ကျော်ဇေယျ

ဝီကီပီးဒီးယား မှ
နိုင်ငံ​ရေးသမား (PPPပါတီဝင်) အတွက် ကျော်ဇေယျ (နိုင်ငံရေးသမား) ကို ကြည့်ပါ။
ဗိုလ်မှူးကြီး

ကျော်ဇေယျ
တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်​ရေး​ကောင်စီဝင် (၁)
တာဝန်သက်တမ်း
​ဖေ​ဖော်ဝါရီ ၂၀၂၁ – ၁ ​ဩဂုတ် ၂၀၂၁
သမ္မတဦးမြင့်ဆွေ (ယာယီ)
တနင်္သာရီတိုင်းဒေသကြီး၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး
တာဝန်သက်တမ်း
၂၀ ဖေဖော်ဝါရီ ၂၀၁၇ – ၁ ​ဖေ​ဖော်ဝါရီ ၂၀၂၁
သမ္မတဦးထင်ကျော်
ဦးမြင့်ဆွေ (ယာယီ)
ဦးဝင်းမြင့်
ယခင်လူဗိုလ်မှူးကြီးဇော်လွင်
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်
ယာယီ
တာဝန်သက်တမ်း
၁၀ မတ် ၂၀၁၉ – ၁၁ မတ် ၂၀၁၉[၁]
ယခင်လူဒေါ်လဲ့လဲ့မော်
ဆက်ခံသူဦးမြင့်မောင် (ယာယီ)
ကိုယ်ရေး အချက်အလက်များ
မွေးဖွားထားဝယ်မြို့၊ မြန်မာနိုင်ငံ
လူမျိုးဗမာ
အလုပ်အကိုင်တပ်မတော်အရာရှိ၊ ဝန်ကြီး
အစိုးရအဖွဲ့တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာ
တပ်/တပ်ဖွဲ့ခွဲတပ်မတော် (ကြည်း)
ရာထူး ဗိုလ်မှူးကြီး

ဗိုလ်မှူးကြီး ကျော်ဇေယျ သည် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် လုံခြုံရေးနင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် တာဝန်ယူနေသော တပ်မတော်အရာရှိတစ်ဦးဖြစ်သည်။[၂]ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို ကော့သောင်းမြို့တွင် ထိန်းသိမ်းပြီးနောက် လစ်လပ်နေသော ဝန်ကြီးချုပ်နေရာကို အခြေခံဥပဒေအရ တာဝန်ယူခဲ့သည်။ နောက်တစ်နေ့တွင် နိုင်ငံတော် သမ္မတရုံးမှ တိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးမြင့်မောင်ကို ယာယီဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။[၃]၂၀၂၁ခုနှစ် အာဏာသိမ်းမှုဖြစ်ပွားပြီး ဖွဲ့စည်းခဲ့သည့် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီတွင် အဖွဲ့ဝင်ဖြစ်လာခဲ့ပြီး ၂၀၂၁ခုနှစ် ဩဂုတ်လ ၁ရက်နေ့တွင် မူလစစ်ဘက်တာဝန်များကို ပြန်လည်ထမ်းဆောင်စေခဲ့သည်။[၄]

တပ်မတော်နှင့် အစိုးရအဖွဲ့ဝင်[ပြင်ဆင်ရန်]

ဗိုလ်မှူးကြီး ကျော်ဇေယျသည် ထားဝယ်မြို့ ဇာတိဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီး ခမောက်ကြီးမြို့နယ် အခြေစိုက် အမှတ် (၂၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွင် ဗျူဟာမှူးတာဝန်ထမ်း ဆောင်ပြီးနောက် ပလောက်မြို့နယ်ရှိ အမှတ် (၁၂) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း၌ ဒုတိယကျောင်းအုပ်နှင့် နည်းပြ အရာရှိချုပ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ ယင်းမှတစ်ဆင့် တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဖြစ်လာသူဖြစ်သည်။ [၅]

ယာယီဝန်ကြီးချုပ်[ပြင်ဆင်ရန်]

အခြေခံဥပဒေအရ တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်နေရာ လစ်လပ်သွားလျှင် ဝန်ကြီးချုပ်၏ အလုပ်တာဝန်များကို သက်ဆိုင်ရာ လုံခြံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ အလိုအလျောက်တာဝန်ယူရမည် ဖြစ်သည်။ နိုင်ငံတော်သမ္မတမှ ယာယီဝန်ကြီးချုပ် ခန့်အပ်ခြင်းမပြုမီ (သို့မဟုတ်) ဝန်ကြီးချုပ်အသစ်ကို လွှတ်တော်က အတည်မပြုမီအထိ ဖြစ်သည်။

၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် ကော့သောင်းမြို့ခရီးစဉ်အတွင်း ဝန်ကြီးချုပ်ဒေါက်တာလံ့လဲ့မော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့၍ ဗိုလ်မှူးကြီးကျော်ဇေယျမှာ ယာယီဝန်ကြီးချုပ်ဖြစ်ခဲ့သည်။ မတ်လ ၁၁ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးမှ ဒေါက်တာလဲ့လဲ့မော်ကို တာဝန်မှရပ်စဲကြောင်းနှင့် သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးမြင့်မောင်ကို ယာယီဝန်ကြီးချုပ်ခန့်အပ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ဗိုလ်မှူးကြီးကျော်ဇေယျသည် ဝန်ကြီးချုပ်အဖြစ် တစ်ရက်ကြာထမ်းဆောင်ခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ "တနင်္သာရီတိုင်း ခေတ္တဝန်ကြီးချုပ်အဖြစ် ဦးမြင့်မောင်အား တာဝန်ပေး"။ [လင့်ခ်သေ]
  2. "လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း"၊ နိုင်ငံတော်သမ္မတရုံး။ Archived from the original on 1 February 2021။ 
  3. "တနင်္သာရီတိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ်အဖြစ် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်အား ပူးတွဲ တာဝန်ပေးအပ်"၊ eleven media group။ 
  4. "ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၅၉ / ၂၀၂၁ ၁၃၈၃ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက် (၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁ ရက်) စစ်ဘက်မူလတာဝန်ပြန်လည်ထမ်းဆောင်စေခြင်း"။ 
  5. အောင်သစ်လွင် (၂၁ ဖေဖော်ဝါရီ ၂၀၁၇) "တနင်္သာရီတိုင်းဒေသကြီး နယ်လုံဝန်ကြီးအသစ် ဗိုလ်မှူးကြီးကျော်ဇေယျ ကျမ်းသစ္စာကျိန်ဆို[လင့်ခ်သေ]"။ ၇ ရက် နေ့စဉ်သတင်းစာ။