အကူအညီ:စာမျက်နှာ ရာဇဝင်

ဝီကီပီးဒီးယား မှ
(ဝီကီပီးဒီးယား:PAGEHIST မှ ပြန်ညွှန်းထားသည်)

ဆောင်းပါး တစ်ပုဒ်၏ မှတ်တမ်းဆိုသည်မှာ စတင်ရေးသားသော သူမှ မိမိကိုယ်တိုင် ပြင်ဆင်ချိန်အထိကို မှတ်တမ်းတင်ထားသော စာမျက်နှာဖြစ်သည်။ အကယ်၍ တစ်ဦးတစ်ယောက်သည် ဆောင်းပါးတစ်ပုဒ်အား ဖျက်ဆီးပစ်သည် သို့မဟုတ် ဆောင်းပါးတွင် ပါဝင်သော အကြောင်းအရာ အချို့အား ပြောင်းလဲပြင်ဆင်သွားခဲ့သည် ရှိသော် ပြန်လည်ပြင်ဆင်နိုင်ရန်အတွင် Undo ကို နိုပ်၍ ပြင်ဆင်နိုင်ပါသည်။ သို့သော် ထိုခလုတ်မှာ ဆောင်းပါးပြင်ဆင်မှု ၂ ခုကိုသာ အပြောင်းလဲပေးနိုင်သည်။ ၂ ခုထက် ပိုသော ပြင်ဆင်မှုများ အတွက်ကိုမူ ပြောင်းလဲပေးနိုင်ခြင်း မရှိချေ။ အကယ်၍ သင်သည် တပါးသူ ပြင်ဆင်ထားမှုအား ကြိုက်နှစ်သက်ခြင်း မရှိပါက Undo ခလုတ်ကို နိုပ်ပါ။ ထိုအခါ ယခင်လူပြင်ဆင်သွားသော နေရာများအား အနီရောင်စာလုံးများအား အဝါရောင် နောက်ခံဖြင့် ပြသထားသည်။ယခင်မူလ စာသားများအား နို့စိမ်းရောင်နောက်ခံနှင့် အနီရောင် စာသားများဖြင့် ပြသထားပေးသည်။ အကယ်၍ သင်သည် ပြင်ဆင်သွားသူ၏ စာသားများအား မကြိုက်ပါက သိမ်းပါခလုပ်ကို နှိပ်ခြင်းဖြင့် နဂိုမူလ စာသားများအား ပြန်လည်ရယူနိုင်သည်။ ဤနည်းမှာ အသစ် တဖန်ပြန်ရေးရန်မလိုသော နည်းဖြစ်သည်။