ဝီကီပီးဒီးယား:သင်ခန်းစာများ/မှတ်သားရန်

ဝီကီပီးဒီးယား မှ
မိတ်ဆက် ဘယ်လို
တည်းဖြတ်မလဲ
 ပုံစံချခြင်း အချိတ်အဆက်များ ရင်းမြစ်များကို
ကိုးကားခြင်း
 ဆွေးနွေးချက်
စာမျက်နှာများ
 မှတ်သားရန် မှတ်ပုံတင်ခြင်း အပြီးသတ်  

ပြင်ဆင်တည်းဖြတ်သူ ထောင်ပေါင်းများစွာက သင်ယူလေ့လာမှုတွေ၊ မျှမျှတတဖြစ်အောင် ဘယ်လိုဖန်တီးမလဲ ဆိုတာတွေ၊ အခြားသူတွေနဲ့ ဘယ်လိုတွဲဖက်လုပ်ကိုင်မလဲ၊ အငြင်းပွားမှုတွေကို ဘယ်လိုဖြေရှင်းမလဲ စတဲ့ အတွေ့အကြုံတွေကနေတဆင့် မူဝါဒများနဲ့ လမ်းညွှန်ချက်များကို အချိန်နဲ့အမျှ တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်ထားပါတယ်။ ဝီကီပီးဒီးယားမှာ ဒီစည်းကမ်းတွေဟာ အခြေခံသဘောတရား ဖြစ်ပါတယ်။ မူဝါဒများနှင့် လမ်းညွှန်ချက်များဟာ ဒီ အခြေခံ အခြေခံသဘောတရားတွေရဲ့ အကြမ်းဖျင်း မျှသာဖြစ်ပါတယ်။ သူတို့တွေဟာ အခြေအနေအနေ အရပ်ရပ်အားလုံးမှာ အခြေခံသဘောတရားတွေရဲ့ အဓိပ္ပာယ်သတ်မှတ်ချက်ကို တိကျပြည့်စုံအောင် ဖော်ညွှန်းနိုင်ဖို့ မဟုတ်ပါဘူး။ သူတို့တွေကို စဉ်းစားဉာဏ်နဲ့ လိမ္မာကျွမ်းကျင်မှုတို့ကို အသုံးပြုပြီး နားလည်နိုင်ရမှာ ဖြစ်ပါတယ်။ သို့သော်ငြားလည်း ဝီကီပီးဒီးယားက ဘာမဟုတ်ဘူးလဲ ဆိုတာနဲ့ လုပ်လေ့ရှိသော အမှားများကို ရှောင်ကြဉ်သင့်တယ် ဆိုတဲ့ အချက်တွေတော့ ရှိနေပါသေးတယ်။ လမ်းစဉ်ငါးရပ်ဟာ ဝီကီပီးဒီးယား အခြေခံသဘောတရားများနဲ့ အများဆုံးအကျုံးဝင်တဲ့ အနှစ်ချုပ်ပဲ ဖြစ်ပါတယ်။

အချက်အခြာ အကြောင်းအရာ မူဝါဒများ

ဘက်မလိုက်သော အမြင်

ဘက်မလိုက်သော အမြင် (Neutral point of view) ကို ထိန်းသိမ်းခြင်းသည် ဝီကီပီးဒီးယား၏လမ်းစဉ်ငါးရပ်တွင် တစ်ခု အပါအဝင်ဖြစ်ပြီး ဝီကီပီးဒီးယား၏ အခြေခံ နိယာမ ပဲ ဖြစ်ပါတယ်။ ဒီမူဝါဒဟာ အကြောင်းခြင်းရာတစ်ခုအပေါ် အဓိပ္ပာယ်ပြည့်ဝပြီး အရေးပါတဲ့ အမြင်တွေအားလုံးကို လက်ခံခြင်း ဖြစ်ပါတယ်။ တစ်စုံတစ်ဦးရဲ့ ရှုထောင့်ကနေ စတင်တာထက် ဖြစ်နိုင်တဲ့ အမြင်အမျိုးမျိုးကနေ ဝေဖန်အကဲဖြတ်မှုတွေ မပါဘဲ တင်ပြခြင်းဖြစ်ပါတယ်။ ကျွန်ုပ်တို့ ရည်မှန်းချက်ဟာ သတင်းအချက်အလက် ပေးနိုင်ဖို့ ဖြစ်ပြီး လက်ခံချင်အောင် ပြောဆိုခြင်း မဟုတ်ပါ။

ဝီကီပီးဒီးယားဟာ ဆန့်ကျင်ဖက်အမြင်များ ပေးခြင်း သို့မဟုတ် ကျိုးကြောင်းညီညွတ်စွာ ဆက်ဆံခြင်းဖြင့် သာတူညီမျှမှုကို မရယူပါ။ အမြင်များကို ခိုင်လုံတဲ့ အကိုးအကား ရင်းမြစ်တွေကို အချိုးညီညီ တင်ပြခြင်းပဲ ဖြစ်သင့်ပါတယ်။

ဆောင်းပါးထဲမှာ ခံယူချက်ကို ဖော်ပြနိုင်ပါတယ်။ ဒါပေမယ့် အချက်အလက်အနေနဲ့ မဟုတ်ဘဲ ခံယူချက် အနေနဲ့ပဲ တင်ပြရမှာ ဖြစ်ပါတယ်။ ဥပမာ "ဒီအပေါ်မှာ ထောက်ခံသူတွေ ပြောဆိုကြတာကတော့..." သို့မဟုတ် "အစီရင်ခံသူ X ယုံကြည်တာကတော့ ..." ဆိုတဲ့ အရေးအသားမျိုး ဖြစ်ပါတယ်။

ဝီကီပီးဒီးယန်းတွေ "ဘက်မလိုက်အမြင်"နဲ့ ပတ်သက်ပြီး ပြောဆိုကြတာတွေ သင်ကြားဖူးမှာပါ။ ဒါဟာ ဘက်လိုက်ရေးသားထားတဲ့ ဆောင်းပါး ဒါမှမဟုတ် ရှုထောင့်တစ်ခုတည်းကနေ ရေးထားတာအတွက် ဝီကီပီးဒီးယား ဘန်းစကား ဖြစ်ပါတယ်။ ကြေငြာဆန်ဆန် ရေးသားထားတဲ့ ဆောင်းပါးတွေဟာ ဒီကဏ္ဍမှာ အကျုံးဝင်ပါတယ်။ ရှားပါးအခြေအနေတွေအနေနဲ့ ညီမျှတဲ့ အမြင်ထက် အခြားရှုထောင့်ကို ဆွေးနွေးဖို့ အချိန်အများကြီး ပေးထားတာမျိုးလဲ ဖြစ်နိုင်ပါသေးတယ်။

တကယ်လို့များ သင်ဟာ ဘာသာရေး၊ နိုင်ငံရေး အစရှိတဲ့ အငြင်းပွားဖွယ်ရာ ဆောင်းပါးတွေမှာ အချိန်ပေးတော့မယ်ဆိုရင် ဘက်မလိုက်မူဝါဒ စာမျက်နှာကို တတ်နိုင်သမျှ မြန်မြန် ဖတ်ရှုပေးဖို့ အရေးကြီးပါတယ်။ သင့်အနေနဲ့ စိတ်ခံစားမှုတွေ နည်းတဲ့ သင်္ချာ၊ ချက်ပြုတ်နည်း စတဲ့ ဆောင်းပါးတွေမှာ အချိန်ပေးမယ်ဆိုရင်တောင်မှ ဒီမူဝါဒတွေကို ဖတ်ရှုထားသင့်ပါသေးတယ်။ ဒီနေရာမှာ ပြောလိုတာကတော့ ဘက်မလိုက်အမြင် ကိစ္စတွေ ဖြစ်လာခဲ့ရင် မူဝါဒအပြည့်အစုံကို ဖတ်ရှုထားဖို့ အကြံပေးလိုပါတယ်။

ထပ်မံသိရှိလိုပါက ဘက်မလိုက်အမြင် သင်ခန်းစာကို ဖတ်ပါ

စိစစ်အတည်ပြုခံနိုင်မှု

ဝီကီပီးဒီးယားမှာ ဆန်းစစ်ခံနိုင်တဲ့ အကြောင်းအရာတွေ လိုအပ်ပါတယ်။ ဆိုလိုတာက ခိုင်လုံတဲ့ အကိုးအကားတွေက ပြောပြထားတာတွေကိုပဲ သင်ရေးသားနိုင်မှာပါ။ အကယ်၍ သင်ရေးမယ့် အချက်အလက်အတွက် ခိုင်လုံတဲ့ အကိုးအကားရှာမရခဲ့ချိန်မှာ သင်ကိုယ်တိုင် "မှန်ကန်တယ်" လို့ ယူဆနေပေမယ့် ထည့်သွင်းမရေးသားသင့်ပါ။ အကိုးအကားပြုခြင်းဟာ ကျွန်ုပ်တို့ စာဖတ်သူတွေအတွက် သင်ရေးထားတာကို ဆန်းစစ်နိုင်ပြီး နောက်ထပ် အချက်အလက်တွေ ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

"ပါရီမြို့သည် ပြင်သစ်နိုင်ငံ၏ မြို့တော်ဖြစ်သည်" ဆိုတဲ့ ဖော်ပြချက်ဟာ ယေဘုယျ ဗဟုသုတဖြစ်ပြီး ကိုးကားနိုင်တဲ့ အချက်ပေါင်း ဒါဇင်များစွာ ရှိတယ်ဆိုတာ လူတိုင်းသိပြီးဖြစ်တဲ့အတွက် အကိုးအကားမလိုအပ်တဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ ဒီအချက်ဟာ မှတ်ယူနိုင် တဲ့ အချက်ဖြစ်ပြီး မှတ်ယူထားတဲ့ အချက် မဟုတ်ပါ။

ဝက်ဘ်ဆိုဒ် တစ်ခုဟာ ဆောင်းပါးဖတ်သူအတွက် စိတ်ဝင်စားဖွယ်မျိုး ဖြစ်နေရင် သူတို့ကို "ပြင်ပလင့်ခ်များ" အပိုင်းမှာပဲ ထည့်သွင်းဖော်ပြသင့်ပါတယ်။ စိတ်ပါဝင်စားဖွယ် စာအုပ်များကို ဆောင်းပါး အကိုးအကားအတွက် အသုံးမတည့်ခဲ့ရင် "ဆက်လက်ဖတ်ရှုရန်" အပိုင်းအောက်မှာပဲ ထည့်သွင်းသင့်ပါတယ်။

ထပ်မံသိရှိလိုပါက Wikipedia:Citing sources ကို ဖတ်ပါ

No original research

Wikipedia is not the place for original research — that is, facts, allegations, or ideas for which no reliable, published sources exist. This includes any analysis or synthesis of published material that serves to advance a position not advanced by the sources. Sources must support material directly and in context. For example, the statement "most computer scientists believe that P ≠ NP" must be supported by a reliable source which says that most computer scientists believe this, not by five citations of computer scientists saying that they themselves believe this without claiming to speak for the majority.

To prevent adding original research, avoid directly using primary sources if possible; instead, use secondary or tertiary sources that interpret and synthesize primary sources. Do not interpret, infer from, summarize, or synthesize primary sources yourself.

Routine calculations, translations from other languages, and faithful transcriptions of published audio and video are generally not considered original research.

For more information, see Wikipedia:No original research

ရေးသားပုံ လက်စွဲ

ရေးသားပုံ လက်စွဲဟာ ဝီကီပီးဒီးယားရဲ့ လက်စွဲရေးသားဟန် ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ဝီကီပီးဒီးယား အသုံးပြုခြင်းကို ပိုမိုလွယ်ကူစေရန်၊ ရှင်းလင်းပြတ်သားစေရန်နှင့် ဆောင်းပါးရေးသားရာမှာ အသုံးပြုသူအချင်းချင်း အပြောင်းအလဲမရှိသော ရှင်းလင်းတိကျတဲ့ ဘာသာစကား၊ အပြင်အဆင်နှင့် ပုံစံတို့ဖြင့် ကူညီဖေးမနိုင်ရန် ဖြစ်ပါတယ်။ ရေးသားဟန်နဲ့ ပုံစံတို့ဟာ ဆောင်းပါးတစ်ခုအတွင်းမှာ အပြောင်းအလဲမရှိဘဲ ကိုက်ညီနေရမှာ ဖြစ်ပါတယ်။ ရေးသားဟန်တစ်ခုထက် ပိုလက်ခံထားပေမယ့်လည်း တည်းဖြတ်သူတွေ အနေနဲ့ ဆောင်းပါးတစ်ခုကို လုံလောက်တဲ့ အကြောင်းပြချက်မရှိဘဲ အခြားရေးဟန်ကို မပြောင်းလဲသင့်ပါ။

ထပ်မံသိရှိလိုပါက Help:Introduction to the Manual of Style နဲ့ Wikipedia:Styletips ကို ဖတ်ပါ

ပြုမူနေထိုင်ခြင်း

ဝီကီပီးဒီးယားဟာ ချစ်ခင်ရင်းနှီးမှုနဲ့ ပွင့်လင်းတဲ့ ပတ်ဝန်းကျင်ကို အားပေးပါတယ်။ အဲဒါကြောင့် သဘောမတူတာတွေ၊ ပူလောင်တဲ့ အငြင်းပွားမှုတွေ ရှိနေချိန်မှာတောင် ဒီအဖွဲ့အစည်းဝင်တွေ အနေနဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ အပြုအမူတွေရှိနေမယ်လို့ ယုံကြည်ပါတယ်။

နောက်ထပ် မှတ်သားရမယ့် အရေးကြီးအချက်ကတော့ အခြားတည်းဖြတ်သူတွေအပေါ် ရိုးသားစွာ ပြုမူဆက်ဆံခြင်း ဖြစ်ပါတယ်။ တစ်စုံတစ်ယောက်က မလိုမုန်းထားစိတ် ဒါမှမဟုတ် အငြိုးထားပြီး လုပ်နေတယ်လို့ မယူဆပါနဲ့။ တစ်စုံတစ်ယောက်ကြောင့် သင် စိတ်မချမ်းမသာ ဖြစ်နေရင် သက်ဆိုင်ရာ ဆောင်းပါးရဲ့ ဆွေးနွေးချက် စာမျက်နှာ ဒါမှမဟုတ် အသုံးပြုသူ ဆွေးနွေးချက် စာမျက်နှာမှာ ယဉ်ကျေးစွာနဲ့ မေးမြန်းစာပို့လိုက်ပါ။ အဲလိုလုပ်ခြင်းဖြင့် နားလည်မှုလွဲမှားခြင်းနဲ့ သင့်ကိုယ်သင် အရှက်ရစေခြင်းတွေကနေ ရှောင်ကြဉ်နိုင်တာကို တွေ့ရမှာပါ။

ထပ်မံသိရှိလိုပါက Wikipedia:Etiquette ကို ဖတ်ပါ

အကြောင်းအရာ ကိစ္စရပ်

ဝီကီပီးဒီးယားဟာ တည်းဖြတ်နိုင်တဲ့ စွယ်စုံကျမ်းတစ်ခု ဖြစ်ပါတယ်။ အဲဒါကြောင့် ဆောင်းပါးတွေမှာ "အရေးပါ အရာရောက်တဲ့" စွယ်စုံကျမ်းဆိုင်ရာ အချက်အလက်တွေပဲ ပါဝင်သင့်ပါတယ်။

ဝီကီပီးဒီးယား ဆောင်းပါးတွေဟာ အဓိကအားဖြင့် အကြောင်းအရာတွေဖြစ်ပြီး အကြောင်းအရာအတွက် စကားလုံးများ မဟုတ်တဲ့အတွက် အဘိဓာန်မှာ တွေ့နိုင်တဲ့ စကားလုံး အဓိပ္ပာယ်၊ စကားလုံးအသုံးပြုပုံ၊ စကားစုတိုတွေ ရေးသားထားတဲ့ မည်သည့်ဆောင်းပါးမဆို ဝစ်ရှင်နရီ ပရောဂျက်မှာပဲ ရေးသားသင့်ပါတယ်။

မူရင်းစာရွက်စာတမ်းတွေကိုတော့ ဝီကီပီးဒီးယားရဲ့ ညီအစ်မပရောဂျက်တစ်ခုဖြစ်တဲ့ Wikisource မှာ ရေးသားသင့်ပါတယ်။ ဆက်စပ်ပရောဂျက်များအားလုံး စာရင်းကိုတော့ ဝီကီမီဒီယာ ပရောဂျက် အပြည့်အစုံစာရင်း မှာ ကြည့်ပါ။

ထပ်မံသိရှိလိုပါက Wikipedia:What Wikipedia is not မှာ ဖတ်ပါ

မူပိုင်ခွင့်များ

ယေဘုယျ စည်းကမ်းအနေနဲ့ အခြား အကိုးအကားတွေကို ကူးယူပြီး မတင်ပါနဲ့။ ဒီလိုလုပ်ဆောင်ခြင်းဟာ မူပိုင်ခွင့် ချိုးဖောက်ခြင်း နဲ့ ခိုးယူကူးချခြင်း အဖြစ် ယူဆမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ပရဟိတအဖွဲ့အစည်း၊ ပညာရေး၊ ပညာရှင်နဲ့ သတင်းဖြန့်ချီတဲ့ ဝက်ဘ်စာမျက်နှာက အကြောင်းအရာနဲ့ မူပိုင်ခွင့် သတိပေးချက်မပါတဲ့ အကိုးအကားတွေကို ကူးယူပြီး တိုက်ရိုက်ထည့်သွင်းရေးသားခြင်းတွေ ပါဝင်ပါတယ်။ ဖန်တီးမှုတစ်ခုမှာ မူပိုင်ခွင့်သတိပေးချက် မပါဝင်ခဲ့ရင် သူ့ကို မူပိုင်ခွင့်အောက်မှာ အကျုံးဝင်တယ်လို့ သတ်မှတ်ပါတယ်။

ထပ်မံသိရှိလိုပါက Wikipedia:Copyrights ကို ဖတ်ပါ



မှတ်ပုံတင်ခြင်း သင်ခန်းစာကို ဆက်သွားမယ်