ဝီကီပီးဒီးယား:ဖိုင်မူပိုင်ခွင့် စာတွဲများ

ဝီကီပီးဒီးယား မှ
(ဝီကီပီးဒီးယား:TAGS မှ ပြန်ညွှန်းထားသည်)

ဝီကီပီးဒီးယားသည် မူပိုင်ခွင့် ဥပဒေနှင့် ပတ်သက်၍ အထူးအလေးထား ဆောင်ရွက်သည်။ ဖိုင်ဖော်ပြချက် စာမျက်နှာများတွင် ဖိုင်၏ လိုင်စင်နှင့် ရင်းမြစ်များဖြင့် စာတွဲပြုလုပ်ထားသည်။ ထိုသို့ ပြုလုပ်ထားခြင်းဖြင့် ဖတ်ရှုသူများ၊ ဝီကီပီးဒီးယန်းများ၊ အိုင်ပီလိပ်စာများနှင့် ဆင့်ပွားဖန်တီးသူများအနေဖြင့် ကျွန်ုပ်တို့၏ စွယ်စုံကျမ်းရှိ ဖိုင်များအတွက် ဆောင်ရန်၊ ရှောင်ရန်များကို အလွယ်တကူ သိရှိစေနိုင်သည်။

လမ်းညွှန်ချက်များ[ပြင်ဆင်ရန်]

  • ဝီကီပီးဒီးယား၏ ပုံအသုံးပြုခြင်း မူဝါဒအရ "အခမဲ့"ဖြစ်သည်ဟု ယူဆနိုင်သော ပုံတစ်ပုံတွင် လိုင်စင်သည် စီးပွားရေးအရ ပြန်လည် အသုံးပြုခြင်းနှင့် ဆင့်ပွားဖန်တီးမှုများကို ခွင့်ပြုပေးရမည်။
  • ဝီကီပီးဒီးယား (နှင့် ဝီကီမီဒီယာ ပရောဂျက်များအားလုံး) သည် "အခမဲ့" ဖိုင်များကို ပိုမို အားပေးသည်။ အခမဲ့ဖြစ်သော ဖိုင် မရရှိနိုင်သည့် အခြေအနေတွင် အခမဲ့ မဟုတ်သော (မူပိုင်ခွင့်ဖြင့် ကာကွယ်ထားသော) ဖိုင်များကို "တရားမျှတစွာ အသုံးပြုခြင်း" ကန့်သတ်ချက်ဖြင့် အသုံးပြုနိုင်ရန် ရံဖန်ရံခါတွင် ခွင့်ပြုသည်။ အမေရိကန်ပြည်ထောင်စုတွင် တရားမျှတစွာ အသုံးပြုခြင်းသည် မူပိုင်ခွင့်ဖြင့် ကာကွယ်ထားသည်များကို အခြေအနေအချို့တွင် အသုံးပြုခြင်းဖြစ်ပြီး ဥပဒေက ခွင့်ပြုထားသည်။ ဝီကီပီးဒီးယားတွင် ဥပဒေအရ ခွင့်ပြုထားသည်ထက် ပိုမိုတင်းကြပ်သော ကိုယ်ပိုင်သတ်မှတ်ချက်များ ရှိသည်။
  • ယေဘုယျအားဖြင့် အခမဲ့ ဖိုင်အများစုကို ဝီကီပီးဒီးယားတွင် လွှင့်တင်ခြင်းထက် Wikimedia Commons တွင် လွှင့်တင်သင့်သည်။ (ထိုသို့ပြုခြင်းသည် ဖိုင်များကို ဝီကီပီးဒီးယားတွင်သာမက အခြားသော ဝီကီမီဒီယာ ပရောဂျက်များတွင်ပါ အသုံးပြုနိုင်သည်။) ပုံတင်နိုင်ရန်အတွက် သင့်အကောင့်၏ သက်တမ်းသည် အနည်းဆုံး လေးရက် ရှိရမည် ဖြစ်သည်။ Commons တွင် တရားမျှတစွာ အသုံးပြုခြင်းကို ခွင့်မပြုပေ။ သို့သော် အခမဲ့မဟုတ်သော ဖိုင်များကို မြန်မာဝီကီပီးဒီးယားတွင် အချို့ အခြေအနေများအတွက် ခွင့်ပြုထားသည်။
  • မူပိုင်ခွင့် နှင့် လိုင်စင်စာတွဲများကို တစ်ပါတည်း ထည့်သွင်းသင့်သည်။
  • စာတွဲနှင့်အတူ ရင်းမြစ် သို့မဟုတ် မူပိုင်ခွင့် ထိန်းသိမ်းသူ အချက်အလက်များကိုလည်း ထည့်သွင်းပေးရမည် ဖြစ်ပြီး ရနိုင်သမျှ အသေးစိတ်အချက်အလက်များ ထောက်ပံ့ပေးနိုင်သည်။
  • အကယ်၍ ဖိုင်သည် ပုံမှန်လိုင်စင်တစ်ခုအောက်တွင် မရှိပါက လိုင်စင် အမှန်ကို ကျေးဇူးပြု၍ ဖော်ပြပေးပါ။
  • အကယ်၍ ဖိုင်တစ်ဖိုင်အတွက် ကဏ္ဍအများအပြား ကိုက်ညီပါက အားလုံး ထည့်သွင်းပေးပါ။

ဖိုင်မူပိုင်ခွင့် စာတွဲများ စာရင်း[ပြင်ဆင်ရန်]

မှတ်ချက်။ ဖိုင်တစ်ဖိုင်ကို အမည်မတပ်ထားသော လိုင်စင်ဖြင့် ဖြန့်ချိထားပါက သို့မဟုတ် လိုင်စင်သည် အပေါ်တွင် ပြထားသော လင့်ခ်များတွင် မပါဝင်သော်လည်း ယင်းဖိုင်သည် ဝီကီပီးဒီးယားတွင် သင့်လျော်နေနိုင်သည်။ ယေဘုယျကျသော မူပိုင်ခွင့် စာတွဲများကို မူပိုင်ခွင့် တမ်းပလိတ် ကဏ္ဍတွင် တွေ့နိုင်ပါသည်။

ပုံဖန်တီးသူများအတွက်[ပြင်ဆင်ရန်]

အကယ်၍ သင်သည် ဖိုင်တစ်ဖိုင်ကို ဖန်တီးသူတစ်ဦး ဖြစ်ပါက လက်ခံနိုင်သော အခမဲ့ လွတ်လပ် လိုင်စင်တစ်ခုကို သင့်အနေဖြင့် ရွေးချယ်နိုင်ပါသည်။ သင် အလိုရှိပါက သင့်ဖိုင်အား မတူညီသော လိုင်စင်များဖြင့် သတ်မှတ်နိုင်သည်။ လိုင်စင်သည် စီးပွားရေးအရ ပြန်လည်အသုံးပြုခြင်း နှင့် ဆင့်ပွားဖန်တီးမှုများကို မကန့်သတ်ထားရပါ။

GNU Free Documentation
License
{{GFDL-self}} Written by the Free Software Foundation. People are required to attribute the work to you, and if they make changes or incorporate your work in their work, they are required to share their changes or work under the same license.
Creative Commons Attribution-ShareAlike
{{cc-by-sa-4.0|details}}
This is one of several CC licenses. This version permits free use, including commercial use; requires that you be attributed as the creator; and requires that any derivative creator or redistributor of your work use the same license. The desired attribution text should be included as a parameter in the template.
Attribution
{{cc-by-4.0|details}}
Similar to the above, but does not require that derivative works use the same license.
Free Art license {{FAL}} A copyleft license for artwork; modification and commercial use are allowed, provided derivative works carry the same license.
Attribution {{Attribution}} The copyright holder allows anyone to use it for any purpose, provided that the copyright holder is properly attributed.
Copyrighted Free Use {{CopyrightedFreeUse-Link
 | [http://... Your website] }}
Same as above, but attribution is not required. However, as a courtesy, you would appreciate a link back to Your website.
Public domain {{PD-self}} ဖန်တီးသူမှ ဖန်တီးမှုအတွက် မူပိုင်ခွင့် အားလုံးကို ထာဝရ စွန့်လွှတ်သည်။
{{Wikipedia-screenshot}} ဝီကီပီးဒီးယား စာမျက်နှာ screenshot များအတွက်။


ဆက်စပ်ကြည့်ရှုရန်[ပြင်ဆင်ရန်]