး ကျင်းပခဲ့ပါတယ်။

Steve ကွယ်လွန်ခြင်း ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် Apple နှင့် Microsoft ကုမ္ပဏီ နှစ်ခုလုံးက သူတို့ကုမ္ပဏီအလံများကို ရုံးချုပ်မှာ တစ်ဝက်ချပြီး ဝမ်းနည်းမှုကို ပြသခဲ့ပါတယ်။[၁၀][၁၁] Bob Iger ကလည်း Disney ကုမ္ပဏီကလည်း Walt Disney World နှင့် Disneyland အပါအဝင် သူ့နေရာအကုန်လုံးမှာ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့မှ ၁၂ ရက်နေ့အထိ အလံတစ်ဝက်ချဖို့ညွှန်ကြားခဲ့ပါတယ်။ ကယ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူး Jerry Brown က ၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၆ ရက်နေ့ကို "Steve Jobs နေ့" အဖြစ် သတ်မှတ်ခဲ့ပါတယ်။[၁၂]

Fortune Magazine ကသူ့ကို CEO of the decade အဖြစ် သတ်မှတ် ပေးခဲ့သလို[၁၃] သူ့မွေးရပ်မြေ California က California Hall of Fame မှာသူ့ကို ထည့်သွင်း ထားခဲ့တာတွေ အပါအဝင် ဂုဏ်ပြုခံ ဆုတွေ အများကြီး ချီးမြှင့်ခံခဲ့ရပါတယ်။ ဒါတင်မက တေးဂီတ ပိုင်းနဲ့ ပတ်သက်ပြီး သူလုပ်ခဲ့တဲ့ အပြောင်းအလဲ တွေကို ဂုဏ်ပြုတဲ့ အနေနဲ့ ၂၀၁၂ ခုနှစ်မှာ Grammy Trustees Award ကိုချီးမြှင့် ခံခဲ့ရပါတယ်။ Disney ရဲ့ John Carter ဇာတ်ကားနဲ့ Pixer ရဲ့ Brave ဇာတ်ကား တွေက သူ့ကို ရည်ညွှန်းတဲ့ ရုပ်ရှင် တွေဖြစ်ပြီး Walter Isaacson ရေးသား ခဲ့တဲ့ သူ့ရဲ့ ဘ၀အကြောင်း စာအုပ် Steve Jobs က၂၀၁၁မှာ ထွက်ရှိခဲ့ ပါတယ်။ Steve Jobs ကွယ်လွန် ပြီးပြီးချင်း သူ့အကြောင်း ထွက်လာတဲ့ နာမည်ကြီး Documentary တစ်ခုပါ။

ကိုးကား[ပြင်ဆင်ရန်]

  1. The Walt Disney Company and Affiliated Companies – board of directors။ The Walt Disney Company။ October 2, 2009 တွင် ပြန်စစ်ပြီး။
  2. D'Onfro၊ Jillian (March 22, 2015)။ Why execs from other companies wanted to meet with Steve Jobs on Fridays။ Business Insider။ 2015-09-11 တွင် ပြန်စစ်ပြီး။
  3. Apple ကုမ္ပဏီ တည်ထောင်သူ စတိဗ်ဂျော့စ် ကွယ်လွန် - BBC News မြန်မာ
  4. Evangelista၊ Benny။ "Apple's Jobs has cancerous tumor removed"၊ San Francisco Chronicle၊ August 2, 2004၊ စာ- A1။ August 9, 2006 တွင် ပြန်စစ်ပြီး။ Archived from the original on 25 April 2012။ 
  5. Elkind၊ Peter။ "The trouble with Steve Jobs"၊ Fortune၊ March 5, 2008။ March 5, 2008 တွင် ပြန်စစ်ပြီး။ Archived from the original on 18 May 2010။ 
  6. Liver Transplant in Memphis: Jobs' was Sickest Patient on Waiting List။ Celebrity Diagnosis (June 24, 2009)။ 24 June 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 February 2016 တွင် ပြန်စစ်ပြီး။
  7. "A Transplant That Is Raising Many Questions"၊ New York Times၊ June 22, 2009။ 
  8. "Rare Pancreatic Cancer Caused Steve Jobs' Death" (သတင်းထုတ်ပြန်ချက်)။ Voice of America။ October 7, 2011။ 24 January 2012 တွင် မူရင်း အား မော်ကွန်းတင်ပြီးOctober 7, 2011 တွင် ပြန်စစ်ပြီး Unknown parameter |deadurl= ignored (|url-status= suggested) (အကူအညီ)
  9. Rushe၊ Dominic။ "Steve Jobs, Apple co-founder, dies at 56"၊ The Guardian၊ October 6, 2011။ Archived from the original on June 19, 2013။ 
  10. "Apple flies flags at half staff for Steve Jobs"၊ KOKI-TV၊ October 6, 2011။ October 29, 2011 တွင် ပြန်စစ်ပြီး။ Archived from the original on August 13, 2013။ 
  11. "Microsoft lowers flags to half staff in tribute to Steve Jobs"၊ Network World၊ October 6, 2011။ October 29, 2011 တွင် ပြန်စစ်ပြီး။ Archived from the original on November 9, 2013။ 
  12. Fernandez၊ Sofia M.။ "Private Steve Jobs Memorial Set for Oct. 16 – The Hollywood Reporter"၊ The Hollywood Reporter၊ October 14, 2011။ November 12, 2011 တွင် ပြန်စစ်ပြီး။ Archived from the original on December 31, 2013။ 
  13. "25 most powerful people in business – #1: Steve Jobs"၊ Fortune (magazine)။ April 19, 2010 တွင် ပြန်စစ်ပြီး။ Archived from the original on April 10, 2014။ 

ပြင်ပလင့်[ပြင်ဆင်ရန်]