ဂုန်ယူး

ဝီကီပီးဒီးယား မှ
Gong Yoo
မွေးဖွားGong Ji-cheol
(1979-07-10) ဇူလိုင် ၁၀၊ ၁၉၇၉ (အသက် ၄၄)
ဘူဆန်မြို့တောင်ကိုရီးယား[၁]
ပညာရေးKyung Hee University
(Theater)
အလုပ်အကိုင်သရုပ်ဆောင်
တက်ကြွလှုပ်ရှားနှစ်များ၂၀၀၁-လက်ရှိ
ကိုယ်စားလှယ်Management Soop
ဝက်ဘ်ဆိုဒ်
ဂုန်ယူး
အက္ခရာဖလှယ်ခြင်းများ
ဟန်ဂုလ်
RRအက္ခရာဖလှယ်ခြင်း:Gong Yu
MRအက္ခရာဖလှယ်ခြင်း:Kong Yu

ဂုန်ဂျီချော (အင်္ဂလိပ်: Gong Ji-chul; ကိုရီးယား공지철; ၁၉၇၉ ဇူလိုင် ၁၀ မွေးဖွား)၊ အနုပညာအမည် ဂုန်ယူး (Gong Yoo; ကိုရီးယား공유) သည် တောင်ကိုရီးယား သရုပ်ဆောင်တစ်ဦး ဖြစ်သည်။

ကိုယ်ရေးအချက်အလက်[ပြင်ဆင်ရန်]

(ဂျပန်ဘာသာမှကောက်နုတ်ချက်)

  • အရပ် ၁၈၄၊ အလေးချိန် ၇၄ ကီလို
  • ဝါသနာ နပန်းသတ်ခြင်း၊ ဘက်စကက်ဘော၊ ရုပ်ရှင်နှင့် ဂီတကြည့်ရှုခံစားခြင်း
  • အထူးမှာ ဘက်စကက်ဘောနှင့် သီချင်းဖြစ်သည်။
  • ခရစ်ယာန်ကက်သလစ်ဘာသာဝင်ဖြစ်သည်။
  • Gang Dong-won နှင့် သွေးမစပ်သော ဆွေမျိုးတော်သည်။
  • မိဘနှစ်ပါးနှင့် ညီမရှိသည်။
  • အနုပညာအမည် ဂုန်ယူးသည် အမှန်မတော့ မိဘနှစ်ပါး၏ မျိုးရိုးနာမည်ကို ယူထားသည့် ရှားပါးသော နာမည်ဖြစ်သည်။

အနုပညာခရီး[ပြင်ဆင်ရန်]

ဂုန်သည် ကျောင်ဟီးတက္ကသိုလ်မှ ပြဇာတ်ဘာသာဖြင့် ဘွဲ့ရခဲ့သည်။ ဇာတ်လမ်းတွဲများနှင့် ရုပ်ရှင်များ၌ တခန်းနှစ်ခန်းပါဝင်ခြင်းဖြင့် သူ၏ အနုပညာခရီးကို စတင်ခဲ့သည်။ သူ၏ ပွဲဦးထွက် တီဗီစီးရီးမှာ ၂၀၀၁ က School 4 ဖြစ်လေသည်။ ၂၀၀၅ တွင် အက်စ်ဘီအက်စ်၏ Biscuit Teacher and Star Candy တွင် Gong Hyo-jin အပြိုင် ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ခဲ့သည်။ သူ၏သရုပ်ဆောင်အရည်အသွေးက ရုပ်ရှင်ဒါရိုက်တာနှင့် ကြည့်ရှုသူပရိသတ်များ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။ ကြည့်ရန်တန်သည့် မင်းသားတလက်အဖြစ် ဝေဖန်ခံခဲ့ရသည်။ ၎င်းနောက် အမ်ဘီစီ၏ ရိုမန်တစ်ဟာသ ဖြစ်သော The 1st Shop of Coffee Prince ၌ ပါဝင်ပြီးနောက် ပေါက်သွားခဲ့သည်။ ဒရာမာကိုလူကြိုက်များမှုက ရုပ်ရှင်လောက၌ သူ့ကို ခေါင်းဆောင်မင်းသားနေရာကို ခိုင်မာသွားစေရုံမက hallyu တောက်ပလင်းလက်သော ကြယ်တပွင့် ဖြစ်စေခဲ့သည်။

၂၀၀၈ ဇန်နဝါရီ ၁၄ တွင် စစ်မှုထမ်းဆောင်ရန်စာရင်းပေးခဲ့ပြီး ၂၀၀၈ ဇန်နဝါရီ ၁၄ ၌ တာဝန်ပြီးဆုံးခဲ့သည်။ အနုပညာလောကသို့ ပြန်ရောက်သော် ရိုမန်တစ် ဟာသ Finding Mr. Destiny ၌ ပွဲဦးထွက်လာရာ ကိုရီးယား၌ ရုံပေါ်မှမဆင်းသော ကား ဖြစ်ခဲ့သည်။

ထို့နောက်သူသည် စစ်မှုထမ်းစဉ်အခါက သူ့ရာထူးတိုးလက်ဆောင်အဖြစ် အထက်လူကြီးထံမှ ရရှိခဲ့သော Gong Ji-young ၏ဝတ္ထုဖြစ်သော The Crucible ကို ပြဇာတ်မှ မွေးစားပြီး စတင်ဝယ်ယူ ထုတ်လုပ်ခဲ့သည်။ ဤရုပ်ရှင်ကို Silenced ဟူသောခေါင်းစဉ်နှင် နိုင်ငံတကာသို့ ဖြန့်ချိခဲ့သည်။ ၂၀၁၁ စက်တင်ဘာ ၂၂ တွင် ထွက်လာသောအခါ ပြည်သူအများ ယမ်းပုံမီးကျ ဖြစ်ခဲ့ရပြီး ဝထ္ထုနှင့် ရုပ်ရှင်၌ ပါဝင်သော မတော်တဆဖြစ်ရပ်များအပေါ် ပြန်လည်စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုခံခဲ့ရသည်။ ဥပဒေပြုပြင်ရေး ပြည်သူ၏တောင်းဆိုချက်များက အမျိုးသားလွှတ်တော်အထိ ရောက်ခဲ့ပြီး ကလေးသူငယ်များနဲ့ မသန်စွမ်းသူများကို ပစ်မှတ်ထားခြင်းမှ ကာကွယ်သော ဥပဒေကြမ်းကို ၂၀၁၁ အောက်တိုဘာ နှောင်းတွင် အောင်မြင်စွာ အတည်ပြုနိုင်ခဲ့သည်။

၎င်းနောက် Hong Sisters ရေးသားသော ရိုမန်တစ်ဟာသဇာတ်လမ်းတွဲ Big ဝယ် Lee Min-jung နှင့်အပြိုင် သရုပ်ဆောင်ခဲ့သည်။ အစဦးတွင် ဒရာမာကို ကောင်းစွာ လက်ခံခဲ့ကြသော်လည်း နောက်ပိုင်း၌ ၎င်း၏ ဇာတ်သိမ်းပိုင်းကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရသည်။

နှစ်နှစ်အကြာ ၂၀၁၃ တွင် The Suspect ကားဖြင့် ငွေရောင်ပိတ်ကားပေါ် ပြန်ရောက်လာခဲ့သည်။ သူ့နိုင်ငံ၏သစ္စာဖောက်ခြင်းခံရသော မြောက်ကိုရီးယား သူလျှိုအဖြစ် ပါဝင်ခဲ့သည်။ Convention on the Rights of the Child စတင်သော ၂၅ နှစ်မြောက် အခမ်းအနားတွင် ကိုရီးယားရှိ ယူနီဆက်၏ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့၏ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ခန့်အပ်ခံရပြီးနောက် သူသည် မဖွံ့ဖြိုးသေးသော တိုင်းပြည်များရှိ ကလေးငယ်များ၏ အခြေအနေကို သတိပြုမိကြစေရန် ကမ္ဘာအနှံ့ တိုင်းပြည်များသို့ သွားရောက်ခဲ့သည်။

၂၀၁၄ ဇူလိုင် ၇ တွင် ဟာဂျီဝန်နှင့်အပြိုင် အမျိုးသားအခွန်ဌာနအတွက် သံအမတ်အဖြစ် ဂုန်ယူးကို သတ်မှတ်ခဲ့သည်။

၂၀၁၆ ၌ သူ့အနုပညာဘက် ပြန်လည်ဇောင်းပေးခဲ့သည်။ ဂျောဒိုယွန်နှင့်အတူ ″ယောက်ျားတယောက်နှင့် မိန်းမတယောက်ဆိုသော ဇာတ်လမ်းတွင် ပါဝင်ပြီးနောက် သူသရုပ်ဆောင်ခဲ့သော ဘူဆန်သို့ ရထား ရုပ်ရှင်ကားသည် ကြီးမားစွာ အောင်မြင်မှု ရသော သွေးစုတ်ဖုတ်ကောင်ကား ဖြစ်ခဲ့သည်။ ရုံတင်နံပါတ်ချိတ်သော အရိပ်ခေတ် ဇာတ်ကားသည်လည်း အောင်မြင်မှု အကြီးအကျယ် ရခဲ့ပြန်သည်။

၂၀၁၆ ဒီဇင်ဘာတွင် ကင်အွန်ဆွတ်၏ စိတ်ကူးယဉ်အချစ်ဇာတ်လမ်းဖြစ်သော အစောင့်အရှောက်၊ အထီးကျန်နတ်ကြီး မှင်စာ ဇာတ်လမ်းတွဲဖြင့် ရုပ်သံလောကသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။

ရုပ်သံရိုက်ကူးခြင်းများ[ပြင်ဆင်ရန်]

ရုပ်သံဇာတ်လမ်းတွဲများ[ပြင်ဆင်ရန်]

ခုနှစ် ဇာတ်လမ်းအမည် ဇာတ်ကောင် ရုပ်သံလိုင်း
2001 School 4 Hwang Tae-young KBS2
2002 Whenever the Heart Beats Park Chan-ho KBS2
Hard Love Seo Kyung-chul KBS2
2003 20 Years Seo Joon SBS
Screen Kim Joon-pyo SBS
My Room, Your Room
2005 Biscuit Teacher and Star Candy Park Tae-in SBS
2006 One Fine Day Seo Gun MBC
2007 The 1st Shop of Coffee Prince Choi Han-kyul MBC
2012 Big Seo Yoon-jae/Kang Kyung-joon KBS2
2013 Dating Agency: Cyrano Magician (cameo, ep. 9) tvN
2016 Guardian: The Lonely and Great God Kim Shin tvN

ရုပ်ရှင်များ[ပြင်ဆင်ရန်]

ခုနှစ် ဇာတ်လမ်းအမည် ဇာတ်ကောင် မှတ်ချက်
2003 My Tutor Friend Lee Jong-soo
2004 Spy Girl Choi Ko-bong
Superstar Mr. Gam Park Chul-soo
S Diary Yoo-in
2005 She's on Duty Kang No-young
2007 Like a Dragon Park Chul Film adaptation of video game Ryu Ga Gotoku
2010 Finding Mr. Destiny Han Gi-joon Film adaptation of stage musical Finding Kim Jong-wook
2011 Silenced Kang In-ho Film adaptation of Gong Ji-young's novel The Crucible
2013 The Suspect Ji Dong-chul
2016 A Man and a Woman Ki-hong
Train to Busan Seok-woo
The Age of Shadows Kim Woo-jin

ရှိုးပွဲများ[ပြင်ဆင်ရန်]

Year Title Role Network Notes
2013 Running Man Himself SBS Guest with Park Hee-soon (Episode 175)

ပင်တိုင်ကြေညာသူ[ပြင်ဆင်ရန်]

Year Program Role Episodes Network Notes
2004 Music Camp MC 2004.01.10~2004.07.03 MBC
2008~2009

(during enlistment)

장병가요 베스트 (Best Music) MC episodes 155~186 KFN
공유가 기다리는 20시 DJ 371 episodes KFN

ဆုတံဆိပ်များနှင့် ဇကာတင်[ပြင်ဆင်ရန်]

Year Award Category Nominated work Result
2002 KBS Drama Awards Best New Actor Hard Love ဆန်ခါတင်
2003 SBS Drama Awards New Star Award Screen ဆုရရှိ
2005 SBS Drama Awards Excellence Award, Actor in a Miniseries Biscuit Teacher and Star Candy ဆန်ခါတင်
2006 MBC Drama Awards Special Award, Actor in a Miniseries One Fine Day ဆုရရှိ
2007 1st Mnet 20's Choice Awards Best Style N/A ဆုရရှိ
MBC Drama Awards Excellence Award, Actor Coffee Prince ဆုရရှိ
Popularity Award, Actor ဆန်ခါတင်
Best Couple Award (with Yoon Eun-hye) ဆန်ခါတင်
2011 32nd Blue Dragon Film Awards Best Actor Silenced ဆန်ခါတင်
Popular Star Award ဆုရရှိ
2012 48th Baeksang Arts Awards Best Actor (Film) ဆန်ခါတင်
KBS Drama Awards Excellence Award, Actor in a Miniseries Big ဆန်ခါတင်
Best Couple Award (with Lee Min-jung) ဆန်ခါတင်
2013 8th Seoul International Drama Awards Outstanding Korean Actor ဆန်ခါတင်
2014 19th Chunsa Film Art Awards Best Actor The Suspect ဆန်ခါတင်
48th Taxpayers' Day Presidential Commendation N/A ဆုရရှိ
22nd Korea Culture and Entertainment Awards Top Excellence Award, Actor in a Film The Suspect ဆန်ခါတင်

ကိုးကား[ပြင်ဆင်ရန်]

  1. You must specify title = and url = when using {{cite web}}. (in Korean)။ Naver Profiles (30 June 2011)။ 6 August 2011 တွင် ပြန်စစ်ပြီး။