ဝီကီပီးဒီးယား:သက်ရှိပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိများ

ဝီကီပီးဒီးယား မှ
(ဝီကီပီးဒီးယား:Biographies of living persons မှ ပြန်ညွှန်းထားသည်)

ဝီကီပီးဒီးယားရှိ မည်သည့် စာမျက်နှာတွင်မဆို သက်ရှိထင်ရှား ပုဂ္ဂိုလ်များအကြောင်း ရေးသားထားသော အချက်အလက်များတွင် တည်းဖြတ်သူများသည် ဂရုပြုဆင်ခြင်ရမည်။ ယင်းကဲ့သို့အကြောင်းအရာများသည် အင်မတန်တိကျမှန်ကန်ရန် လိုအပ်ပြီး ဝီကီပီးဒီးယား၏ ပင်မ မူဝါဒသုံးခုနှင့် ကိုက်ညီရပါမည်။

  1. ဘက်မလိုက်သော အရေးအသား
  2. အတည်ပြု စစ်ဆေးခံနိုင်မှု
  3. ကိုယ်တိုင်ရေး မဟုတ်မှု

ဆောင်းပါးတွင် ပါဝင်သော ရင်းမြစ်များသည် အဆင့်အတန်း မြင့်မားရသည်။ မည်သည့် ကိုးကားစာသားမဆို စိတ်ချယုံကြည်ရသော ရင်းမြစ်များ၊ ပုံနှိပ်ရင်းမြစ်များကြောင့် စိန်ခေါ်ခံရပါမည်။ မခိုင်လုံ၊ မသေချာမရေရာသော ရင်းမြစ်များသည် (ဥပမာ မကြာသေးခင်က သေဆုံးမှု စသည်) အဆိုးဘက်ဖြစ်စေ၊ အကောင်းဘက်ဖြစ်စေ၊ သို့မဟုတ် မေးခွန်းထုတ်စရာ ဖြစ်လာပါက ချက်ချင်း ဖယ်ရှားခံရမည်။ ဤမူဝါဒအား မကြာခဏ ချိုးဖောက်သည့် တည်းဖြတ်သူသည် တည်းဖြတ်ခြင်းမှ ရပ်ဆိုင်းခြင်းခံရမည်။


သက်ရှိထင်ရှား ပုဂ္ဂိုလ်များ၏ ဆောင်းပါးသည် အကြောင်းအရာ တိကျခိုင်လုံစွာဖြင့် ရေးသားရမည်။ ဝီကီပီးဒီယားသည် စွယ်စုံကျမ်းဖြစ်သည်။ အတင်းအဖျင်း ရေးသားသည် ဂျာနယ်များ မဟုတ်ပေ။ လူပုဂ္ဂိုလ်များ၏ ကိုယ်ရေးရာဇဝင်အား လိုက်ဖွသည့် နေရာမဟုတ်ပါ။ ဤမူဝါဒသည် မည်သည့် သက်ရှိထင်ရှား ပုဂ္ဂိုလ်များ၏ ဆောင်းပါးအကြောင်းအရာနှင့် ယင်းတို့၏ ဆွေးနွေးစာမျက်နှာတွင်လည်း အကျုံးဝင်သည်။