ဂျေးမီ ကမ့်ဘဲလ် ဘောင်ဝါ

ဝီကီပီးဒီးယား မှ
ဂျေးမီ ကမ့်ဘဲလ် ဘောင်ဝါ
မွေးဖွားဂျိမ်းစ် မတ်ကဲလ်ဖ် ကမ့်ဘဲလ် ဘောင်ဝါ
(1988-11-22) ၂၂ နိုဝင်ဘာ၊ ၁၉၈၈ (အသက် ၃၅)
အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့
အလုပ်အကိုင်သရုပ်ဆောင်၊ အဆိုတော်၊ မော်ဒယ်
တက်ကြွလှုပ်ရှားနှစ်များ၂၀၀၇-ယနေ့တိုင်
ဝက်ဘ်ဆိုဒ်therealcounterfeit.com

ဂျိမ်းစ် မတ်ကဲလ်ဖ် ကမ့်ဘဲလ် ဘောင်ဝါ (အင်္ဂလိပ်: Jamie Campbell Bower; ၂၂ နိုဝင်ဘာ ၁၉၈၈ မွေးဖွား) သည် အင်္ဂလိပ်လူမျိုး သရုပ်ဆောင်၊ အဆိုတော် နှင့် မော်ဒယ်တစ်ဦးဖြစ်သည်။ ဆွင်းနီတော့ဒ် - ဖလိလမ်းက မိစ္ဆာဆံသဆရာ တွင် အန်ထော်နီဟုပ် အဖြစ်လည်းကောင်း၊ နေဝင်ဆည်းဆာပုံပြင်များ တွင် ခိုင်းရပ်စ် အဖြစ် လည်းကောင်း၊ စတားဇ် ဇာတ်လမ်းတွဲ ကမ်းမလော့တ် တွင် ဘုရင်အာသာအဖြစ် လည်းကောင်း၊ ဟယ်ရီပေါ်တာနှင့် သေမင်းခန်းဆောင် အပိုင်း ၁ နှင့် Fantastic Beasts - ဂရင်းဒယ်ဝေါလ်ဒ်၏ မှုခင်းများတွင် ဂရင်းဒယ်ဝေါလ်ဒ် အငယ်အဖြစ် လည်းကောင်း၊ သေစေနိုင်သောလက်နက်များ - စီးတီးအော့ဖ်ဘုန်းစ် တွင် ဂျေ့စ် ဝေးလန်းဒ် အဖြစ်လည်းကောင်း၊ ဝီလ် ဇာတ်လမ်းတွဲတွင် ဇတ်ညွှန်းရေးဆရာ ကစ်တ်မာလိုး ကစ်တ်မာလိုးအဖြစ် လူသိများသည်။

ဘောင်ဝါသည် ၂၀၁၅ ခုနှစ် လန်ဒန်မြို့တွင် ဖွဲ့စည်းခဲ့သော တေးဂီတအဖွဲ့ အတုအယောင် (Counterfeit) ၏ တည်ထောင်သူအဖွဲ့ဝင်၊ တေးဆို၊ ဂီတာသမား တစ်ဦးလည်းဖြစ်သည်။

ငယ်စဉ်ဘဝ[ပြင်ဆင်ရန်]

ဘောင်ဝါကို လန်ဒန်တွင် မွေးဖွားသည်။ မိခင်ဖြစ်သူ အန်းအဲလစ်ဇဘက်သ် (née Roseberry) မှာ တေးဂီတမန်နေဂျာတဦးဖြစ်ပြီး ဖခင်ဖြစ်သူ ဒေးဗစ်ဘောင်ဝါက ဂစ်ဘ်ဆန် ဂစ်တာ ကော်ပိုရေးရှင်းတွင် လုပ်ကိုင်သည်။ မိခင်ဘက်မှ အဘေးတော်စပ်သူ ဆာ ဂျွန် ကမ့်ပ်ဘဲလ်မှာ ဗင်းဆန့်နှင့် ဂရန်နဒင်း၏ မြို့တော်ဝန် ဗိုလ်လေးဖြစ်သည်။ ဟမ့်ပ်ရှီးယားအရပ် ပညာရေးတွဲဘက် ကိုယ်ပိုင်ကျောင်း ဘက်ဒေးလ်စ် တွင် တက်ရောက်ခဲ့ပြီး အမျိုးသား လူငယ် တေးဂီတ ဇာတ်ရုံ နှင့် အမျိုးသား လူငယ် ဇာတ်ရုံ၏ အဖွဲ့ဝင် ဖြစ်သည်။

သက်မွေးဝမ်းကျောင်းမှု[ပြင်ဆင်ရန်]

လီလီကောလင်းစ်၊ ဘောင်ဝါ၊ ဗင်ကယ်ဗင်ဇက်ဂါ  ၂၀၁၃ ဝမ်းဒါးကွန်

သူငယ်ချင်းဖြစ်သူ လော်ရာမစ်ချယ်ကယ်လီက သူမ၏ အေးဂျင့်ထံ ထောက်ခံပေးချိန်မှစကာ ဘောင်ဝါ ပရော်ဖက်ရှင်နယ် အသက်မွေးလုပ်ငန်း စတင် လုပ်ဆောင်သည်။ လန်ဒန်မြို့ရှိ Select မော်ဒယ်စီမံရေးရာတွင် အချိန်ပိုင်းမော်ဒယ်အဖြစ် လုပ်ကိုင်ခဲ့သည်။ ရော့ခ်အဲန်ရိုလာ တွင် ရော့ခ်ကာအဖြစ် လည်းကောင်း၊ စစ်ပွဲကာလတွင်းက ဆောင်းရာသီ တွင် ဂျက်အဖြစ်လည်းကောင်း တင်ဆက်သည်။[၁] အကျဉ်းသား ရုပ်သံဇတ်လမ်းတွဲ အပိုင်း ၁၁-၁၂ ကို ပြန်လည်ရိုက်ကူးသည့် ၂၀၀၉ ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်သည်။[၂]

၂၀၀၉ ခုနှစ်တွင်လည်း နေဝင်ဆည်းဆာပုံပြင်များ - လဝန်းသစ် နှင့် နေဝင်ဆည်းဆာ - လင်းရောင်ခြည် ဇာတ်ကား ၂ ခုစလုံးတွင် သွေးစုပ်ဖုတ်ကောင် ခိုင်းရပ်စ် ဗော့လ်တူရီအဖြစ် ပါဝင်သည်။[၃] ဟယ်ရီပေါ်တာနှင့် မိစ္ဆာခန်းဆောင် - အပိုင်း ၁ တွင် အလ်ဘတ်စ် ဒမ်ဘယ်လ်ဒေါ၏ ခြေမှုန်းခြင်းခံရသော စုန်းမိစ္ဆာ ဂျဲလတ် ဂရင်းဒယ်လ်ဝေါလ်ဒ် အငယ်အဖြစ် ပါဝင်ခဲ့သည်။ ၂၀၁၁ ရုပ်သံဇတ်လမ်းတွဲ ကမ်းမလော့တ်တွင် ဘုရင်အာသာအဖြစ် သရုပ်ဆောင်သည်။[၄] ၂၀၁၀ တွင် Xcerts ၏ "ယန်း (ဘယ်လိန်း)" မြူးဇစ်ဗီဒီယိုတွင် အဓိကသရုပ်ဆောင်အနေဖြင့် ပါဝင်သည်။

၂၀၁၂တွင် ဖလောရန့်စ် + သီမရှင်းတို့၏ "Never Let Me Go" မြူးဇစ်ဗီဒီယိုတွင် ပါဝင်သည်။ ကတ်စ်ဆန်ဒရာ ကလဲရ်၏ သေစေနိုင်သောလက်နက်များ ဇာတ်လမ်းတွဲကို ရုပ်ရှင်ဇာတ်ကားအဖြစ် ပြောင်းလဲအသက်သွင်းသည့် သေစေနိုင်သောလက်နက်များ-စီးတီးစ်အော့ဖ်ဘုန်းစ်တွင် ဂျေ့စ်ဝေးလန်းအဖြစ် သရုပ်ဆောင်သည်။[၅] ၂၀၁၃ ဒီဇင်ဘာတွင် ဘားဘယ်ရီ၏ ၂၀၁၄ နွေဦး/နွေကာလအတွက် ကမ်ပိန်းကြယ်ပွင့်များနှင့် ပူးပေါင်းသည်။[၆]

၂၀၁၅ ဇွန်လတွင် ဝက်စ်အန်းဒ် တေးသံစုံ ဇတ်ကားသစ် Bend It Like Beckham တွင် ဂျိုး ဇာတ်ရုပ်မှ စတင် သရုပ်ဆောင်သည်။[၇]

၂၀၁၇ မတ်လတွင် ပထမဆုံးတေးအယ်လ်ဘမ်ကို ဖြန့်ချိသည့် တေးဂီတအဖွဲ့ Counterfeit ၏ ပင်တိုင်အဆိုတော်ဖြစ်သည်။

၂၀၁၇ ဇူလိုင်တွင် တီအန်တီ၏ မူပိုင်ဇာတ်လမ်းတွဲ ဝီလ် တွင် ပါဝင်ခဲ့သည်။

ကိုယ်ပိုင်ဘဝ[ပြင်ဆင်ရန်]

ဟယ်ရီပေါ်တာနှင့် သေမင်းခန်းဆောင် အပိုင်း ၁ ရုပ်ရှင်ရိုက်ကွင်းတွင် ဆုံစည်းခဲ့သော ရုပ်ရှင်မင်းသမီး ဘော်နီရိုက်တ်နှင့် စုံတွဲခုတ်နေကြောင်း ၂၀၁၀ ဖေဖော်ဝါရီလတွင် ဘောင်ဝါက အတည်ပြုပြောကြားသည်။ ၂၀၁၁ ဧပြီတွင် ၎င်းတို့နှစ်ဦး၏ စေ့စပ်ကြောင်းလမ်းမှုကို အတည်ပြုသည်။[၈] ၂၀၁၂ ဇွန်လ ၃၀ ရက်နေ့တွင် သူတို့၏ စေ့စမ်းကြောင်းလမ်းမှုကို အခင်မင်မပျက်ဘဲ ဖျက်သိမ်းလိုက်သည်။[၉]

ရုပ်ရှင်ဇာတ်ကားများ[ပြင်ဆင်ရန်]

ရုပ်ရှင်[ပြင်ဆင်ရန်]

ခုနှစ် အမည် ဇာတ်ရုပ် မှတ်ချက်
2007 ဆွင်းနီတော့ဒ် - ဖလိလမ်းက မိစ္ဆာဆံသဆရာ အန်ထော်နီဟုပ်
2008

ရော့ခ်နဲ့ရိုလာ

ရော့ခ်ကာ
2008

စစ်ပွဲတွင်းက ဆောင်းဥတု

ဂျက်ခ်
2009 နေဝင်ဆည်းဆာပုံပြင်များ ခိုင်းရပ်စ်
2010 ဟယ်ရီပေါ်တာနှင့် သေမင်းခန်းဆောင်
အပိုင်း ၁
ဂရင်းဒယ်လ်
ဝေါလ်ဒ် အငယ်
2010 လန်ဒန်လမ်းမကျယ်များ

အဖြူကောင်လေး

2011 အမည်မသိ အော့ခ်စဖို့ဒ် အငယ်
2011 The Twilight Saga: Breaking Dawn – Part 1 ခိုင်းရပ်စ်
2012 The Twilight Saga: Breaking Dawn – Part 2 ခိုင်းရပ်စ်
2013 သေစေနိုင်သော လက်နက်များ - စီးတီးအော့ဖ်ဘုန်းစ် ဂျေ့စ် ဝေးလန်းဒ်
2015 Sodor's Legend of the Lost Treasure စကစ်ဖ် ယူကေ/
ယူအက်စ် ဗွိုက်စ်
2018 Fantastic Beasts - ဂရင်းဒယ်ဝေါလ်ဒ်၏ မှုခင်းများ[၁၀] ဂရင်းဒယ်ဝေါလ်ဒ် အငယ်

ရုပ်သံဇာတ်လမ်းတွဲ[ပြင်ဆင်ရန်]

Year Title Role Notes
2009 အကျဉ်းသားPrisoner, TheThe Prisoner ၁၁-၁၂

၆ ပိုင်း

2011 ကမ်းမလော့တ် ဘုရင်အာသာ ၁၀ ပိုင်း
2016–present တောမတ်စ်နှင့် သူငယ်ချင်းများ စကစ်ဖ် ယူကေ/ယူအက်စ် ဗွိုက်စ်
2017 ဝီလ် ခရစ္စတိုဖာမာလိုး ၁၀ ပိုင်း

ပြဇာတ်[ပြင်ဆင်ရန်]

Year Title Role Notes
2015 Bend It Like Beckham Joe West End

ဆုတံဆိပ်နှင့် အမည်စာရင်းတင်သွင်းခံရမှုများ[ပြင်ဆင်ရန်]

Year Award Category Work Result
2011 National Movie Awards One to Watch: Brits Going Global သူကိုယ်တိုင် ဆုရရှိ[၁၁]
2014 ဆယ်ကျော်သက်
အကြိုက်ဆု
Choice Movie Actor: Action သေစေနိုင်သော လက်နက်များ - စီးတီးအော့ဖ်ဘုန်းစ် ဆန်ခါတင်

ကိုးကား[ပြင်ဆင်ရန်]

  1. "Exclusive Q&A with Jamie Campbell Bower, Rising Star of Sweeney Todd: The Demon Barber of Fleet Street"၊ Gibson.com၊ 15 January 2007။ 4 March 2008 တွင် ပြန်စစ်ပြီး။ Archived from the original on 9 February 2009။ 
  2. West၊ Dave (25 July 2008)။ 'Jericho' star, Wilson join ITV's 'Prisoner'Digital Spy။ 19 June 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 July 2008 တွင် ပြန်စစ်ပြီး။
  3. "British newcomer joins Twilight"၊ BBC NewsBritish Broadcasting Corporation၊ 30 March 2009။ 3 March 2009 တွင် ပြန်စစ်ပြီး 
  4. Fred Topel (March 30, 2011)။ 'Twilight's' Jamie Campbell Bower Is Also 'Camelot's' Arthur။ Starpulse။ 4 April 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 April 2011 တွင် ပြန်စစ်ပြီး။
  5. Sam Morgan (31 May 2011)။ Jaime Campbell Bower Joins 'The Mortal Instruments'။ Hollywood.com။ 25 January 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  6. Bergin၊ Olivia။ "Meet Burberry's fresh new cast of campaign stars"၊ 17 December 2013။ 9 January 2014 တွင် ပြန်စစ်ပြီး 
  7. West End's Bend It Like Beckham Musical Casts Its Complete Teamplaybill.comPlaybill (9 January 2015)။ 9 January 2015 တွင် ပြန်စစ်ပြီး။
  8. "Harry Potter's Jamie Campbell Bower, Bonnie Wright Engaged!"၊ Us Weekly၊ 13 April 2011။ 27 October 2011 တွင် ပြန်စစ်ပြီး 
  9. "Jamie Campbell Bower, Bonnie Wright Call Off Engagement"၊ July 10, 2012။ 
  10. "11 intriguing moments from the third Fantastic Beasts: The Crimes of Grindelwald trailer"၊ Pottermore၊ 25 September 2018။ 25 September 2018 တွင် ပြန်စစ်ပြီး 
  11. 2011 National Movie Award Winners။ National Movie Awards။ 19 October 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။