ကာတာဟေနာမြို့

ဝီကီပီးဒီးယား မှ
ကာတာဟေနာမြို့
Cartagena
မြို့တော်
Cartagena de Indias
ထိပ်ဆုံး၊ ဘိုကာဂရန်ဒီ ဆိပ်ကမ်း ။ ဒုတိယတန်း၊ ဆန်တာခရုဇ် မန်ဂါကျွန်း မြင်ကွင်း၊ ဟယ်ရီဒီရာ ဇာတ်ရုံ။ တတိယတန်း၊ နာရီစင် (တိုရဲ ဒယ် ရီလော့ဂျ်)၊ ပီလာ ရီပတ်ဘလစ်ကာနို၊ ဆန် ဖီလစ် ဘာရာဂျာ့စ် ရဲတိုက် (ကာစတီလို ဒီ ဆန် ဖဲလစ် ဒီ ဘာရာဂျာ့စ်) (အထက်)၊ ချာလက်စတန် ဟိုတယ် (အောက်)၊ အောက်ဆုံး၊ မြို့တော် မြင်ကွင်းကျယ်
ထိပ်ဆုံး၊ ဘိုကာဂရန်ဒီ ဆိပ်ကမ်း ။ ဒုတိယတန်း၊ ဆန်တာခရုဇ် မန်ဂါကျွန်း မြင်ကွင်း၊ ဟယ်ရီဒီရာ ဇာတ်ရုံ။ တတိယတန်း၊ နာရီစင် (တိုရဲ ဒယ် ရီလော့ဂျ်)၊ ပီလာ ရီပတ်ဘလစ်ကာနို၊ ဆန် ဖီလစ် ဘာရာဂျာ့စ် ရဲတိုက် (ကာစတီလို ဒီ ဆန် ဖဲလစ် ဒီ ဘာရာဂျာ့စ်) (အထက်)၊ ချာလက်စတန် ဟိုတယ် (အောက်)၊ အောက်ဆုံး၊ မြို့တော် မြင်ကွင်းကျယ်
ကာတာဟေနာမြို့ Cartagena၏ အလံတော်
အလံတော်
ကာတာဟေနာမြို့ Cartagena၏ တံဆိပ်တုံး
စည်းတံဆိပ်
ဆောင်ပုဒ်: "Por Cartagena"
နိုင်ငံ ကိုလံဘီယာ
ပြည်နယ် ဘိုလီဗာ
ဒေသကာရစ်ဘီယံ
တည်ထောင်ခြင်း၁၅၃၃ ခုနှစ် ၊ ဇွန်လ ၁ ရက်
တည်ထောင်သူပီဒရို ဒီ ဟယ်ရီဒီရာ
အမည်ပေးကာတာဟေနာမြို့၊ စပိန်
အစိုးရ
 • မြို့တော်ဝန်ဝီလီယံ ဂျော့ရှ် ဒေါ ချာမက်[၁]
ဧရိယာ
 • မြို့တော်၅၇၂ စတုရန်းကီလိုမီတာ (၂၂၁ စတုရန်းမိုင်)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၂ မီတာ (၇ ပေ)
လူဦးရေ (၂၀၂၀[၃])
 • မြို့တော်၉၁၄,၅၅၂
 • အဆင့်ပဥ္စမ
 • သိပ်သည်းမှု၁၆၀၀/km (၄၁၀၀/sq mi)
 • မြို့ပြကြီး၁,၀၂၈,၇၃၆[၂]
Demonym(s)ကာတာဂျီနီရို
အချိန်ဇုန်COT (UTC-5)
Postal code130000
ဧရိယာကုဒ်(များ)57 + 5
HDI (2008)Increase 0.798 – High
အစွဲပြု သူတော်စင်များစိန့်ကက်သရင်း နှင့် စိန့်စီဘက်စတန်း
ပျမ်းမျှ အပူချိန်၃၀ °C (၈၆ °F)
ဝက်ဘ်ဆိုဒ်cartagena.gov.co
တရားဝင်အမည်ကာတာဟေနာရှိ ဆိပ်ကမ်း၊ ခံတပ်များ နှင့် အထိမ်းအမှတ် အဆောက်အဦး အစုအဝေး
အမျိုးအစားယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်းiv,vi
ရွေးချယ်ခြင်း၁၉၈၄ (အဋ္ဌမအကြိမ်)
ရည်ညွှန်းနံပါတ်285
နိုင်ငံကိုလံဘီယာနိုင်ငံ
ဒေသလက်တင်အမေရိက နှင့် ဥရောပ

ကာတာဟေနာမြို့တော် အား ကိုလိုနီခေတ်က "ကာတာဟေနာ ဒီ အင်ဒီးယား(စပိန်ဘာသာစကား: [kaɾtaˈxena ðe ˈindjas] ( )) ဟုလည်း ခေါ်ဆိုခဲ့ကြပြီး ၁၅၃၃ ခုနှစ်က တည်ထောင်ခဲ့သော အဓိက ဆိပ်ကမ်းတစ်ခုဖြစ်ကာ ကာရစ်ဘီယံ ကမ်းရိုးတန်းဒေသအတွင်း ကိုလံဘီယာနိုင်ငံ၏ မြောက်ဘက် ကမ်းရိုးတန်းပေါ်တွင် တည်ရှိသည်။ ထိုမြို့သည် မက်ဒါလေးနားမြစ် နှင့် စီနူးမြစ် နှစ်ခုကြားတွင် မဟာဗျူဟာကျစွာ တည်ရှိပြီး စပိန် နှင့် ၎င်း၏ နိုင်ငံရပ်ခြား အင်ပိုင်ယာအတွင်း အဓိက ကုန်သွယ်ရာ ဆိပ်ကမ်းတစ်ခု ဖြစ်ခဲ့ကာ ၁၅၄၀ ခုနှစ်များ အစောပိုင်းကတည်းက အရေးပါသော နေရာ ဖြစ်လာခဲ့သည်။ ကိုလိုနီခေတ်ကာလ အတွင်းက ပီရူးမှ ငွေ သတ္တုများကို စပိန်သို့ အဓိကတင်ပို့ရာ ဆိပ်ကမ်းမြို့ ဖြစ်သကဲ့သို့ အေရှန်တို စနစ်ဖြင့် လိုင်စင်ရထားသော ကုန်သည်များအတွက် အာဖရိကမှ ကျွန်များကို တင်သွင်းရာ ဆိပ်ကမ်းမြို့လည်း ဖြစ်သည်။ ထိုဆိပ်ကမ်းသည် ကာရစ်ဘီယံ ပင်လယ်အတွင်းမှ ပင်လယ်ဓားပြများ၏ ရန်မှ ကာကွယ်နိုင်ရန် တည်ဆောက်ထားသည်။ [၄] ဘိုလီဗာပြည်နယ်၏ မြို့တော်ဖြစ်ပြီး ၂၀၁၈ ခုနှစ် လူဦးရေ စာရင်းအရ လူဦးရေ ၁,၀၂၈,၇၃၆ ဦး ရှိသည့်အတွက် [၃] ဒေသအတွင်း ဘာရန်ကီးရားမြို့ ပြီးလျှင် ဒုတိယမြောက် အကြီးဆုံး မြို့ ဖြစ်ကာ ကိုလံဘီယာနိုင်ငံအတွင်း ပဉ္စမမြောက် အကြီးဆုံး မြို့ ဖြစ်သည်။ ကာတာဟေနာမြို့၏ မြို့ပြဒေသ သည်လည်း နိုင်ငံအတွင်း ပဉ္စမမြောက် အကြီးဆုံး မြို့ပြဒေသ ဖြစ်သည်။ စီးပွားရေး လုပ်ငန်း အနေနှင့် ပင်လယ်ရေကြောင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ၊ ဓာတုလောင်စာနှင့် ဆက်စပ်သော လုပ်ငန်းများ အပြင် ခရီးသွားလုပ်ငန်းများ ရှိသည်။

ယခုမြို့တော်သည် စပိန်ရှိ ကာတာဟေနာမြို့ ကို အစွဲပြု မှည့်ခေါ်ထားခြင်း ဖြစ်ပြီး ၁၅၃၃ ခုနှစ် ဇွန်လ ၁ ရက်တွင် စတင်တည်ထောင်ခဲ့သည်။ သို့သော်လည်း ကာတာဟေနာ ပင်လယ်အော် ပတ်ဝန်းကျင်တွင် ရှိသော အမျိုးမျိုးသော ရှေဦးတိုင်းရင်းသားတို့ နေထိုင် အခြေချခဲ့သည်မှာ ဘီစီ ၄,၀၀၀ ခုနှစ်ကတည်းက ဖြစ်သည်။ စပိန်ကိုလိုနီခေတ်ကာလ အတွင်း ကာတာဟေနာသည် အုပ်ချုပ်ရေးနှင့် စပိန်အင်ပိုင်ယာ ချဲ့ထွင်ရေးတို့အတွက် အဓိက နေရာမှ ပါဝင်ခဲ့သည်။ ၎င်းသည် နိုင်ငံရေး၊ ဘာသာရေး နှင့် စီးပွားရေး လုပ်ငန်းများ၏ အချက်အချာဒေသ ဖြစ်သည်။[၅] ၁၉၈၄ ခုနှစ်တွင် ကာတာဟေနာ၏ ကိုလိုနီခေတ် တံတိုင်းမြို့ နှင့် ခံတပ်တို့အား ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ်သတ်မှတ်ခဲ့သည်။


ကိုးကား[ပြင်ဆင်ရန်]

  1. Batista၊ Lia Miranda။ "William Dau Chamatt se posesionó como nuevo alcalde de Cartagena" (in Spanish)၊ 1 January 2020။ 
  2. Proyecciones de Población 2018-2020, total municipal por área (estimate)။ DANE။ 23 February 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 February 2020 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ Proyecciones de Población 2018-2020, total municipal por áreaDANE (အစီရင်ခံစာ) (Spanishဘာသာစကားဖြင့်)။ 2020။ 23 February 2020 တွင် မူရင်း အား မော်ကွန်းတင်ပြီး23 February 2020 တွင် ပြန်စစ်ပြီးCS1 maint: အသိအမှတ်မပြုသော ဘာသာစကား (link)
  4. Lance R. Grahn, "Cartagena" in Encyclopedia of Latin American History and Culture, vol. 1, p 581. New York: Charles Scribner's Sons 1996.
  5. Grahn, "Cartagena" p. 582.