ဂျွန် ဝီလျံ ပိုလီဒိုရီ

ဝီကီပီးဒီးယား မှ
John Polidori
မွေးဖွား(1795-09-07)၇ စက်တင်ဘာ၊ ၁၇၉၅
ယူနိုက်တက်ကင်းဒမ်း၊ လန်ဒန်မြို့
ကွယ်လွန်၂၄ ဩဂုတ်၊ ၁၈၂၁(1821-08-24) (အသက် ၂၅)
ယူနိုက်တက်ကင်းဒမ်း၊ လန်ဒန်မြို့
အလုပ်အကိုင်
  • စာရေးဆရာ
  • သမားတော်
စာပေအမျိုးအစား
  • သွေးစုပ်ဖုတ်ကောင်ဇာတ်လမ်း
  • ကြောက်လန့်ဖွယ်ဇာတ်လမ်း

ဂျွန် ဝီလျံ ပိုလီဒိုရီ (အင်္ဂလိပ်: John William Polidori သည် အင်္ဂလိပ်စာရေးဆရာနှင့် ဆရာဝန်တစ်ဦး ဖြစ်သည်။ သူသည် အရိုင်းသဘာဝဖော်ကျူးခြင်းလှုပ်ရှားမှု (Romantic movement ) တွင် ပါဝင်ပတ်သက်ဆောင်ရွက်မှုများကြောင့် လူသိများပြီး သွေးစုပ်ဖုတ်ကောင်ဇာတ်လမ်းအမျိုးအစား ဖန်တီးသူအဖြစ် အချို့ကအသိအမှတ်ပြုကြသည်။ သူ၏အောင်မြင်မှုအရှိဆုံး လက်ရာသည် “ Vampyre” (၁၈၁၉) ဇာတ်လမ်းတိုဖြစ်ပြီး ပထမဆုံးထုတ်ဝေသော ခေတ်သစ်သွေးစုပ်ဖုတ်ကောင်ဇာတ်လမ်းတစ်ပုဒ်လည်း ဖြစ်လဲ့သည်။ ထိုဇာတ်လမ်းကို စာရေးဆရာ ဘိုင်ရန် (Lord Byron) အားမှားယွင်းစွာ အသိအမှတ်ပြုခဲ့သော်လည်း ဘိုင်ရန် နှင့် ပိုလီဒိုရီ နှစ်ယောက်လုံးက ထိုဇာတ်လမ်းသည် ပိုလီဒိုရီ၏ ဝတ္ထုဖြစ်ကြောင်းအတည်ပြုခဲ့သည်။[၁]

ဂျွန် ဝီလျံ ပိုလီဒိုရီ ကို ၁၇၅၅ စက်တင်ဘာ ၇ ရက်တွင်လန်ဒန်မြို့တွင်မွေးဖွားခဲ့ပြီး အီတလီနိုင်ငံရေးသမား ဂယ်တားနို ပိုလီဒိုရီ(Gaetano Polidori) နှင့် အင်္ဂလိပ်ကျူရှင်ဆရာမ အန်နာ မာရီယာ ပီယာ့စ်တို့၏ သားဖြစ်သည်။ ဂျွန် ပိုလီဒိုရီတွင် ညီအကို သုံးဦး၊ ညီအမလေးဦးရှိ၍ ညီမဖြစ်သူ ဖရန်စစ် ပိုလီဒိုရီက နိုင်ငံမှ ထွက်ခွာ (သို့) ပြည်နှင်ဒဏ်သင့်သူ ပညာတတ် ဂေးဘရီယ်လ် ရိုဆက်တီနှင့် အိမ်ထောင်ပြုခဲ့သည်။ တူတော်သူတစ်ဦးဖြစ်သည့် ဝီလျံ မိုက်ကယ် ရိုဆက်တီက ၁၉၁၁ တွင် ပိုလီဒိုရီဂျာနယ်ကို ထုတ်ဝေခဲ့သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. Macdonald၊ DL (1991)၊ Poor Polidori၊ Toronto: University of Toronto Press၊ ISBN 0-8020-2774-1
  2. Polidori၊ John William (2009)၊ Rossetti၊ William Michael (ed.)၊ The diary၊ Cornell, NY: Cornell University Library၊ ISBN 978-1-4297-9503-6