ဝီကီပီးဒီးယား:အာရှ လ

ဝီကီပီးဒီးယား မှ
ဝီကီပီးဒီးယား အာရှ လ ၂၀၁၉

ဝီကီပီးဒီးယား အာရှ လ ဆိုသည်မှာ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဝီကီပီးဒီးယားဆိုင်ရာ ပြိုင်ပွဲတစ်ခု ဖြစ်ပြီး အာရှနှင့် ဆိုင်သော အကြောင်းအရာများကို ဘာသာစကားပေါင်းစုံနှင့် ရေးသားထားသော ဝီကီပီးဒီးယားများပေါ်တွင် ပိုမိုရေးသားရန် အားပေးလှုံ့ဆော်ခြင်း ဖြစ်သည်။ ထိုပြိုင်ပွဲတွင် ပါဝင်သော ဝီကီပီဒီးယား အသိုင်းအဝန်းများသည် နိုဝင်ဘာလ အတွင်း တစ်လတာမျှ ကြာမြင့်သော အွန်လိုင်းတွင် အခြေပြုသည့် edit-a-thon ခေါ် တည်းဖြတ်ပြိုင်ပွဲများကို ၎င်းတို့၏ ဘာသာစကား ဝီကီပီးဒီးယားများတွင် ကိုယ်စီ ပြုလုပ်ကြပြီး အာရှနှင့်ဆိုင်သော ခေါင်းစဉ်အကြောင်းအရာများထဲတွင် မိမိတို့နိုင်ငံနှင့် သက်ဆိုင်သော ဆောင်းပါးများမှ လွဲ၍ ဆောင်းပါးအသစ်ဖန်တီးခြင်း နှင့် ရှိပြီးသား ဆောင်းပါးများအား ပိုမိုကောင်းမွန်အောင် ပြုပြင်ရေးသားခြင်းများ ပြုလုပ်ကြသည်။ ထိုပွဲတွင် ပါဝင်ကြသူများမှာ အာရှအတွင်းရှိ အသိုင်းအဝန်းများသာ မကပေ။

ပထမဆုံး အကြိမ် ဝီကီပီးဒီးယား အာရှ လ ပြိုင်ပွဲသည် ၂၀၁၅ တွင် စတင်ခဲ့ပြီး ထိုစဉ်မှစ၍ နှစ်စဉ်နှစ်တိုင်း ဆောင်းပါးအရေအတွက် ပိုများလာခဲ့သလို ပါဝင်ဆင်နွှဲသူများလည်း ပိုမိုစုံလင် လာသည်သာမက အရေအတွက်လည်း များပြားလာခဲ့သည်။ လွန်ခဲ့သော ၃ နှစ်အတွင်း ဝီကီပီးဒီးယား တည်းဖြတ်သူ အယ်ဒီတာ ၂,၀၀၀ ကျော်မှ အရည်အသွေးကောင်းသော ဆောင်းပါးပေါင်း ၂၀,၅၀၀ ကျော်ကို ဘာသာစကား အမျိုးပေါင်း ၅၀ ကျော် ရှိသော ဝီကီပီးဒီးယားများတွင် ဖြည့်သွင်းနိုင်ခဲ့သည်။

ဝီကီပီးဒီးယံများ အာရှ အသိုင်းအဝန်းများအတွင်း ရင်းနှီးမှု ပိုမိုလာစေရန် နှင့် ယဉ်ကျေးမှု ဖလှယ်နိုင်ရန် အတွက် ဆောင်းပါး အနည်းဆုံး ၄ ခုမျှ ဖန်တီးသော ပါဝင်သူ အယ်ဒီတာများသည် အခြားသော ပါဝင်သူ အသိုင်းအဝိုင်းမှ အထူးဖန်တီးထားသော ဝီကီပီးဒီးယား ပို့စကတ်များကို လက်ခံရရှိကြသည်။

အံ့ဩရန် အတွက် အသင့်ပြင်ထားပါလေ။ သင့်အနေနှင့် မည်သည့် ဝီကီအသိုင်းအဝိုင်းမှ သင့်အား ပို့စကတ်ဒ်ပို့မည်ဆိုသည်ကို ကြိုမသိနိုင်ပေ။ ဝီကီပီးဒီးယား တစ်ခုချင်းစီတွင် ဆောင်းပါး အများဆုံး ဖန်တီးနိုင်သော ဝီကီပီးဒီးယံများကို "ဝီကီပီးဒီးယား အာရှ သံအမတ်များ" အဖြစ် ဂုဏ်ပြုခေါ်ဆိုမည် ဖြစ်သည်။


ဆက်စပ်နေသောပွဲများ

  • ဝီကီပီးဒီးယား ဖတ်ရှုခြင်း၊ ဟောပြောခြင်း၊ တည်းဖြတ်ခြင်း ဟောပြောပွဲ (မန္တလေးမြို့)

(နေရာနှင့်အချိန်ကို ထပ်မံကြေငြာပါမည်။)

စည်းမျဉ်းစည်းကမ်းများ

လိုရင်းတိုရှင်းပြောရလျှင် အာရှနှင့်ပတ်သက်သော (လူပုဂ္ဂိုလ်၊ နေရာ၊ ယဉ်ကျေးမှု အစရှိသော) ဆောင်းပါး အသစ်များကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်း ရေးသားရန် ဖြစ်ပြီး အနည်းဆုံး ၃,၀၀၀ ဘိုက် သို့မဟုတ် စာလုံးရေ ၃၀၀ အနည်းဆုံး ရှိရမည်ဖြစ်ပြီး အကိုးအကား ပါရှိရမည်။ စာရင်းများ မပါဝင်ပါ။

  • ဆောင်းပါးသည် သင်ကိုယ်တိုင် ဖန်တီးသော ဆောင်းပါး ဖြစ်ရမည် (ဆိုလိုသည်မှာ ရှိပြီးသား ဆောင်းပါးတိုကို ချဲ့ထွင်ရေးသားခြင်း မဟုတ်ပါ။) ဖြစ်ပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁ ရက် မနက် ၀:၀၀ နာရီမှ ၂၀၁၉ နိုဝင်ဘာလ ၃၀ ရက် ည ၂၃:၅၉ (UTC) အတွင်း ရေးသားရန် ဖြစ်သည်။
  • ဆောင်းပါးသည် အနည်းဆုံး ၃,၀၀၀ ဘိုက် နှင့် အနည်းဆုံး စာလုံးရေ ၃၀၀ မျှ ရှည်လျားရမည် ဖြစ်သည်။ Infobox နှင့် Template များကို ထည့်မတွက်ပါ။
  • ဆောင်းပါးသည် ထင်ရှားအရေးပါမှု စည်းမျဉ်းနှင့် ကိုက်ညီရမည်။
  • ဆောင်းပါးတွင် ခိုင်လုံသော ကိုးကားချက် ရှိရမည်။ ဆောင်းပါးအတွင်းရှိ သံသယဖြစ်ဖွယ် ရှိသော သို့မဟုတ် အငြင်းပွားဖွယ်ဖြစ်သော ဖော်ပြချက်များအတွက် ဆောင်းပါးတွင် ညွှန်းဆိုထားသော ရည်ညွှန်းကိုးကားချက်များဖြင့် တိုက်ဆိုက်စစ်ဆေးနိုင်ရမည်။
  • ဆောင်းပါးသည် ဆော့ဖ်ဝဲလ် သက်သက်ကိုသာ အသုံးပြု၍ ဘာသာပြန်ဆိုခြင်းမျိုး မဖြစ်ရဘဲ လူကိုယ်တိုင် အသေအချာ တည်းဖြတ်ထားသော ဆောင်းပါး ဖြစ်ရမည်။
  • ဆောင်းပါးတွင် ပြဿနာ အကြီးအကျယ် မရှိရပါ။ (မူပိုင်ခွင့်ချိုးဖောက်ခြင်း၊ ထင်ရှားအရေးပါမှု အတွက် မေးခွန်းထုတ်စရာများ စသည်တို့။)
  • ဆောင်းပါးသည် စာရင်းမဟုတ်ရပါ။
    • ခြွင်းချက်အနေနှင့် ဝီကီပီးဒီးယားတွင် အထူးစာရင်း ဖြစ်သွားသော စာရင်းမျိုးကို ထည့်သွင်းရေတွက်သည်။ (အထူးစာရင်းရှိသော ဝီကီပီးဒီးယားတွင်သာ အကျုံးဝင်သည်။
  • ဆောင်းပါးသည် သတင်းအချက်အလက်ပေးနိုင်သော ဆောင်းပါးမျိုး ဖြစ်ရမည်။
  • ဆောင်းပါးသည် အာရှနိုင်ငံ တစ်ခုခုနှင့် သက်ဆိုင်သော ခေါင်းစဉ်တစ်ခု ဖြစ်ရမည်။
  • စီစဉ်သူ တစ်ဦးတစ်ယောက်မှ တင်သွင်းသော ဆောင်းပါးကို အခြား စီစဉ်သူများမှ စစ်ဆေးရမည်။
  • ဘာသာစကား တစ်ခုချင်းစီအတွက် ဝီကီပီးဒီးယားမှ ဒိုင်များသည် ဆောင်းပါးတစ်ခုအား ၎င်းတို့ ဝီကီပီဒီးယား၏ ပြိုင်ပွဲတွင် လက်ခံသည် သို့ လက်မခံ ဆိုသော အချက်ကို ဆုံးဖြတ်ရမည်။
  • သင့်အနေနှင့် အထက်ပါစည်းမျဉ်းများကို လိုက်နာသော ဆောင်းပါး ၄ ခု ဖန်တီးပါက သင့်အတွက် အခြားအာရှ အသိုင်းအဝန်းတစ်ခုခုမှ ပေးပို့သော ဝီကီပီးဒီးယား အာရှ လ ပို့စကတ်ဒ်ကို လက်ခံရရှိမည် ဖြစ်သည်။
  • ဝီကီပီးဒီးယား အာရှ သံအမတ်များသည် အာရှရှိ မိတ်ဖက် အဖွဲ့အစည်းများမှ လက်မှတ်ထိုးထားသော ဂုဏ်ပြုလက်မှတ်တစ်ခု နှင့် ပို့စကတ်ဒ် အပိုတစ်ခုကို ရရှိမည် ဖြစ်သည်။ ပိုမိုသိရှိလိုပါက အမေးအဖြေကဏ္ဍ ကို ကြည့်ပါ။


စာရင်းပေးရန်

သင့်အနေနှင့် နိုဝင်ဘာလ တစ်လလုံး မည်သည့်အချိန်မဆို စာရင်းပေးနိုင်သည်။

ဆောင်းပါးများ ပေးပို့ခြင်း

မြန်မာဝီကီပီးဒီးယားသို့ အာရှ လ အတွက် ဆောင်းပါးများ ကူညီရေးသားလိုပါသလား။ သင်၏ ကူညီမှုများအား ဖောင်တိန်ကိရိယာ မှတဆင့် ပေးပို့နိုင်ပါသည်။

အကယ်၍ သင့်အနေနှင့် ဖောင်တိန် မှတဆင့် ပေးပို့ရာတွင် အခက်အခဲရှိပါက သင်၏ ပြဿနာကို ဤပွဲ၏ ဆွေးနွေးချက်စာမျက်နှာ တွင် တိုင်ကြားပြီး နောက်တစ်ကြိမ် ထပ်မံ ကြိုးစားပါ။ အကယ်၍ ပြဿနာ ရှိနေသေးပါက သင့်အနေနှင့် သင်၏ ကူညီရေးသားမှုများအား ဤနေရာတွင် တင်ပြနိုင်ပါသည်။

လိုအပ်နေသော ဆောင်းပါးများ

အာရှနှင့် ပတ်သက်၍ မြန်မာဝီကီပီးဒီးယားတွင် လိုအပ်နေသော ဆောင်းပါးများထဲမှ အချို့ကို စာရင်း လုပ်ထားပါသည်။ လိုအပ်နေသော ဆောင်းပါးများ


စီစဉ်သူများ

အသုံးဝင်သော လင့်ခ်များ

မိတ်ဖက်အဖွဲ့များ