ဂျော်ဂျင်ဟို

ဝီကီပီးဒီးယား မှ
ဂျော်ဂျင်ဟို
ဂျော်ဂျင်ဟို playing for ချဲလ်ဆီး in 2019
ကိုယ်ရေးအချက်အလက်များ
အမည် အပြည့်အစုံ ဂျော့ လူးဝစ် ဖရီလို ဖေဟို[၁]
မွေးသက္ကရာဇ် (1991-12-20) ၂၀ ဒီဇင်ဘာ၊ ၁၉၉၁ (အသက် ၃၂)[၂]
မွေးရပ်ဇာတိ Imbituba, ဘရာဇီးလ်
အရပ်အမြင့် ၁.၈ မီတာ[၂]
ကစားသည့်နေရာ ကွင်းလယ်လူ
ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ
လက်ရှိအသင်း
ချဲလ်ဆီး
အင်္ကျီနံပါတ် 5
လူငယ်ဘဝကလပ်များ
2007–2010 ဗီရိုနာ
အကြီးတန်း ကစားသမား*
ခုနှစ် အသင်း ကစားပွဲ (သွင်းဂိုး)
2010–2014 ဗီရိုနာ 89 (11)
2010–2011Sambonifacese (အငှား) 31 (1)
2014–2018 နာပိုလီ 133 (2)
2018– ချဲလ်ဆီး 70 (7)
နိုင်ငံကိုယ်စားပြုအသင်း
2016– Italy 23 (4)

* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့်
ပြည်တွင်းလိဂ်အတွက်သာ ရေတွက်ပြီး 06:48, 21 September 2020 (UTC)အထိ ဖြစ်သည်။
† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)

‡ 22:24, 7 September 2020 (UTC) အထိ နိုင်ငံကိုယ်စားပြုပွဲနှင့် သွင်းဂိုးများ

ဂျော်ဂျင်ဟို (အင်္ဂလိပ်: Jorginho; အီတလီ /ဂျော်ဂျင်းညို/ ; ဘရာဇီသုံး ပေါ်တူဂီ /ဂျော်ဂျင်းညူ/ ) ဟုလူသိများသော ယော့ဂျ် လူးဝစ် ဖရီလို ဖေဟို (Jorge Luiz Frello Filho) (ဒီဇင်ဘာ ၂၀ ၁၉၉၁တွင်မွေးဖွားသည်) ဘရာဇီးလ်ဖွား အီတလီပရော်ဖက်ရှင်နယ်ဘောလုံးသမား ဖြစ်သည်။ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးနှင့်အီတလီအမျိုးသားအသင်းတို့တွင် ကွင်းလယ်ကစားသမားအဖြစ် ကစားသည်။ သူသည် လက်ရှိချဲလ်ဆီး၏ဒု - ကပ္ပတိန် ဖြစ်သည်။

ဂျော်ဂျင်ဟိုသည် ဘရာဇီးတွင် မွေးဖွားခဲ့ပြီး အသက် ၁၅ နှစ်တွင် အီတလီနိုင်ငံသို့ ပြောင်းရွှေ့ခဲ့ပြီး ဗီရိုနာ လူငယ်အသင်းနှင့်အတူ သူ၏ဘောလုံးကစားသများဘဝကို စတင်ခဲ့သည်။ ၂၀၁၀-၁၁ ရာသီအတွင်း သူသည် Sambonifacese သို့ အငှားသွား ကစားခဲ့ရသည်။ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလတွင် သူသည် အီတလီကလပ် နာပိုလီအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး အသင်းအတွက် ၁၆၀ ကစားနိုင်ခဲ့ကာ Coppa Italia နှင့် Supercoppa Italiana ကို ရရှိခဲ့သည်။ သူသည် ၂၀၁၈ ခုနှစ်တွင် ချဲလ်ဆီးသို့ ပေါင်သန်း ၅၀ ဖြင့် ပြောင်းရွှေ့ခဲ့ပြီး ပထမရာသီတွင် ယူအီးအက်ဖ်အေ ယူရိုပါလိဂ် အနိုင်ရခဲ့သည်။

နိုင်ငံတကာအဆင့်တွင် သူသည် အီတလီကို ကိုယ်စားပြုပြီး ၂၀၁၆ ခုနှစ်တွင် သူ၏အကြီးတန်းပွဲဦးထွက်ကို စတင်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. 2018/19 Premier League squads confirmed။ Premier League (3 September 2018)။ 4 September 2018 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ Jorginho။ Chelsea F.C.။ 5 October 2018 တွင် ပြန်စစ်ပြီး။