ခရစ္စတီးနားခီ

ဝီကီပီးဒီးယား မှ
ခရစ္စတီးနားခီ
နိုင်ငံလူမျိုးဗမာ
နိုင်ငံသားမြန်မာ
ပညာရေးFilmmaking at Gibbs School, New York City
အလုပ်အကိုင်ရုပ်ရှင်ဒါရိုက်တာဇာတ်ညွှန်းရေးသူ
တက်ကြွလှုပ်ရှားနှစ်များ၂၀၀၉–လက်ရှိ
အရပ်၅' ၂"
အိမ်ထောင်ဖက်(များ)ဇဏ်ခီ (လက်ထပ် 2006)
သားသမီးနိုဝါလင်းထက်ခီ (သား)

ခရစ္စတီးနားခီ (အင်္ဂလိပ်: Christina Kyi) သည် မြန်မာ အမျိုးသမီး ရုပ်ရှင် ဒါရိုက်တာတစ်ဦး ဖြစ်သည်။ မြန်မာနိုင်ငံတွင် မွေးဖွားခဲ့သော်လည်း သူမ၏မိသားစုနှင့်အတူ ငယ်ရွယ်စဉ်ကတည်းကပင် အမေရိကသို့ပြောင်းရွှေ့နေထိုင်ခဲ့သည်။ သူမသည် နယူးယောက်စီးတီးရှိ Gibbs ကျောင်းတွင် ရုပ်ရှင်ရိုက်ကူးခြင်းကိုလေ့လာခဲ့သည်။ [၁]

၂၀၁၈ ခုနှစ်တွင် သူမ ဒါရိုက်တာအဖြစ် ဒုတိယမြောက် ရိုက်ကူးခဲ့‌သော "ဥပါယ်တံမျဉ်" ရုပ်ရှင်ဇာတ်ကားကို မြန်မာနိုင်ငံအတွင်း စတင်ရုံတင်ပြသခဲ့သည်။ စတင်ပြသပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း ပရိသတ်များ၏ လက်ခံအား‌ပေးမှုကို တခဲနက်ရရှိခဲ့ကာ ရက်သတ္တပတ် ရှစ်ပတ်ခန့် ရုံတင်ခွင့် ရရှိခဲ့သည်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားသည် သမားရိုးကျ မြန်မာရုပ်ရှင်ဇာတ်ကားများထဲမှ သိသိသာသာကွဲထွက်ကာ ပရိသတ်၏ နှစ်ခြိုက်မှုကို အရယူနိုင်ခဲ့လေသည်။

ထို့နောက် ပထမဆုံးရုပ်ရှင်ဖန်တီးမှုလက်ရာဖြစ်သည့် သူမကိုယ်တိုင် ဇာတ်ညွှန်း‌ရေးသားကာ ရိုက်ကူးထားသည့် "မုဒြာရဲ့ခေါ်သံ" ရုပ်ရှင်ဇာတ်ကားကိုလည်း ထပ်မံရုံတင်ပြသခဲ့ရာ ပရိသတ်များက အသိအမှတ်ပြုခဲ့ကြပြီး အဆိုပါ ရုပ်ရှင်ဇာတ်ကားနှစ်ကား‌ကြောင့်ပင် ခရစ္စတီးနားခီနှင့် ခင်ပွန်းဖြစ်သူ ဇဏ်ခီတို့သည် မြန်မာရုပ်ရှင်လောကတွင် ထင်ရှားလာခဲ့သည်။ အဆိုပါရုပ်ရှင်ဇာတ်ကားမှာ မြန်မာနိုင်ငံတွင် ရုံတင်ပြသခြင်း မပြုမီကပင် နိုင်ငံတကာရုပ်ရှင်ပွဲတော်နှစ်ခုတွင် ဆုများ ဆွတ်ခူးနိုင်ခဲ့သည်။

ယင်းရုပ်ရှင်ဇာတ်ကားနှစ်ကားဖြင့် မြန်မာနိုင်ငံရုပ်ရှင်လောကအတွင်း ဝင်ရောက်လာ‌‌သော ခီမောင်နှံကြောင့် ရုပ်ရှင်လောကနှင့် ရုပ်ရှင်ချစ်ပရိသတ်များအတွင်း ဂယက်ရိုက်ခတ်မှုများ အကြီးအကျယ်‌‌ပေါ်‌ပေါက်ခဲ့ကာ ပရိသတ်များက ‌ပေါ‌ပေါပဲပဲ ရုပ်ရှင်ဇာတ်ကားများ ဖန်တီး‌နေကြသည့် ရုပ်ရှင်သမားများအား အပြင်းအထန်ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်။ အဆိုပါဖြစ်ရပ်နောက်ပိုင်း ခီမောင်နှံအပေါ် မြန်မာရုပ်ရှင်ချစ်ပရိသတ်များ၏ ‌ထောက်ခံအား‌ပေးမှုများ ပိုမိုမြင့်တက်လာခဲ့သည်။ [၂]

ပြည်ရွှေဆံတော်ဘုရားသို့ရောက်နေသော ခီမောင်နှံ

၂၀၁၉ ခုနှစ်တွင် ခင်ပွန်းဖြစ်သူ ဇဏ်ခီ ဇာတ်ညွှန်း‌ရေးသား‌သော "ထာဝရ‌‌‌နှောင်ကြိုး" ရုပ်ရှင်ဇာတ်ကားကို ဇဏ်ခီ၊ ပိုင်ဖြိုးသု တို့ဖြင့် ရိုက်ကူးခဲ့ရာ ရက်သတ္တပတ် (၁၈) ပတ်တိတိ ပြသနိုင်ခဲ့သည်။

ရုပ်ရှင်ဇာတ်ကားများ[ပြင်ဆင်ရန်]

စဉ် ခုနှစ် ဇာတ်ကားအမည် ဇာတ်ကားဖန်တီးမှုတွင် ပါဝင်သည့် အခန်းကဏ္ဍ
၁။ ၂၀၁၈ ဥပါယ်တံမျဉ် ဒါရိုက်တာ
၂။ ၂၀၁၈ မုဒြာရဲ့ခေါ်သံ ဇာတ်ညွှန်း၊ ဒါရိုက်တာ
၃။ ၂၀၁၉ ထာဝရ‌နှောင်ကြိုး ဒါရိုက်တာ

ရရှိခဲ့‌‌သော ဆုများနှင့် ဆန်ကာတင်စာရင်းဝင်မှုများ[ပြင်ဆင်ရန်]

စဉ် ခုနှစ် ဆုအမည် ဆုအမျိုးအစား ဇာတ်ကားအမည် မှတ်ချက်
၁။ ၂၀၁၈ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရုပ်ရှင်ဇာတ်ညွှန်းဆု မုဒြာရဲ့ခေါ်သံ ဆန်ခါတင်
၂။ ရုပ်ရှင်ဒါရိုက်တာဆု ဆန်ခါတင်
၃။ Star Awards ရုပ်ရှင်ထူးချွန်ဆု[၃] ရုပ်ရှင်ဒါရိုက်တာဆု ဥပါယ်တံမျဉ် ဆုရရှိ
၄။ ၂၀၁၉ ပြည်သူ့အကယ်ဒမီဆု[၄] ပြည်သူ့အကယ်ဒမီဆု - ဥပါယ်တံမျဉ်

- မုဒြာရဲ့ခေါ်သံ

ဆုရရှိ

ကိုးကား[ပြင်ဆင်ရန်]