ခဆွတ်ရမြစ်
ခဆွတ်ရမြစ် | |
---|---|
တိုဂဆွတ်ခယောတံတား | |
Country | Japan |
အချက်အလက်များ | |
စီးဝင်ရာနေရာ | Yodo River |
အလျား | ၁၀၇ km (၆၆ mi) |
မြစ်ဝှမ်း အချက်အလက်များ | |
မြစ်စနစ် | Yodo River |
မြစ်ဝှမ်းအရွယ် | ၁,၁၅၉ km2 (၄၄၇ sq mi) |
ခဆွတ်ရမြစ် (桂川, Katsura-gawa) ဂျပန်နိုင်ငံရှိ မြစ်တစ်ခုဖြစ်ပြီး ကျိတိုမြို့နှင့် မခဲအိုခမြို့တို့ကို ပိုင်းခြားကာ ကွေ့ကောက်စီးဆင်းသည်။ ဤမြစ်သည် အခြားသောမြစ်နှစ်ခုဖြစ်သည့် ဟိုဇုမြစ်နှင့် အိုးအိမြစ်တို့ ဆက်လက်စီးဆင်းရာ မြစ်လည်း ဖြစ်သည်။ ဤမြစ်သည် တောင်များမှ အဖျားခံဖြစ်ပေါ်လာပြီး အရရှိယာမရှိ တိုဂဲဆွတ်ခယောတံတားမတိုင်မီအထိ ဖြည်းညင်းစွာ စီးဆင်းသည်။[၁] ထိုတံတားနေရာမှစတင်၍ “ခဆွတ်ရမြစ်” ဟု ခေါ်ဆိုကြသည်။ ဤမြစ်သည် ကျိုတိုစီရင်စုအတွင်း ကီလိုမီတာများစွာ စီးဆင်းပြီးနောက်တွင် ခမိုမြစ်နှင့် အုဂျိမြစ် စသည့်မြစ်များနှင့် တွေ့ဆုံပေါင်းစပ်သွားသည်။
ခဆွတ်ရမြစ်၏ ဧရိယာပတ်ဝန်းကျင်တွင် ကျိုတိုမြို့၏ ရှေးအကျဆုံးသော နတ်ကျောင်းများ တည်ရှိသည်။ ဥပမာအားဖြင့် မဆွတ်အိုနတ်ကျောင်း ဖြစ်သည်။ စီးဆင်းရာလမ်းကြောင်းတစ်လျှောက်တွင် စိုက်ပျိုးရေးလုပ်ငန်းများလုပ်ဆောင်နိုင်သည့် ရေများကို ဤမြစ်က အထောက်အပံ့ပေးလျက်ရှိသည်။ နွေရာသီတွင် ဝိုင်းဖွဲ့စားသောက်ပွဲပြုလုပ်ရန် ထင်ရှားသည့်နေရာတစ်ခုလည်း ဖြစ်သည်။
ရုပ်ပုံများ
[ပြင်ဆင်ရန်]-
上流域(花脊)
-
上桂川の魚ヶ渕吊橋
-
日吉ダム
-
保津峡
-
嵐山・千鳥が淵付近
-
西高瀬川の分岐点
-
京都市内の桂川
ပြင်ပလင့်များ
[ပြင်ဆင်ရန်]34°52′50″N 135°40′41″E / 34.880548°N 135.678056°Eကိုဩဒိနိတ်: 34°52′50″N 135°40′41″E / 34.880548°N 135.678056°E (confluence with Kizu River and Uji River)
ကိုးကား
[ပြင်ဆင်ရန်]- ↑ Togetsu-kyo Bridge။ Kyoto City Tourism Association။ 14 November 2020 တွင် ပြန်စစ်ပြီး။