ကတ်ဆုရှီကာ ဟိုကုဆိုင်း

ဝီကီပီးဒီးယား မှ

Katsushika Hokusai ကို အဲဒိုခေတ်က ပန်းချီဆရာ စာရေးဆရာတစ်ယောက်အဖြစ်လူသိများခဲ့သည်။ ခရစ်နှစ်1760ခုနစ် အောက်တိုဘာ 31ရက်နေ့တွင်မွေးဖွားခဲ့ပြီး 1849ခုနစ် မေလ10ရက်နေ့တွင်ကွယ်လွန်ခဲ့သည်။ Hokusai ဟာ သစ်သားစာရွက်ပုံနှိပ်ခြင်းတွင် အထူးထင်ရှားသည်။ 1831 ခုနှစ်တွင် သူဖန်တီးခဲ့သော Thirty-six Views of Mount Fuji ဟာလည်း ထင်ရှားကျော်ကြားသည်။

Hokusai ဟာ ဖူဂျီတောင်အကြောင်းကို ပျံ့နှံ့စေရန်ရည်ရွယ်ပြီး Thirty-six Views of Mount Fuji နဲ့ The Grate Wave တို့ကိုရေးဆွဲခဲ့တယ်။ အဲ့ဒီရေးဆွဲခဲ့တဲ့ အရာတွေက ဂျပန်တွင်သာမက နိုင်ငံခြားတိုင်းပြည်များထိအောင် ကျော်ကြားခဲ့တယ်။ သမိုင်းပညာရှင် Richard Lane ကတော့ အကျဉ်းချုပ်ပြောရမယ်ဆိုရင်Hokusai ဆိုတဲ့နာမည်နဲ့လုပ်ထားတဲ့ ပုံနှိပ်စာတွေဟာဂျပန်မှာတွင်သာမက နိုင်ငံခြားတိုင်းပြည်တွေမှာပါ အလွန်ကြီးကျယ်ခမ်းနားတဲ့ရှေးဟောင်းပုံနှိပ်စာတွေဖြစ်တယ်လို့ပြောပါတယ်။ သူဟာနိုင်ငံခြားကပညာရှင်တွေကပါအသိအမှတ်ပြုထိုက်သူလို့ဆိုပါတယ်။

Hokusai ရဲ့ငယ်ဘဝနဲ့ အနုပညာစတင်လာပုံ

Hokusai ရဲ့ မွေးနေ့နှင့်ပတ်သက်ပြီးသိပ်ပြီးတော့မသေချာလှပါဘူး။ သူ့ရဲ့ငယ်ဘဝနာမည်ကကတော့တိုကီတာရိုဖြစ်ပါတယ်။ သူ့အဖေဟာမှန်ပြုလုပ်သူတစ်ဦးဖြစ်ပီး ကြည့်မှန်များကို ဗိုလ်မှူးကြီးတွေအတွက်ပြုလုပ်ပေးရသူပဲဖြစ်ပါတယ်။ သူ့အဖေဟာ  Hokusai ကိုသူ့ရဲ့ကြည့်မှန်လုပ်ခြင်းအတတ်ပညာကို အမွေမဆက်ခံစေခဲ့ပါဘူး။ ဒါကိုကြည့်ခြင်းအားဖြင့်  Hokusai ရဲ့အမေဟာကိုယ်လုပ်တော်ဖြစ်နိုင်ခြေများပါတယ်။  Hokusai ဟာပုံရေးဆွဲခြင်းကို အသက်၆နှစ်ကနေစဆွဲပါတယ်သူ့အဖေတိုက်တွန်းမှုမပါပဲစဆွဲခဲ့ပါတယ်။

Hokusai ကိုနာမည်ပေါင်း၃၀ကျော်လောက်ဖြင့်ဂျပန်မှာခေါ်ဝေါ်ခဲ့ကြပါတယ်။  Hokusai ဟာနာမည်တွေကိုလည်းခဏခဏပြောင်းလဲခဲ့ပါတယ် သူရေးဆွဲတဲ့ပုံစံအလိုက်နာမည်တွေကိုပြောင်းခဲ့ပါတယ်။

သူ့အသက်၁၂နှစ်မှာတော့ သူ့အဖေဟာ Hokusaiကို စာကြည့်တိုက်တွင်အလုပ်လုပ်စေခဲ့ပါတယ်။ ထင်ရှားတဲ့တက္ကသိုလ်မှာရှိတဲ့စာကြည့်တိုက်မှာတွင်တော့ ထိုခေတ်က သစ်သားဖြင့်ပြုလုပ်ထားတဲ့ ပုံနှိပ်စာတွေဟာရေပန်းစားခဲ့ပါတယ်။ အသက်၁၄နှစ်မှာတော့ သစ်သားလှီးဖြတ်သူအလုပ်သင်အနေဖြင့် အသက်၁၈နှစ်ထိ ၄နှစ်တိုင်လုပ်ခဲ့ပါတယ်။ သူ ကဆုက၀ စတူဒီယိုကိုဝင်တဲ့အခါ သူ့ဆရာဖြစ်သူက ရွန်းရှောဆိုပြီးနာမည်ပေးခေါ်ဆိုခဲ့ပါတယ်။ အဲ့နောက်ပိုင်းဂျပန်ရိုးရာပြဇာတ်နဲ့သက်ဆိုင်သောအရာများကိုသင်ယူလေ့လာခဲ့ပါတယ်။

ထိုနောက်၁နှစ်အကြာမှာ သူ့နာမည်ကို ပထမဆုံးအကြိမ်ပြောင်းလဲခဲ့ပါတယ်။ သူ့အနေနဲ့စတူဒီယိုမှာ ဂျပန်ရိုးရာပြဇာတ်ဆိုင်ရာရုပ်ပုံတွေကို ရေးဆွဲသူတစ်ယောက်အနေဖြင့်အသက်မွေးခဲ့ပါတယ်။ Hokusai ဟာ ပထမဆုံးဇနီးဖြစ်သူနဲ့သိပ်ကြာကြာမပေါင်းသင်းလိုက်ရပါဘူး။ ပထမဇနီးဖြစ်သူဟာ1790ခုနစ်အစောပိုင်းလောက်မှာပဲဆုံးပါးသွားခဲ့ပြီး1797ခုနစ်တွင်ဒုတိယမြောက်ဇနီးကိုလက်ထပ်ခဲ့ပါတယ်သို့ပေသော်ငြားခဏလောက်ပဲပေါင်းသင်းလိုက်ရပြီးဒုတိယမြောက်ဇနီးပါထပ်မံဆုံးပါးသွားခဲ့ပါတယ်။ သားနှစ်ယောက်သမီးသုံးယောက်ကျန်ခဲ့ပြီး အငယ်ဆုံးသမီးလေးကတော့ ပန်းချီဆရာမဖြစ်လာခဲ့ပါတယ်။