ကျောက်ဂွမ်း
ကျောက်ဂွမ်း | |
---|---|
ယေဘုယျ | |
ကဏ္ဍ | Silicate minerals |
Strunz classification | 09.ED.15 |
Dana classification | 71.01.02d.03 |
ပုံဆောင်ခဲ စနစ် | ရွမ်းဘတ်ပုံဆောင်, monoclinic |
ခွဲခြားသတ်မှတ်ခြင်း | |
ဖော်မျူလာ ဒြပ်ထု | 277.11 g |
အရောင် | Green, red, yellow, white, gray, blue |
Crystal habit | Amorphous, granular, massive |
Cleavage | Prismatic |
Fracture | Fibrous |
Mohs scale hardness | 2.5–6.0 |
Luster | Silky |
Streak | White |
Specific gravity | 2.4–3.3 |
Optical properties | Biaxial |
Refractive index | 1.53–1.72 |
Birefringence | 0.008 |
2V angle | 20° to 60° |
Dispersion | Relatively weak |
Extinction | Parallel or oblique |
ခရမ်းလွန်ရောင်ခြည် fluorescence | Non-fluorescent |
အရည်ပျော်မှတ် | ၄၀၀ မှ ၁,၀၄၀ ဒီဂရီ စင်တီဂရိတ် (၇၅၂ မှ ၁,၉၀၄ ဒီဂရီ ဖာရင်ဟိုက်) |
ခရစ္စတယ်ပုံရှိ၍ အမျှင်များပါရှိသော ကျောက်မျိုးကို ကျောက်ဂွမ်း ဟုခေါ်သည်။ ဤကျောက်မျိုးမှ ကျောက်သားများကို ဖယ်ရှား၍ အမျှင်များကို ထုတ်ယူပြီးလျှင် သိုးမွှေးကဲ့သို့ ရက်ယူနိုင်သည်။ ကျောက်ဂွမ်းတွင် မီးခံနိုင်သော သတ္တိရှိခြင်းကြောင့် မီးကာပစ္စည်းများ ပြုလုပ်ရာ၌ဖြစ်စေ၊ မီးခံပစ္စည်းများပြုလုပ်ရာ၌ဖြစ်စေ၊ အသုံးပြုသည်။ သိပ္ပံဝေါဟာရအလိုအားဖြင့် ကျောက်ဂွမ်းကို အက်စဗက်စတော့ဟု ခေါ်သည်။ ဤစကားမှာ ဂရိဝေါဟာရဖြစ်၍ “မီးမငြိနိုင်” ဟုအဓိပ္ပာယ်ရသည်။ ကျောက်ဂွမ်းတွင် မီးခံခြင်းနှင့် သိုးမွှေးကဲ့သို့ ရက်ယူနိုင်ခြင်းဂုဏ်တို့ ရှိကြောင်းကို အလွန်ရှေးကျသော ခေတ်ကပင် လူတို့ သိရှိခဲ့ကြသည်။ ရှားလမိန်း ဘုရင်ထံ၌ ကျောက်ဂွမ်းဖြင့် ရက်လုပ်ထားသည့်စားပွဲခင်း ရှိသည်ဟူ၍လည်းကောင်း၊ ထိုစားပွဲခင်းကို သန့်ရှင်းစင်ကြယ်အောင် လုပ်လိုတိုင်း မီးမြိုက်ပေးရသည် ဟူ၍လည်းကောင်း၊ ပြောစမှတ်ရှိခဲ့လေသည်။
ကျောက်ဂွမ်းမှ အမျှင်များကို အထည်ကဲ့သို့ရက်လုပ်ခဲ့သော ပထမဆုံးနိုင်ငံကား အီတလီနိုင်ငံ ဖြစ်သည်။ ကျောက်ဂွမ်းမှ အထည်များမပြုလုပ်မီ ပထမဆုံး ကျောက်ကို ကြိတ်စက်များတွင် ထည့်၍ ကြိတ်ပြီးလျှင် အမျှင်များကို ထုတ်ယူသည်။ အမျှင်ကောင်းကောင်းရအောင် အမျိုးမျိုးအဖုံဖုံ ပြုပြင်ပေးရသည်။ တစ်ခါတစ်ရံ ခြည်မျှင်များဖြင့်ဖြစ်စေ၊ ကြေးနီ သို့မဟုတ် ကြေးဝါနန်းကြိုးများဖြင့် ဖြစ်စေ၊ ပူး၍ အမျှင်များဖြစ်အောင် ကျစ်ယူသည်။ ထိုအမျှင်များမှတစ်ဖန် အထည်များရက်ယူကြသည်။ ကျောက်ဂွမ်းထည်ကို အသုံးလိုက်၍ အမျိုးမျိုးပြုလုပ်နိုင်သည်။ ကမ္ဘာပေါ်တွင် တစ်နှစ်တစ်နှစ်လျှင် အသုံးပြုလျက်ရှိသော ကျောက်ဂွမ်းတန်ချိန် ၃၅၈ဝဝဝ အနက် ၇၈ ရာခိုင်နှုန်းကို ကနေဒါ တစ်နိုင်ငံတည်းမှပင် အများအပြားရရှိလေသည်။ ထို့ကြောင့် ကျောက်ဂွမ်းသည် ကနေဒါနိုင်ငံ၏ ဝင်ငွေကောင်းလှသော ထွက်ကုန်တစ်ရပ် ဖြစ်ပေသည်။ ကျောက်ဂွမ်း အသင့်အတင့် ထွက်ကြသော အခြားနိုင်ငံများမှာ ရိုးဒီဇီးယား၊ ရုရှ၊ တောင်အာဖရိက ပြည်ထောင်စု၊ အီတလီနှင့် အမေရိကန်ပြည်ထောင်စုတို့ ဖြစ်ကြသည်။
ရေနွေးငွေ့ပိုက်များတွင် သုံးရန် အပူကာပစ္စည်းများကို ရက်ဖိုက် (ခဲနက်) အမဲဆီတို့ဖြင့် ကျောက်ဂွမ်းကို ရောစပ်စီမံယူကြသည်။ ဇာတ်ရုံတွင် အသုံးပြုသည့် မီးခံကန့်လန့်ကာများမှာ ကျောက်ဂွမ်းပြားများ ဖြစ်သည်။ ဤမီးခံကျောက်ဂွမ်းပြားများသည် အပြင်အပမှ အနှောင့်အယှက်ပေးမည့် မလိုလားအပ်သော အသံများကို အသင့်အတင့်သက်သာရာရစေရန် တားဆီးထားနိုင်သည့်ပြင် ရာသီဥတုကြောင့်ဖြစ်ပေါ်သော စိုထိုင်းမှုကိုလည်း ကာကွယ်ပေးနိုင်ကြောင်း စမ်းသပ်သုံးစွဲသဖြင့် သိရသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)