ငှက်မြီးစောင်း

ဝီကီပီးဒီးယား မှ
ငှက်မြီးစောင်း
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Passeriformes
မျိုးရင်း: Corvidae
မျိုးစု: Crypsirina
မျိုးစိတ်:
C. temia
ဒွိနာမ
Crypsirina temia
(Daudin, 1800)

ငှက်မြီးစောင်း (Crypsirina temia) ကို မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အင်ဒိုချိုင်းနား၊ ဆူမတြာကျွန်း၊ ဂျာဗားကျွန်းနှင့် ဘာလီတို့တွင် တွေ့ရှိရတတ်ပြီး ရွာနှင့်နီးသော ဝါးရုံတောများတွင် နေထိုင်တတ်သည်။ ၂၀၂၀ ခုနှစ် မတ်လ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသစ်တောဦးစီးဌာနမှ ယင်းငှက်ကို မျိုးဆက်ပျက်သုဉ်းမည့်အန္တရာယ်ရှိသဖြင့် ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များအဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]