ကင်ဂျုံဟွန်း (အဆိုတော်)

ဝီကီပီးဒီးယား မှ
ကင်ဂျုံဟွန်း
Kim Jong-hyun
Jonghyun at 2016 Korean Popular Culture And Arts Awards
ဇာတိ အမည်김종현
မွေးဖွား(1990-04-08)ဧပြီ ၈၊ ၁၉၉၀
Jung District, Seoul, South Korea
ကွယ်လွန်ဒီဇင်ဘာ ၁၈၊ ၂၀၁၇(2017-12-18) (အသက် ၂၇)
ဂန်နမ်ခရိုင်၊ ဆိုးလ်မြို့၊ တောင်ကိုရီးယားနိုင်ငံ
သေဆုံးရခြင်း အကြောင်းရင်းကာဘွန်မိုနောက်ဆိုဒ် အဆိပ်သင့်ခြင်းဖြင့် သေကြောင်းကြံခြင်း
အလုပ်အကိုင်
ဂီတခရီးလမ်း
ဂီတဟန်
  • K-pop
  • R&B
တူရိယာ
တက်ကြွသည့်နှစ်များ၂၀၀၈–၂၀၁၇
တေးသံသွင်း ကုမ္ပဏီ
  • S.M. Entertainment
ပူးတွဲ ပါဝင်မှု
  • Shinee
  • SM Town
  • SM the Ballad
ဝက်ဘ်ဆိုက်jonghyun.smtown.com
ကင်ဂျုံဟွန်း
အက္ခရာဖလှယ်ခြင်းများ
ဟန်ဂုလ်
ဟန်ဂျာ
RRအက္ခရာဖလှယ်ခြင်း:Gim Jonghyeon
MRအက္ခရာဖလှယ်ခြင်း:Kim Chonghyŏn
လက်မှတ်

ကင်ဂျုံဟွန်း (၈ ဧပြီ ၁၉၉၀[၁] – ၁၈ ဒီဇင်ဘာ ၂၀၁၇)[၂] သည် ဂျုံဟွန်းဟု အမည်ဖြင့် ကောင်းစွာ သိကြပြီး၊ တောင်ကိုရီးယား အဆိုတော်၊ သီချင်းရေးဆရာ၊ ရေဒီယို တင်ဆက်သူ နှင့် စာရေးဆရာ ဖြစ်သည်။ တောင်ကိုရီးယား ယောက်ျားလေးအဆိုအဖွဲ့ ရှင်းနီး၏ အဆိုရှင် ဖြစ်ပြီး S.M. အင်တာတိန်းမင့် ၏ ပရောဂျက် အုပ်စု S.M. ဘောလက်အဖွဲ့တွင် ဆက်လက်ပါဝင်သည်။ ဂျုံဟွန်းသည် Base ဟု အမည်ပေးသော သူ့ ပထမဆုံး အီးပီနှင့်အတူ ၂၀၁၅ ဇန်နဝါရီ ၁၂ တွင် တစ်ကိုယ်တော် အဆိုတော်အဖြစ် စတင်ပွဲဦးထွက်လာသည်။ ထိုနှစ်မှာပင် စတိုရီ အိုပီ တစ် ဟူသော ပေါင်းချုပ် အယ်လဘမ်တစ်ခုကို ဖြန့်ချိသည်။ ၂၀၁၆ မေ ၂၄ တွင် သူ၏ ပထမဆုံး စတူဒီယို အယ်လဘမ် ဖြစ်သော သူမသည် ကို ဖြန့်ချိပြီးနောက် ဒုတိယ ပေါင်းချုပ် အယ်လဘမ် ဖြစ်သော စတိုရီ အိုပီ နှစ်ကို ၂၀၁၇ ဧပြီ ၂၄ တွင် ဖြန့်ချိသည်။

Jonghyun at Dazed x Boon: The Shop Event in May 2016

လူထုပုံရိပ်[ပြင်ဆင်ရန်]

ဂျုံဟွန်းသည် အယ်လဘမ် ရေးစပ်သီကုံးခြင်း၊ စီမံခန့်ခွဲခြင်း၊ စာရေးသားခြင်းတို့တွင် ကျယ်ပြန့်စွာ ပါဝင်ခဲ့ရာ အက်စ် အမ် အင်တာတိန်းမင့် ၏ ပထမဆုံးသော အနုပညာရှင် ဖြစ်သည်။ ကုမ္ပဏီသည် ၎င်းတို့၏ အနုပညာရှင်များ တေးအယ်လဘမ် ထုတ်ဝေသည့်အပေါ် စည်းကမ်းအလွန် တင်းကြပ်ကြောင်း ကေပေါ့ပ် လောကတွင် နာမည်ကြီးသည်။[၃] ကိုရီးယားတိုင်းမ်မှ ကင်ဒါဟီးက အိုင်ဒေါလောကတွင် အမြောက်အမြား ထုတ်လုပ်နိုင်သော အဆိုတော် လေးဦးထဲမှ တဦးအဖြစ် ဂျုံဟွန်းကို သတ်မှတ်ပြီး၊ ကျန်သုံးဦးမှာ ဂျီနဂါး၊ ဇီကို နှင့် ဂျင်ယောင်းတို့ ဖြစ်ကာ၊ သူတို့သည် သီချင်းရေးသားခြင်း၊ ထုတ်လုပ်ခြင်းနှင့် ကခြင်းအပြင် အခြားသော စွမ်းရည်များကို ထည့်ပေါင်းလိုက်သော် အောင်မြင်သော ဂီတပညာရှင်များ ဖြစ်လာကြလေသည်ဟု မှတ်ချက်ပြုသည်။[၄] ဂျုံဟွန်း ကိုယ်ပိုင်ရေးသေား သီချင်းများတွင် ကိုယ်ပိုင်ဟန် ရှိသည်ဟု သတ်မှတ်ကြပြီး၊ တစ်ကိုယ်တော် သီချင်း အများစုသည် ချီးမွမ်းခြင်း ခံရသည်။ အင်ဆိုက်ကိုရီးယားက ဂျုံဟွန်းသည် ဂီတအတွက် မွေးဖွားလာသူဟု ကင်ပွန်းတပ်သည်။[၅]

ပုဂ္ဂိုလ်ရေး[ပြင်ဆင်ရန်]

၂၀၁၃ ဧပြီတွင်၊ ကား မတော်တဆ ဖြစ်ပြီး၊ နှာခေါင်းတွင် ဒဏ်ရာရသည်။[၆][၇] သူ့အေဂျင်စီက သူသည် နှာခေါင်း ခွဲစိတ်မှု လုပ်နေရသည်ဟု ထုတ်ပြန်သည်။ သူတို့ တတိယမြောက် အယ်လဘမ်ကို အပြည့် ပရိုမိုးရှင်းပွဲ အများစု လုပ်နေချိန်တွင် ဘေးထိုင်နေခဲ့ရပြီး၊ နောက်ဆုံး အပတ်တွင်မှ ပါဝင်နိုင်ခဲ့သည်။[၈]

၂၀၁၃ ဒီဇင်ဘာ တွင်၊ ဂျုံဟွန်းသည် တွစ်တာ ပရိုဖိုင်းပုံကို LGBT ကို ထောက်ခံအားပေးသည်ဟု ရည်ညွှန်းသော ပုံတစ်ပုံ သို့ ပြောင်းလဲလိုက်ရာ မိမိကိုယ်မိမိ ရှိုင်းနီးအဖွဲ့၏ ပရိသတ်အသင်းဝင်ဟု ပြောသော ပရိသတ်များ၏ အသရေဖျက် တုံ့ပြန်ခြင်းကို ခံရသည်။ [၉][၁၀][၁၁]

သေဆုံးခြင်း[ပြင်ဆင်ရန်]

Fans mourn at Asan Medical Center funeral hall, December 20, 2017

ဂျုံဟွန်းသည် ဆိုးလ်မြို့ အရှေ့တောင်ဘက်ရှိ ဂန်းနမ်ခရိုင်၊ ချုံးဒမ်ရပ်ကွက်တွင် တိုက်ခန်း စတူဒီယိုတလုံးကို နှစ်ရက်အတွက် လျှို့ဝှက်စွာ ငှားရမ်းခဲ့ပြီး၊[၁၂] ၂၀၁၇ ဒီဇင်ဘာ ၁၈ တွင် စတင်ဝင်ရောက် နေထိုင်သည်။[၁၃] ဂျုံဟွန်းအစ်မ ကင်ဆိုဒမ်က ညနေ ၄ နာရီ ၄၂ မိနစ်တွင် အရေးပေါ်ဌာနသို့ ပထမဆုံး ဖုန်းခေါ်ပြီး၊ သူ့မောင် သေကြောင်းကြံနေသလား မသိရကြောင်း သတင်းပို့သည်။ သူ့မောင်သည် ကာကအိုစကားပြောမှ တဆင့် နောက်ဆုံးနှုတ်ဆက်ခြင်းပါဟု အဓိပ္ပာယ်ရသည့် မက်ဆေ့များ သူ့ဆီ ပို့နေ၍ ဖြစ်သည်။ [၁၄][၁၅] ဂျုံဟွန်းကို နောက်ဆုံး တွေ့လိုက်ရသည်မှာ တိုက်ခန်းနံဘေးရှိ အသင့်ဝယ် စတိုးဆိုင်တွင် ဖြစ်ပြီး၊ ဆေးလိပ်များ၊ ဆိုဒါရည်နှင့် မုန့်ပဲသရေစာများ တစ်ထုပ်ကြီး ဝယ်သွားသည်။ တိုက်ခန်း၏ လုံခြုံရေးအစောင့်က ပြောပြသည်မှာ သူသည် စတိုးဆိုင်ရှေ့ သူ့ကားထဲမဝင်ခင် အကြာကြီးပင် ရပ်နေခဲ့ကြောင်း၊ ကားကို လမ်းမပေါ်၌ ဆူညံသံ ထွက်လောက်အောင် ရှေ့တိုးနောက်ငင် မောင်းနေကြောင်း ဖြစ်သည်။[၁၆][၁၇] မျက်နှာဖုံးဖြင့် မျက်နှာကို ကာထားခြင်း မရှိဘဲ၊ သူ့အခန်းထဲ စကား တစ်လုံးမျှ မဆို ဝင်သွားခဲ့သည်။[၁၈]

သူ့အစ်မဆီ ချန်ထားခဲ့သော မက်ဆေ့မှ တဆင့် သူ့ဆဲလ်ဖုန်းကို ခြေရာခံ လိုက်လာပြီးနောက်၊[၁၉] ည ၆ နာရီ ၁၀ မိနစ်ခန့်တွင် ရဲနှင့် အရေးပေါ်အဖွဲ့ဝင်များသည် ဂျုံဟွန်းကို သူ့တိုက်ခန်းတွင်း အိပ်ရာနှင့် စားပွဲဘေး ကြမ်းပြင်ပေါ် သတိလစ်နေသည်ကို တွေ့သည်။ သူတို့ ရောက်ရှိချိန်၌ အခန်းထဲတွင် မီးခိုးများနှင့် ပြည့်နေပြီး၊ ကြမ်းပေါ်၌ အန်ထားသည့် ခြေရာလက်ရာများ ရှိသည်။ ကွန်းကွတ် တက္ကသိုလ်ဆေးရုံသို့ ချက်ချင်း ပို့ဆောင်ပြီး၊ အရေးပေါ် ကုသမှု ပေးသည်။ သို့သော် သတိ ပြန်လည်မလာတော့ဘဲ၊ ၆ နာရီ ၃၂ မိနစ်တွင် အသက် ၂၇ နှစ် သေဆုံးပြီဟု ဆေးရုံက ကြေညာသည်။[၂၀][၂၁][၂၂][၂၃][၂၄] စုံစမ်းရေးမှူးများက သူသည် အဆိပ်ငွေ့များ သို့မဟုတ် မီးခိုးများကို ရှူရှိုက်မိခြင်းကြောင့် သေဆုံးရသည်ဟု ယုံကြည်ပြီး၊ တိုက်ခန်းထဲရှိ အကြော်ဒယ်အိုးတွင် လောင်ကျွမ်းသော ကာဗွန် မီးသွေးတုံးများကို တွေ့ရှိရသောကြောင့် ဖြစ်သည်။ ဂျုံဟွန်းမိသားစု၏ တောင်းဆိုချက်အရ ရင်ခွဲစစ်ဆေးခြင်းကို မပြုတော့ဘဲ[၂၅] သူ့ သေဆုံးမှုသည် သတ်သေခြင်းဟု ရဲတပ်ဖွဲ့မှ ကြေညာသည်။[၂၆]

ဂျုံဟွန်း၏ သေဆုံးခြင်းသည် မီဒီယာများ ဖော်ထုတ်မှုအရ စိတ်ကျခြင်းနှင့် ဆက်စပ်နေပြီး၊ လီဟီအတွက် ရေးပေးသော သီချင်း နှစ်ပုဒ် အထီးကျန်စွာနှင့် အသက်ရှူသံ တွင် အထီးကျန်ခြင်းနှင့် ပတ်သက်သော အကြောင်းများ ရေးထားသည်။ အင်စတာဂရမ်တွင်လည်း ထိုသီချင်းစာသားများကို ကိုးကား တင်ထားသေးသည်။[၂၇] ထို့ပြင်၊ စိတ်ဓာတ်ကျသည့် သင်္ကေတ ဖြစ်သော ခွေးနက် တကောင်၏ ပုံကိုလည်း တင်ထားပြီး၊ ခွေးပုံ ဆေးမင်ကြောင်လည်း ထိုးထားသေးသည်။[၂၈] ဒီဇင်ဘာ ဖျော်ဖြေပွဲများအတွင်း၊ ၂၀၁၈ ဇန်နဝါရီ တကိုယ်တော် ပြန်လာခြင်းပွဲအတွက် မိတ်ဆက်ဖျော်ဖြေရမည် ဖြစ်သော်လည်း၊ သူသည် လျစ်လျူပြုကာ၊[၂၉] အင်္ဂလိပ်လို Only One You Need ကိုရီးယားလို မူးမေ့နာကျင်မှုဟူသော သူရေးထားသည့် သီချင်းသစ် တစ်ပုဒ်ဖြင့် ဖျော်ဖြေခဲ့ပြီး၊ ချစ်ရသူကို ဆုံးရှုံးရပြီးနောက် အခြားသူများကို နှစ်သိမ့်သည့် အကြောင်း ဖြစ်သည်။[၃၀][၃၁]

ထင်ရှားသော အနုပညာရှင်များနှင့် ပရိသတ်များ တက်ရောက်သော သုံးရက်ကြာ ဈာပန ကျင်းပပြီးနောက် ဒီဇင်ဘာ ၂၁ တွင် ဂျုံဟွန်းကို သီးသန့် ဈာပနပွဲသို့ ဆေးရုံမှပြောင်းရွှေ့လိုက်ပြီး၊ သူ့မိသားစုနှင့် ရင်းနှီးသော မိတ်ဆွေများသာ တက်ရောက်ကြကာ ၎င်းနောက် လူမသိသော နေရာ၌ အနားယူခွင့် ပြုလိုက်ကြသည်။ [၃၂][၃၃][၃၄]

အကျိုးဆက်[ပြင်ဆင်ရန်]

ဂျုံဟွန်း သေဆုံးပြီးနောက် သူ့အမည်သည် တွစ်တာတွင် ရေပန်းစားသော ခေါင်းစဉ် တစ်ခု ဖြစ်လာသည်။[၃၅] "#StayStrongShawols"[၃၆] "#YouDidWellJonghyun" (ကောင်းကောင်းလုပ်နိုင်ခဲ့တယ်၊ ဂျုံဟွန်း) စသော ဟက်ရှ်တက်များလည်း ပလူပျံခဲ့သည်။[၃၇] ဂျုံဟွန်း သေဆုံးရခြင်းကြောင့် တောင်ကိုရီးယား ဖျော်ဖြေရေးလောကတွင် ခက်ခဲကြမ်းတမ်း၍ ပြိုင်ဆိုင်မှု ပြင်းထန်သော စရိုက်များသာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးများနှင့် ပတ်သက်ပြီး အငြင်းအခုံ ဖြစ်လာစေသည်။ အေပင့်အဖွဲ့မှ ဂျွန်အွန်ဂျီက သူ၏ သူငယ်ချင်းများနှင့် လုပ်ဖော်ကိုင်ဖက်များစွာသည် ဂျုံဟွန်း၏ မက်ဆေ့များကို သိရှိပြီး၊ အနုပညာလောကသည် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပိုမို တိုးတက်ကောင်းမွန်အောင် ထောက်ပံ့ပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ဆိုသည်။[၃၈][၃၉] စတိုရီ အိုပီ ၂ မှ အထီးကျန်စွာ"Lonely" သည် မဲလန်နှင့် ဂျင်းနီဇယား၌ နံပါတ်တစ် စချိတ်သည်။[၄၀]

ဂျုံဟွန်းပါဝင်ခဲ့သော "ညမှင်စာ" စုံစိရှိုးကို ၂၀၁၇ ဒီဇင်ဘာ ၂၄ တွင် ထုတ်လွှင့်ရန် စီစဉ်ထားသော်လည်း၊ ဂျေတီဘီစီက မလွှင့်တော့ရန် ဆုံးဖြတ်လိုက်သည်။[၄၁] ရှင်းနီးအဖွဲ့က ၂၀၁၈ ဖေဖော်ဝါရီတွင် ဂျပန်၌ ဖျော်ဖြေပွဲများ ဆက်တိုက် ကျင်းပရန် ရှိသည်ကိုလည်း ရပ်ဆိုင်းထားရမည်လော ဟူသည်ကို စကားဖြင့် ညှိနှိုင်းသွားမည်ဟု ဆိုသည်။[၄၂]

ဝမ်းနည်းကြေကွဲခြင်း[ပြင်ဆင်ရန်]

ဂီတလောကနှင့် အနုပညာလောက တခုလုံးက ဂျုံဟွန်း သေဆုံးရခြင်းအပေါ် ဝမ်းနည်းပူဆွေးကြသည်။ အိတ်က်ဇို၊[၄၃] တယ်ယွန်၊[၄၄] TVXQ[၄၅] တို့ကလည်း သူတို့၏ ဖျော်ဖြေပွဲများတွင် ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောပြကြသည်။ အမ်ဘီစီ ရေဒီယိုကလည်း ဂျုံဟွန်း၏ ကြာရှည်စွာ တင်ဆက်လာသည့် ညပြာ အစီအစဉ်ကို ဒီဇင်ဘာ ၂၁ ၌ စပါယ်ရှယ် အမှတ်တရ ထုတ်လွှင့်ရန် စီစဉ်ထားသော်လည်း၊ ဖျက်သိမ်းလိုက်သည်။[၄၆]

ဓာတ်ပြား[ပြင်ဆင်ရန်]

  • She Is (2016)

ရုပ်ရှင်ရုပ်သံ[ပြင်ဆင်ရန်]

ရုပ်ရှင်[ပြင်ဆင်ရန်]

Year Title Role Notes
2012 I AM. Himself Biographical film of SM Town[၄၇]
2015 SMTOWN The Stage Documentary of SM Town[၄၈]

ရေဒီယို[ပြင်ဆင်ရန်]

Year Title Role Ref.
2014–2017 MBC Blue Night Radio host [၄၉][၅၀][၅၁]

ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ[ပြင်ဆင်ရန်]

Year Title Ref.
2015 Skeleton Flower [၅၂]

ဖျော်ဖြေပွဲများ[ပြင်ဆင်ရန်]

ခေါင်းစီး[ပြင်ဆင်ရန်]

  • The Story by Jonghyun (2015)[၅၃]
  • JONGHYUN – X – INSPIRATION (2016)[၅၄]
  • The Agit (The Letter) (2017)
  • INSPIRED (2017)

အောင်မြင်မှုများ[ပြင်ဆင်ရန်]

ဆုနှင့် ဇကာတင်[ပြင်ဆင်ရန်]

Year Award Category Nominated work Result Ref
2015 MBC Entertainment Awards Excellence Award - Radio Blue Night Radio ဆုရရှိ [၅၅]
2016 Golden Disc Awards Disk Bonsang Base ဆုရရှိ [၅၆]
Mnet Asian Music Awards Best Male Artist N/A ဆန်ခါတင် [၅၇]


ကိုးကား[ပြင်ဆင်ရန်]

  1. Mark Russell (April 29, 2014)။ K-Pop Now!: The Korean Music Revolution။ Tuttle Publishing။ p. 67။ ISBN 978-1-4629-1411-1 More than one of |author= နှင့် |last= specified (အကူအညီ)
  2. "Shinee singer Jonghyun: K-pop boy band superstar dies"၊ BBC News၊ December 18, 2017။ December 18, 2017 တွင် ပြန်စစ်ပြီး 
  3. SHINee Jonghyun Breaks Loose with Creative Artistry in 2015: A Walk Through Two EPs 'Base,' ‘Story Op.1,' A Lyric Novel, Concert SeriesVenture Capital Post (December 17, 2015)။ September 10, 2016 တွင် ပြန်စစ်ပြီး။
  4. Kim Da-hee (April 12, 2016)။ Four K-pop musicians defy 'mass-produced' brandThe Korea Times။ September 10, 2016 တွင် ပြန်စစ်ပြီး။
  5. Lee Da-rae (June 28, 2017)။ 지드래곤의 뒤를 이을 '차세대' 아이돌 작곡가 7인။ Insight Korea။ August 11, 2017 တွင် ပြန်စစ်ပြီး။
  6. Yoon Sung-yeul (April 4, 2013)။ '교통사고' 종현, 코뼈골절진단.."입원 치료 전념" (in ko)။ Star News။ September 11, 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ September 10, 2016 တွင် ပြန်စစ်ပြီး။
  7. Grace Danbi Hong (April 1, 2016)။ SHINee's Jonghyun Involved in Car Accident။ CJ E&M enewsWorld via Mwave။ 31 July 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ September 10, 2016 တွင် ပြန်စစ်ပြီး။
  8. Jeff Benjamin (September 5, 2013)။ SHINee Ask 'Why So Serious?' Without Member JonghyunBillboard။ September 10, 2016 တွင် ပြန်စစ်ပြီး။
  9. Yu၊ Seulki။ "SHINee's Jong Hyun under attack for his support of the sexual minority"၊ DramaFever၊ December 17, 2013။ December 18, 2017 တွင် ပြန်စစ်ပြီး။ Archived from the original on 18 November 2016။ 
  10. Saunders၊ Emmeline။ "Korean superstar Kim Jong-Hyun 'trolled by far-right conservatives' for supporting LGBT fans before apparent suicide"၊ Mirror၊ December 18, 2017။ December 18, 2017 တွင် ပြန်စစ်ပြီး 
  11. Ib၊ Ryuk။ "샤이니월드 vs 일베 ‘일촉즉발’ 분위기? 일베 비방 수위가…" (in ko)၊ Herald Corporation၊ December 18, 2013။ December 19, 2017 တွင် ပြန်စစ်ပြီး 
  12. 경찰 "샤이니 종현, 사망 이틀전 누나에 우울증 호소" (in Korean)။ Naver (18 December 2017)။ 23 December 2017 တွင် ပြန်စစ်ပြီး။
  13. "샤이니 종현,레지던스서 갈탄 자살.."침대와 테이블 사이 방바닥..구토 흔적도" (종합)" (in Korean)၊ Aju Business Daily၊ 2017-12-18။ 2017-12-24 တွင် ပြန်စစ်ပြီး 
  14. Varandani၊ Suman။ "What Is Jonghyun's Cause of Death? K-Pop Band SHINee's Singer Dead"၊ International Business Times၊ December 18, 2017။ December 18, 2017 တွင် ပြန်စစ်ပြီး။ Archived from the original on December 18, 2017။ 
  15. "[Update SHINee's Jonghyun dies in hospital]"၊ The Korea Herald၊ December 18, 2017။ December 18, 2017 တွင် ပြန်စစ်ပြီး။ Archived from the original on December 18, 2017။ 
  16. CCTV에 담긴 종현의 생전 마지막 모습 (in Korean)။ Joins (20 December 2017)။ 24 December 2017 တွင် ပြန်စစ်ပြီး။
  17. "샤이니 종현 사망…서울아산병원 빈소 마련 / SBS" (in Korean)၊ SBS News၊ 2017-12-18။ 2017-12-24 တွင် ပြန်စစ်ပြီး 
  18. ""종현은 두 개의 '나' 사이에서 고민했던 것 같다"" (in Korean)၊ Chosun၊ 2017-12-19။ 2017-12-24 တွင် ပြန်စစ်ပြီး 
  19. "샤이니 종현 숨진 채 발견…"힘들었다, 마지막 인사" 문자" (in Korean)၊ JTBC၊ 2017-12-18။ 2017-12-24 တွင် ပြန်စစ်ပြီး 
  20. "(LEAD) SHINee member Jonghyun dies in apparent suicide: police"။ December 18, 2017 တွင် ပြန်စစ်ပြီး။ Archived from the original on December 18, 2017။ 
  21. Aroesti၊ Justin McCurry Rachel။ "Lead singer of South Korean boy band Shinee dies"၊ The Guardian၊ December 18, 2017။ December 18, 2017 တွင် ပြန်စစ်ပြီး 
  22. France-Presse၊ Agence။ "SHINee's Jonghyun joins ill-fated '27 Club'" (in en-US)၊ ABS-CBN News။ 2017-12-21 တွင် ပြန်စစ်ပြီး 
  23. Binding၊ Lucia။ "27 Club: K-pop star Jonghyun reveals reason for suicide in heart-breaking farewell note" (in en)၊ International Business Times UK၊ 2017-12-19။ 2017-12-21 တွင် ပြန်စစ်ပြီး 
  24. "K-Pop Star's Suicide Makes Him Part of Infamous '27 Club'"၊ News18။ 2017-12-21 တွင် ပြန်စစ်ပြီး 
  25. Jonghyun: Note shows K-pop star's struggles with depression။ BBC (19 December 2017)။ 19 December 2017 တွင် ပြန်စစ်ပြီး။
  26. 경찰, 故샤이니 종현 부검 안해..."스스로 목숨 끊은 듯" (in Korean)။ Naver (19 December 2017)။ 23 December 2017 တွင် ပြန်စစ်ပြီး။
  27. "“작은 한숨 내뱉기도 어려운 하루를 보냈단 걸” 샤이니 종현, 그는…" (in ko-KR)၊ Joins၊ 2017-12-18။ 2017-12-24 တွင် ပြန်စစ်ပြီး 
  28. "Kim Jong-Hyun indicated depression through tattoo"၊ The Jakarta Post၊ 2017-12-21။ 2017-12-25 တွင် ပြန်စစ်ပြီး 
  29. "[엑's 이슈 故종현이 1월 컴백을 직접 발표하지 않은 이유]" (in ko-KR)၊ Expo Sports News၊ 2017-12-20။ 2017-12-24 တွင် ပြန်စစ်ပြီး။ Archived from the original on 23 December 2017။ 
  30. "[스브스타 故 종현이 남기고 간 노래 '환상통'…"사랑하는 사람이 사라진 아픔"]" (in ko-KR)၊ SBS News၊ 2017-12-21။ 2017-12-24 တွင် ပြန်စစ်ပြီး 
  31. 정시내။ "故종현, 신곡 소개하며 '사라져도 너무 슬퍼하지 마라'" (in ko)၊ 이데일리၊ 2017-12-21။ 2017-12-25 တွင် ပြန်စစ်ပြီး။ Archived from the original on 22 December 2017။ 
  32. "Jonghyun: K-pop stars carry SHINee singer's coffin"၊ BBC News၊ December 21, 2017။ December 21, 2017 တွင် ပြန်စစ်ပြီး 
  33. "K-pop stars carry SHINee singer Jonghyun's coffin after suicide"၊ Channel News Asia၊ December 21, 2017။ December 21, 2017 တွင် ပြန်စစ်ပြီး။ Archived from the original on 22 December 2017။ 
  34. Herman၊ Tamar။ "SHINee's Jonghyun Laid to Rest In Private Ceremony"၊ Billboard၊ December 21, 2017။ December 22, 2017 တွင် ပြန်စစ်ပြီး 
  35. "Fans everywhere pay their respects to SHINee's Jonghyun"၊ SBS PopAsia HQ၊ December 19, 2017။ December 25, 2017 တွင် ပြန်စစ်ပြီး 
  36. "Jonghyun, Star K-Pop Producer And Singer, Dead At 27"၊ NPR၊ December 18, 2017။ December 25, 2017 တွင် ပြန်စစ်ပြီး 
  37. "Jonghyun fans take comfort in 'pearl aqua Moon' images"၊ BBC News Asia၊ December 21, 2017။ December 25, 2017 တွင် ပြန်စစ်ပြီး 
  38. 정은지 "故 종현 비보에 눈물..건강한 연예계 됐으면.." (in Korean)။ Naver (20 December 2017)။ 24 December 2017 တွင် ပြန်စစ်ပြီး။
  39. 정은지, 샤이니 종현 비보에 "오보였으면 좋겠단 생각에 눈물" (in Korean)။ Naver (20 December 2017)။ 24 December 2017 တွင် ပြန်စစ်ပြီး။
  40. [芸能]死亡のSHINee・ジョンヒョンさん ソロ曲がチャート1位に (in Japanese)။ Yonhap News (19 December 2017)။ 24 December 2017 တွင် ပြန်စစ်ပြီး။
  41. "'밤도깨비' 측 "故 종현, 촬영분 방송 NO…스페셜로 대체"[공식]" (in ko-KR)၊ Naver၊ 2017-12-21။ 2017-12-24 တွင် ပြန်စစ်ပြီး 
  42. "샤이니 측 "내년 日 공연, 신중히 생각하고 있어"[공식]" (in ko-KR)၊ Naver၊ 2017-12-23။ 2017-12-24 တွင် ပြန်စစ်ပြီး 
  43. "EXO、日本コンサートでSHINee ジョンヒョンさんを追悼「とても恋しく大好きです…永遠に忘れません」" (in Japanese)၊ KStyle News၊ December 23, 2017။ December 23, 2017 တွင် ပြန်စစ်ပြီး 
  44. "少女時代 テヨン、コンサート前にSHINee ジョンヒョンさんを追悼「私の声が聞こえるように歌います」" (in Japanese)၊ KStyle News၊ December 23, 2017။ December 23, 2017 တွင် ပြန်စစ်ပြီး 
  45. "東方神起、東京ドーム公演でSHINee ジョンヒョンさんに追悼のメッセージ「彼を忘れないで」" (in Japanese)၊ KStyle News၊ December 22, 2017။ December 23, 2017 တွင် ပြန်စစ်ပြီး 
  46. "故종현, 라디오로 다시 만난다…'푸른밤' 22일 추모방송" (in Korean)၊ Nate၊ December 20, 2017။ December 23, 2017 တွင် ပြန်စစ်ပြီး 
  47. "Documentary Shows Top K-Pop Singers Behind the Scenes"၊ Chosun Ilbo၊ May 2, 2012။ May 4, 2012 တွင် ပြန်စစ်ပြီး 
  48. Lee၊ Edmund (November 24, 2015)။ Film review: SMTown: The StageSouth China Morning Post။ April 8, 2016 တွင် ပြန်စစ်ပြီး။
  49. Lee Sun-min (January 24, 2014)။ SHINee singer joins MBC radio။ July 19, 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ January 26, 2014 တွင် ပြန်စစ်ပြီး။
  50. 종현 푸른밤 인증샷, 상큼미소+V자포즈 '기쁨만발' (in ko) (February 4, 2014)။ January 23, 2014 တွင် ပြန်စစ်ပြီး။
  51. [공식입장 MBC 측 "샤이니 종현, '푸른 밤' DJ 하차...후임 미정"] (March 9, 2017)။ March 9, 2017 တွင် ပြန်စစ်ပြီး။
  52. Kim Yu-jin (November 12, 2015)။ SHINee Jonghyun's book to be released။ August 2, 2016 တွင် ပြန်စစ်ပြီး။
  53. Ahn Sung-mi (October 16, 2015)။ Jonghyun to go live ahead of first solo concertKpop Herald။ July 18, 2016 တွင် ပြန်စစ်ပြီး။
  54. Ahn Woo-rim (October 19, 2016)။ Jonghyun Throws His Solo Concerts in Seoul and Busan။ BNT News။ October 20, 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ October 20, 2016 တွင် ပြန်စစ်ပြီး။
  55. 샤이니 종현·이진우, 라디오부문 우수상 (in ko)။ Chosun (December 29, 2015)။ July 18, 2016 တွင် ပြန်စစ်ပြီး။
  56. 30th Golden Disk Awards EXO and Shinee (January 21, 2016)။ January 28, 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ January 22, 2014 တွင် ပြန်စစ်ပြီး။
  57. Mnet Asian Music Awards official website။ July 19, 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။

ပြင်ပလင့်[ပြင်ဆင်ရန်]