ဂူလ်နာရာကရီမိုဗာ

ဝီကီပီးဒီးယား မှ

ဂူလ်နာရာကရီမိုဗာ(Gulnara Karimova) သည် ဥဇဘက်ကစ္စတန်နိုင်ငံ၏ သမ္မတဖြစ်သူ အစ္စလမ် ကာရီမော့ဗ်၏ သမီးဖြစ်သည်။ သူသည် သူ့ဖခင်၏ ထင်ရှားမှုနှင့် ဩဇာအာဏာကို အသုံးချလေ့ရှိသည်ဟု ၂၀၀၈-ခုနှစ်၊ အမေရိကန်ပြည်ထောင်စု သံတမန်ဆိုင်ရာ လျှို့ဝှက်မှတ်တမ်းကို ဝီကီလိခ်က ဖွင့်ချထားသည်။ ထိုမှတ်တမ်းထဲတွင် ဥဇဘတ် မင်းသမီးဟု သုံးနှုန်ထားသည်။

ဥဇဘတ် မင်းသမီး ဂူလ်နာရာကရီမိုဗာ(Gulnara Karimova)

၂၀၀၅-ခုနှစ်၊ အမေရိကန်ပြည်ထောင်စု လျှို့ဝှက်မှတ်တမ်းတွင် သူ့ကို နိုင်ငံ၏ အမုန်းအခံရဆုံး သူတစ်ယောက် အဖြစ်သုံးထားပြန်သည်။ ထိုမှတ်တမ်းတွင် သူသည် အလွန်လောဘကြီးသူ၊ အာဏာကို ငမ်းငမ်းတက်လိုချင်သူ၊ ဖခင်ဖြစ်သူ၏ အာဏာနှင့် အရှိန်အဝါကို သုံးပြီး ကိုယ်ကျိုးရှာကာ ချမ်းသာအောင်လုပ်ခဲ့သူအဖြစ် ဖော်ပြထားသည်။ သူသည် ဖခင်သမ္မတ၏ သမီးတော် (First Daughter)ဆိုသည့် လွှမ်းမိုးမှုကို ဖျောက်ချင်သောကြောင့် သူ့ဘာသာ ရာထူးတစ်ခုခုကို ရရှိရန် နှင့် ကြွယ်ဝချမ်းသာလာစေရန် ကြိုးစားနေသူဖြစ်ကြောင်းလည်း ယင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

၂၀၁၀ မှတ်တမ်းတစ်ခုတွင်လည်း ကရီမိုဗာသည် ဥဇဘက်ကစ္စတန်နိုင်ငံ၏ အကြီးဆုံး စီးပွားရေးလုပ်ငန်းကြီး တစ်ခုကို ပိုင်ဆိုင်ထားသူဖြစ်သည်။ ထိုလုပ်ငန်းကြီးမှ တစ်ဆင့် လုပ်ငန်းပေါင်းများစွာကို ချုပ်ကိုင်ထားပြီး ချမ်းသာအောင် ကြံဆောင်လေ အမှားတွေ့လေ ဖြစ်ခဲ့ရသည်ဟု ဆိုထားသည်။ ၂၀၁၀-ပြည့်နှစ်တွင် သံသယဖြစ်ဖွယ် လုပ်ငန်းကြီးကို ပိတ်ခြင်းခံခဲ့ရပြီး သူ့ဖခင်က စပိန်နိုင်ငံသံအမတ်ကြီးအဖြစ် ပို့လိုက်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. တင်ညွန့် ရေး ကမ္ဘာကျော် သားတော်သမီးတော်များ၊ ၂၀၁၇-ခုနှစ်၊ ဇူလိုင်လ၊ စာ-၁၃၄