ချားလ်စ် ခို့ချ်

ဝီကီပီးဒီးယား မှ
(ချားလ်စ် ခို့(ချ်) မှ ပြန်ညွှန်းထားသည်)
ချားလ်စ် ခို့ချ်
မွေးဖွားCharles de Ganahl Koch
(1935-11-01) နိုဝင်ဘာ ၁၊ ၁၉၃၅ (အသက် ၈၈)
ဝီချီတာမြို့၊ ကန်းဆပ်ပြည်နယ်အမေရိကန်ပြည်ထောင်စု
ဌာနေIndian Wells, ကယ်လီဖိုးနီးယားပြည်နယ်၊ အမေရိကန်ပြည်ထောင်စု
မိခင်ကျောင်းမက်ဆာချူးဆက် စက်မှုတက္ကသိုလ်
အလုပ်အကိုင်Koch Industries ၏ ဥက္ကဋ္ဌနှင့် စီအီးအို
ကြွယ်ဝမှု$၄၈.၇ ဘီလီယံ (ဖေဖော်ဝါရီ ၂၀၁၇)[၁]
အိမ်ထောင်ဖက်(များ)Liz Koch (လက်ထပ် 1972)
သားသမီး
မိဘ(များ)
  • Fred C. Koch
  • Mary Robinson
ဆွေမျိုးသားချင်း
မွေးချင်းများ

၁၉၃၅ နိုဝင်ဘာ ၁ နေ့တွင် မွေးဖွားသူ ချား(လ်) ဒီ ဂါနာလ် ခို့ချ် သည် အမေရိကန် ပြည်ထောင်စု ၌ ဒုတိယ ဝင်ငွေ အများဆုံး လုပ်ငန်းစုတစ်ခု ဖြစ်သော ခို့ချ် စက်မှု လုပ်ငန်းစု ကြီး၏ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ နှင့် အလုပ်အမှုဆောင် အရာရှိ တဦးဖြစ်သည်။

ငယ်ဘဝ၊ ပညာရေး နှင့် အသက်မွေးဝမ်းကြောင်းမှု[ပြင်ဆင်ရန်]

ခို့ချ် သည် ကင်းဆပ်ပြည်နယ်၊ ဝီချီတာမြို့ တွင် နေထိုင်ပြီး မေရီ ရော်ဘင်ဆင် နှင့် ဖရက်ဒ် စီ ခို့ချ် တို့၏ သား ၄ ယောက် အနက် တယောက် ဖြစ်သည်။ ခို့ချ် ၏ အဘိုးဖြစ်သူသည် တက်ကဆပ်စ် အနောက်ပိုင်း သို့ ဒတ်(ခ်ျ) ဒုက္ခသည် တယောက်အဖြစ် ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။ ခို့ခ်ျ သည် မက်ဆာချူးဆက် နည်းပညာ တက္ကသိုလ် မှ အဆင့်မြင့် နည်းပညာ များကို သင်ယူခဲ့သည်။ ၁၉၅၇ တွင် အထွေထွေ အင်ဂျင်နီယာ ဘတ်ချလာ ဘွဲ့ကို ရရှိသည်။ ၁၉၅၈ တွင် စက်မှုအင်ဂျင်နီယာဘာသာ၌ မဟာဘွဲ့ ရရှိခဲ့ပြီး ၁၉၆၀ တွင် ဓာတုဗေဒ အင်ဂျင်နီယာဘာသာ ၌ မဟာဘွဲ့ကို ရရှိခဲ့သည်။ အာသာ ဒီ လစ်တဲလ် ကုမ္ပဏီ (Authur D. Little, Inc) တွင် စတင် ဝင် ရောက် လုပ်ကိုင်ခဲ့သည်။ ၁၉၆၁ တွင် ဝီချီတာမြို့ သို့ပြန်လည် ပြောင်းရွေ့လာခဲ့ပြီး ရော့ခ်အိုင်းလန်း ရေနံကျိုချက် သန့် စင်သည့် လုပ်ငန်းတွင် ပြန်လည် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ၁၉၆၇ တွင် သူအဖေ၏ အလယ်အလတ် တန်းစား ရေနံလုပ်ငန်း လုပ်ငန်းတစ်ခုဖြစ်သော တွင် ဥက္ကဋ္ဌ ဖြစ်လာခဲ့ပြီး ထိုနှစ်မှာပင် သူ့အဖေကို ဂုဏ်ပြုသောအား ဖြင့် ခို့ခ်ျ စက်မှုလုပ်ငန်း (Koch Industries) ဟု ပြောင်းလဲခဲ့သည်။ ၂၀၀၆ တွင် ခို့ခ်ျ စက်မှုလုပ်ငန်း ၏ ဝင်ငွေ ဒေါ်လာ ၉၀ ဘီလီ ယံ ရှိပြီး ခို့ချ် ပြောင်းလဲလုပ်ကိုင်ပြီးနောက်တွင် တနှစ်အမြတ်ငွေ စုစုပေါင်း ၁၈ % ရရှိခဲ့ပြီး အဆ ၂၀၀၀ ခန့်ပိုမို ကြီးထွားလာခဲ့ခြင်းဖြစ်သည်။

ဈေးကွက် အခြေခံသည့် စီမံခန့်ခွဲမှု[ပြင်ဆင်ရန်]

ခို့ချ် ၏ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သည့် နည်းဗျူဟာမှာ ဈေးကွက်ကို အခြေခံသည့် နည်းဗျူဟာ ဖြစ်ပြီး ထိုအကြောင်းကို ၂၀၀၇ ခုနှစ်တွင် သူရေးသားထုတ်ဝေခဲ့သော The Science of Success စာအုပ်တွင် ဖော်ပြခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် မမျှော်လင့်ထားသည့် ရုတ်တရက် မမြင်နိုင်သော အနှောင့်အယှက်တချို့က သူ့အားစာအုပ်များချရေးရန် တွန်းအားပေးခဲ့သည်။ စဉ်းစားဆင်ခြင်နိုင်စွမ်း ရှိသည့် အလုပ်သမားအသစ်များ ရရှိစေရန် ရည်ရွယ်ပြီး ရေးခဲ့ခြင်းဖြစ်သည်။

ခို့ချ်သည် နှစ် ၄၀ နီးပါး Koch Industries ကို လုပ်ကိုင်ခဲ့ရာ ကုမ္ပဏီ ၏ ဝင်ငွေမှာ ဒေါ်လာ ဘီလီယံ ၇၀ မှ ဘီလီယံ ၉၀ အထိ တိုးတက်ခဲ့သည်။

သူ့လက်အောက်ရှိ အလုပ်သမားများအား မိမိပိုင်ဆိုင်သော လုပ်ငန်းကို စီမံခန့်ခွဲ သကဲ့သို့ လုပ်ကိုင်နိုင်ရန်အထိ “ဆုံးဖြတ်ချက်ဆိုင်ရာ လွတ်လပ်ခွင့်”ပေးအပ်ထားကာ အလုပ်သမားများအား ပိုမိုအောင်မြင်ရန် ပျိုးထောင်ပေးခဲ့သည်။ ခို့ချ် သည် အမေရိကန်အစိုးရအား ရေနံယိုစိမ့်မှု တခု အတွက် ဒဏ်ငွေ အမေရိကန်ဒေါ်လာ သန်း ၃၀ ပေးခဲ့ရပြီး နောက်တွင် သူ၏ အလုပ်သမားများအား အဆင့်မြင့်မြင့် လုံလုံလောက်လောက် နေထိုင်နိုင်ရန် စီစဉ်ထားခဲ့သည်။ “တစ်ယောက်ယောက်က တမင်ကြံစည်ပြီး နှောက်ယှက် ဖျက်ဆီးမှု တစ်ခုခု ကျူးလွန်ခဲ့တယ် ဆိုရင်တော့ သူတို့ ဘဝပျက်ပြီ” ဟု The Houston Chronicle သို့ပြောကြားခဲ့သည်။

ခို့ချ် က“ ကုမ္ပဏီတော်တော်များများက ရေရှည်အောင်မြင်မှုထက် အချိန်တိုအတွင်းမှာ ရနိုင်တာကိုပဲ အာရုံစိုက်ကြ တယ်” ဟုပြောခဲ့သည်။ ခို့ချ် ၏ အမြင် ၌ “ကုမ္ပဏီများသည် သူတို့၏ ဝင်ငွေများကို ကုမ္ပဏီ ရဲ့အနာဂတ်အတွက်ပြန်ပြီးမြုပ်နှံ သင့်တယ်။ ရှယ်ယာရှင်များကလဲ ရေရှည်မှာသူတို့ရတဲ့အမြတ်တွေ ပိုပြီးများပြားလာဖို့ အတွက် အချိန်တို အတွင်းမှာ ရလာတဲ့ ရှယ်ယာအစုတွေရဲ့ အမြတ်တွေ ကို စိတ်အားထက်သန်စွာနဲ့ ပြန်ပြီး ရင်းနှီးမြုပ်နှံသင့်တယ်” လို့မြင်တယ်။

Berkshire Hathaway Company က အချိန်တိုတွင်းမှာ ရတဲ့ အောင်မြင်မှုထက် ရေရှည် အောင်မြင်မှုကို ပိုပြီး ဂရုစိုက်လုပ်တဲ့ ကုမ္ပဏီတခု လို့သူကယုံကြည်တယ်။ ထိုယုံကြည်ချက်ကြောင့်ပင် အများပြည်သူပိုင် လုပ်ငန်းများအား ဆန့်ကျင်ခဲ့ခြင်းဖြစ်သည်။ Koch က “သူ သေမှပဲ Koch Industries လုပ်ငန်းတွေကို အများပြည်သူပိုင်အဖြစ် ပြောင်းလို့ရလိမ့်မယ်” လို့ ပြောဖူးသည်။ သူသည် အများပိုင် ကုမ္ပဏီ အဖြစ်လုပ် ကိုင်ခဲ့ကြသည့် ပုဂ္ဂိုလ် များအား ချီးကျူးခဲ့သည်။ “အများပိုင် ကုမ္ပဏီ အဖြစ်လုပ် ကိုင်ခဲ့ကြသည့် ပုဂ္ဂိုလ်တွေ ကို ကျူပ် အလေးပြုတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကုမ္ပဏီရဲ့ ရှယ်ယာဈေး အမြဲတက်နေဖို့အတွက် ထိန်းတဲ့ နေရာမှာ ဖိအားတွေ အရမ်းများတယ်။ ပုဂ္ဂလိက လုပ်ငန်းအနေနဲ့ လုပ်ကိုင်ခွင့်ရခဲ့တာ ဘုရားသခင် ကျေးဇူးတော် ကြောင့်ပါပဲ”

နိုင်ငံရေး လှုပ်ရှားမှု[ပြင်ဆင်ရန်]

၁၉၇၇ မှာ EdWard H. Crane နှင့် Murray Rothbard တို့နှင့် ပူးပေါင်းပြီးတော့ Cato Institute ကို ထည်ထောင်ခဲ့ခြင်းဖြင့် လွတ်လပ်သော လစ်ဘရယ် ဒီမိုကရေစီ ဝါဒနှင့် လွတ်လပ်သော ဈေးကွက် စီးပွားရေးစနစ် ဆိုင်ရာ အဖွဲ့အစည်းများကို အားပေးပြီး ငွေကြေးထောက်ပံ့ခဲ့သည်။ Mercatus Center ၏ ကြီးကြပ် ကွပ်ကဲရေးအဖွဲ့ဝင် တ ယောက်အဖြစ် လုပ်ကိုင်ခဲ့ပြီး George Mason University ၏ အနီးကပ် အကြံပေး အရာရှိ အဖြစ်လဲ လုပ် ကိုင်ခဲ့သည်။ George Mason University သည် အစိုးရမှ ထိန်းချုပ်သည့် စနစ်အား လျှော့ချခြင်း ကို အဓိက ပံ့ပိုးသည်။ ၁၉၈၀ တွင် အစ်ကိုဖြစ်သူ Libertarian Party မှ ဒုတိယ သမ္မတလောင်းအဖြစ် ဝင်ရောက် အရွေးခံခြင်းကို ထောက်ခံ အားပေးခဲ့သည်။ ထိုရွေးကောက်ပွဲ အပြီးတွင် ခို့ချ်က “သမားရိုးကျ နိုင်ငံရေးအလုပ်က ရူပ်ထွေးတယ်။ လုပ်ငန်းတွေမှာ အကျင့်ပျက်ချစားမှုတွေကို ဖြစ်ပေါ်စေတယ်။ ကျူပ်ကတော့ လွတ်လပ်တဲ့ လစ်ဘရယ် အတွေးအခေါ်တွေကို ပိုမို တိုးတက်လာအောင်လုပ်ဖို့ ဘဲစိတ်ဝင်စားတယ် ” ဟူ ၍ သတင်းထောက် တစ်ယောက် ကို ပြောကြား ခဲ့သည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ အကြံပေးအဖွဲ့များသို့ ထောက်ပံ့ခြင်းများအပြင် Charles and David တို့သည် လစ်ဘရယ် ကျွမ်းကျင်ပညာရှင်များ ကို လည်း ထောက်ပံ့ ပေးခဲ့ကြသည်။ ရီပတ် ဘလစ်ကန် အလှူရှင်များ ၏ နှစ် နှစ်တစ်ကြိမ်ကျင်းပသည့် နှစ်ပတ်လည် အစည်းအဝေး များကိုလည်း ကြီးမှူး ကျင်းပ ပေးခဲ့သေးသည်။

ခို့ခ်ျ သည် Institute for Humane Studies မှ Charles G. Koch Summer Fellow Program သို့ ငွေကြေး ထောက်ပံ့ခဲ့သည်။ 2010 ဩဂုတ် တွင် နယူးယောက် စာရေးစရာ Jane Mayer မှ “ Charles Koch နှင့် David Koch တို့ဟာ ငွေကြေးပိုမို ကြွယ်ဝချမ်းသာ လာတာနဲ့အမျှ အမေရိကန် လစ်ဘရယ် နိုင်ငံရေး နဲ့ပက်သက်လို့ သဘောထားတင်းမာတဲ့ အဓိက အင်အားစုတွေ ဖြစ်လာလိမ့်မယ်” ဟု ရေးသားသည်။ ထို ဆောင်းပါးတွင် Koch ညီအစ်ကိုသည် အိုဘားမား အုပ်ချုပ်ရေး ပေါ်လစီများကို ဆန့်ကျင်သော အဖွဲ့အစည်း အင်အားစု အမျိုးမျိုးတို့ကို ငွေကြေးထောက်ပံ့ထား သည်” ဟု ဖော်ပြပါရှိသည်။

သူ ၏ အမြင်[ပြင်ဆင်ရန်]

ခို့ချ်က သူ့အမြင်ကို “ လွတ်လပ်သည့် လစ်ဘရယ် ဝါဒ သမားတစ်ဦး ” အဖြစ်ဖော် ပြ ခဲ့သည်။ National Journal သို့ သူ၏ အမြင်ကို ပြောကြားရာတွင် “ ခြုံငုံသုံးသပ်ရရင် အစိုးရရဲ့ ထိန်းချူပ်မှု ကို အတတ်နိုင်ဆုံးလျှော့ချပြီး၊ ပုဂ္ဂလိက လုပ်ပိုင်ခွင့် တွေကို ပိုမိုတိုးမြှင့် ပေးခြင်းဟာ လူတစ်ဦးချင်းစီရဲ့ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို တိုးမြင့် စေတယ်” ဟု ပါရှိသည်။

အတွေးအခေါ် ဘာသာရပ် (Philosophy) နှင့် ပက်သက်၍ ခို့ခ်ျသည် စီးပွားရေး ကျောင်းတစ်ကျောင်း ဖြစ်သည့် Austrian School တည်ထောင်သူများအား လှိုက်လှိုက်လှဲလှဲ ချီးကျူးထောပနာ ပြုတတ်သည်။ ခို့ချ် က Ludwig Von Mises လုပ်တဲ့ လူသားဆန်တဲ့ အပြုအမူ တွေကို အထူးသဘောကျပြီး၊ သူ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ စတင်ခါစ ကာလမှာတွင်ပင် ၎င်းအတွေးအခေါ်များကို လုပ်ငန်းများတွင် ထည့်သွင်းအသုံးချခဲ့သည်။ ခို့ခ်ျ ဘဝအား လွှမ်းမိုးနိုင်သော အခြားသူများမှာ F.A. Hayek, Michael Polanyi,[7] Joseph Schumpeter, Julian Simon, Paul Johnson, Charles Murray, Leonard Read, and F.A. Harper တို့ ဖြစ်ကြသည်။ Brian Doherty ( အရင်းရှင်စနစ်တော်လှန်ရေး အကြောင်းများ ရေးသားသော Reason မဂ္ဂဇင်း၏ အယ်ဒီတာ ဖြစ်သူ ) အား သူအသည်းစွဲ ကြိုက်နှစ်သက်ခဲ့သည်။

အချိန်တိုအတွင်းမှာရတဲ့ ဝင်ငွေနဲ့ ၃ လတကြိမ် Wall Street စာရင်းမှာပါလာတာကို အရူးအမူး ဖြစ်နေရင် တော့ Fortune 500 စာရင်းမှာပါ ပြီး ကျော်ကြားတဲ့ စီးပွားရေးလုပ်ငန်းဖြစ်လာမှာမဟုတ်ဘူး။ ခို့ခ်ျက အများပြည်သူပိုင် လုပ်ငန်းတွေဟာ “ ရှေ့နေတွေနဲ့ တရားရေးဝန်ထမ်းတွေ အတွက် စားပေါက်တွေပဲ ” ဟု သတ်မှတ် သည်။ Sarbanes–Oxley လိုမျိုး ဥပဒေ ကန့်သတ်ချက်တွေက သာလျှင် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းတွေ အတွက် ဝင်ငွေတိုးဖို့အလားအလာ ရှိတယ်။

Wall Street Journal ရဲ့အင်တာဗျူးဆောင်းပါးတခုမှာ Stephen Moore က “ Charles Koch က အစိုးရနှင့် နိုင်ငံရေးလောက က လူတွေကို အထင်သေးတယ်။ မတူညီတဲ့ အတွေးအခေါ်တွေ နဲ့အဖွဲ့အစည်း တွေကို ထောက်ပံ့ခဲ့ကြတဲ့ Warren Buffett နှင့် George Soros တို့လို ဘီလျံနာ တွေဟာ လွတ်လပ်တဲ့ လစ်ဘရယ် အတွေးအခေါ်တွေကို ရှင်းရှင်းလင်းလင်းနဲ့ လုံလုံလောက်လောက် မဖော်ပြကြသေးဘူး ။ “စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဟာ အိုဘားမားအစိုးရ ရဲ့ လက်ထဲမှာ ဖိနှိပ်ခံနေရတယ်။ သူ့ရဲ့ ပေါ်လစီတွေဟာ ငါတို့ရဲ့ စီးပွားရေးလွတ်လပ်ခွင့်ကို တဖြည်းဖြည်းချင်း ခြိမ်းခြောက်လာပြီး၊ ဈေးကွက်ထဲက ငွေတွေဟာ အစိုးရဆီကို ရွှေ့နေသလိုပဲ” လို့ ခို့ခ်ျ က ထင်မြင်သည်။

အိုဘားမားအစိုးရနှင့် ဆက်ဆံရေး[ပြင်ဆင်ရန်]

Charles နှင့် David တို့သည် သူတို့ ၏ နိုင်ငံရေးတက်ကြွမှုကြောင့် အိုဘားမား အစိုးရ ဘက်တော်သားများ၏ ထပ်တလဲလဲ ဝေဖန် မူကို ခံခဲ့ရသည်။ ၂၀၁၀ စက်တင်ဘာ ၂၃ နေ့တွင် Washington Post တွင် အိုဘားမား ၏ အကြီးတန်း အကြံပေး အရာရှိဖြစ်သူ David Axelrod က “အမေရိကန် ရဲ့ စီးပွားဖွံ့ဖြိုးတိုးတက်မှုဟာ ရှေ့တန်းရောက်အုပ်စုတစ်ခု အတွက်ပဲ သူတို့က လက်ယာဝါဒီ အတွေးအခေါ်တွေနဲ့ ကော်ပိုရိတ် အရေးကိစ္စတွေကို ပြောဆိုပေးမဲ့ ရီပတ်ပလစ်ကန် အမတ်လောင်းတွေကို ထောက်ခံပေးပြီး၊ ရွေးကောက်ပွဲတွေကို အပိုင်စီးနေကြတဲ့ သူတွေပေါ့” ဟု စွပ်စွဲ ပြောဆိုသည်။

အထက်ဖော်ပြပါ အငြင်းပွားဖွယ်ရာ ဆောင်းပါးကို ဖော်ပြရာတွင် ကံမကောင်းလှစွာပင် ခို့ခ်ျ ညီအစ်ကိုသည် အတိတ်က စီးပွားရေးလုပ်ကိုင်ခွင့်များ လုယက်၍ရယူထားသော အဖြစ်အပျက်များနှင့်ပါ နှိုင်းယှဉ်၍ တစ်ပါတည်း ဖော်ပြခံရသည်။

Koch Industries မှ ရှေ့နေတဦးဖြစ်သူ Mark Holden သည် အိုဘားမား ၏ ထိပ်တန်း စီးပွားရေးအကြံပေး တဦးဖြစ်သူ Austan Goolsbee ကို “ ဩဂုတ် ၂၇ တွင် ဖော်ပြခဲ့သော ကုမ္ပဏီ အမြတ်ခွန် အစီရင်ခံစာတွင် Koch Industries မှ ဝင်ငွေ အမြတ်ခွန်များကို မပေးဆောင်ခဲ့” ဟု မှားယွင်းစွာ ဖော်ပြခဲ့မှု အတွက် စွပ်စွဲပြောကြားခဲ့သည်။ Holden က “ သူတို့ဒီလိုမျိုး မှားယွင်းပြီး ဖော်ပြတာဟာ ငါတို့ကို ဆန့်ကျင်တိုက်ခိုက်တဲ့ လုပ်ငန်းစဉ်တွေထဲက တစ်ခုပဲ၊ ဘာလို့ဆိုတော့ ငါတို့ရဲ့ နိုင်ငံရေးအတွေးအမြင်တွေကို သူတို့က ဆန့်ကျင်တယ်လေ။” ဟု ယုံကြည်သည်။

အမေရိကန် အောက်လွှတ်တော် အမတ်တယောက်ဖြစ်သူ Devin Nunes က House Ways and Means ကော်မတီမှ ဥက္ကဋ္ဌဖြစ်သူထံသို့ “ အိမ်ဖြူတော်မှ လျှို့ဝှက်အခွန် သတင်းအချက်အလက်များကို အလွဲသုံးစား လုပ်မလုပ် စုံစမ်းပေးရန် တောင်းဆိုသည့်” စာတစောင်ပေးပို့ခဲ့ပြီး အထက်လွှတ်တော် ဥပဒေပြု အမတ် Chuck Grassley က ဘ ဏ္ဍာရေး ဌာနမှ အထွေထွေ စုံစမ်း စစ်ဆေးရေးအရာရှိကို စုံစမ်းခိုင်းရန် ရီပတ်ဘလစ်ကန် ဥပဒေပြု အမတ် တဦးကို ဆက်သွယ်ခဲ့သည်။ ထို ဘ ဏ္ဍာရေး ဌာနမှ အထွေထွေ စုံစမ်း စစ်ဆေးရေးအရာရှိ သည် စုံစမ်းစစ်ဆေးရေး ကိစ္စရပ်များကို စတင်လုပ်ဆောင်ခဲ့သည်။

“ အခု ဒီနိုင်ငံ အနှံအပြားမှာ အမေရိကန် နိုင်ငံသားတွေကို အန္တရာယ်ပေးဖို့မဟုတ်ပဲကြီးပွား တိုးတက်ဖို့အ တွက် အဓိက ဆိုပြီး အမည်ပေး တည်ထောင် ဖွဲ့စည်းထားတဲ့ အဖွဲ့ အစည်းတွေအများကြီးရှိတယ်။ အဲဒီ အဖွဲ့အစည်းတွေက ဒေါ်လာ သန်းပေါင်းများစွာ အသုံးပြုပြီး ဒီမို ကရက်တစ် အမတ်လောင်းတွေကို ဆန့် ကျင်ဖို့ ကြေညာနေကြတယ်။ ဘယ်သူက အမေရိကန်တွေကို တကယ်ကြွယ်ဝ ချမ်းသာအောင်လုပ်မယ် ဆိုတာ အတိအကျ မသိတဲ့အတွက် သူတို့ပြောစရာမလိုဘူး။ အဲဒါက နိုင်ငံခြား အုပ်ချူပ်ခံ ကော်ပိုရေးရှင်း တခုလဲ ဖြစ်ချင်ဖြစ်မယ်။ ရေနံ ကုမ္ပဏီ ကြီး တစ်ခုလဲ ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုတ် ဘဏ်အကြီး ကြီးတခု လဲဖြစ်ချင်ဖြစ်မယ်။ အဲဒါကို မင်းမသိနိုင် ဘူး။” လို့ ပြောခဲ့တယ်။

ပုဂ္ဂလိက ဘဝ[ပြင်ဆင်ရန်]

2010 Forbes ၏ အချမ်းသာဆုံး အယောက် ၄၀၀ စာရင်းအရ ခို့ချ် သည် ဒေါ်လာ ၂၁.၅ ဘီလီယံနီးပါး ပိုင်ဆိုင်သည်။ ခို့ချ် သည် သိုသိုသိပ်သိပ်နဲ့နေတတ်ပြီး အင်တာဗျူး လုပ်ခဲသည်။ သူနှင့် ဇနီး Liz တို့ ၏ အိမ်ထောင် သက်တမ်းမှာ ၃၇ နှစ်ခန့်ရှိပြီး သားသမီး ၂ ယောက်ထွန်းကားသည်။ ခို့ချ် ညီအစ်ကိုများမှာ ၁၉၈၀နှစ် များ နှင့် ၁၉၉၀ နှစ်များတွင် အချင်းချင်းတရားစွဲဆိုအမှု ဖြစ်ခဲ့ကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Charles Koch profile။ 23 February 2017 တွင် ပြန်စစ်ပြီး။
  2. Mr. Big Forbes.com. Retrieved November 2011.
  3. Koch, Charles (1935)။ New Netherland Project။ 9 August 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 21 June 2017 တွင် ပြန်စစ်ပြီး။