Wikipedia:လက်ဖက်ရည်ဆိုင် (အထွေထွေ)

ဝီကီပီးဒီးယား မှ
(Wikipedia:VPM မှ ပြန်ညွှန်းထားသည်)
Jump to navigation Jump to search
 ဝေါဟာရ နည်းပညာ အဆိုပြုချက်များ အိုင်ဒီယာ အထွေထွေ 
အတိုကောက်များ:
လက်ဖက်ရည်ဆိုင်၏ အထွေထွေ ဆွေးနွေးခန်းသည် အခြားသော ဆွေးနွေးခန်းကဏ္ဍများနှင့် မကိုက်ညီသည့် ဆွေးနွေးချက်များ ရေးသားဆွေးနွေးရန် ဖြစ်သည်။ အကယ်၍ ဤနေရာထက်စာလျှင် ပိုမိုသင့်လျော်မှုရှိပါက မူဝါဒနည်းပညာ၊ သို့မဟုတ် အဆိုပြုချက်များ စာမျက်နှာများတွင်၊ သို့မဟုတ် – အထောက်အကူအတွက် – အကူအညီ စားပွဲ တို့တွင် ကျေးဇူးပြု၍ ဆွေးနွေးပါ။ အထွေထွေ ဗဟုသုတဆိုင်ရာ မေးခွန်းများအတွက် အမေးအမြန်း စားပွဲကို အသုံးပြုပါ။
« ဆွေးနွေးချက် အဟောင်းများ,


မြန်မာတို့၏ လက္ဖ်ရည်စကားဝိုင်း[ပြင်ဆင်ရန်]

မြန်မာတို့သည် လက္ဖ်ရည်ဆိုင်ထိုင်သော အလေ့အကျင့်ကို ကိုလိုနီခေတ်မှာပင် စတင်ခဲ့ခြင်းဖြစ်သည်။ ထိုစဥ◌်အခါက ဘီးလတ်ရည်ဟု သုံးနှုန်းခဲ့ကြရာမှ ယခုအခါ လက်ဖက်ရည်ဟု ခေတ်ကာလ အကူးအပြောင်းအောင်တွင် ပြောင်းလဲခေါ်ဝေါသုံးစွဲလာခြင်းဖြစ်သည်။ 

မြန်မာတို့သည် ရှေ့ယခင်က လက်ဖက်ရည်ဆိုလျှင် လက်ဖက်ရွက်ကိုအခြောက်ခံ၍ ရေကိုဆူပွက်အောင်ကြိုချက်ကာ ထည့်၍သောက်သောအရည်ကို လက်ဖက်ရည်(ဖန်ခါးရည်)ဟု သုံးစွဲခဲ့ခြင်းလည်းရှိသည်။ (ယခုအချိန်ထိပင် အချို့သော ဒေသများတွင် သုံးစွဲလျှက်ရှိနေဆဲပင်ဖြစ်ပါသည်။) လက်ဖက်ရည်ဆိုင်ထိုင်သော ယဥ◌်ကျေးမှုတစ်ရပ်ကို ဖွံ့ဖြိုးပြီး မြို့ပြယဥ◌်ကျေးမှုဟု ဆိုပါလျှင် လွန်မည်မထင်ပါ။ အဘယ်ကြောင့်ဆိုသော် လက်ဖက်ရည်ဆိုင်ထိုင်သော အလေ့အထကို မြို့နေလူထုများအကြား ပိုမိုတွေ့ရှိနေရခြင်းကြောင့်ဖြစ်သည်။ ထိုလက်ဖက်ရည်ဆိုင်တွင် မိတ်ဆွေ၊ အပေါင်းအသင်း၊ သူငယ်ချင်းများ စုပေါင်းကာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိသဖြင့်ရောက်တတ်ရာရာ (အားသန်ရာကို) ပြောဆိုကြရင်းဖြင့် တစ်နေ့တာပင်ပန်းမှုတို့ကို အပန်ဖြေလေ့ရှိကြပါသည်။ မြို့ပြလူမှုအစဥ◌်အလာတစ်ရပ်မှ အခြားသော ကျေးရွာများထိတိုင် ကူးဆက်ကာ ယနေအခါတွင် မြန်မာနိုင်ငံအနှံ့အပြားတွင် လက်ဖက်ရည်ဆိုင်ကြီးများကို တွေ့မြင်ကြရပေမည်။ အဆင့်မြင့်လက်ဖက်ရည်ဆိုင်များသည် မြန်မာနိုင်ငံအနှံ့အပြား တောရော မြို့ပါမကျန် ထွန်းကားလျှက်ရှိသည်။ ထိုအစဥ◌်အလာသည် ကောင်းသည်များရှိသကဲ့သို့ ဆိုသည်များလည်းရှိသည်။ အကောင်းနှင့်အဆိုး တွဲလျှက်ရှိသော လူမှုအဆောက်အအုံထဲတွင် လက်ဖက်ရည်ဆိုင်စကားဝိုင်း ယဥ◌်ကျေးမှုသည်လည်း တစ်ခုအပါအဝင်ဟု ပြောရပေမည်။ လက်ဖက်ရည်ဆိုင်တွင် ယနေ့ လူငယ်၊ လူရွယ်များ ဂိတ်ဆော့ကြခြင်းဖြင့် အချိန်ကုန်နေကြသည်။ မိမိအနေဖြင့် ထိုသို့ အချိန်ကုန်ဆုံးနေသည်ကို လွန်စွာနှမြောမိသည်။ အချိန်သည် လူ၏တန်ဖိုးဖြစ်သည့်အားလျှော်စွာ အချိန်သည် ပြန်လည်ဝယ်ယူ၍မရသော တစ်ခုတည်းသော သဘာဝ၏ တန်ဖိုးဖြစ်ခြင်းကြောင့်ပင်။ ထို့အတူ ရှု့ထောင့်တစ်ခုမှ ပြောင်း၍ကြည့်မည်ဆိုပါလျှင် ရှေ့ယခင်ကထက် လူငယ်များသည် ပို၍စုစုစည်းစည်းဖြစ်လာကြသည်။ ထိုမှတစ်ဖန် အကောင်းဘက်သို့ ဦးတည်ပြောင်လဲသွားပါလျှင် နိုင်ငံတော်သည် ခေတ်မှီဖွံ့ဖြိုးသော နိုင်ငံတစ်နိုင်ငံသို့ရောက်အောင် အဆိုပါလူငယ်၊ လူရွယ်များက တွန်းတင်ပေးနိူင်မည်လည်းဖြစ်သည်။ ဒါကြောင့် လူငယ်တို့ စုစုစည်းစည်းရှိသော လက်ဖက်ရည်ဆိုင်ကြီးများတွင် ရွေ့လျားစာကြည့်တိုက်များထားသင့်သည်။ ထိုသည်က တံခါးပိတ်ထားသော စာကြည့်တိုက်ထက်ပို၍ကောင်းလိမ့်မည်ဟု ယုံကြည်ပါသည်။ တစ်နည်းအားဖြင့် လူငယ်တို့ရှိသော နေရာများသို့ အလင်းတံခါးပေါက်များ ထားရှိရန်အကြံပြုလိုခြင်းလည်းဖြစ်သည်။


--Nay Wun Thit Insein (ဆွေးနွေး) ၀၉:၃၀၊ ၁၄ ဒီဇင်ဘာ ၂၀၁၉ (UTC)နေဝန်းသစ်(အင်းစိန်)