ဂျောင်ဟယ်အင်း

ဝီကီပီးဒီးယား မှ
Jung Hae-in
မွေးဖွား (1988-04-01) ဧပြီ ၁၊ ၁၉၈၈ (အသက် ၃၅)
South Korea
ပညာရေးPyeongtaek University
အလုပ်အကိုင်Actor
တက်ကြွလှုပ်ရှားနှစ်များ2013–present
ကိုယ်စားလှယ်FNC Entertainment
အရပ်၁.၇၈ m (၅ ft ၁၀ in)[၁]
ဂျောင်ဟယ်အင်း
အက္ခရာဖလှယ်ခြင်းများ
ဟန်ဂုလ်
RRအက္ခရာဖလှယ်ခြင်း:Jeong Hae-in
MRအက္ခရာဖလှယ်ခြင်း:Chŏng Hae-in

ဂျောင်ဟယ်အင်း (၁ ဧပြီ ၁၉၈၈ မွေး) သည် တောင်ကိုရီးယားသရုပ်ဆောင် တစ်ဦး ဖြစ်သည်။ ၂၀၁၃ တွင် AOA Black ၏ တေးဗွီဒီယိုတွင် ပထမဦးဆုံး ပွဲဦးထွက်ခဲ့ပြီး နောက်တစ်နှစ်တွင် ''ရာစုနှစ်သတို့သမီး'' ရုပ်သံဇာတ်လမ်းတွဲဖြင့် တရားဝင် ပွဲဦးထွက်လာခဲ့သည်။[၂] ၂၀၁၇ ရုပ်သံများ ဖြစ်သော မင်းတို့အိပ်ပျော်နေခဲ့တုန်းကနှင့် ပွေလီထောင် ဇာတ်လမ်းတွဲ၌ ဇာတ်ပို့မင်းသားအဖြစ် လူသိများလာသည်။[၃] ၂၀၁၈ ရုပ်သံ ဖြစ်သော မိုးခါးရေ (မုန့်ဝယ်ကျွေးတဲ့ မမလှလှ) ဇာတ်လမ်းတွဲ၌ မနှင့်မောင်လေးဇာတ်ရုပ်ဖြင့် ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သည်။

ဘဝအစ[ပြင်ဆင်ရန်]

၂၁ နှစ်သားတွင် စစ်မှုထမ်းဆောင်ခဲ့သည်။ ပထမဆုံးသရုပ်ဆောင် အတွေ့အကြုံမှာ ကောလိပ်ရှိ တေးဂီတပွဲတွင် ဖြစ်ကာ၊ သရုပ်ဆောင်တယောက် ဖြစ်လာရန် စိတ်ဆုံးဖြတ်လိုက်သည်မှာ စစ်မှုထမ်းဆောင်စဉ် ဖြစ်ပြီး သူ့ရည်မှန်းချက် အောင်မြင်ရန် ၁၂ ကီလို အလေးချိန် ချခဲ့သည်။[၄] စစ်ဘက်နှင့် ကောလိပ်မှ ဘွဲ့ရပြီးနောက်တွင် သူ၏ အေဂျင်စီနှင့် စာချုပ် ချုပ်ဆိုခဲ့သည်။[၅][၆] ၂၆ နှစ်တွင် ပွဲဦးထွက်သည်။

ဂျောင် ပထမဆုံး တရားဝင် ပွဲဦးထွက်သည့် ရုပ်သံမှာ ရာစုနှစ်သတို့သမီး(၂၀၁၄) ဖြစ်ပြီး၊ ၎င်းနောက် "လူငယ်" ရုပ်ရှင်တွင် ပါဝင်သည်။[၇][၈] ထိုနှစ်ထဲမှာပင် ရာဇဝင်ကားဖြစ်သော သူရဲကောင်းသုံးဦးတွင် ရိုက်ကူးသည်။ ထို့နောက် ၂၀၁၄-၂၀၁၆ ကြား ရုပ်ရှင်ရုပ်သံ အမျိုးမျိုးတို့၌ ဧည့်သရုပ်ဆောင်အဖြစ် ကျရာဇာတ်ရုပ်၌ ပါဝင်သည်။ မှတ်မှတ်သားသား ဖြစ်ရသော ဇာတ်ရုပ်မှာ အစောင့်အရှောက်၊ အထီးကျန်နတ်ကြီးကင်ဂိုအွန်၏ အချစ်ဦးအဖြစ် သရုပ်ဆောင်ရခြင်းပင် ဖြစ်သည်။

လူကြိုက်များလာခြင်း[ပြင်ဆင်ရန်]

၂၀၁၇ တွင် အက်စ်ဘီအက်စ် ၏ စိတ်ကူးယဉ်အချစ် ဇာတ်လမ်းတွဲ မင်းတို့အိပ်ပျော်နေခဲ့တုန်းက ၌ တရှိန်ထိုး လူကြိုက်များလာသည်။ ထိုဇာတ်လမ်းတွဲ စပြနေချိန်၌ ကိုရီးယား ရှာဖွေရေးဆိုက် ဖြစ်သော နေဗာတွင် အရှာခံရဆုံး နံပါတ်တစ် ဖြစ်လာသည်။[၉] ထိုနှစ်မှာပင် ရာဇဝင်ကား နှစ်ကားလည်း ရိုက်ကူးသည်။ ၎င်းနောက် ရုပ်သံဟာသ ပွေလီထောင်တွင် ပါဝင်သည်။[၁၀]

၂၀၁၈ တွင် ဂျောင်သည် ရာဇဝင်ကား ဟောင်းဘူတော်လှန်ရေးသမားများ တွင် ဘုရင် ဟွန်ဂျုန်းအဖြစ် သရုပ်ဆောင်ထားသည်။ ဆွန်ရယ်ဂျင်းနှင့်အပြိုင် မိုးခါးရေ ရုပ်သံဇာတ်လမ်းတွဲ၌ ခေါင်းဆောင်မင်းသားအဖြစ် ပထမဦးဆုံး ပါဝင်လာသည်။[၁၁][၁၂] ထိုရုပ်သံ ပြသနေချိန်၌၊ ဂျောင်သည် အာရှတလွှား လူသိများ ကျော်ကြားလာပြီ ဖြစ်သည်။[၁၃]

ကိုယ်ရေးကိုယ်တာ[ပြင်ဆင်ရန်]

ဂျောင်ဟယ်အင်းနှင့် အဘီတော်သူသည် ဂျိုဆွန်းခေတ်နှောင်းပိုင်း၏ ကြီးကျယ်သော တွေးခေါ်ပညာရှင် ဂျုံးယကျုံ ဖြစ်သည်။[၁၄] ပြုံးတက် တက္ကသိုလ်မှ ရုပ်သံလွှင့်ဖျော်ဖြေရေးဘွဲ့ ရရှိပြီး၊ တက္ကသိုလ်တွင် ဂီတပြဇာတ်များ၌ လှုပ်ရှားမှုအမျိုးမျိုးတွင် ပါဝင်ခဲ့သည်။[၁၅][၁၆]

ဂျောင်သည် မင်းတို့အိပ်ပျော်နေခဲ့တုန်းက ဇာတ်လမ်းတွဲ သရုပ်ဆောင်စဉ် တွဲဖက်သရုပ်ဆောင်များ ဖြစ်သော လီဂျုန်ဆွတ်နှင့် ရှင်းဂျယ်ဟာတို့နှင့် ခင်မင်ရင်းနှီးသော သူငယ်ချင်းများ ဖြစ်သွားသည်။[၁၇][၁၈]

ရုပ်ရှင်ရုပ်သံ[ပြင်ဆင်ရန်]

ရုပ်ရှင်[ပြင်ဆင်ရန်]

နှစ် English title Korean title ဇာတ်ရုပ် Notes
2014 The Youth 레디액션 청춘 Park Man-jae Segment: Wonderwall[၈]
2015 Salute D'Amour 장수상회 young Kim Sung-chil [၁၉]
2016 The Moon of Seoul 서울의 달 Ji Pyung Short film[၂၀]
2017 The King's Case Note 임금님의 사건수첩 Heuk-woon [၂၁]
Conspiracy: Age of Rebellion 역모: 반란의 시대 Kim Ho [၂၂]
2018 Heung-boo: The Revolutionist 흥부 King Heonjong [၂၃]

ရုပ်သံ[ပြင်ဆင်ရန်]

နှစ် English title Korean title ဇာတ်ရုပ် Network Notes
2014 Bride of the Century 백년의 신부 Choi Kang-in TV Chosun [၂၄]
The Three Musketeers 삼총사 Ahn Min-seo tvN [၂၅]
2015 Blood 블러드 Joo Hyun-woo KBS2 [၂၆]
Reply 1988 응답하라 1988 Ho-young tvN Cameo (Episode 13)[၂၇]
2016 Yeah, That's The Way It Is 그래, 그런거야 Yoo Se-joon SBS [၂၈]
Night Light 불야성 Tak MBC [၂၉]
Guardian: The Lonely and Great God 쓸쓸하고 찬란하神 – 도깨비 Choi Tae-hee tvN Cameo (Episode 7–8)[၃၀]
2017 While You Were Sleeping 당신이 잠든 사이에 Han Woo-tak SBS [၃၁]
2017–2018 Prison Playbook 슬기로운 감빵생활 Captain Yoo tvN [၃၂][၃၃]
2018 Something in the Rain 밥 잘 사주는 예쁜 누나 Seo Joon-hee JTBC [၁၁]

ဆုနှင့်ဇကာတင်[ပြင်ဆင်ရန်]

နှစ် ဆု Category ဇကာတင်လက်ရာ ရလဒ် Ref.
2016 24th SBS Drama Awards New Star Award That's The Way It Is ဆုရရှိ [၃၄]
2017 25th SBS Drama Awards Excellence Award, Actor in a Wednesday–Thursday Drama While You Were Sleeping ဆန်ခါတင်
2018 54th Baeksang Arts Awards Most Popular Actor Prison Playbook ဆုရရှိ [၃၅]

ကိုးကား[ပြင်ဆင်ရန်]

  1. Jung Hae In (in ko)။ FNC Entertainment။ August 14, 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ October 6, 2017 တွင် ပြန်စစ်ပြီး။
  2. Choi၊ Ji-heung။ "[뷰티한국삼총사, 꽃미남 무사 정해인 '사극 위해 타고난 목소리']" (in ko)၊ Hankook Ilbo။ October 6, 2017 တွင် ပြန်စစ်ပြီး 
  3. Han၊ Hyun-jeong။ "[인터뷰①정해인 "인기 연연 NO, 고개 숙일수록 행복해진다"]" (in ko)၊ MK News၊ November 21, 2017။ January 22, 2018 တွင် ပြန်စစ်ပြီး 
  4. Shin၊ Soon-won။ "[MD인터뷰② '군필 배우' 정해인 "예비군도 끝나, 이종석 형같아"]" (in ko)၊ November 17, 2016။ 
  5. Baek၊ Ji-eun။ "[인터뷰 '포스트 이준기' 정해인, "석달에 13kg 감량비결? '군대 다이어트'"]" (in ko)၊ Sports Chosun။ October 6, 2017 တွင် ပြန်စစ်ပြီး 
  6. "정해인 "첫 로맨스, 남규리 누나 덕 봤죠"(인터뷰)" (in ko)၊ Dailtian။ October 6, 2017 တွင် ပြန်စစ်ပြီး 
  7. Choi၊ Ji-heung။ "[뷰티한국삼총사, 꽃미남 무사 정해인 '사극 위해 타고난 목소리']" (in ko)၊ Hankook Ilbo။ October 6, 2017 တွင် ပြန်စစ်ပြီး 
  8. ၈.၀ ၈.၁ Yoo၊ Hye-ji။ "'레디액션 청춘' 구원-정해인, 영화 리플릿 들고 '셀프 홍보' 나서" (in ko)၊ Top Star News၊ November 6, 2014။ January 22, 2018 တွင် ပြန်စစ်ပြီး 
  9. "‘당신이 잠든 사이에’ 정해인, 실시간 검색어 1위 감사…“세상에 이런 일이”" (in ko)၊ Asia Economy Daily၊ October 19, 2017။ 
  10. Choi Na-young။ "[스타톡톡 정해인·신재하, '당잠사'→'감빵생활' 같이 달린다]" (in ko)၊ OSEN၊ December 16, 2017။ 
  11. ၁၁.၀ ၁၁.၁ "Jung Hae-in falls for Son Ye-jin in new drama"၊ Herald Corporation၊ January 22, 2018။ January 22, 2018 တွင် ပြန်စစ်ပြီး 
  12. Jung Yu-na။ "[공식 '밥 잘 사주는 예쁜 누나' 정해인, 출연확정…손예진과 호흡]" (in ko)၊ Sports Chosun၊ January 22, 2018။ 
  13. Jung Hae In Sweeps Asia with Incredible Popularity (April 11, 2018)။
  14. Choi၊ Ji-heung။ "'도깨비' 김고은 첫사랑 태희役 정해인, 다산 정약용 6대손" (in ko)၊ Sports Kyunghyang။ October 6, 2017 တွင် ပြန်စစ်ပြီး 
  15. Jo၊ Eun-byul။ "[비바100 '그래, 그런거야' 정해인 "김수현 작가 격려, 큰힘이 됐죠"]" (in ko)၊ Bridge News။ October 6, 2017 တွင် ပြန်စစ်ပြီး 
  16. Lim၊ Ji-yeon။ "[팝인터뷰②"자신 있거든요" 정해인의 앞날이 기대되는 이유]" (in ko)၊ Herald Pop။ October 6, 2017 တွင် ပြန်စစ်ပြီး 
  17. Kim Joo-ae။ "[엑's 인터뷰① '당잠사' 신재하 "이종석, 휴대폰에 '우리형'이라고 저장"]" (in ko)၊ November 23, 2017။ 5 May 2018 တွင် ပြန်စစ်ပြီး။ Archived from the original on 22 February 2018။ 
  18. Jeong Yu-jin။ "[딥:톡스 정해인 "이종석, '슥' 와서 수지와 러브신 조언해줘"]" (in ko)၊ November 27, 2017။ 
  19. Moon၊ Jung-seon။ "정해인, 강제규 감독 신작 '장수상회' 출연…박근형 젊은 시절 연기" (in ko)၊ Sports Kyunghyang၊ August 28, 2014။ January 22, 2018 တွင် ပြန်စစ်ပြီး 
  20. The Moon of Seoul (2016)။ February 24, 2018 တွင် ပြန်စစ်ပြီး။
  21. Kim၊ Seon-woo။ "'임금님의 사건수첩' 정해인, '도깨비' 선배의 완벽한 변신" (in ko)၊ Xports News၊ April 28, 2017။ January 22, 2018 တွင် ပြန်စစ်ပြီး 
  22. Lee၊ Ji-hyun (October 19, 2017)။ "최후의 대결"…'역모-반란의 시대' 정해인X김지훈 메인 포스터 공개 (in ko)။ Sports Chosun။ January 22, 2018 တွင် ပြန်စစ်ပြီး။
  23. Jeong၊ Yoo-jin။ "'흥부' 정해인 "왕 역할로 곤룡포 입어, 부담스러웠다"" (in ko)၊ News1 Korea၊ January 9, 2018။ January 22, 2018 တွင် ပြန်စစ်ပြီး 
  24. Kim၊ Sa-ra။ "'FNC 신인' 정해인, '백년의 신부'로 드라마 데뷔 확정" (in ko)၊ Chosun Media၊ January 3, 2014။ January 22, 2018 တွင် ပြန်စစ်ပြီး 
  25. "Jung Yong-hwa and Jung Hae-in in "The Three Musketeers - Drama""၊ Newsen၊ August 14, 2014။ January 22, 2018 တွင် ပြန်စစ်ပြီး 
  26. Lee၊ Woo-in။ "'블러드' 정해인 "연애경험 적어...스물셋에 첫사랑"(인터뷰)" (in ko)၊ TV Report၊ May 24, 2015။ January 22, 2018 တွင် ပြန်စစ်ပြီး 
  27. "'응답하라 1988' 정해인, 돌직구 고백 '설렜다고 전해라'" (in ko)၊ Chosun Media၊ December 25, 2015။ January 22, 2018 တွင် ပြန်စစ်ပြီး 
  28. Kim၊ Soo-min။ "'그래, 그런거야' 정해인, "청춘에게 희망 주고파"" (in ko)၊ Hankook Media Network၊ February 11, 2016။ January 22, 2018 တွင် ပြန်စစ်ပြီး 
  29. Kim၊ Ji-hyun။ "[단독 정해인, '불야성' 합류 확정…이요원 지키는 보디가드]" (in ko)၊ TV Report။ January 22, 2018 တွင် ပြန်စစ်ပြီး 
  30. Park၊ So-young။ "[Oh!쎈 톡 '도깨비' 정해인 "잘생긴 태희오빠?..공유 선배가 더 멋지죠"]" (in ko)၊ Osen၊ December 30, 2016။ January 22, 2018 တွင် ပြန်စစ်ပြီး 
  31. Park၊ Jin-young။ "[단독 정해인, '당신이 잠든 사이에' 합류..이종석·수지와 호흡]" (in ko)၊ Osen၊ January 20, 2017။ January 22, 2018 တွင် ပြန်စစ်ပြီး 
  32. "Jung Hae-in to star in "Prison Playbook""၊ Newsen၊ October 11, 2017။ January 22, 2018 တွင် ပြန်စစ်ပြီး 
  33. "Jung Hae-in: 'Bittersweet' wrapping up 'Prison Playbook'"၊ Herald Corporation၊ January 18, 2018။ January 22, 2018 တွင် ပြန်စစ်ပြီး 
  34. Lee၊ Eun-jin။ "'2016 SBS 연기대상' 고경표·혜리·백현 등, 뉴스타상 10人 발표" (in ko)၊ Tenasia၊ December 31, 2016။ January 22, 2018 တွင် ပြန်စစ်ပြီး 
  35. Baeksang Arts Awards recognize ‘Stranger,’ ‘1987’ (May 4, 2018)။

ပြင်ပလင့်[ပြင်ဆင်ရန်]