ဂေး ဖရန်စ်ဒယ်

ဝီကီပီးဒီးယား မှ
ဂေး ဖရန်စ်ဒယ်
ဖိုင်:Gil Fronsdal.jpg
ဘာသာထေရဝါဒ ဗုဒ္ဓဘာသာ
ဘာသာအုပ်စုSōtō Zen
ပုဂ္ဂိုလ်ရေးရာ
မွေးဖွား၁၉၅၄
ဘာသာရေးရာ
ဝက်ဘ်ဆိုဒ်Insight Meditation Center

ဂေးလ် ဖရန်စ်ဒယ် (အင်္ဂလိပ်: Gil Fronsdal) သည် နော်ဝေနိုင်ငံဖွား၊ အမေရိကန် ဗုဒ္ဓဘာသာဆရာ၊ စာရေးဆရာနှင့် သုတေသနပညာရှင်ဖြစ်ပြီး ကယ်လီဖိုးနီးယားပြည်နယ်၊ ရက်ဒ်ဝုမြို့တွင် အခြေစိုက်နေထိုင်သည်။ သူသည် ၁၉၇၅ ခုနှစ်ကတည်းက Sōtō ဇင်ဘာသာနှင့် ဗုဒ္ဓဘာသာ ဝိပဿနာတရားကို ကျင့်သုံးလျက်ရှိသည်။ လက်ရှိတွင် ဆန်ဖရန်စစ္စကို Bay Area တွင် ဗုဒ္ဓဘာသာ၏ အလေ့အကျင့်ဩဝါဒများ သင်ကြားပေးလျက်ရှိသည်။[၁] အဆိုပါဝိပဿနာကျင့်စဉ်များကို ဂျက်ကွန်းဖီးလ် ထံမှ သင်ကြားခဲ့ပြီး Spirit Rock တရားအားထုတ်ရေးသင်တန်းတွင် ဆရာတစ်ဦးဖြစ်လာခဲ့သည်။[၂] သူသည် ၁၉၈၂ ခုနှစ်အတွင်း ဆန်ဖရန်စစ္စကိုဇင်စင်တာတွင် Sōtō ဇင်ဘုန်းကြီးဖြစ်ခဲ့ပြီး ၁၉၈၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ထေရဝါဒဘုန်းကြီးဖြစ်လာခဲ့သည်။[၁] သူသည်  မလ် ဝိစ်မင်းန်ထံမှ တရားဓမ္မဂီယာဆရာဘွဲ့ကို လက်ခံရရှိခဲ့ပြီး ဘာကလေဇင်စင်တာဆရာတော်ထံမှ ဆရာတော်ဘွဲ့ ရရှိခဲ့သည်။[၃]

သူသည် ရက်ဒ်ဝုစီးတီးရှိ ဝိပဿနာဘာဝနာစင်တာ (IMC) ၏ လမ်းညွှန်ဆရာ ဖြစ်သည်။[၄] သူသည် စတန်းဖို့ဒ် တက္ကသိုလ်မှ ဗုဒ္ဓဘာသာလေ့လာရေးအတွက် ပါရဂူဘွဲ့ ရရှိခဲ့သည်။[၂] ဗုဒ္ဓဘာသာအပေါ် အခြေခံအချက်အလက်များ၊ ဗုဒ္ဓဘာသာ၏ သိမ်မွေ့သဘောတရားကို သာမန်လူများ နားဝင်လည်အောင် ဆွေးနွေးထားသည့် သူ၏ တရားဓမ္မဆွေးနွေးပွဲများကို အင်တာနက်မှာ ရှာဖွေရယူနိုင်သည်။[၅]

သူက အမေရိကတွင် ဗုဒ္ဓဘာသာအုပ်စုအောင်မြင်မှု၏ အခြေခံအကြောင်းသည် ဝိဉာဏ အလေ့အကျင့်  (အထူးသဖြင့်  ဘာဝနာ) ကို "အာရှယဉ်ကျေးမှုအသုံးအနှုန်းတွေကနေဖယ်ရှားခြင်း" ကြောင့် ဖြစ်သည်ဟု ဆိုသည်။[၆] သူသည် "အနောက်ပိုင်း ဝိပဿနာဘာဝနာ လှုပ်ရှားမှုအဖွဲ့အတွက် သီလ (စာရိတ္တ) ၏ အသွင်ပြောင်းအခန်းကဏ္ဍခွဲခြမ်းစိတ်ဖြာ" တွေကိုလည်း ပြုလုပ်ခဲ့သည်။[၇]

အမေရိက လူလတ်တန်းစားများကြားတွင် ဝိပဿနာတရားအားထုတ်ခြင်း၏ လူကြိုက်များရခြင်းအကြောင်းမှာ သမ္မာကမ္မန္တ (မှန်ကန်သော အမှုကို ပြုခြင်း) နှင့်ဆက်စပ်သောကြောင့်၊ ယဉ်ကျေးမှုနှင့်သမိုင်း၏ ဝန်ထုပ်ဝန်ပိုးမရှိခြင်းကြောင့် ဖြစ်သည်ဟု သူက သုံးသပ်သည်။[၈] သူ၏ဓမ္မပဒဘာသာပြန်ချက်အား ကောလိပ်ကျောင်းသားများ ပျော်ရွှင်မှုအကြောင်းကို သင်ကြားရန်အတွက် အကြံပြုထားသော စာဖတ်ခြင်းစာရင်းထဲတွင် ထည့်သွင်းထားသည်။[၉]

ရိုးရာဗုဒ္ဓဘာသာအား လေ့လာရန်၊ သို့သော် တစ်ခုလုံးထက် ဘယ်အရာကို ယူပြီး ပယ်မည် ဆိုသည်ကို ပိုမိုသတိပြုရန် ပယ်ချရန်ထက် တိုးတက်မှုပြုလုပ်ရန် ဝိပဿနာဆရာ၊ ဆရာမများအပေါ် တောင်းဆိုခဲ့သည်။ ဗုဒ္ဓဘာသာအစဉ်အလာပုံစံများအပေါ် ယူဆချက်များနှင့် ပက်သက်ပြီး ပိုမိုတာဝန်ယူရန် ရှိခြင်းအဖြစ် ဖော်ပြထားခဲ့ပြီး မွေးစားမရဖြစ်ပြီး ယူဆချက်နှင့်ဆန်းသစ်တီထွင်မှုများမှာ အခြေခံရည်ရွယ်ချက်ထားရှိရန် ဆိုခဲ့သည်။

သူသည် တရားအားထုတ်မှုကို ဗုဒ္ဓဘာသာလမ်းကြောင်း၏ နှလုံးဟု အသိအမှတ်ပြုပြီး တခြားဘာသာရေးထက် "ဝိဉာဏ" ထက် လူများလေ့ကျင့်ကြသည့်  ရိုးရာဗုဒ္ဓဘာသာက အရေးထားသော  မေတ္တာ၊ ကျင့်ဝတ်၊ အလှူအတန်းများသည် သတိမှာ အခြေခံသည်ဟု ဆိုသည်။[၁၀]

၂၀၀၈ ခုနှစ်တွင် ကယ်လီဖိုးနီးယား တက္ကသိုလ်မှ အင်္ဂလိပ်စာ ကနေဒါဖွား ကဗျာဆရာနှင့် ပါမောက္ခဂုဏ်ထူးဆောင် ပီတာဒေ စကော့တ် သည် Breathing exercise: a how-to ဟူသော ကဗျာကို ဖရန်စ်ဒယ်ထံ ရည်ရွယ်ရေးသားခဲ့သည်။[၁၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ "The Dhammapada: A New Translation of the Buddhist Classic with Annotations." (August 2006). Middle Way (120). The Buddhist Society. Academic OneFile. Gale Document Number: GALE|A150852691. 
  2. ၂.၀ ၂.၁ Teachers - Spirit Rock - An Insight Meditation Center။ Spirit Rock Insight Meditation Center (2016)။ June 4, 2016 တွင် ပြန်စစ်ပြီး။
  3. Introduction to Mindfulness Meditation - Gil Fronsdal။ UrbanDharma.org။ June 4, 2016 တွင် ပြန်စစ်ပြီး။
  4. Teachers: Insight Meditation Center။ Insight Meditation Center။ June 4, 2016 တွင် ပြန်စစ်ပြီး။
  5. Audio Dharma - Gil Fronsdal။ Insight Meditation Center။ June 4, 2016 တွင် ပြန်စစ်ပြီး။
  6. Wallis, Glenn (April 2000). "Review: The Faces of Buddhism in America by Charles S. Prebish, Kenneth K. Tanaka". International Journal of Hindu Studies (Vol. 4, No. 1). Springer. 
  7. Harris, Elizabeth J. (Jan 9, 2007). "Book review: Westward Dharma: Buddhism Beyond Asia". Journal of Contemporary Religion 19 (1, 2004): 99–126. Taylor & Francis Ltd.. doi:10.1080/13537900410001649421. 
  8. Kawanami, Hiroko (Aug 2, 2010). "Book review: The Faces of Buddhism in America". Journal of Contemporary Religion 16 (1). Taylor and Francis Ltd. ISSN 1353-7903. 
  9. McMahon, Darrin M. (May 2011). "Teaching Happiness Is No Joke". Nineteenth-Century Contexts 33 (2): 171–177. Routledge. doi:10.1080/08905495.2011.569467. 
  10. Sun, Jessie (November 2014). "Mindfulness in Context: A Historical Discourse Analysis". Contemporary Buddhism 15 (2). doi:10.1080/14639947.2014.978088. 
  11. Scott, Peter Dale (2008). "Breathing exercise:a how-to poem". Queen's Quarterly (115.2 Summer 2008). Queen's Quarterly. Academic OneFile. Gale Document Number: GALE|A182932272.