စည်ဖြိုး

ဝီကီပီးဒီးယား မှ
စည်ဖြိုး
မွေးဖွားစည်ဖြိုးထွန်း
(1990-09-04) စက်တင်ဘာ ၄၊ ၁၉၉၀ (အသက် ၃၃)
ပုသိမ်မြို့ဧရာဝတီတိုင်းမြန်မာနိုင်ငံ
ဌာနေသင်္ကန်းကျွန်းမြို့နယ်ရန်ကုန်မြို့
နိုင်ငံလူမျိုး မြန်မာ
အလုပ်အကိုင်သရုပ်ဆောင်၊ အဆိုတော်
မိဘ(များ)ဦးထွန်းအောင်၊ ဒေါ်သီသီဝင်း
ဆွေမျိုးသားချင်းပြည့်ဖြိုးအောင် (ညီ)

စည်ဖြိုး (၄ စက်တင်ဘာ ၁၉၉၀ မွေးဖွား) သည် မြန်မာလူမျိုး အမျိုးသား သရုပ်ဆောင်တစ်ဦးဖြစ်သည်။ စည်ဖြိုးကို ၁၉၉၀-ခုနှစ်၊ စက်တင်ဘာလ (၄)ရက်၊ အင်္ဂါနေ့တွင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့၌ အဖ ဦးထွန်းအောင်နှင့် အမိ ဒေါ်သီသီဝင်းတို့မှ မွေးဖွားသည်။ အမည်ရင်းမှာ စည်ဖြိုးထွန်းဖြစ်သည်။ မွေးချင်းညီအကိုနှစ်ယောက်ရှိသည့်အနက် အကြီးဆုံးသားဖြစ်သည်။ ညီဖြစ်သူအမည်မှာ ပြည့်ဖြိုးအောင်ဖြစ်သည်။ စည်ဖြိုးသည် အကြားမြင်ဆရာမ ဒေါ်ဆွေဆွေဝင်း(အီးတီ) ၏ တူလည်း ဖြစ်သည်။ ၂၀၁၂-ခုနှစ်တွင် ရွာပျောက်ကြီး ဗီဒီယိုဇာတ်ကားဖြင့် အနုပညာလောကသို့ စတင်ဝင်ရောက်ခဲ့သည်။ သူသည် MRTV-4 မှ ထုတ်လွင့်ခဲ့သောအလင်းထဲကလူ ရုပ်သံဇာတ်လမ်းတွဲတွင် အဓိက အမျိုးသားဇာတ်ဆောင်အဖြစ် မြန်မာ့ရိုးရာ လက်ဝှေ့သမားနေရာမှ သရုပ်ဆောင်ခဲ့သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

စည်ဖြိုးကို ပုသိမ်ဆေးရုံကြီးတွင် ၄ရက် ၉လ ၁၉၉၀ မနက် ၁ နာရီတွင် မွေးဖွားခဲ့သည်။ မွေးဖွားစဉ်က ငွေကြေးမတတ်နိုင်ခဲ့သဖြင့် ဆေးရုံတွင် ဆရာဝန်မငှားနိုင်ခဲ့သောကြောင့် သူနာပြုနှင့်သာ မွေးခဲ့ရသည်။ [၁] ၂ နှစ်သားအရွယ်တွင် အဒေါ်ဖြစ်သူ၏ ဗေဒင်ဟောခန်းပြောင်းရွှေ့ခြင်းနှင့်အတူ ရန်ကုန်သို့ မိသားစုလိုက် ပြောင်းရွှေ့ခဲ့သည်။

စီးပွားရေးလုပ်ငန်းများ[ပြင်ဆင်ရန်]

  • Happy Pages - Snack & Stationery
  • Boombox Recording Studio
  • Rasta Myanmar
  • Mae Sot Taste Authentic Thai Food[၂]
  • E Thi Gems and Jewels


ရိုက်ကူးခဲ့သော ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားများ[ပြင်ဆင်ရန်]

ဗီဒီယိုဇာတ်ကားများ[ပြင်ဆင်ရန်]

ဇာတ်ကားစာရင်း
ခုနှစ် ဇာတ်ကားအမည် တွဲဖက်သရုပ်ဆောင်များ
၂၀၁၂ ရွာပျောက်ကြီး ဝိုင်းစုခိုင်သိန်း၊ ဇော်ဝင်းနိုင် (မန်း)၊ ငှက်ပျောကြော်၊ စိုးမိုးကြည်၊ ဇော်ဇော်အောင်၊ စည်သူ၊ နန္ဒကျော်စွာ
၂၀၁၂ ချစ်သူအိမ် စိုးပြည့်သဇင်၊ မေသက်ခိုင်၊ ထွန်းထွန်းဝင်း၊ ခင်မို့မို့အေး၊ ဆင်မ၊ နေလင်း၊ ဂွမ်းပုံကြီး၊ ဒေါ်ထားအဖွဲ့
၂၀၁၂ ဂန္ထဝင်သုည မေကဗျာ၊ ဇော်ဦး၊ စိုးမိုးကြည်၊ ဦးဝင်းမြိုင်၊ ဇော်ဝင်းနိုင်(မန်း)၊ ငှက်ပျောကြော်၊ ဇော်ဇော်အောင်
၂၀၁၂ ရင်ကွဲနက္ခတ် သဉ္ဇာနွယ်ဝင်း၊ မေတ္တာ၊ ထွန်းထွန်းဝင်း၊ Kညီ၊ သီဟဖြိုး၊ ကောင်းစံ၊ နှိုင်းယှဉ်မြင့်မိုရ်၊ နိနိ
၂၀၁၂ ဂွကျတဲ့ ဂွင် ခင်လှိုင်၊ ဒိန်းဒေါင်၊ ဗေလုဝ၊ စိုးမိုးကြည်၊ တက္ကသိုလ်ဂွမ်းပုံ
၂၀၁၃ ရေဒီယို မေကဗျာ၊ ဂျူးဂျူးစံသာ၊ တိမ်ညွန့်၊ ခင်လှိုင်၊ အောင်ဇော်မင်း၊ မြို့တော်ချစ်ဖွယ်
၂၀၁၃ လေနာ အရပ်က အချစ် ထိုက်တန်၊ မင်းဦး၊ အကယ်ဒမီ မို့မို့မြင့်အောင်၊ ပုလဲဝင်း၊ နန်းဆုရတီစိုး
၂၀၁၃ လွမ်းဆိပ်သင့်စေ သင်ဇာဝင့်ကျော်၊ စိုးမိုးကြည်၊ ဂျူးဂျူးစံသာ
၂၀၁၄ သတ်ပုံမှားတဲ့ အချစ် နေဆန်း၊ ချစ်သုဝေ
၂၀၁၄ စမောဆွဲသူများ မင်းဦး၊ နေဆန်း၊ မေသန်းနု၊ နန်းမြတ်ဖြိုးသင်း၊ ဖူးပွင့်သခင်
၂၀၁၆ မဟာဂေါ်လီ ဝိုင်းစုခိုင်သိန်း၊ အောင်ခိုင်၊ ဝါဝါအောင်
ဖိုးစည်ဖြိုး ခင်လှိုင်၊ မေပန်းချီ၊ ဆင်မ၊ ရှက်တယ်၊ ချစ်လူလူ
ခရေကြွေတဲ့မိုး ချစ်သုဝေ၊ ပြေဇင်၊ စိုးမိုးကြည်၊ မင်းညီ၊ ဦးဝင်းမြိုင်၊ ဦးထူးသာ၊ လမင်းကဗျာ
အချစ် (သို့) ကွိုင် ပိုင်ဖြိုးသု၊ သားညီ
သုညသက္ကရာဇ်၊ ဇီးရိုးနိဗ္ဗာန် မေသက်ခိုင်၊ ဘေဘီမောင်

ရုပ်ရှင်ဇာတ်ကားကြီးများ[ပြင်ဆင်ရန်]

ရုပ်ရှင်ဇာတ်ကားစာရင်း
ခုနှစ် ရုပ်ရှင်အမည် ဒါရိုက်တာ တွဲဖက်သရုပ်ဆောင်များ
၂၀၁၈ သတ်ကွင်း သားညီ မင်းသွေး၊ နေရဲ၊ ထူးခြား
၂၀၁၉ လေးပါးကျော့ရှိန် ဝရဇိန် သားညီ အကယ်ဒမီ မင်းမော်ကွန်း၊ အကယ်ဒမီ ထွန်းထွန်း၊ နေမင်း၊ မင်းသွေး၊ အကယ်ဒမီ ပိုင်ဖြိုးသု၊ ရွှေသမီး၊ သံသာမိုးသိမ့်

ရိုက်ကူးခဲ့သော ရုပ်သံဇာတ်လမ်းတွဲများ[ပြင်ဆင်ရန်]

ရုပ်သံဇာတ်လမ်းတွဲ စာရင်း
ခုနှစ် ဇာတ်လမ်းတွဲအမည် ပြသသည့် ရုပ်သံလိုင်း အပိုင်း အရေအတွက် တွဲဖက်သရုပ်ဆောင်များ
၂၀၁၉ အလင်းထဲကလူ MRTV-4 ၃၀ ဆန်းတိုးနိုင်၊ မုဏ်း၊ ရှင်မင်းဆက်၊ ဂျူဂျူးစံ၊ အောင်ခန့်မှူး၊ သုတအောင်
၂၀၁၉ Love at 7-11 WeTV (Thailand) All cast from Thailand


ကိုးကား[ပြင်ဆင်ရန်]

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]