စည်သူလွင်

ဝီကီပီးဒီးယား မှ
စည်သူလွင်
မွေးဖွား (၁၉၇၃-၀၃-၂၅) မတ် ၂၅၊ ၁၉၇၃ (အသက် ၅၁)
ရန်ကုန်မြို့
အလုပ်အကိုင်အဆိုတော်

စည်သူလွင်သည် မြန်မာနိုင်ငံရှိ အဆိုတော်တစ်ဦး ဖြစ်သည်။ သူ၏ အဖေသည် ကာတွန်းဆရာ ဦးငွေကြည် ဖြစ်သည်။

အစောပိုင်းဘဝ[ပြင်ဆင်ရန်]

စည်သူလွင်ကို ၁၉၇၃ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ ကာတွန်းငွေကြည်နှင့် ဒေါ်ကြွယ်တို့၏ တစ်ဦးတည်းသောသား ဖြစ်သည်။

အသက်လေးနှစ်ကျော် အရွယ်တွင် ကမာရွတ် လှည်းတန်းတွင်ကျင်းပသော သီတင်းကျွတ် မီးထွန်းပွဲတော် တေးသရုပ်ဖော် ဖျော်ဖြေပွဲတွင် ဘိုဘိုဟန်၏ သီချင်းနှင့် စတင် သရုပ်ဆောင်ခဲ့ပြီး တောင်ဥက္ကလာ၊ ပုဇွန်တောင်စသော မြို့နယ်များ၏ ဖိတ်ကြားချက်ဖြင့် လိုက်လံဖျော်ဖြေခဲ့သည်။

အနုပညာလမ်းကြောင်း[ပြင်ဆင်ရန်]

၁ဝ တန်း အောင်မြင်ပြီးချိန်တွင် ဦးစောနု သီချင်းဆိုပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှ ဆုရခွေကို ကိုညီထွဋ်က ကြားသိခဲ့ပြီး ပထမဆုံး စီးရီးတေးစီးရီး ထွက်ရှိခဲ့သည်။

တစ်ကိုယ်တော်စီးရီး မထွက်ခင်ကာလတွင် သင်္ချာမေဂျာ အဓိကဖြင့် တက္ကသိုလ် တက်ရောက်ချိန်တွင်လည်း ကျောင်းပွဲများတွင် ဝါသနာတူ သူငယ်ချင်းများဖြင့် ဖွဲ့ထားသော Rock Devil တီးဝိုင်း၊ ဟာရီကိန်းတီးဝိုင်း စသည့် တီးဝိုင်းများနှင့် သီဆိုဖျော်ဖြေခဲ့သလို အချို့ တီးဝိုင်းများတွင် အတီးသမားတစ်ဦးအဖြစ် ပါဝင်ခဲ့သည်။ စည်သူလွင်သည် ချစ်သူများရဲ့နေ့ စီးရီးဖြင့် အောင်မြင်လာခဲ့ကာ တစ်ကိုယ် တော်ခွေငါးခွေ၊ အမှတ်တရစီးရီးတစ်ခွေနှင့် အတွဲခွေပေါင်းများစွာကို သီဆိုခဲ့သည်။ ထို့အပြင် ကုန်ပစ္စည်း ကြော်ငြာများ၊ ဗီဒီယိုနှစ်ကားနှင့် နှုတ်ခမ်းထက်ကဓားသွား ရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]