ရှဲ့ခွိန်းဆန်း

ဝီကီပီးဒီးယား မှ
(Xie Kunshan မှ ပြန်ညွှန်းထားသည်)
ရှဲ့ခွိန်းဆန်း
အလုပ်အကိုင်နှုတ်ခြေပန်းချီဆရာ
နိုင်ငံလူမျိုးတမ်းပလိတ်:တရုတ်
ပညာရေးထိုင်ပေမြို့ လိကျင့် အထက်တန်းဆင့်အလယ်တန်းကျောင်း တွဲဖက် အဆင့်မြင့် လေ့ကျင့်ရေးကျောင်း
ထင်ရှားသည့်လက်ရာများကျွန်တော်က ရှဲ့ခွိန်းဆန်း
《我是謝坤山》
အိမ်ထောင်ဖက်လင်ယယ်ကျိန်း(林也真)
သားသမီးသမီး ၂ ဦး၊ မုမုနှင့် ပေ့ပေ့

ရှဲ့ခွိန်းဆန်း သည် ထိုင်ဝမ်၊ ထိုင်တုံးသား ဖြစ်ပြီး၊ အားပြင်းလျှပ်စစ်ဓာတ် အလိုက်ခံရသောကြောင့် လက်အစုံနှင့် ညာခြေကို ဆုံးရှုံးကာ၊ ထို့နောက်တွင်လည်း မမျှော်လင့်ဘဲ ညာမျက်စိ အမြင်အာရုံကို ထပ်မံ ဆုံးရှုံးရသည်။ နောက်ပိုင်းတွင် နှုတ်ခြေပန်းချီဆရာ တစ်ဦး ဖြစ်လာသည်။ မိမိအတ္ထုပ္ပတ္တိ ဖြစ်သော ကျွန်တော်က ရှဲ့ခွိန်းဆန်း (我是謝坤山) ကို ထုတ်ဝေပြီး၊ ချီကျီတာ့အိုက် ရုပ်သံလိုင်းက ရှင်းလင်ဟောင်ဆို ဟူသော ရှဲ့အကြောင်းမှတ်တမ်းတင်သည့် ဖြစ်ရပ်မှန် ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးရာ ပါဝင်ခဲ့သည်။

ဘဝအတွေ့အကြုံ[ပြင်ဆင်ရန်]

ရှဲ့ခွိန်းဆန်းကို ထိုင်တုံး၌ မွေးဖွားသည်။ ဖခင် ရှဲ့ဆူ၊ မိခင် ကျန်းကွေ့ဟွား ဖြစ်သည်။ မူလတန်းဆင့် အောင်မြင်ပြီးနောက် တိစာစက်ရုံ၌ အလုပ်လုပ်ရာ၊ ကိုယ်ကာယ သန်စွမ်းကြံ့ခိုင်သည်။

မိသားစုမှာ ဆင်းရဲနွမ်းပါးလှသဖြင့်၊ မူလတန်းမှ ဆက်မတက်။ ကျောင်းနားပြီး၊ ဆောက်လုပ်ရေးလုပ်သား ဝင်လုပ်သည်။ ၁၉၇၄ ဝယ်၊ ရှဲ့သည် စက်ရုံပြင်ဘက်တွင် မတော်တဆ ဖြစ်ပွားလေသည်။ ရှဲ့ကို အပေါ်ဆင့်မှ လုပ်သားတစ်ယောက်က သံချောင်း လှမ်းပေးသည်။ မမျှော်လင့်ဘဲ သံချောင်းတွင် ရုတ်တရက် အားပြင်းလှသော ဗို့အား ၃၃၀၀ ရှိ လျှပ်စစ် စီးဝင်သွားကာ၊ ဓာတ်လိုက်လေတော့သည်။ သို့နှင့် ခြေလက်အင်္ဂါများ ဖြတ်တောက်လိုက်ရသည်။

နို့၊ ရှဲ့ခွိန်းဆန်း လောကဓံကို အဆုံးတိုင် လက်လျှော့ အရှုံးမပေး၊ စုတ်တံကို ပါးစပ်ဖြင့် ကိုက်ကာ ပန်းချီဆွဲ လေ့ကျင့်သည်။[၁] မိခင်ကလည်း မပြတ်တမ်း အားပေး၊ ဓာတ်လိုက်ပြီးနောက် လက်ခြေမရှိသူများအတွက် နေ့စဉ်ဘဝ လိုအပ်မည့် အသုံးအဆောင်ပစ္စည်းကိရိယာများကို မိမိဘာသာ တီထွင်ရာ၊ နုရင်ဘတ် တီထွင်ပြပွဲဝယ် ငွေတံဆိပ်ဆု ရရှိလေသည်။[၂]

နို့၊ ရှဲ့ခွိန်းဆန်းသည် နှမဖြစ်သူကို စာအုပ်ဖုံး ချုပ်ခိုင်းနေစဉ်၊ ညာမျက်လုံး မတော်တဆ ထိခိုက်သဖြင့်၊ မျက်ကြည်လွှာ ကွာကျပြီး အမြင်အာရုံ ဆုံးရှုံးလေသည်။

၁၉၈၀ တွင်၊ ရှဲ့ခွိန်းဆန်း ကျောင်းပြန်တက်ပြီး၊ အလယ်တန်းနှင့် အထက်တန်းပညာရေးကို အောင်မြင်သည်။ ထိုအတောအတွင်း လင်ယယ်ကျိန်းကို တွေ့၍ အိမ်ထောင်ပြုလိုက်သည်။ သမီးနှစ်ဦး မွေးသည်။ ထိုင်ဝမ်တွင် နာမည်ရ နှုတ်ခြေပန်းချီဆရာဟူ၍လည်းကောင်း၊ စာဟောဆရာဟူ၍လည်းကောင်း လူသိများ ထင်ရှားလာသည်။[၃]

[၄][၅] ရှဲ့သည် ကိုယ်ရေးအတ္ထုပ္ပတ္တိ ခြေတဖက်ရဲ့ တန်ဖိုး ကို ထုတ်ဝေသည်။ ရှဲ့ခွိန်းဆန်း ပြခန်းကိုလည်း အများပြည်သူရှေ့ ပြသသည်။ ချီကျိတာ့အိုက် ရုပ်သံလိုင်းက ပြသော အပိုင်း ၃၀ ပါ မှတ်တမ်းရုပ်သံမှာလည်း ပါဝင်သည်။ ကျောင်းများ၊ ကုမ္ပဏီများ၊ လုပ်ငန်းများ၊ ယုတ်စွအဆုံး ထောင်များကပါ သူ့ကို ဖိတ်ကြား၍ ဟောပြောပွဲ လုပ်ကြသည်။

ပုံနှိပ်[ပြင်ဆင်ရန်]

  • ရှဲ့၏ ဘဝဇာတ်ကြောင်းကို ထိုင်ဝမ်အထက်တန်းဆင့် အလယ်တန်း အင်္ဂလိပ်စာ ဖတ်စာအုပ်၌ ထည့်သွင်းပြဋ္ဌာန်းသည်။
  • ၂၀၀၃ တွင်၊ ရီးဒါးဒိုင်ဂျက်၌ သူ ရုန်းကန်လှုပ်ရှား ကြိုးစားပုံအကြောင်း ဆောင်းပါး ဖော်ပြလိုက်ရာ၊ ကမ္ဘာတဝှမ်း လူသိများသွားသည်။[၆]
  • ကျွန်တော်က ရှဲ့ခွိန်းဆန်း ဟူသော အတ္ထုပ္ပတ္တိမှာ ၂၀၀၃ မေလတွင် ဝိန်ဟွေ့ပုံနှိပ်တိုက်မှ ထုတ်ဝေသည့် ဓာတ်ပုံပါ စာအုပ် ဖြစ်သည်။

ဂုဏ်ပြု[ပြင်ဆင်ရန်]

  • ၃၄ ကြိမ် တပြည်လုံး ထင်ရှားကျော်ကြား လူငယ် ၁၀ ယောက် (၁၉၉၆)

ရှုရန်[ပြင်ဆင်ရန်]

ကိုးကားမော်ကွန်း[ပြင်ဆင်ရန်]

  1. 關於藝術家 : 謝坤山www.chan-mei.com.tw။ 長美藝術股份有限公司။ 8 January 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2017-06-12 တွင် ပြန်စစ်ပြီး။
  2. https://tw.news.yahoo.com/%E8%AC%9D%E5%9D%A4%E5%B1%B1%E8%B5%B0%E9%81%8E%E7%94%9F%E5%91%BD%E8%BD%89%E5%BD%8E%E8%99%95-%E9%96%8B%E5%95%9F%E4%BA%BA%E7%94%9F%E6%96%B0%E5%A5%91%E6%A9%9F-084124559.html
  3. 慈濟基金會။ "謝坤山 - 創作生命中不平凡的色彩" (in zh-tw)။ 2017-06-12 တွင် ပြန်စစ်ပြီး [လင့်ခ်သေ]
  4. "「活出生命的色彩」 謝坤山於國父紀念館分享—如何活出生命的色彩"၊ 中央社訊息平台။ 2017-06-12 တွင် ပြန်စစ်ပြီး။ Archived from the original on 9 August 2015။ 
  5. "不放棄 謝坤山勇敢築夢" (in zh-TW)။ 2017-06-12 တွင် ပြန်စစ်ပြီး 
  6. 文汇出版社专区 凤凰网။ 2018-07-05 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2018-07-05 တွင် ပြန်စစ်ပြီး။

ကိုးကားစာအုပ်[ပြင်ဆင်ရန်]

  • 佚名 (2007-09-01)။ "〈无手画家谢坤山〉"။ 《青年文摘》။ 北京市朝阳区: 中国青年出版社။ pp. 143–146။ ISBN 978-7-5006-6471-0

ကိုးကား[ပြင်ဆင်ရန်]