ဂီရိဂျာ ပရာဆတ် ကွိုင်ရာလာ

ဝီကီပီးဒီးယား မှ
ဂီရိဂျာပရာဆတ်ကွိုင်ရာလာ
Girija Prasad Koirala
गिरीजाप्रसाद कोइराला
နီပေါနိုင်ငံ၏အကြီးအကဲ
Acting
တာဝန်သက်တမ်း
၁၅ ဇန်နဝါရီ ၂၀၀၇ – ၂၃ ဇူလိုင် ၂၀၀၈
ယခင်လူGyanendra(ဘုရင်)
ဆက်ခံသူRam Baran Yadav (သမ္မတ)
နီပေါနိုင်ငံ၏ ၃၀ ဦးမြောက် ဝန်ကြီးချုပ်
တာဝန်သက်တမ်း
၂၅ ဧပြီ ၂၀၀၆ – ၁၈ ဩဂုတ် ၂၀၀၈
ဧကရာဇ်Gyanendra
လက်ထောက်Ram Chandra Poudel
ယခင်လူSher Bahadur Deuba
ဆက်ခံသူPushpa Kamal Dahal
တာဝန်သက်တမ်း
၂၂ မတ် ၂၀၀၀ – ၂၆ ဇူလိုင် ၂၀၀၁
ဧကရာဇ်Birendra
Dipendra
Gyanendra
ယခင်လူKrishna Prasad Bhattarai
ဆက်ခံသူSher Bahadur Deuba
တာဝန်သက်တမ်း
၁၅ ဧပြီ ၁၉၉၈ – ၃၁ မေ ၁၉၉၉
ဧကရာဇ်Birendra
ယခင်လူSurya Bahadur Thapa
ဆက်ခံသူKrishna Prasad Bhattarai
တာဝန်သက်တမ်း
၂၆ မေ ၁၉၉၁ – ၃၀ နိုဝင်ဘာ ၁၉၉၄
ဧကရာဇ်Birendra
ယခင်လူKrishna Prasad Bhattarai
ဆက်ခံသူMan Mohan Adhikari
နီပေါကွန်ဂရက်၏ ပဉ္စမမြောက် ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၁၁ မေ ၁၉၉၆ – ၂၀ မတ် ၂၀၁၀
ယခင်လူKrishna Prasad Bhattarai
ဆက်ခံသူSushil Koirala
ကိုယ်ရေး အချက်အလက်များ
မွေးဖွား(1924-07-04)၄ ဇူလိုင်၊ ၁၉၂၄
Saharsa, British Raj
(ယခုအိန္ဒိယနိုင်ငံ)
ကွယ်လွန်၂၀ ဖေဖော်ဝါရီ၊ ၂၀၁၀(2010-02-20) (အသက် ၈၅)
Kathmandu၊ နီပေါနိုင်ငံ
နိုင်ငံရေးပါတီနီပေါကွန်ဂရက်
ကြင်ဖော်(များ)Sushma Koirala
သားသမီးSujata

နီပေါနိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်းနှင့် နီပေါကွန်ဂရက်ပါတီ ခေါင်းဆောင် ဂီရိဂျာပရာဆတ်ကွိုင်ရာလာကို ၁၉၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်တွင် အိန္ဒိယနိုင်ငံ ဘီဟာမြို့၌ မွေးဖွားသည်။ ၁၉၄၇ ခုနှစ်တွင် နီပေါနိုင်ငံ ဘီရက်နာဂါမြို့ရှိ ဂုန်လျှော်စက်ရုံ အလုပ်သမားလှုပ်ရှားမှုကို ဦးဆောင်ရာမှ အစပြုကာ နိုင်ငံရေးလောကသို့ ဝင်ရောက်သည်။ ၁၉၄၈ ခုနှစ်တွင် နီပေါအလုပ်သမားသမဂ္ဂကို တည်ထောင်သည်။ ၁၉၅၂ ခုနှစ်တွင် နီပေါကွန်ဂရက်ပါတီ၌ မောရန်းခရိုင်၏ ခေါင်းဆောင်ဖြစ်ခဲ့ပြီး ၁၉၆၀ ပြည့်နှစ် ဘုရင်မ ဟင်ဒရာလက်ထက်တွင် အကျဉ်းကျသည်။ ၁၉၆၇ ခုနှစ်တွင် အခြားသောအလုပ် သမားခေါင်းဆောင်များနှင့်အတူ အိန္ဒိယနိုင်ငံသို့ တိမ်းရှောင်ခဲ့သည်။ ၁၉၇၉ ခုနှစ်တွင် နီပေါနိုင်ငံသို့ ပြန်လည် ရောက်ရှိသည်။ ၁၉၉၀ပြည့်နှစ်မှစ၍ ဘုရင်စနစ်ကို ဖျက်သိမ်းရန် ဦးဆောင်လှုပ်ရှားခဲ့သည်။ ၁၉၉၁ ခုနှစ်အထိ နီပေါကွန်ဂရက်ပါတီတွင် အထွေထွေအတွင်းရေးမှူးဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် ပါတီ၏ ခေါင်းဆောင်ဖြစ်လာခဲ့သည်။ ထို့နောက် နီပေါနိုင်ငံ၌ ၁၉၅၉ ခုနှစ်မှစ၍ ၁၉၉၁ ခုနှစ်နောက်ပိုင်းအတွင်း ပထမဆုံးအကြိမ် ကျင်းပခဲ့သောပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ဘုရင်ဘိုင်ရင်ဒရာ လက်ထက်တွင် ၁၉၉၄ ခုနှစ်အထိ ထမ်းဆောင်ခဲ့သည်။ ထို့နောက် ၁၉၉၈ ခုနှစ်မှ ၁၉၉၉ ခုနှစ် အထိ ဒုတိယ သက်တမ်းနှင့် ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၁ ခုနှစ်အထိ တတိယသက်တမ်း၊ ၂၀၀၆ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ (ဘုရင်ဂျာနင်ဒရာ လက်ထက်) စတုတ္ထသက်တမ်းအဖြစ် ဝန်ကြီးချုပ် တာဝန်ကို လေးကြိမ်ထမ်းဆောင်ခဲ့သည်။

ထို့ပြင် ၂၀၀၇ ခုနှစ်မှ သမ္မတနိုင်ငံအဖြစ် ကြေညာနိုင်ခဲ့သော ၂၀၀၈ ခုနှစ် မေလ ၂၈ ရက် မတိုင်မီကြားကာလတွင် နိုင်ငံ၏အကြီးအကဲတာဝန်ကို ယာယီ ထမ်းဆောင်ခဲ့ရသည်။ ၂၀၀၈ ခု နှ စ် ဇူ လိုင်လ ၂၃ ရက်တွင် ရာထူးမှ နုတ်ထွက်ခဲ့သည်။ ကွိုင်ရာလာသည် ၂၀၁၀ ပြည့်နှစ် မတ်လ ၂၀ ရက် အသက် ၈၅ နှစ်အရွယ်တွင် အဆုတ်ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ၎င်း၏ ဈာပနအခမ်းအနားကို ခတ္တမန္ဒူမြို့ Pashupatinath ဘုရားကျောင်းတွင် ကျင်းပခဲ့သည်။ နီပေါနိုင်ငံကို ဒီမိုကရေစီနိုင်ငံ ဖြစ်ပေါ်လာရေးအတွက် နှစ်ပေါင်း ၆၀ ကျော်အကြာ တိုက်ပွဲဝင်ခဲ့သူ ဂီရိဂျာပရာ ဆတ်ကွိုင်ရာလာကို နီပေါအစိုးရက နိုဘဲလ် ငြိမ်းချမ်းရေးဆုအတွက် အဆိုပြုတင်သွင်းကာ ဂုဏ်ပြုခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၁)