ဂျက်နက်မာရီဝင်း

ဝီကီပီးဒီးယား မှ
ဂျက်နက်မာရီဝင်း 
ဆွစ်ဇာလန်နိုင်ငံ Davos တွင် ၂၀၁၆ ဇန်နဝါရီ ၂၆ ရက်နေ့က ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် စကားပြောနေစဉ်
မွေးဖွားJeannette Marie Wing
နိုင်ငံလူမျိုးအမေရိကန်
မိခင်ကျောင်းမက်ဆာချူးဆက် နည်းပညာတက္ကသိုလ်
ဘွဲ့ယူစာတမ်းA Two-Tiered Approach to Specifying Programs (၁၉၈၃)
ပါရဂူဘွဲ့ ကြီးကြပ်သူJohn Guttag[၁]
ပါရဂူဘွဲ့ယူ တပည့်များ
  • C. Damon
  • D. Detlefs
  • B. Horn
  • D. Kindred
  • F. Knabe
  • R. Lerner
  • G. Morrisett
  • S. Nettles
  • R. O'Callahan
  • O. Sheyner
  • M. Tschantz
  • H. Wong
  • T. Wong
  • A. Zaremski [၁]
ဝက်ဘ်ဆိုဒ်
cs.cmu.edu/~wing/

ဂျက်နက်မာရီဝင်း သည် ကိုလံဘီယာတက္ကသိုလ်ရှိ Data Sciences Institute တွင် Avanessians Director ဖြစ်သည့်အပြင် ကွန်ပျူတာသိပ္ပံဌာန၏ ပါမောက္ခလည်းဖြစ်သည်။ ၂၀၁၇ ဇွန် ၃၀ ရက်နေ့အထိ မိုက်ခရိုဆော့သုတေသနချိတ်ဆက် (Microsoft Research Connections) နှင့် တစ်ကမ္ဘာလုံးရှိ အဓိကသုတေသနဓာတ်ခွဲခန်များကို ကြီးကြပ်တာဝန်ယူရသည့် မိုက်ခရိုဆော့ဖ်၏ ဒုတိယအလုပ်အမှုဆောင် (Corporate Vice President) လည်းဖြစ်သည်။ ၂၀၁၃ မတိုင်ခင်ထိ အမေရိကန်ပြည်ထောင်စု ပန်စဗေးနီးယား၊ ပစ်ဘာ့ရှိ ကာနင်းမီလန် တက္ကသိုလ်တွင် ကွန်ပျူတာသိပ္ပံဌာန၏ ဂုဏ်ထူးဆောင်ပါမောက္ခ ဖြစ်ခဲ့သည်။ ကွန်ပျူတာနှင့်သတင်းအချက်ဌာနတွင် လက်ထောက်ညွှန်ချုပ်တာဝန်ကိုလည်း ထမ်းဆောင်ခဲ့သည်။.[၂][၃][၄][၅][၆] [၇][၈]

ပညာရေး[ပြင်ဆင်ရန်]

၁၉၇၉ ခုနှစ် ဇွန်လတွင် မက်ဆာချူးဆက်နည်းပညာတက္ကသိုလ်၏ လျှပ်စစ်အင်ဂျင်နီယာ နှင့် ကွန်ပျူတာသိပ္ပံဌာနမှ S.B နှင့် S.M တို့ကို ရရှိခဲ့သည်။ သူ့အား အကြံပေးသူများမှာ ရိုနယ်ရီးဗတ် နှင့် ဂျွန်ရီးဆာတို့ဖြစ်သည်။ ၁၉၈၃ ခုနှစ်တွင် မက်ဆာချူးဆက်နည်းပညာတက္ကသိုလ်မှ ပါရဂူဘွဲ့ကို ဂျွန်ဂူတက်၏ကြီးကြပ်မှုအောက်မှ ရရှိခဲ့သည်။

အလုပ်အကိုင်နှင့် သုတေသန[ပြင်ဆင်ရန်]

ဝင်းသည် တောင်ပိုင်းကယ်လဖိုးနီးယားတက္ကသိုလ်၏ မဟာဌာနတွင် ၁၉၈၂ မှ ၁၉၈၅ ထိလည်းကောင်း ကာနင်းမီလန်တက္ကသိုလ်၏ မဟာဌာနတွင် ၁၉၈၅ မှ ၂၀၂ ထိလည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ကွန်ပျူတာသိပ္ပံဌာန၏ အကြီးအကဲအဖြစ် ၂၀၀၄ မှ ၂၀၀၇၊ ၂၀၁၀ မှ ၂၀၁၂ တို့တွင်တာဝန်ယူခဲ့သည်။ ၂၀၁၃ ဇန်နဝါရီတွင် ကာနင်းလီလန်တက္ကသိုလ်မှ ခွင့်ယူကာ မိုက်ခရိုဆော့ဖ်တွင် အလုပ်လုပ်ကိုင်ခဲ့သည်။ 

ဝင်းသည် formal methods အဖွဲ့အစည်းတွင် ဦးဆောင်အဖွဲ့ဝင်ဖြစ်သည်။ အထူးသဖြင့် Larch နှင့်ပတ်သက်သော အပိုင်းတွင်လုပ်ဆောင်ရသည်။ သုတေသနပရောဂျက်များစွာကို ခေါင်းဆောင်ခဲ့ပြီး ပုံနှိပ်ထုတ်ဝေမှုများစွာကိုလည်း ပြုလုပ်ခဲ့သည်။ .[၉]

ဘာဘရာ လစ်ကော့ဖ်  Barbara Liskov နှင့်အတူ  Liskov substitution principle ကို ၁၉၉၃ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။

ကွန်ပျူတာသိပ္ပံပညာရှင်များ အသုံးပြုသည့် algorithmic problem-solving နှင့် abstraction နည်းစနစ်များပါဝင်သည့် computational thinking ကို အခြားနေရာများတွင် မည်သို့ အသုံးချနိုင်ကြောင်းကို အများသိရန် ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးပေးသူလည်း ဖြစ်သည်။.

သူသည် အောက်ပါ ဂျာနယ်များ၏ စိစစ်ရွေးချယ်ရေးဘုတ်အဖွဲ့လည်းဖြစ်သည်။

  • Foundations and Trends in Privacy and Security (co-Editor-in-Chief)
  • Journal of the ACM|Journal of the ACM
  • Formal Aspects of Computing|Formal Aspects of Computing (North American Editor)
  • Formal Methods in System Design
  • International Journal of Software and Informatics
  • Journal of Information Science and Engineering
  • Software Tools for Technology Transfer

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ဂျက်နက်မာရီဝင်း at the Mathematics Genealogy Project
  2. "Computational thinking" (2006). Communications of the ACM 49 (3): 33. doi:10.1145/1118178.1118215. 
  3. Wing၊ Jeannette M; Woodcock၊ Jim; Davies၊ Jim, eds. (1999)။ FM'99 – Formal Methods: World Congress on Formal Methods in the Development of Computing Systems Toulouse, France, September 20–24, 1999 Proceedings, Volume ILNCS1708။ Springer-Verlag။ doi:10.1007/3-540-48119-2ISBN 978-3-540-66587-8
  4. Wing၊ Jeannette M; Woodcock၊ Jim; Davies၊ Jim, eds. (1999)။ FM'99 – Formal Methods: World Congress on Formal Methods in the Development of Computing Systems Toulouse, France, September 20–24, 1999 Proceedings, Volume IILNCS1709။ Springer-Verlag။ doi:10.1007/3-540-48118-4ISBN 978-3-540-66588-5
  5. Martin၊ U.; Wing၊ J. M., eds. (1993)။ Proceedings of the First International Workshop on Larch။ Workshops in Computing။ Springer-Verlag။ ISBN 3-540-19804-0
  6. Garland၊ S. J.; Jones၊ K. D.; Modet၊ A.; Wing၊ J. M. (1993)။ Guttag၊ J. V.; Horning၊ J. J. (eds.)။ Larch: Languages and Tools for Formal Specification။ Springer-Verlag။ doi:10.1007/978-1-4612-2704-5ISBN 978-1-4612-7636-4
  7. "Linearizability: A correctness condition for concurrent objects" (1990). ACM Transactions on Programming Languages and Systems 12 (3): 463. doi:10.1145/78969.78972. 
  8. "Formal methods: State of the art and future directions" (1996). ACM Computing Surveys 28 (4): 626. doi:10.1145/242223.242257. 
  9. Jeannette M. Wing