ဝီကီပီးဒီးယား:လက်ဖက်ရည်ဆိုင် (အိုင်ဒီယာ)/မော်ကွန်း ၁

ဝီကီပီးဒီးယား မှ

ကျွန်တော်လောလောဆယ် အက္ခရာစဉ်လိုက် စီပြီး my.wikipedia နှင့် wikimyanmar.co.cc ဘက်က ကိုမေရာ လုပ်ပေးမယ့် ဟာ ၂ခုကို ယှဉ်ပြီး merge လုပ်ဖို့ လုပ်နေပါတယ် ခင်ဗျာ။ ဒီစာမျက်နှာကို အမြန်ဖန်တီးပေးတဲ့ ကိုဇော်သက်ကို ကျေးဇူးတင်ပါတယ်။

အရေးကြီးတဲ့ပုံ[ပြင်ဆင်ရန်]

Gerard ပြောတာမှန်တယ်။ အခု ဆောင်းပါးတွေကို လိုက်ဖတ်ကြည့်တော့ ပုံမပါရင် ပျင်းဖို့ကောင်းတယ်။ Lionslayer ၀၃:၁၂၊ ၉ အောက်တိုဘာ ၂၀၁၀ (UTC) လိုဂို အပ်ဒိတ် မဖြစ်သေးဘူးလား။ Lionslayer ၀၇:၀၁၊ ၁၆ အောက်တိုဘာ ၂၀၁၀ (UTC)[အကြောင်းပြန်ရန်]

အထူးအကြောင်းအရာ နဲ့ ပုံက အရင်ဆုံးမြင်ရရင်ကောင်းမယ်။ အခုတော့ အောက်ကို ဆွဲချပြီး ကြည့်နေရတယ်။ ချက်ချင်းလည်း သတိမပြုမိဘူး။ Lionslayer ၁၅:၅၃၊ ၂၈ အောက်တိုဘာ ၂၀၁၀ (UTC)[အကြောင်းပြန်ရန်]

Bot ရေးရန်[ပြင်ဆင်ရန်]

ဉကလေးသတ်၊ ဥလုံးကြီးတင်ဆံခတ်၊ သ ရရစ်၊ အောက်ကမြစ်သတ်တွေကို သူ့ဟာသူလိုက်ြပင်နိုင်တဲ့ ဘော့တစ်ခု ရေးရင်ကောင်းမယ်ထင်တယ်။ Lionslayer ၁၄:၄၉၊ ၁၇ အောက်တိုဘာ ၂၀၁၀ (UTC)[အကြောင်းပြန်ရန်]

ကောင်းတာပေါ့ ဆရာရယ် --Mayor mt ၀၅:၂၀၊ ၁၈ အောက်တိုဘာ ၂၀၁၀ (UTC)[အကြောင်းပြန်ရန်]
အကို အဲ့သလို ဘော့ ရေးလိုက်ရင် ဇော်ဂျီပဲ ရေးပြီး ယူနီကုဒ်နဲ့ ရေးတဲ့သူ နည်းသွားမလားမသိဘူးနော်။။။။Battoe ၀၆:၄၀၊ ၁၉ နိုဝင်ဘာ ၂၀၁၀ (UTC)
ဇော်ဂျီကို ယူနီကုတ်ပြောငးတာ မဟုတ်ဘူး။ ယူနီကုတ်မှာ စာရိုက်ရင် မှားတတ်တဲ့ အမှားတွေကို ပြင်ပေးတာ။ အခု အဲဒီဘော့ run နေတာ သုံးပတ်လောက် ရှိပြီ။ Lionslayer ၂၁:၂၉၊ ၅ ဒီဇင်ဘာ ၂၀၁၀ (UTC)[အကြောင်းပြန်ရန်]

ဘော့ကို run တဲ့အခါ ကျွန်တော်စိတ်ထဲ မြောင်းတွေထဲ ခြင်ေဆးလိုက် မှုတ်သလို ထင်မိတယ်....:P--Mayor mt ၀၈:၃၆၊ ၂၀ ဒီဇင်ဘာ ၂၀၁၀ (UTC)[အကြောင်းပြန်ရန်]

Ko Zaw Thet, can you swap အထူးအကြောင်းအရာ with ဝီကီပိဒိယအကြောင်း? I think it will be better for readers if they can see the အထူးအကြောင်းအရာ without needing to drag the page down. Lionslayer ၀၈:၅၁၊ ၁၀ ဒီဇင်ဘာ ၂၀၁၀ (UTC)[အကြောင်းပြန်ရန်]

ဆောင်းပါးကောင်းများ ရေးသားနည်းလမ်းညွှန်[ပြင်ဆင်ရန်]

လတ်တလော ကျွန်တော် Wikipedia:ဆောင်းပါးကောင်းများ ရေးသားနည်းလမ်းညွှန် ကို ဘာသာပြန်ပေး နေပါတယ် - ဒါပေမယ့် မှန်ရာပြောရရင် သူ အင်္ဂလိပ်လိုရေးထားတဲ့ စာကြောင်းတိုင်းက ကျွန်တော်တို့ မြန်မာဝီကီနဲ့ သိပ်မကိုက်ဘူး - ဆိုလိုတာ သူ့မူရင်းမှာ ဆောင်းပါးတစ်ခုနဲ့ တစ်ခု ချိတ်ထားတဲ့ Internal link တွေရှိတယ်ပေမယ့် ကျွန်တော်တို့ မြန်မာဝီကီမှာ သူ့မူရင်း အင်္ဂလိပ်ဝီကီက Internal link တွေက မရှိ (အလုပ်မလုပ်) တော့ဘူး - အဲ့တာကြောင့် ကျွန်တော် ဗဟိုစာမျက်နှာမှာ ရှိနေတဲ့ အကူအညီအောက်က ဆောင်းပါးတွေ အားလုံးနီးပါးကို ဖတ်ပြီး သက်ဆိုင်လိမ့်မယ်လို့ ထင်တဲ့ အကြောင်းအရာတွေနဲ့ Internal link တွေဖြစ်အောင် ပြောင်းချိတ်ပေးထားတယ် - နောက်ပြီး တစ်ချို့ အင်္ဂလိပ်စာကြောင်းတွေက တိုပြီးဖော်ပြချက်တစ်ခုနဲ့ တစ်ခုမချိတ်ဆက်မိ ဖြစ်နေတာတွေ ရှိလို့ - မြန်မာဘာသာပြန်တဲ့ အချိန်မှာ စီကာပတ်ကုံး ရေးထားရတာတွေ ရှိပါတယ် - တကယ်လို့ သဘောမကျတာ ရှိရင် သင့်တော်သလို ပြင်ဆင်ပေးနိုင်ပါတယ် - တစ်ခြား လိုအပ်ချက်တွေ ရှိနေမယ်ဆိုရင်လည်း အကြံပေးကြပါ။ Zin Thant ၀၈:၃၀ ၊ ၃ ဖေဖော်ဝါရီ ၂၀၁၁ (UTC)

အင်္ဂလိပ်ဝီကီကို လှမ်းလင့်ချိတ်ချင်ရင် :en: ဆိုတာလေးကို သူ့မူရင်း လေးထောင့်ကွင်းနှစ်ထပ်ထဲမှာ ရှေ့ဆုံးက ထည့်ပေးပါ။ ဥပမာ - PangramLionslayer ၁၀:၅၂၊ ၂၂ ဖေဖော်ဝါရီ ၂၀၁၁ (UTC)[အကြောင်းပြန်ရန်]
ထော့ကျိုး ထော့ကျိုး ဘာသာပြန်စွမ်းရည်လေးနဲ့ ဝင်ပြီး(နဲနဲပါးပါး)ဆီဆမ်းနှမ်းဖြူးထားပေးပါတယ်..။ --Lagoonaing ၁၃:၅၁၊ ၂၄ ဖေဖော်ဝါရီ ၂၀၁၁ (UTC)[အကြောင်းပြန်ရန်]

မြန်မာစာ စာလုံး အရမ်းသေးခြင်း[ပြင်ဆင်ရန်]

ဘယ်ကပဲဖွင့်ဖွင့်ပါ မြန်မာစလုံးက အရမ်းသေးနေသလိုပဲ.. နည်းနည်းကြီးလို့ရဘူးလား အင်္ဂလိပ်ထက်သေးတယ်လို့တော့ ထင်တယ်.. ကျောင်းက ဖွင့်လိုက်ရင်တော့ ပုံမှန်အတိုင်း အကွက်အကွက်လေးတွေပေါ့လေ.. ဒါပေမဲ့ ငါတို့လည်း အတုံးလေးတွေ ပေါ်နေပါပြီလို့တော့ ကြွားလို့ရသေးတာပေါ့.. နောက်တစ်ခု ရေးသားသူနည်းတာက ချက်တင်ဝင်ကြတဲ့သူတွေ ဇော်ဂျီတွေနဲ့ကြီးချနေကြတော့ ဝီကီလေးမှာ မျက်နှာငယ်ရတယ်.. ရေးတော့ရေးနေတာပါပဲ ပြည်တွင်းက လာဖတ်နှုန်းနည်းမလားမသိဘူး.. နည်းတော့လည်းနည်းပေါ့ တစ်နေ့များလာမှာပါ.. Hteink.min ၂၀:၂၅၊ ၄ ဒီဇင်ဘာ ၂၀၁၁ (UTC)[အကြောင်းပြန်ရန်]

စံနှုန်းအတိုင်း လုပ်ရင် Browser ထဲက Address ဘားထဲမှာ ရိုက်တဲ့အချိန် အပေါ်မှာရော အောက်မှာရော ပြတ်ကျန် မနေခဲ့ရဖူးလို့ ကြားဖူးပါတယ်။ အဲဒါကြောင့် မြန်မာစာလုံးတွေ သေးနေတာလို့ ထင်ပါတယ်။ Zawthet ၀၂:၃၀၊ ၅ ဒီဇင်ဘာ ၂၀၁၁ (UTC)[အကြောင်းပြန်ရန်]

စံနှုန်း ပြောကြတာမှာ၊ ရှာတဲ့ဘားထဲမှာ ရိုက်ရင် ကိုယ်က မြန်မာလိုရိုက်ပြီရှာလိုက်ရင် ကိုယ်ရိုက်လိုက်တဲ့ မြန်မာဆိုတဲ့ စာလုံးက မြန်မာလိုတော့မပေါ်ဘူး။ ဒါပေမဲ့ မြန်မာဆိုတဲ့ဟာတော့ အောက်မှာ တန်းဆီအော်တိုပေါ်လာလေရဲ့၊ ကျွန်တော်ပြောတာက ရှာရင် စာလုံးသေးတာမဟုတ်ဘူး, အာတီကယ် စာလုံးတွေ သေးလို့ အရင်ဆုံးဝင်ဖတ်လိုက်တဲ့ သူက စာလုံးသေးသေးလေးတွေပဲမြင်ရတော့၊ အားမရပဲ ဝီကီဆက်မလာလည်မှာ ဆိုးတယ်Hteink.min ၀၇:၀၅၊ ၅ ဒီဇင်ဘာ ၂၀၁၁ (UTC)[အကြောင်းပြန်ရန်]

ဆောင်းပါးကောင်း[ပြင်ဆင်ရန်]

ဆောင်းပါးကောင်းရွေးချယ်မှု အစီအစဉ်လေး လုပ်ကြရင် ကောင်းမလားလို့ပါ။ အင်္ဂလိပ်ဝီကီမှာ http://en.wikipedia.org/wiki/Good_article_nominations ဒီလို လုပ်ထားပါတယ်။ ရွေးချယ်ရမယ့် နည်းလမ်း အချက်တွေကတော့ http://en.wikipedia.org/wiki/Wikipedia:Good_article_criteria အဲဒီမှာ ပြထားပါတယ်။ ကျွန်တော်တို့ မြန်မာဝီကီမှာလည်း အများသဘောတူ မဲစနစ်နဲ့ ရွေးချယ်ကြမလားလို့။ အားလုံး ဝိုင်းဝန်းဆွေးနွေးပေးကြပါခင်ဗျာ။ သူတို့ဆီမှာ ဆောင်းပါးပေါင်း (၁၃၀၀၀)ကျော်ကို good articles အဖြစ်ပြထားပါတယ်။ အဲဒီထဲက တစ်ခုကို ဒီမှာကြည့်ပေးပါ။ http://en.wikipedia.org/wiki/Airbus_A330 ကျွန်တော်တို့ဆီမှာလည်း သေချာ မဲစနစ်နဲ့ ရွေးချယ်လိုက်ရင် (၁၀)ခုထက်တော့ နည်းမယ်မထင်ပါ။ -- သုတေသီ ၀၆:၄၄၊ ၉ ဒီဇင်ဘာ ၂၀၁၁ (UTC)

ဟုတ်ပါတယ်ဗျာ။ ဒီဟာလေးကို ကျွန်တော် ထောက်ခံပါတယ်။ အင်္ဂလိပ် ဝီကိမှာဆိုရင် တချို့ဆောင်းပါးတွေကို ကြယ်ပွင့်လေးတွေနှင့် Good article ဆိုပြီး လုပ်ထားတာလေးတွေ ရှိတယ်ဗျာ။ ဒီမှာတော့ ကျွန်တော် တွေ့မိသလောက် Featured article ပဲတွေ့ရတယ်။ ဆိုလိုတာ Good article လို့သတ်မှတ်ဖို့ ဘာတွေများလိုအပ်သလဲ။ တကယ်လို့ ရှိခဲ့သော် အဲသလိုလေး လုပ်ထားရင် မကောင်းပေဘူးလား။ အပေါ်ကတစ်ယောက်ပြောခဲ့သလိုပဲ သေချာရွေးလိုက်ရင် ဆောင်းပါးပေါင်း အခု ၁ဝ လောက်ကတော့ ထွက်မှာ သေချာနေပါတယ်ဗျာ။ စိတ်ကူးမိရာ ဝင်ဖောလိုက်သည်။ Dr Lotus Black (talk) ၀၇:၂၂၊ ၆ နို​ဝင်​ဘာ​ ၂၀၁၅ (UTC)

မြန်မာအမည်ပေးစနစ်[ပြင်ဆင်ရန်]

မြန်မာ အမည်ပေးစနစ် ရှိသလား ဆိုတာ သိချင်ပါတယ်။ ခုလောလောဆယ်တော့ စွယ်စုံကျမ်း စာအုပ် အတိုင်းလိုက်နာနေတယ်လို့ သဘောပေါက် ထားပါတယ်။ ဒါက စာအုပ် အတွက်ဖြစ်လို့၊ ဝီကီလို အွန်လိုင်းနဲ့ ကိုက်မယ့် စနစ် အဖြစ် ပြောင်းယူရမယ် ထင်ပါတယ်။ ဝီကီ Meet up မှာရော၊ ဘားကမ့်မှာပါ ပြောဖြစ်ကြသေးလား မသိဘူး။ မရောက်ဖြစ်လို့ မသိလိုက်ရပါဘူး။

အဓိက က လင့်ချိတ်တဲ့ နေရာမှာ အခက်အခဲ ရှိလို့ပါ၊ ဆောင်းပါးခေါင်းစဉ်ရှည်သွားရင် စပေ့ဘယ်နေရာ ခြားရမှန်း မသိလို့ပါ။ ကိုယ်ကောင်းမယ် ထင်တဲ့နေရာ ခြားလိုက်တော့ တခြားတစ်ယောက်နဲ့ မတူတဲ့ အခါမတူပါဘူး။ အဲတော့ လင့်ခ်တွေက နီနေတာ များနေတာပါ။ လင့်ခ်နီနေတာတွေကို ဒီမှာ လိုက်စစ်မယ် ဆိုတော့လည်း သူက ၂၀၀၉ ထဲက update မဖြစ်ပါဘူး။ update ကို request လုပ်တော့ အက်ဒမင် တစ်ယောက် က အကြောင်းပြန်ပါတယ်၊ Admin's right နဲ့ update လုပ်လို့မရဘူး လို့ သိရပါတယ်။ နည်းလမ်းလေးများ ရှာကြံပေး ကြပါဦး။ ။ Aunghtike ၁၃:၁၂၊ ၂၉ ဖေဖော်ဝါရီ ၂၀၁၂ (UTC)[အကြောင်းပြန်ရန်]

Solving the font problem: WebFonts[ပြင်ဆင်ရန်]

Hello. I don't know if this is the right place, but I would like to propose enabling the WebFonts extension here. WebFonts embeds fonts on the wiki so that almost anyone who doesn't have the right fonts installed on their computer can see the characters properly. It is already installed on other wikis, like the Bengali Wikipedia. You can test it for Myanmar on an example page (see the menu at the top of that page) and if you want this installed here, please submit a bug or you can ask me to submit one. Thank you, SPQRobin ၁၈:၄၂၊ ၂၉ ဖေဖော်ဝါရီ ၂၀၁၂ (UTC)[အကြောင်းပြန်ရန်]

Sure. That's a cool extension. Myanmar Wikipedia also need extension like that. So, please submit one for this wikipedia. Thank you, --Aungthurahein ၂၀:၁၂၊ ၂၉ ဖေဖော်ဝါရီ ၂၀၁၂ (UTC)[အကြောင်းပြန်ရန်]
Ok, I submitted a bug now, bug 34817. If no objections, it'll probably be enabled next Monday. SPQRobin ၂၂:၄၅၊ ၂၉ ဖေဖော်ဝါရီ ၂၀၁၂ (UTC)[အကြောင်းပြန်ရန်]
That's great. But the fonts submitted were pretty old since they were developed in 2010 or earlier. I've notified the project developer to update the font there. @=={Lionslayer> ၀၇:၀၁၊ ၁ မတ် ၂၀၁၂ (UTC)[အကြောင်းပြန်ရန်]
Thanks Lionslayer, that has been done in the meanwhile as far as I can see. Also, I assume my.wikt (where you're the only sysop) wants WebFonts too, a local font-face has just been removed and community is being notified right now. --Nemo bis (talk) ၁၀:၃၂၊ ၂၀ ဩဂုတ် ၂၀၁၂ (UTC)[အကြောင်းပြန်ရန်]

ကိုဇော်သက် အကြံပြုချက်များ (my wiki FB 5 June at 12:08 )[ပြင်ဆင်ရန်]

လက်ရှိ ထိန်းသိမ်းရမယ့် ကိစ္စတွေကတော့

  • (၁) Portal တွေ Category တွေ စနစ်တကျ ပြန်ခွဲရန် (အဲဒါဆိုရင် ရှာရတာ ပိုလွယ်သွားပါလိမ့်မယ်။)
  • (၂) Interwiki Link တွေ ထည့်ရန် (နိုင်ငံတကာနဲ့ ဆိုင်တဲ့ ဆောင်းပါး တစ်ပုဒ် အသစ်ရေးဖို့ အရင် ရေးတဲ့သူ ဘယ်လို ဘာသာပြန် ထားသလဲ။ ဘယ်လို စာလုံးပေါင်းထားသလဲ။ ဘယ်လို ပုဒ်ဖြတ်ထားသလဲ ဆိုတာ မသိရင် တစ်ခါတစ်လေ ရှာဖို့ မလွယ်ပါဘူး။ ရှိမရှိ မသိဘဲ အသစ်လုပ်လိုက်တော့ ၂ ခု ထပ်သွားပါတယ်။ Interwiki ရှိရင် အင်္ဂလိပ် ဝီကီကနေ တဆင့် ရှိမရှိ ပြန်ပြီး စစ်လို့ ရပါတယ်။ အဲဒါဆိုရင် အကြောင်းအရာ တူ ခေါင်းစဉ်ကွဲ ဆောင်းပါးတွေ နည်းအောင် လျှော့ပစ်နိုင်ပါမယ်။
  • (၃) စွယ်စုံကျမ်းဆန်အောင် တည်းဖြတ်ရန်(တစ်ချို့ ဆောင်းပါးတွေက အခုအချိန်အထိ စာအနေနဲ့ မရေးဘဲ စကားပြော အနေနဲ့ ရေးထားတာတွေ ရှိပါတယ်။ တစ်ချို့က ဘလော့ခ်တွေ ဖိုရမ်တွေကနေ တိုက်ရိုက်ကူးလာတာတွေ ရှိပါတယ်။ အဲဒီဆောင်းပါးတွေကို စွယ်စုံကျမ်းဆန်အောင် ပြန်ပြီး တည်းဖြတ်ဖို့ လိုနေပါတယ်။
  • (၄) ခေတ်နဲ့ညီအောင် တည်းဖြတ်ရန် (စွယ်စုံကျမ်းထဲက တိုက်ရိုက်ကူးလာတဲ့ ဆောင်းပါး တစ်ချို့မှာ အင်္ဂလိပ်နာမည်တွေ အခုခေတ် အခေါ်အဝေါ်နဲ့ မကိုက်တာ ရှိသလို တစ်ချို့ အသုံးအနှုန်းတွေ ခေတ်နဲ့ မကိုက်တာ (ဥပမာ အမေရိကန် ပြည်နယ်အုပ်ချုပ်ရေးမှူးကို ဘုရင်ခံလို့ သုံးထားတာမျိုး) တွေ ရှိပါတယ်။ နောက်ပြီးတော့ တစ်ချို့ အချက်အလက်တွေက up-to-date မဖြစ်ပါဘူး။ မြန်မာဝီကီမှာ ချက်ကိုစလိုဗက်ကီးယားနိုင်ငံတော်ကြီး မပြိုကွဲသေးသလို အရှေ့ဂျာမနီနဲ့ အနောက်ဂျာမနီ ပြန်မပေါင်းသေးပါဘူး။ :D အဲဒီလို အရာတွေကို ပြန်ပြီး တည်းဖြတ်ဖို့ လိုအပ်ပါလိမ့်မယ်။
  • (၅) Merge လုပ်ဖို့ (နာမည်ကို စာလုံးပေါင်းတာ ကွဲကြတာ၊ ပုဒ်ဖြတ်တာ ကွဲကြတာနဲ့ အကြောင်းအရာတူ ခေါင်းစဉ်ကွဲ ဖြစ်နေတာတွေ ရှိပါတယ်။ အဲဒီ ဆောင်းပါးတွေ ကို ပြန်ပေါင်းဖို့ လိုပါလိမ့်မယ်။)
  • (၆) Redirect တွေ လုပ်ဖို့ (စာလုံးပေါင်း ကွဲ၊ ပုဒ်ဖြတ် ကွဲတာတွေ အတွက် Internal Link ထည့်ဖို့ လွယ်အောင် Redirect တွေ အင်္ဂလိပ် ဝီကီလို များများ ထည့်ပေးဖို့ လိုအပ်ပါလိမ့်မယ်။)
  • (၇) Homepage ကို ပြန်ပြင်ဖို့ (မြန်မာဝီကီပီးဒီးယားထဲ ဝင်လိုက်ရင် ဖတ်စရာတွေ အများကြီး ရှိတယ် ဆိုတာ သိအောင် Homepage ကို ပြန်ပြင်ဖို့ လိုပါလိမ့်မယ်။ အခုလက်ရှိ Homepage ထဲက ခေါင်းစဉ် အတော်များများဟာ အကြောင်းအရာ မစုံလင်ပါဘူး။)
  • (၈) ဓာတ်ပုံထည့်ဖို့ (မြန်မာလူမျိုးနဲ့ ဆိုင်တဲ့ အတ္ထုပ္ပတ္တိတွေ၊ ပထဝီ ဒေသ တွေ အတွက် ဓာတ်ပုံတွေ လိုနေပါတယ်။) လို့ အကြံပြုသွားပါတယ်။
  • ဒါ့အပြင် လူခေါ်ဖို့ လည်း ဆွေးနွေးသွားပါသေးတယ်။ လူ အဝင်စာရင်း (အကောင့်အသစ် ဖွင့်ထားတဲ့ စာရင်း) ကို ပြန်ကြည့်မယ်ဆိုရင် May 67, April 45 , March 45, February 67, January 67, ဆိုတော့ ၂၀၁၂ နှစ်စ မှ မေလကုန်အထိ စုစုပေါင်း ၂၉၁ ယောက် (မြန်မာဝီကီမှာ ဖွင့်ထားသူများသာ၊ အခြားဝီကီမှ အလိုအလျောက် အကောင့်တွေမပါ) ရှိပါတယ်။ ပျမ်းမျှအားဖြင့် ၁ ရက်ကို ၂ ယောက် လောက်ရှိပါတယ်။ ဒါပေမယ့် သူတို့ ဝင်ရေးတာ၊ ပြင်ထားတာများ ဆိုတာ မရှိသလောက်ပါ။ အကောင့်တော့ ဖွင့်ပါရဲ့၊ ဝင်မရေးကြတာလား။ တစ်ခါ ဝင်ပြီးတာနဲ့ ပြန်မလာချင်တော့တာလား၊ Font အခက်အခဲ ကြောင့်လား ဆိုတာ လေ့လာရပါဦးမယ်။ အသစ်ခေါ်တာလဲ ခေါ်ရမယ်။ ဒီလူများကတော့ စိတ်ဝင်စားလို့ အကောင့်တောင် ဖွင့်ပြီးသွားပြီ သို့သော် ဘာလို့ ဝင်မရေးတော့တာလဲ ဆိုတာ ဆွေးနွေးပေးကြပါဦး။ ကျတော့ အမြင် ပြောချင်တာတော့ လူများလေ ပိုကောင်းလေပါ။
  • နောက်တစ်ခု က ဆောင်းပါး အသစ်တွေ ကိစ္စပါ၊ တခါတလေ ဆောင်းပါးတွေမှာ ယူနီကုတ် စံ နဲ့ မဟုတ်တဲ့ ဖောင့်နဲ့ ရေးလာပါတယ်။ ဒီလိုမျိုးကို ချက်ခြင်း မဖျက်ဖို့ သို့မဟုတ် မြန်မာ၃ ဖောင့် ပြောင်းပြီး တင်ထားပေးလိုက်ပါ။ ဒါမှ ရေးတဲ့သူလဲ အားတက်သွားပြီး နောက်ဆက်ရေးမယ်လို့ မျှော်လင့်ရပါတယ်။
  • ဟိုတလော က ပုံတွေဖျက်သွားတဲ့ ကိစ္စမှာလဲ လိုင်စင်ရွေးလို့မရလို့ ဆိုတာကို အက်ဒမင်တွေ အနေနဲ့ ရွေးလို့ရတဲ့ အထိ ဆက်ပြီးဆောင်ရွက်သင့်တယ်။ ခုတော့ ဖျက်တာလဲ ဖျက်ပြီးသွားပြီ၊ နောက်တင်တဲ့ ပုံများလည်း ခုထိလိုင်စင်ရွေးလို့ မရသေးပါဘူး။ နောက်တစ်ယောက်က ထပ်ဖျက်ရင် ကော။
အကောင့်တွေများပြီး ရေးတဲ့သူ မရှိတာ တခြားဝီကီတွေမှာလည်း ဒီလိုပဲလို့ ကြားဖူးတယ်။ အဓိကကတော့ ပိုးမဝင်သေးလို့ ပြောရမယ် ထင်ပါတယ်။ :D
ဆောင်းပါး အသစ်ကို ဇော်ဂျီနဲ့ ရေးရင် ဖျက်မပစ်ပါဘူး။ ကျွန်တော့် ဆီမှာ ရှိတဲ့ ကွန်ဗာတာနဲ့ ပြောင်းပြီး ပြန်တင်ပေးပါတယ်။ ဖျက်ပစ်တယ် ဆိုတာမျိုးက အသစ်လာရေးတယ်။ တစ်ကြောင်းလောက်ပဲ ရေးတယ်။ ယူနီကုတ်နဲ့ မရေးဘူး။ ခေါင်းစဉ်ကလည်း ရှိပြီးသားဆိုတဲ့ ကိစ္စမျိုးပါ။
ကျွန်တော်တို့ ဖွဘုတ် ဂရုထဲမှာ ဂျရတ်ဆိုတဲ့ ဒတ်ချ်လူမျိုးတစ်ယောက် ရှိတယ်။ သူက ဝီကီမီဒီယာ ဖောင်ဒေးရှင်းက။ ဓာတ်ပုံကိစ္စက သူ့ကို မေးကြည့်ရင်တော့ ဘာလုပ်ရမလဲ ပိုရှင်းမယ် ထင်ပါတယ်။ Zawthet (talk) ၀၁:၅၆၊ ၁၅ ဇွန် ၂၀၁၂ (UTC)[အကြောင်းပြန်ရန်]

မြန်မာစွာလွယ်ကူစွာရိုက်၍ အသုံးပြုနိုင်ရန်[ပြင်ဆင်ရန်]

ဒီနေ့ ဘင်္ဂလားဝီကီရောက်သွားတယ်.. သူတို့က ကျွန်တော်တို့ အဘိဓာန်မှာလို စာရိုက်ရလွယ်အောင် သူတို့ မိန်းမျက်နှာမှလုပ်ထားတယ်.. ကျွန်တော်တို့ က လုပ်မရလို့လား.. ဒါမှမဟုတ် လုပ်တဲ့သူမရှိတာလား..****ထိုက်မင်း

my.wiktionary ကလို ပုံစံမျိုးလား။ တစ်ချို့နေရာကလေးတွေမှာ ရိုက်ရတာ နည်းနည်း ကသိကအောက် ဖြစ်သလားလို့ပါ။ Zawthet (talk) ၁၆:၀၂၊ ၁၆ ဇူလိုင် ၂၀၁၂ (UTC)[အကြောင်းပြန်ရန်]

မြန်မာစာမရှိတဲ့ စက်ကနေ ရှာရတာလွယ်မယ်ထင်တယ်။ အဲလိုထည့်လိုက်ရင်၊ နောက် ဝီကီရှင်နယ်ရီ မြန်မာစာမထည့်ထားတဲ့ စက်မှာပေါ်တယ်ဗျ၊ ကျောင်းပိတ်ထားတော့ စမ်းမရဘူးဖြစ်နေတယ်.. မှတ်မိသလောက်တော့ မြန်မာစာတန်းပေါ်တယ်ထိုက်မင်း (talk) ၁၆:၃၇၊ ၁၆ ဇူလိုင် ၂၀၁၂ (UTC)[အကြောင်းပြန်ရန်]

can you link with pdf writer with myanmar pages?

Myanmar Unicode အား Mobile phone များတွင်ပါ အသုံးပြုနိုင်ရေး ကျိုးပမ်းသင့်ကြောင်း[ပြင်ဆင်ရန်]

လက်ရှိတွင် အင်တာနက်သုံးသူများတွင် mobile ဖုန့်းဖြင့် သုံးသူများ တိုးတက်လာပါသည်။ ဖုန်းတွင် မြန်မာယူနီကုဒ်ကို ကောင်းမွန်စွာ ရေးနိုင်ဖတ်နိုင်ြခင်းမရှိသေးပါ။ ဖုန်းတွင် ရေးနိုင်ဖတ်နိုင်အောင် တတ်ကျွမ်းနာလည်သူများက တီထွင်ကြပါက အကျိုးများမည်ဟု ယူဆပါသည်။ Phoenix06 (talk) ၀၂:၂၃၊ ၄ ဇူလိုင် ၂၀၁၃ (UTC)[အကြောင်းပြန်ရန်]

Recent Post Suggestion[ပြင်ဆင်ရန်]

ကျွန်တော်တို့ အသစ်တင်လိုက်တဲ့ Post အသစ်တွေကို Recent post ဆိုပြီး ပြပေးနိုင်ရင် မဆိုးဘူးဗျ ဘယ်သူတွေ ပို့စ်အသစ်တင်သလဲ သိရတော့ ကောင်းတာပေါ့ဗျာ။

လတ်တလောအပြောင်းအလဲ နှင့် စာမျက်နှာအသစ် တွေမှာ ကြည့်နိုင်ပါတယ်။ NinjaStrikers «» ၀၇:၂၆၊ ၂၅ ဩ​ဂုတ်​ ၂၀၁၅ (UTC)

Wiki Myanmar Mobile Version[ပြင်ဆင်ရန်]

https://my.m.wikipedia.org/ ဆိုတဲ့ လိပ်စာက နေ့ ဝင်ကြည့်တဲ့ အခါမှာ Home Page က Screen Size အလိုက် အလိုအလျောက်ပြောင်းမသွားပါဘူး။ ဆောင်းပါတွေကိုဝင်ဖတ်တဲ့ အခါမှာတော့ ပြောင်းသွားလို့ အဆင်ပြေပြေဖတ်လို့ ရပါတယ်။ နောက်ပြီးတော့ မိုဘိုင်း ဖုန်းကနေဝင်လိုက်တိုင်း mobile ဆိုဒ်ကို အလိုလို Redirect လုပ်မသွားပါဘူး။ အဲ့တာလေး တွေ ပါ ရရင်တော့ ဖုန်းကနေဝင်ဖတ်ရအဆင်ပိုပြေသွား မှာပါခင်ဗျ။

တော်တော်များများတော့ မိုဘိုင်းဗားရှင်းအဖြစ် Redirect လုပ်သွားပါတယ်။ ဘဒိုက ဘာဖုန်းအမျိုးအစားတော့ မသိ။ Dr Lotus Black (talk) ၀၇:၃၀၊ ၆ နို​ဝင်​ဘာ​ ၂၀၁၅ (UTC)

ကျွန်တော် မြန်မာစာ မမှန်ဘူး ဗျာ ဒီဆိုင်ထဲကို ဝင်လာတာ မျက်စိတွေလည်ပြီးဘလိုပြန်ထွက်ရမှန်မသိတော့ဘူး ဒီလိုပါ ကျွန်On line မှာ web တစ်ခုထောင်နေတာ ပါ အဲ့ အတွက် ကုန်ကြမ်းလာရှာတာ ကျွန်တော်က မြန်မာပြည် လုံးဆိုင်ရာ အထွေထွေ လမ်းညွှန်ရေးနေတာပါ လေ့လာချင်ရင်တော့ http://tktmyanmarmmz.blogspot.com,linkတင်လို့မရဘူးလားး ထားလိုက်ပါတော့ အာ့မှာပါ အာ့အတွက်ကုန်ကြမ်းများရှိမလားလို့ ပြီးတော့ ကျစိမ့်လေး တစ်ခွက်လောက်--Myo Min Zaw Danuphyuthar (talk) ၀၁:၂၇၊ ၁၅ စကျ​တင်​ဘာ​ ၂၀၁၅ (UTC)

You're using Zawgyi font. Please install Myanmar Unicode font able to read and write in Myanmar Wikipedia, Windows OS i suggest. Wikipedia is not a place for promoting your blog. Dr Lotus Black (talk) ၀၇:၃၀၊ ၆ နို​ဝင်​ဘာ​ ၂၀၁၅ (UTC)

File upload policy[ပြင်ဆင်ရန်]

ကျွန်တော်တို့ မြန်မာဝီကီမှာ မူပိုင်ခွင့်ချိုးဖောက်ထားတဲ့ ပုံပေါင်းများစွာ ရှိနေပါတယ်။ Global Sysop/Steward တွေ လာဖျက်ရင် ခံရမှာပါ။ စိုးရိမ်တာက မူပိုင်ခွင့် ချိုးဖောက်တာ များလွန်းနေရင် Local uploads အပိတ်ခံရမှာစိုးလို့ပါ။ (သူတို့လာဝင်ပြီး ကြည့်သွားရင် အပိတ်ခံရနိုင်တယ်လို့ ယူဆပါတယ်။ အရင်ကလဲ အဖျက်ခံရဖူးပါတယ်။ [၁] [၂])

လောလောဆယ် အနေနဲ့ ၂၀၁၆ ဇန်နဝါရီ ၁ နောက်ပိုင်းမှာ တင်ထားတဲ့ပုံတွေကို ပယ်ဖျက်ခြင်းဆိုင်ရာ မူဝါဒမဆိုင်းမတွ ဖျက်ပစ်ရန်အတွက် သတ်မှတ်ချက်များ နဲ့အညီ စီမံခန့်ခွဲဖို့ အကြံပြုလိုပါတယ်ခင်ဗျာ။ ဘယ်လိုလုပ်ရင် ကောင်းမလဲ အကြံပြုကြပါဦး။ ဖြိုးWP (ဆွေးနွေးရန်) ၀၉:၃၂၊ ၉ ဖေဖော်ဝါရီ ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]

အရင်အဖျက်ခံထားတာကို ဆွေးနွေးထားတာတွေ လိုက်ဖတ်ဖူးတယ်။ ဟိုးအရင်က ပုံတွေကိုလည်း တတ်နိုင်သလောက်တော့ လိုက်စစ်ကြည့်နေတယ်။ Commons မှာ အရင်ရှိနေပြီးသားကို ဒီမှာ ပြန်တင်ထားရင်တော့ သေချာပေါက် ဖျက်လိုက်တယ်။ အရင်ဖိုင်တွေ အများစုက လိုင်စင်ရော အင်ဖော်မေးရှင်းရော ဘာမှကိုမပါတာ။ မြန်မာတော့ပစ်နဲ့ မဆိုင်တဲ့ ပုံတော်တော်များများကတော့ Commons မှာ သေချာရှာလိုက်ရင်တော့ ထွက်လာတာပဲ။ အဲဒါမျိုးဆိုရင်တော့ လင့်ခ်ပြောင်းပြီးတာနဲ့ ဖျက်လိုက်တယ်။ mywiki ကနေ Commons ကို ရွှေ့ထားတာတွေကိုတော့ Commons မှာ review ရ/မရ မသေချာသေးတော့ ဒီတိုင်းတော့ ထားထားတယ်။ {{Now Commons}} နဲ့တော့ tag ထားတာပဲ။ မသေချာသေးတော့ မဖျက်သေးဘူး။ mywiki မှာ အနည်းဆုံးတော့ ဘယ်လိုပုံတွေ တင်သင့်/မတင်သင့်ဆိုတာ ရှင်းပြထားတဲ့ Upload policy တော့ ရှိနေသင့်ပြီ။ အခုနောက်ပိုင်းပုံတွေကိုတော့ policy အရ လုပ်ကြတာပေါ့ဗျာ။ NinjaStrikers «» ၁၀:၄၆၊ ၉ ဖေဖော်ဝါရီ ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]
File upload policy ကို ချမှတ်သင့်ပြီလို့ ထင်ပါတယ်။ Local upload တင်ခွင့်အပိတ်ခံရတာမျိုးတော့ အဖြစ်ခံလို့မဖြစ်ဘူးဗျ။ လောလောဆယ် လိုင်စင်မရှိတဲ့ဖိုင်တွေကို လိုက်ဖျက်ရမယ့်သဘောရှိတယ်။ Dr Lotus Black (ဆွေးနွေး) ၁၁:၄၇၊ ၉ ဖေဖော်ဝါရီ ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]
လိုင်စင်မရှိ၊ နှစ် ၆၀ မပြည့်တဲ့ အဖိုးတန် ရှားပါးပုံတွေတွေ့ရင်လဲ ကြည့်ကျက်လုပ်ကြတာပေါ့။ ဖြိုးWP (ဆွေးနွေးရန်)
Relisted to generate a more thorough discussion and clearer consensus.
Please add new comments below this notice. Thanks, ဖြိုးWP (ဆွေးနွေးရန်) ၁၁:၁၈၊ ၁၆ ဖေဖော်ဝါရီ ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]
Comment: ဆွေးနွေးတဲ့သူနည်းနေလို့ တခြားဆွေးနွေးချင်သူတွေကိုလည်း ဖိတ်ခေါ်ပါတယ်။ လောလောဆယ်ကတော့
  1. ၂၀၁၆ ဇန်နဝါရီ ၁ နောက်ပိုင်းမှာ တင်ထားတဲ့ပုံတွေကို သတ်မှတ်ချက်များနဲ့အညီ စီမံခန့်ခွဲရန်
  2. Commons မှာ အရင်ရှိနေပြီးသားကို ဒီမှာ ပြန်တင်ထားရင် ဖျက်ရန်
  3. mywiki ကနေ Commons ကို ရွှေ့ထားတာတွေကို {{Now Commons}} နဲ့တော့ tag ထားရန်။ မဖျက်သေးရန်

ဖြိုးWP (ဆွေးနွေးရန်) ၁၁:၁၈၊ ၁၆ ဖေဖော်ဝါရီ ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]

နောက်ထပ် option တစ်ခုအနေနဲ့ ဖိုင်တင်ရန် စာမျက်နှာ အပေါ်နားမှာ ပြတဲ့စာသားနေရာမှာ enwiki ဖက်ကလိုမျိုး သတိပေးချက်လေးတွေ ထည့်ထားပေးမယ်ဆိုရင်ကော? NinjaStrikers «» ၀၆:၄၉၊ ၁၈ ဖေဖော်ဝါရီ ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]
အဲဒါဆို ပိုကောင်းပါတယ်။ ဖြိုးWP (ဆွေးနွေးရန်) ၁၀:၀၉၊ ၁၈ ဖေဖော်ဝါရီ ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]
MediaWiki:Uploadtext အတွက် အကြမ်းပြင်ထားတာပါ။ အကြံပြုကြပါဦး။ "free content", "Non-free content" အဲဒီစကားလုံးတွေ ဘယ်လို ဘာသာပြန်ရမလဲ မသေချာဘူး။

ပုံ၊ အသံဖိုင် သို့မဟုတ် ဗီဒီယိုဖိုင်ကို ဝီကီပီးဒီးယားပေါ်သို့ တင်ရန်အတွက် အဆင့်များ–

  1. အင်တာနက်ပေါ်တွင် တွေ့ရှိနိုင်သော အလွန်များပြားသည့် ပုံများနှင့် မာလတီမီဒီယာဖိုင်များသည် ဝီကီပီးဒီးယားပေါ်တွင် အသုံးပြုရန်အတွက် မသင့်တော်ပါ။ တင်မည့်ဖိုင်သည် ဝီကီပီးဒီးယားတွင် လက်ခံနိုင်သည့် ဖိုင်ဖြစ်ရန် သတိပြုပါ။ အကယ်၍ မရေရာ မသေချာဖြစ်ပါက မေးမြန်းပါ။ သင်တင်မည့်ဖိုင်သည် လွတ်လပ်သည့် အခမဲ့ အကြောင်းအရာ (free content) ဖြစ်ပါရဲ့လား? အကယ်၍ မဟုတ်ပါက Wikipedia:Non-free content criteriaနှင့် ကိုက်ညီမှု ရှိပါသလား?
  2. သင်တင်မည့် ဖိုင်အတွက် ရှင်းလင်းသည့်အမည်ကို ရွေးချယ်ပါ။ နမူနာအားဖြင့် "cat.jpg" အမည်ထက်စာလျှင် "Mongolian shorthair cat sleeping.jpg" အမည်သည် ပိုမိုကောင်းမွန်ပါသည်။
  3. ဖိုင်အတွက် အခြေခံ အချက်အလက်အချို့ကို ထည့်သွင်းပေးပါ။ မည်သည့်နေရာက ရရှိထားသလဲ? မည်သူက မည်သည့်အချိန်တွင် ဖန်တီးထားခဲ့သလဲ? အကယ်၍ non-free ပုံ သို့မဟုတ် မာလတီမီဒီယာဖိုင် ဖြစ်ပါက အဘယ့်ကြောင့် non-free content criteria နှင့် ကိုက်ညီသလဲ? {{Information}} သည် ဤအကြောင်းအရာများ ထည့်သွင်းနိုင်ရန် ရည်ရွယ်ထားသည့် တမ်းပလိတ်တစ်ခု ဖြစ်ပါသည်။
  4. ဖိုင်အတွက် မူပိုင်ခွင့် အချက်အလက်များကို ထည့်သွင်းပေးပါ။ သို့မဟုတ် လိုင်စင်သတ်မှတ်ခြင်း အကွက်မှ ရွေးချယ်ပါ။ သင့်တော်သည့် လိုင်စင်အမျိုးအစားကို ရှာဖွေမတွေ့ပါက ဖိုင်မတင်မီ ကျေးဇူးပြု၍ Wikipedia:မီဒီယာ မူပိုင်ခွင့် မေးခွန်းများ တွင် မေးမြန်းပါ။
  5. "ဖိုင်တင်ရန်" ခလုတ်ကို နှိပ်ပါ။ ပြီးစီးပါက ဆောင်းပါးအတွင်းသို့ ဖိုင်ကို ထည့်သွင်းပါ။ အသေးစိတ်များအတွက် Wikipedia:ဆောင်းပါးများကို တည်းဖြတ်ခြင်း#ပုံများ ကို ကြည့်ပါ။

ဝီကီပီးဒီးယားတွင် မီဒီယာဖိုင်များ အသုံးပြုခြင်းများအတွက် Wikipedia:Creation and usage of media files နှင့် Wikipedia:Image use policy တို့တွင် ကြည့်ပါ။
အကယ်၍ သင်တင်သောဖိုင်သည် public domain တွင် ပါဝင်ပါက၊ သို့မဟုတ် GNU Free Documentation License သို့ Creative Commons license အောက်တွင် ရှိပါက၊ လိုင်စင်သည် ပြောင်းလဲနိုင်မည် မဟုတ်ပါ။

NinjaStrikers «» ၀၄:၃၈၊ ၂၀ ဖေဖော်ဝါရီ ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]

  • free content ကို မူ​ပိုင်​ခွင့်လွတ်လပ်သည့် အကြောင်းအရာ
  • ALT1: မူ​ပိုင်​ခွင့်လွတ်လပ်သည့် အခမဲ့ အကြောင်းအရာ
  • non-free content criteria ကို မူ​ပိုင်​ခွင့်​ရှိ​သည့်​ အကြောင်းအရာအသုံးပြုရသော သတ်မှတ်ချက်
  • ALT1: မူ​ပိုင်​ခွင့်​ရှိ​သည့်​ အကြောင်းအရာ သတ်မှတ်ချက်
  • ALT2: မူပိုင်ခွင့်ရှိသည့် ပုံများအသုံးပြုရသော အကြောင်းရင်းသတ်မှတ်ချက်

...တခုခု ဆိုရင်ကော။ ဖြိုးWP (ဆွေးနွေးရန်) ၀၆:၁၅၊ ၂၀ ဖေဖော်ဝါရီ ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]

မူ​ပိုင်​ခွင့်လွတ်လပ်သည့် အကြောင်းအရာမူ​ပိုင်​ခွင့်​ရှိ​သည့်​ အကြောင်းအရာအသုံးပြုရသော သတ်မှတ်ချက် NinjaStrikers «» ၁၁:၅၃၊ ၂၀ ဖေဖော်ဝါရီ ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]

ဝီကီမှာဘာလို့ဇော်ချီမသုံးဘူးဆိုတာသိပါတယ်၊ ဒါပေမဲ့ မြန်မာပြည်မှာဇော်ချီသုံးတဲ့လူတွေအရမ်းများနေတဲ့အတွက် ဝီကီမြန်မာကိုထိတွေ့ခွင့်မရတော့ဘူး၊ သူတို့တွေ ယူနီမပြောင်းခင်၊ ဇော်ချီသုံးနေပေမဲ့ ဝီကီကစာတွေဖတ်လို့ရအောင် Embedded Font လေးလုပ်ထားသင့်တယ်လို့စိတ်ကူးမိပါတယ်။

အမှန်တကယ်က ဇော်ဂျီသမားတွေ ယူနီကုဒ်ဖွန့်မရှိလဲ ဝင်ဖတ်လို့ရအောင် လုပ်ထားပေးပြီးသားပါ။ ဘယ်ဖက်ခြမ်းက ဘာသာစကားများဆိုတဲ့နေရာက Language setting → Display ထဲမှာ သာလွန်၊ မြန်မာသုံးနဲ့ ပိတောက်ဖောင့်တွေကို web font အနေနဲ့ ထည့်ပေးထားပါတယ်။ NinjaStrikers «» ၀၄:၂၆၊ ၂၂ ဩဂုတ် ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]

ဘယ် သက္ကရာဇ် သုံးရမလဲ[ပြင်ဆင်ရန်]

မွေးဖွားသူများ၊ ကွယ်လွန်သူများ တွင် မြန်မာ သက္ကရာဇ်ကို ထည့်လို့ရပါသလား၊ သို့မဟုတ် အင်္ဂလိပ် သက္ကရာဇ်ကိုပဲ ထည့်ရမှာလား ?

{{lifetime| −| −}}

Mayor mt (ဆွေးနွေး) ၁၅:၄၈၊ ၃၀ ဩဂုတ် ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]

လက်ရှိမှာ အင်္ဂလိပ်သက္ကရာဇ်နဲ့ သုံးပါတယ်။ တခြားသော ဝီကီတွေနဲ့လဲ ချိတ်ဆက်လို့ အဆင်ပြေအောင်လို့ပါ။ တကယ်လို့ မြန်မာသက္ကရာဇ်ပဲ သိပြီး အင်္ဂလိပ် သက္ကရာဇ် ပြောင်းဖို့လိုအပ်ရင် ကိုအိမောင်ရေးထားတဲ့ မြန်မာပြက္ခဒိန် က အဆင်ပြေပါလိမ့်မယ်။ NinjaStrikers «» ၀၂:၅၅၊ ၃၁ ဩဂုတ် ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]
ဟုတ်ကဲ့ခင်ဗျာ၊ ကျေးဇူး....Mayor mt (ဆွေးနွေး) ၀၃:၀၂၊ ၃၁ ဩဂုတ် ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]

ခုလောလောဆယ်မှာ မြန်မာဝီကီပီးဒီးယားကို အသစ်ရောက်ရှိလာတဲ့ အကောင့်တွေကို လူကိုယ်တိုင် {{welcome}} နဲ့ ကြိုဆိုပေးနေပါတယ်။ ဒါပေမယ့် တခါတရံ မအားလပ်တဲ့အခါမျိုး၊ အသုံးပြုသူအသစ် ရောက်လာတာကို မမြင်လိုက်မိတဲ့အခါမျိုးမှာ ကြိုဆိုဖို့ ကျန်နေခဲ့တာ၊ ကျော်သွားမိတာမျိုးတွေ ရှိပါတယ်။ အဲဒါကြောင့် ရောက်လာတဲ့ အသုံးပြုသူ အသစ်တိုင်းကို ကြိုဆိုပေးမယ့် ဘော့ Welcome-Bot ကို အသုံးပြုဖို့အတွက် အဆိုပြုလိုပါတယ်။ ရောက်လာသမျှ အသုံးပြုသူအသစ်တွေ (Special:Log/newusers မှာ တက်လာတဲ့ အကောင့်တိုင်း) ကို ဘော့အကောင့်နဲ့ Tool Labs ပေါ်ကနေ မလွတ်အောင် ကြိုဆိုပေးပါလိမ့်မယ်။ ဒီအတွက် မြန်မာဝီကီအသုံးပြုသူတွေဆီကနေ ဆန္ဒသဘောထားသိလိုပါတယ်။ အသုံးပြုသင့်သလား အသုံးမပြုသင့်သလားဆိုတာကို ဝိုင်းဝန်း မဲပေးကြပါဦးဗျာ။ တစ်ပတ်အတွင်း ကန့်ကွက်မယ့်သူမရှိရင်တော့ Bot flag တောင်းပြီး ကြိုခိုင်းတော့မယ်ဗျာ။ NinjaStrikers «» ၁၂:၁၇၊ ၁၄ ဒီဇင်ဘာ ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]

သူများ Wiki တွေဆီ ရောက်သွားရင် auto bot နဲ့ ကြိုဆိုတာတွေ့ဖူးတယ်။ ဒါကြောင့် လူကိုယ်တိုင် လုပ်စရာမလိုတဲ့ welcome bot ကို ထောက်ခံပါတယ်။ Dr Lotus Black (ဆွေးနွေး) ၁၂:၃၇၊ ၁၄ ဒီဇင်ဘာ ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]
Welcome-Bot စတင် အလုပ်လုပ်ပါပြီ။ အယောက် ၅၀ ကို အရင် ကြိုဆိုပါလိမ့်မယ်။ ပြီးရင် ၁၀ မိနစ်နားပြီး စောစောက အယောက် ၅၀ နောက်မှ ရောက်လာတဲ့သူရှိရင် ဆက်ပြီး ကြိုဆိုသွားပါလိမ့်မယ်။ ၁၀ မိနစ်နား အသုံးပြုသူအသစ်ရှိမရှိ စစ်၊ ရှိရင် ကြိုဆို မရှိရင် ၁၀ မိနစ်နား .. အဲလိုသွားပါလိမ့်မယ်။ NinjaStrikers «» ၁၆:၀၆၊ ၂၆ ဒီဇင်ဘာ ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]