ဝီကီပီးဒီးယား:ဖိုင်အမည်များ

ဝီကီပီးဒီးယား မှ
(ဝီကီပီးဒီးယား:FMV/W မှ ပြန်ညွှန်းထားသည်)

ဝီကီပီးဒီးယား ဖိုင်အမည်များ သည် ရှင်းလင်းပြီး လက်တွေ့ကျသည့် အမည်များ ဖြစ်သင့်ပြီး အလွန်အမင်း ရှည်လျားမနေစေသင့်ပါ။ စာဖတ်သူများအား ပုံအမည်သည် များစွာမသက်ရောက်စေသော်လည်း (ဖော်ပြချက် စာမျက်နှာ သို့ ပုံပေါ်တွင် ကလစ်နှိပ်ခြင်းဖြင့် ရောက်ရှိနိုင်သည်) တည်းဖြတ်သူများအပေါ်တွင် သက်ရောက်မှု ရှိသည်။ ပုံများသည် ဖတ်ရလွယ်ကူပြီး ရှင်းလင်းသည့် အမည်ဖြစ်ပါက စွယ်စုံကျမ်းကို ပြင်ဆင်ထိန်းသိမ်းခြင်းနှင့် အခြားသော တည်းဖြတ်သူများအား အကူအညီ ဖြစ်စေနိုင်သည်။ ဥပမာအားဖြင့် "File:Skyline Frankfurt am Main.jpg" အမည်သည် "File:14004096 200703230833355477800.jpg" ထက် ပိုမိုလွယ်ကူ အထောက်အကူဖြစ်သည်။

ပုံများ သို့မဟုတ် အခြား မီဒီယာများအား မတော်တဆ ထပ်ရေးမိခြင်း မဖြစ်စေရန် အလွန်ယေဘုယျကျသော ဖိုင်အမည်များကို upload တင်ရာတွင် အသုံးမပြုသင့်ပေ။ ဥပမာ အယ်လ်ဘမ်တစ်ခု၏ အမည်အား "File:Cover.jpg" ဟူ၍ မပေးသင့်ပေ။ သိပ်မကြာမီ တစ်စုံတစ်ဦးက ထိုအမည်အတိုင်း ကြိုးစားတင်ခြင်းနှင့် တွေ့ကြုံနိုင်ကာ ပုံအဟောင်းအပေါ်တွင် ထပ်မံတင်မိခြင်း ဖြစ်သွားစေနိုင်သည်။ ပုံအသစ်သည် ပုံအဟောင်းအား အသုံးပြုထားသည့် နေရာတွင် ပေါ်လာမည်ဖြစ်သဖြင့် အယ်လ်ဘမ်ဆောင်းပါးတစ်ခုတွင် မှားယွင်းသည့် အယ်လ်ဘမ်ပုံပြသနေခြင်း ဖြစ်သွားနိုင်သည်။

ကောင်းမွန်သော ပုံအမည်များ[ပြင်ဆင်ရန်]

ကောင်းမွန်သော ဖိုင်အမည် နမူနာများ

"City of London skyline from London City Hall - Oct 2008.jpg"
"KDE Kicker config screenshot.png"
"1863 Meeting of Settlers and Maoris at Hawke's Bay, New Zealand.jpg"
"Polyhedron with no vertex visible from center.png"

ဆိုးရွားသည့် ဖိုင်အမည် နမူနာများ

"Image01.png"
"Joe.jpg"
"DSC00001.JPG"
"30996951316264l.jpg"

ခွင့်မပြုထားသော ပုံအမည်များ[ပြင်ဆင်ရန်]

ပုံအမည်များအား စာမျက်နှာကာကွယ်ခြင်း သို့မဟုတ် ခေါင်းစဉ်အမည်မည်းထည့်သွင်းခြင်း တို့ဖြင့် တားမြစ်ထားသည်။ ခေါင်းစဉ်တွင် အချို့သော စာလုံးသင်္ကေတများအား ပါဝင်နေခြင်းအား နည်းပညာကန့်သတ်ချက်အချို့ ရှိနေသည်။

နည်းပညာဆိုင်ရာ အကန့်အသတ်များ[ပြင်ဆင်ရန်]

နည်းပညာဆိုင်ရာ အကြောင်းပြချက်များအရ ဖိုင်အမည်များတွင် အောက်ပါစာလုံးသင်္ကေတများ ပါဝင်နေခြင်းကို ကန့်သတ်ထားသည်။ # < > [ ] | : { } /  တူညီသော အကြောင်းပြချက်အရ (~~~) ဆက်တိုက်ဖြစ်နေခြင်းကိုလဲ တားမြစ်ထားသည်။

အခြားသော ဝီကီစာမျက်နှာ အမည်များကဲ့သို့ပင် ဖိုင်အမည်များသည်လည်း ပထမစာလုံးမှလွဲ၍ ကျန်စာလုံးများတွင် စာလုံးအကြီးအသေး သတ်မှတ်ချက်ရှိနေသည်။

အမည်မည်းသတ်မှတ်ခြင်း[ပြင်ဆင်ရန်]

တားမြစ်ထားခြင်းကို MediaWiki:Titleblacklist မှတဆင့် ပြုလုပ်နိုင်သလို အမှားစာတိုများမှတဆင့်လည်း ဆောင်ရွက်နိုင်သည်။ ဥပမာအားဖြင့် အသုံးများသည့် ယေဘုယျ ဖိုင်အမည်များ (ဒစ်ဂျစ်တယ် ကင်မရာများမှ အလိုအလျောက် သတ်မှတ်လိုက်သည့် အမည်များ) သည် အမှားစာတို MediaWiki:Titleblacklist-custom-filename ကို ပြသစေလိမ့်မည်။

ယေဘုယျ ဖိုင်အမည်များ[ပြင်ဆင်ရန်]

Placeholder image

အချို့သော ဖိုင်အမည်များကို ယေဘုယျဆန်လွန်းသောကြောင့် upload တင်ခြင်းမှ ကာကွယ်ထားသည်။ ဥပမာ File:Image.jpg, File:Image.png, File:Image.gif နှင့် File:Image.svg တို့ ဖြစ်ကြသည်။

မည်သည့်ဖိုင်များအား အမည်ပြောင်းသင့်သလဲ?[ပြင်ဆင်ရန်]

Wikipedia:ဖိုင်အမည်များ တွင် ဖိုင်အမည်ပြောင်းလဲသင့်သည်များကို ဖော်ပြထားသည်။ ယေဘုယျအားဖြင့် ဝီကီပီးဒီးယား ပြင်ပတွင် ကိရိယာများမှ ဖိုင်များအား သုံးစွဲနေနိုင်ခြင်းကြောင့် ဝီကီပီးဒီးယားသည် တည်ငြိမ်သည့် ဖိုင်အမည်များကို ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်သည်။ လက်ရှိတွင် အောက်ပါ ဖိုင်အမည်ပြောင်းခြင်း ကိုးခုအား ကျယ်ပြန့်စွာ အသုံးပြုနေသည်။

အမှတ်စဉ် ရည်ရွယ်ချက် နမူနာများ (အမည်ဟောင်း) နမူနာများ (အမည်သစ်) အတိုကောက်
1 ပုံတင်သူ မှ တောင်းဆိုခြင်း WP:FNC#1
2 လုံးဝ အဓိပ္ပာယ်မဲ့သော အမည်များအား ပုံတွင် ပါဝင်သည့် အကြောင်းအရာအလိုက် သင့်လျော်သည့် အမည်များသို့ ပြောင်းလဲခြင်း File:22785u9ob807b3c4f4.jpg
File:DSC_1342.jpg
File:Tower_Bridge_2009.jpg
File:Pretoria_Venningpark.jpg
WP:FNC#2
3 အထင်မှားစေသော အမည်များအား တိကျသည့် အမည်များသို့ ပြောင်းလဲခြင်း File:!My_cuTe!!_MOUSSE.JPG
File:1BIGGest_nOSE_everS33n.JPG
File:Dutch_pet_rabbit.jpg
File:John_Doe_at_concert.jpg
WP:FNC#3
4 ယေဘုယျ ဇီဝအမည်များ အား ဘိုင်နိုမီယယ် သိပ္ပံအမည်များသို့ ပြောင်းလဲခြင်း File:Unknown_insect_02.jpg
File:Unidentified_flowers_HFJ.jpg
File:Hogna_radiata_02.jpg
File:Echinops_setifer_Japan.jpg
WP:FNC#4
5 ထင်မြင်သိသာသော ဖိုင်အမည်များရှိ အမှားများအား ပြင်ဆင်ခြင်း (ဥပမာ မှားယွင်းသော တစ်ဦးဆိုင်နာမ်များ သို့မဟုတ် သမိုင်းရက်စွဲအမှားများ) File:Ayres_Rock_3.png
File:Van_Gogh_portrait_1787.jpg
File:Ayers_Rock_3.png
File:Van_Gogh_portrait_1887.jpg
WP:FNC#5
6 ပုံများအစု အတိုင်း လိုက်ဖက်သည့် အမည်များအား (အမည်အားလုံးတွင် အပိုင်းတစ်ခုသာ ကွဲပြားနေခြင်း) တမ်းပလိတ်များအတွင်း သုံးစွဲမှုများအား လျော့ကျစေရန် (ဥပမာ ပုံသင်္ကေတများ၊ စာအုပ်၊ မြေပုံများ၏ စကင်ဖတ်ထားသော စာမျက်နှာများ) File:Bhf-BS-Icon.svg
File:Icon_HST_bs_1.svg
File:Dst_symbol.svg
etc.
File:BSicon_BHF.svg
File:BSicon_HST.svg
File:BSicon_DST.svg
etc.
WP:FNC#6
7 Disambiguate files with overly similar names. The software allows for multiple different files to have the same name, but with different capitalization (see ninja example) or different expressions of the same filetype extension (see bunny example). However, these are not ideal situations. File:Ninja.jpg
File:NINJA.jpg
Also
File:Bunny.jpg
File:Bunny.jpeg
File:Bunny.JPEG
File:Ninja_1.jpg
File:Ninja_2.jpg
Also
File:Bunny_1.jpg
File:Bunny_2.jpg
File:Bunny_3.jpg
WP:FNC#7
8 ချိုးနှိမ်သောအနှောက်အယှက်ဖြစ်စေသော သို့မဟုတ် ရိုင်းပြသော စကားလုံးများအား ဖိုင်ဖော်ပြချက်တွင် မသင့်လျော်သည့်အတွက် ဖယ်ရှားခြင်း File:Stupid fat bitch.jpg
File:Worstpersonever.png
File:Kill that nazi leader.JPG
File:<Name of the person>.jpg
File:<Name of the person>.png
File:<Name of the person>.JPG
WP:FNC#8
9 Commons ဖိုင်အား အရိပ်အယောင်ပြုထားခြင်း သို့မဟုတ် ပြန်ညွှန်းထားခြင်း အား အမည်ပြောင်းခြင်း[၁] File:Dog.jpg
Commons:File:Dog.jpg
File:Golden Retriever.jpg
Commons:File:Dog.jpg
WP:FNC#9

ဖိုင်အား ရွှေ့ပြောင်းပြီးပါက ကျေးဇူးပြု၍ ဖိုင်အဟောင်းလင့်ခ်နေရာတွင် အသစ်ဖြင့် သုံးစွဲထားသမျှအားလုံးတွင် အစားထိုးပါ

အကယ်၍ မြန်မာဝီကီပီးဒီးယားရှိ ဖိုင်တစ်ခုအမည်သည် Commons ရှိ ဖိုင်အမည်နှင့် ဝိရောဓိဖြစ်နေပါက အမည်ပြောင်းလဲရန် မစဉ်းစားမီ ကျေးဇူးပြု၍ File usage on other wikis ကို ကြည့်ရှုစစ်ဆေးပါ။ Commons ရှိ ဖိုင်တစ်ခုအား အမည်ပြောင်းလဲပါက ပရောဂျက် ၅၀၀ ကျော်တွင် အကျိုးသက်ရောက်မှု ရှိစေနိုင်ပါသည်။

အကယ်၍ ဖိုင်အား WP:FNC#9 အရ ရွှေ့ပြောင်းခဲ့ပါက လင့်ခ်အားလုံးကို ပြင်ဆင်ပြီးပါက {{Db-redircom}} ကို ကျေးဇူးပြု၍ ကျန်ရစ်သော ဖိုင်ပြန်ညွှန်းတွင် ထည့်သွင်းပါ။ သို့မဟုတ် ကျန်ရစ်သော ပြန်ညွှန်းကို {{Db-redircom}} မှ ထုတ်ပေးသည့် အကျဉ်းချုပ်ကို အသုံးပြုပြီး ဖျက်ပါ (စီမံခန့်ခွဲသူများ)။ နောက်ထပ် အချက်အလက်များအတွက် ကျေးဇူးပြု၍ အလျင်အမြန်ဖျက်ရန် သတ်မှတ်ချက် G6 ကိုကြည့်ပါ။

မည်သည့်ဖိုင်များအား အမည်မပြောင်းသင့်ဘူးလဲ?[ပြင်ဆင်ရန်]

အခြေခံသဘောအရ တည်ရှိရာနေရာတွင် သုံးစွဲသော ယေဘုယျအမည်ရှိ ဖိုင်များအား အနည်းငယ် ကောင်းမွန်သည့် အမည်များ ရှိနေလျှင်တောင်မှ အမည်မပြောင်းဘဲ ထားပါ။ ဥပမာ

  1. File:TowerBridge'09.jpg အား File:Tower_Bridge_2009.jpg အမည်သို့ မပြောင်းလဲသင့်ပါ။
  2. File:Thiswouldbebetterwithspaces.jpg အား File:This would be better with spaces.jpg အမည်သို့ မပြောင်းလဲသင့်ပါ။

သို့သော်လည်း ရှုပ်ထွေးစေနိုင်သည့် အခြေအနေဖြစ်ပေါ်လာစေနိုင်ခြင်းအား ရှောင်ရှားရမည်။

ဆက်စပ်ကြည့်ရှုရန်[ပြင်ဆင်ရန်]

  1. ဒေသဆိုင်ရာတွင် အမည်တူဖိုင် တင်ထားခြင်းရှိပါက Commons ရှိ အမည်တူဖိုင်အား အသုံးပြုနိုင်မည် မဟုတ်ပေ။ ဤအကြောင်းပြချက်ဖြင့် Commons ရှိ ပုံအား အမည်ပြောင်းလဲခြင်းကို Commons လမ်းညွှန်ချက်များအရ တင်းတင်းကြပ်ကြပ် ခွင့်မပြုပေ။