ကဟီးလူ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော

ဝီကီပီးဒီးယား မှ

ကဟီးလူ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် ကရင်ပြည်နယ်ဖာပွန်မြို့နှင့် ဘားအံမြို့နယ်များအတွင်း ဖားပွန်မှ ကမာကောင်းသို့သွားသောလမ်း၏ အနောက်ဘက်ခြမ်းတွင် တည်ရှိသည်။ ဘေးမဲ့တောဧရိယာအတွင်း ချောင်းနှစ်စင်း ဖြတ်သန်းစီးဆင်းနေပြီး နှစ်စဉ်မိုးရေချိန်သည် ၃,၈၀၀ မီလီမီတာ ခန့်ရှိသည်။

တည်နေရာ[ပြင်ဆင်ရန်]

မြောက်လတ္တီတွဒ်၁၇°၂၃'၊ အရှေ့လောင်ဂျီတွဒ် ၉၇°၃၀'၊ ဖာပွန်မြို့နှင့် ဘားအံမြို့နယ် ကရင်ပြည်နယ်တွင် တည်ရှိသည်။ စတင်တည်ထောင်သည်ခုနှစ်မှာ ၁၉၂၈ ခုနှစ်ဖြစ်ပြီး ဧရိယာ အကျယ်အဝန်း ၁၆၀.၅၅ စတုရန်းကီလိုမီတာ ရှိသည်။

သဘာဝအရင်းအမြစ်များ[ပြင်ဆင်ရန်]

ကဟီးလူ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၏ အဓိကသစ်တော အမျိုးအစားမှာ ရွက်ကြွေတော(အပေါ်ပိုင်း) ဖြစ်ပြီးပြီး၊ ငှက်မျိုးစိတ်များစွာ ( တောကြက်(jungle fowl)၊ ကြက်တူရွေးသာလိကာအောက်ချင်းငှက်သစ်တောက်ငှက်ချိုးခါတစ်တီတူးလင်းမြီးဆွဲငှက်(Drongo)၊ စွန်ငှက်၊ ဇီးကွက်) နေထိုင်ကြသည်။ ထို့ပြင် မျောက်များ၊ ချေ၊ (ဂျီ) များလည်းရှိသည်။

ခြိမ်းခြောက်နေသာ အန္တရာယ်များ[ပြင်ဆင်ရန်]

ရွေ့ပြောင်းတောင်ယာများကြောင့် နှစ်ရှည်ပင်များခုတ်လှဲခြင်းခံရပြီး အမဲလိုက်ခြင်းများလည်းရှိနေသည်။ ထို့ပြင် မြိုင်ကြီးငူမှ ၃၃ ကီလိုမီတာ အကွာတွင် ဆည်တည်ဆောက်ရန် လျာထားစီမံကိန်းရှိရာ အကယ်၍ အကောင်အထည်ဖော် ပြီးမြောက်နိုင်ပါက ကဟီးလူ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၏ မြေနေရာအချို့ ရေလွှမ်းဖွယ်ရှိသည်။

ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာနိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများကြွယ်ဝမှု၊ သစ်တောဦးစီးဌာန [၁] Archived 23 October 2014 at the Wayback Machine.
  2. Report: Myanmar Protected Area (2011)