ဝီကီပီးဒီးယား:လက်ဖက်ရည်ဆိုင် (ဝေါဟာရ)/မော်ကွန်း ၁

ဝီကီပီးဒီးယား မှ

Programming Language နဲ့ ပတ်သက်လို့[ပြင်ဆင်ရန်]

High Level, Low Level, Object-Oriented စတဲ့ စကားလုံးတွေကို ဘယ်လို ဘာသာပြန်ရင် ကောင်းမလဲ။ ဒီအတိုင်းပဲ ထားရင် ကောင်းမလား။ Zawthet ၀၃:၄၆၊ ၅ အောက်တိုဘာ ၂၀၁၀ (UTC) အဲဒါမျိုးက မပြန်လည်း ဖြစ်တယ်။ ပြန်ရင်တော့ ကောင်းတာပေါ့။ ပြန်ပြီးသားတွေ နားရှုပ်မယ်ထင်ရင် ဘိုလို ကွင်းစကွင်းပိတ်လေးနဲ့ ပြန်ထည့်လိုက်။ Lionslayer ၁၃:၀၉၊ ၈ အောက်တိုဘာ ၂၀၁၀ (UTC) အနိမ့်ဆုံးနဲ့အလွယ်ဆုံးဘာသာစကား (low level) \ အခက်ဆုံးဘာသာစကား ( high level ) \[အကြောင်းပြန်ရန်]

အင်္ဂလိပ်စာလုံးခေါင်းစဉ်များမတပ်သင့်ပါ[ပြင်ဆင်ရန်]

မြန်မာဝီကီထဲက တစ်ချို့ဆောင်းပါးများမှာ ဆောင်းပါးခေါင်းစဉ်ကို အင်္ဂလိပ်စာနဲ့ တပ်ထားတာတွေတွေ့ရပါတယ်။ ခေတ်ပေါ်မွေးစားစာလုံးများဖြစ်လို့ မြန်မာလိုဘာသာပြန်ဖို့ အဆင်မပြေရင်တောင်မှ အသံထွက်အတိုင်း မြန်မာလို ရေးပေးသင့်ပါတယ်။ ဆောင်းပါးထဲမှာ အင်္ဂလိပ်စာလုံးနဲ့ ဒီအတိုင်းရေးထားတာက သိပ်ပြဿနာမဟုတ်ပေမယ့် ဆောင်းပါးခေါင်းစဉ်ကိုတော့ အင်္ဂလိပ်လို လုံးဝမရေးသင့်ပါ။ သုတေသီ ၀၁:၃၂၊ ၂ ဒီဇင်ဘာ ၂၀၁၀ (UTC)

အင်းဟုတ်တယ်။ မူရင်းစကားလုံးကို ဆောင်းပါးထဲမှာ ကွင်းစကွင်းပိတ်နဲ့ ပြန်ဖော်ပြတာရယ်၊ အင်တာဝီကီချိတ်တာရယ် သေချာလုပ်ပေးလိုက်ရင် ဘာဆိုလိုတယ်ဆိုတာ သိသာမှာပါ။ ဝီကီကို အင်္ဂလိပ်စာ မတတ်သူတွေပါ ဖတ်နိုင်အောင် လုပ်ပေးရမယ် မဟုတ်လား။ :) Lionslayer ၀၂:၀၇၊ ၂ ဒီဇင်ဘာ ၂၀၁၀ (UTC)[အကြောင်းပြန်ရန်]
အခုပဲ စပြောင်းလိုက်ကြရအောင်။ Zawthet ၀၂:၂၁၊ ၂ ဒီဇင်ဘာ ၂၀၁၀ (UTC)[အကြောင်းပြန်ရန်]

အသံထွက်အတိုင်း မြန်မာလိုရေးရင်တောင် ကွင်းစကွင်းပိတ်နဲ့ english လို ပြန်ရေးပေးသင့်ပါတယ် ဒါမှ english လေ့လာလိုက်စားနေသူတွေအတွက် ပိုပြီး အောင်မြင်နိုင်မယ်လို့ ထင်ပါတယ်

How about for English alphabet?Battoe ၀၈:၅၆၊ ၅ ဒီဇင်ဘာ ၂၀၁၀ (UTC)[အကြောင်းပြန်ရန်]
Of course, they need to be written in English. But can still redirect with "အေ (အင်္ဂလိပ် အက္ခရာ)"။ Lionslayer ၁၈:၄၂၊ ၅ ဒီဇင်ဘာ ၂၀၁၀ (UTC)[အကြောင်းပြန်ရန်]
ကျမစိတ်ထင် အသံထွက်အတိုင်း မြန်မာလိုရေးရင် ကွင်းစကွင်းပိတ်နဲ့ အင်္ဂလိပ်လို ပြန်ရေးတာ မဖြစ်မနေ လိုအပ်တယ်လို့ ထင်ပါတယ်။ အဲ့လိုလုပ်မ အင်္ဂလိပ်လို ရှာဖွေနိုင်မှာဖြစ်ပြီး မပြည့်စုံသော အကြောင်းအရာများကိုလဲ အင်္ဂလိပ်လို ဆက်လက်ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး english အသံထွက်ကို လွန်ကဲစွာ မြန်မာလို အသံထွက်အတိုင်း ဘာသာပြန်တာ သိပ်မကောင်းဘူးလို့ထင်ပါတယ်...အထက်ကသူပြောသလိုဘဲ ဝီကီကို အင်္ဂလိပ်စာ မတတ်သူတွေပါ ဖတ်နိုင်အောင် လုပ်ပေးရမယ်ဆိုရင် တက်နိုင်သမျှ မြန်မာလိုအဓိပ္ပယ်ရေးတာ ပို၍သင့်တော်မယ်လို့ထင်ပါတယ်။ ဥပမာ mechanic ကို တခါတဲ မက္ကန်းနစ်လို့ ဘာသာပြန်တာ မြင်ဘူးတယ်၊ စက်ပစ္စည်းလို့ ဘာသာပြန်လျှင် ပိုကောင်းမယ်လို့ထင်လို့ပါ။ ဘာလို့လဲဆိုတော့ တစ်ခါက လူတစ်ယောက်က ကျမအဖေကို company နဲ့ limited ( မြန်မာလို) ဘာကွာလဲလို့မေးပါတယ်။ ကျမအဖေလဲမဖြေနိုင်ခဲ့ပါဘူး။ ဒီအဖြစ်ကိုကြည့်လျှင် အသံထွက်အတိုင်း ဘာသာပြန်တဲ့ စလုံးတွေဟာ ထိတွေ့ပါများလို့ နားလည်ပေမယ့် တကယ့်အဓိပ္ပယ်ကို တိတိကျကျ မသိကျပါဘူး။ ဝေါဟာရတစ်ခုကို ကြည့်ရုံကြားရုံနဲ့ ဘာအဓိပ္ပယ်လဲဆိုတာသိတာကလည်း ဝေါဟာရ ရဲ့မြတ်နိုးဖို့ကောင်းတဲ့နေရာပဲမဟုတ်ဘူးလား?:P ( ဥပမာ ရုပ်မြင်သံကြားစက် ) ဒါကတော့ကျမရဲ့သေးငယ်လှတဲ့ထင်မြင်ချက်အချို့ပါ... Whitesnow##

မြန်မာလိုရေးထားတဲ့ စာပုဒ်ခေါင်းစဉ်တွေကို အီးလိုရှာရင်လည်း တွေ့အောင် လင့်လို့ရတာပဲ.ဥပမာ Hepatitis B ရှာတဲ့သူကို ဘီပိုးကို ပြန်ညွှန်းသလိုပေါ့.. အသည်းရောင် အသားဝါဘီပိုး ရှာလည်း ဘီပိုး ပြန်ညွှန်းပေါ့၊ ခက်တာက အခေါ်အဝေါ်တွေက အမျိုးမျိုးဖြစ်နေတော့. တိုရင်းလိုရှင်းတစ်ခုတော့ မူရင်းအနေနဲ့ ထားရမှာပဲ ရှာတဲ့လူလည်း လွယ်အောင်.မူရင်းထဲမှာတော့ မြန်မာမှုပိုများရမှာပေါ့. ဒါမှလည်း လူအများ သုံးလာမှာ။ ဒီမှာလည်း လက်ကိုင်ဖုန်းတို့ ဘာတို့ကို ဖင်းဘာသာနဲ့ရှိတယ်. ကွန်ပျုတာဆို အချက်အလက်စက် .. Fibre Optic ကို အလင်းရောင် ခြည်တွေ ဘာတွေပြောင်းဖြစ်တာ.. နယူးဇီလန်ကိုတောင် အသစ်ဇီလန်လို့ပြောင်းတယ်၊ သူတို့က ခေါ်တာကြာနေလို့ အသားကျနေပုံရတယ်.. ကျွန်တော်ကတော့ ကြားရတာ နားကန့်လန့်တယ်။တို့ အသစ်ဇီလန်သွားလည်မယ်ပြောရင် ရယ်စရာကြီး၊ဒါပေမဲ့ သူတို့လိုပဲ အသားကျအောင် ကြိုတင် အကုန်မြန်မာလိုပြောင်းဖြစ်ရမယ်ထင်တယ်. ဒါပေမဲ့ လွယ်ကူတာ ပိုသုံးသင့်တယ်ထင်တာပဲ၊ အသံလိုက်အတိုင်း မြန်မာလိုလိုက်ရေးရင်လည်း တချို့ဟာတွေက အသံတိုင်းရေးရတာမဟုတ်ဘူး၊ ရှာသူက အသံထွက် မှားရေးပြီး ရှာတွေ့မှာမဟုတ်ဘူး. ဥပမာ ဆေးနာမည်တွေကို ကျွန်တော်က tenofovir တယ်နိဖိုဗား လို့ အမည်တပ်တယ်.. ဆရာဝန်တစ်ယောက်အရေးအသားမှာတော့ တနိုဖိုဗီးယားလို့ ခေါ်တာလည်းတွေ့ရတယ်.ဆရာဝန်ခေါ်သံ ကို မြန်မာမှု အသုံးပြုရမယ်ထင်တယ်။ သူတို့က လူနာကို အဲဒီလေသံနဲ့ပြောမှာလေ ရှာသူက နောက်ပြီး အသံထွက်တွေမှာ အီးက ရှ် စ် နောက်လိုက်အသံတွေက . အဲဒါက ပိုဆိုးတယ်. အဲလို ရှာဖွေရတာခက်နိုင်တဲ့ အသံထွက်တွေဆို မြန်မာမှုလုံးဝပြောင်းပလိုက်တာကောင်းတယ်၊ မဟုတ်ရင်လည်း အီးစာလုံးအတိုင်း သုံးတာကောင်းတယ်။ တစ်ခုခု ပေါ့လေ အသစ်ဇီလန် လုပ်သင့်လည်း လုပ်ရတာပေါ့။ မြန်မာပြည်က လူတွေတော့ ဒါဘာကြီးလဲ လုပ်မှာ‌သေချာတယ်။Hteink.min ၂၀:၅၅၊ ၄ ဒီဇင်ဘာ ၂၀၁၁ (UTC)[အကြောင်းပြန်ရန်]

အကူအညီ[ပြင်ဆင်ရန်]

မြန်မာ ဘာသာနဲ့ လှယ်ချင်တဲ့ အင်္ဂလိပ်စကားလုံး၊ အင်္ဂလိပ်စကားလုံးကို မြန်မာ အသံထွက်နဲ့ ရေးခြင်းတွေမှာ ဝိဝါဒ၊ အခက်အခဲရှိရင် ဒီမှာ ပြောပါ။ ကျနော်က အဲဒါတွေ လျှောက်တွေး၊ လျှောက်ပြန်တာ ဝါသနာပါ၏။ :D mm thinker ၀၇:၅၇၊ ၆ ဒီဇင်ဘာ ၂၀၁၀ (UTC)[အကြောင်းပြန်ရန်]

Ok ကိုသင်ကာ--Mayor mt ၁၀:၅၁၊ ၆ ဒီဇင်ဘာ ၂၀၁၀ (UTC)[အကြောင်းပြန်ရန်]
အေးဗျာ..။ B= ဘ ၊ V=ဗ လို့ သတ်မှတ်ချက်လေး ပေးလိုက်ရင်ကောင်းမလားလို့..။ ဘရာဇီးလ်လား၊ ဗရာဇီးလ်လား။ ဗလင်စီယာလား၊ ဘလင်စီယာလား။ ဘိုလော့နာလား၊ ဗိုလော့နာလား? ။စသည်ဖြင့်.. စသည်ဖြင့်... အတော်တော့များသားဗျ...။ --Lagoonaing ၁၄:၂၅၊ ၂၁ ဇန်နဝါရီ ၂၀၁၁ (UTC)[အကြောင်းပြန်ရန်]
ဗဟိုစာမျက်နှာ ရဲ့ တိုတိုထွာထွာ ဖတ်စရာ အောက်က ယူနီကုတ် ကို ကုဒ် လိုက်ချင်လို့။ ပြီးတော့ နည်းပညာ အောက်က ကွန်ပြူတာ ကိုလည်း ပျူ လိုက်ချင်လို့။ ပြင်ပေးကြပါ။ ကျေးဇူး။--San Thane ၁၁:၁၀၊ ၁၉ ဇန်နဝါရီ ၂၀၁၁ (UTC)[အကြောင်းပြန်ရန်]
@ကို San Thane-ကျွန်တော်ပြင်တဲ့ နည်းလေးကို ပြောပါ့မယ်။ ပထမဆုံး လော့ဂ်အင် ဝင်ပါ။ ပြီးရင် ဗဟိုစာမျက်နှာမှာ ပြင်ရန်ကို တွေ့ပါလိမ့်မယ်။(လော့ဂ်အင် မဝင်ရင် မမြင်ရပါ။) ပြီးရင် ကုဒ်တွေကို တွေ့ပါလိမ့်မယ်။ ပြင်ချင်တာ ပြင်လို့ရပါပြီးခင်ဗျ။Battoe ၁၃:၀၂၊ ၂၂ မတ် ၂၀၁၁ (UTC)[အကြောင်းပြန်ရန်]
@ကို Lagoonaing-ကျွန်တော်လဲ အဲ့ဒီအကြံဉာဏ်ကို ပေးချင်နေတာ ကြာပြီအကိုတို့။ ကိုLagoonaing ပြောသလိုပဲ၊ ကျွန်တော်လဲ တွေထားတာဗျ။ Battoe ၁၂:၅၅၊ ၂၂ မတ် ၂၀၁၁ (UTC)[အကြောင်းပြန်ရန်]

ပြဿနာက ကျနော်ပဲ စပေါ်ပါပြီ။ WikiLeaks “ဝီကီလိခ်” ခေါင်းစဉ် အသံလှယ်ပုံကို မကြိုက်တာနဲ့ “ဝီကီလိ (ခ်)” ဆိုပြီး အသစ်ဖွင့်ရေးတယ်။ အခုတခါ “ဝီကီလိစ်” က ပိုကောင်းမလား၊ “ဝီကီလိခ်စ်” က ပိုကောင်းမလား စဉ်းစားမိနေပြန်ပြီ။ အကြံပြုကြပါဦး။ မဲခွဲကြစို့။ mm thinker ၁၃:၁၂၊ ၈ ဒီဇင်ဘာ ၂၀၁၀ (UTC)[အကြောင်းပြန်ရန်]

Wikileaks =>“ဝီကီလိခ်စ်” --Mayor mt ၁၃:၂၀၊ ၈ ဒီဇင်ဘာ ၂၀၁၀ (UTC)[အကြောင်းပြန်ရန်]
ဝီကီယိုစိမ့်၊ ဝီကီပေါက်ကြား၊ ဒါမှမဟုတ် တိုတိုရှင်းရှင်း ဝီကီယို ဖြစ်ဖြစ် ဝီကီပေါက်ဖြစ်ဖြစ် မြန်မာမှု ပြုရင် ကောင်းမလား။ (Just kidding) :D ဝီကီလိခ်စ် က ကောင်းပါတယ်။ Zawthet ၁၄:၀၉၊ ၈ ဒီဇင်ဘာ ၂၀၁၀ (UTC)[အကြောင်းပြန်ရန်]
Wikileaks =>“ဝီကီလိခ်စ်” ဖြစ်သင့်ပါတယ်။ သုတေသီ ၁၄:၂၁၊ ၈ ဒီဇင်ဘာ ၂၀၁၀ (UTC)
ကျွန်တော်ကတော့ ဘာသာပြန်ရင် တတ်နိုင်သလောက် ကိုယ့်ကိုယ်ကိုယ် ဘိုစာ မတတ်တဲ့တောသားနေရာထားပြီး စဉ်းစားတယ်။ ဒီတော့ ဝီကီလိ။ အနောက်က Final consonant လေးတွေ ထည့်ကြရင် ကွင်းစကွင်းပိတ် () ထည့်ပေးရင်ကောင်းမယ်။ ဗျညး်ကို အသတ်သတ်ရင် တစ်ခါတလေ သူ့မှာ ကိုယ်ပိုင်အသံတွေ ရှိတတ်တယ်။ ဥပမာ လုံးကြီးတင်နောက် စသတ်လိုက်ရင် အိတ်အသံ ထွက်တယ်။ ကိစ္စလိုမျိုး။ Lionslayer ၀၂:၁၁၊ ၉ ဒီဇင်ဘာ ၂၀၁၀ (UTC)[အကြောင်းပြန်ရန်]

ဝီကီလိ ဆိုတာကို သဘောကျတယ် ဘာလို့လဲဆိုတော့ အဓိကက ရှာရတာလွယ်ဖို့၊ အခုတောင် ခ် တင်ကြမား၊ စ်တင်ကြမလားဖြစ်နေပြီ ရှာသူက က်နဲ့ လာရှာရင်တော့ တွေ့ဦးမှာ ကြိမ်းသေတယ်။ လူဆိုတာက ပြောရတာမဟုတ်ဘူး၊ နွားအသံဘယ်လိုထွက်လဲ ဝမ်းဘဲလို့ ကြားတဲ့သူက ကြား၊ မူးးးး လိုးပြောတဲ့သူက ပြောဆိုတော့ နောက်အသံထွက်တွေ ရှည်ရှည်မသုံးတာ ပိုကောင်းတယ်.. ဝီကီလိ ကို မြန်မာလို ဝီကီယို ပြောင်းသင့်လည်းပြောင်းဖြစ်၊ ဘာပဲဖြစ်ဖြစ် လိနောက်မှာ ဘာထည့်ရေးပြီးရှာရမလဲဆိုတဲ့ မေးခွန်းတော့ ရှိလာမှာမဟုတ်တော့ဘူး။ ယိုကတော့ အကောင်းဆုံးပေါ့ ဒါပေမဲ့ လိကို တိုက်ရိုက်ပြန်ရင်လည်း ဝီကီယိုများ ဖြစ်မယ်ထင်တယ်.လိဆိုတာလည်း အဓိပ္ပါယ်တွေများသလား၊ယိုထက် အခြားဟာတွေလည်း ဖွင့်လို့ရတယ်.

ကဲ-ကျွန်တော်တစ်ခုဆွေးနွေးချင်တယ်ဗျာ။ စတာလင်,ဂျိုးဇတ်လို့ရေးထားတာတွေ့တယ်။ Joseph ကို ဂျိုးဇတ်လို့ အသံလှယ်ပြန်တာ မသင့်ဘူးလို့ထင်တယ်။ ဂျိုးဇက်လို့ပဲ မြန်မာစာပေမှာ အရေးများတာကိုတွေ့ဖူးပါတယ်။ ကိုးကားတာတော့ ဆရာကြီးဒေါက်တာသန်းထွန်းရဲ့ကျော်စွာ၁၀၀ ထဲက လို့တွေ့တယ်။ ဆရာကြီးကိုယ်တိုင်ကပဲ အဲလိုပဲ ရေးထားတာဆိုရင်တော့ ကျွန်တော့အယူအဆ မှားတာဖြစ်မှာပါ။ ကျွန်တော်တော့ ဂျိုးဇက် က ပိုပြီး အသံနီးစပ်တယ်ထင်တယ်။ ကန့်လန့်လုပ်တာမဟုတ်ပါဘူးနော်။ ကျွန်တော်မှားနေရင်လည်း အပြစ်တင်ကြပါ။ နောက်ပြီးတော့ (,) နဲ့ ရေးထားတာကိုလည်း ပုဒ်ထီး (၊) အဖြစ် ပြန်ပြောင်းရင် စာကြည့်တိုက်ပုံစံကျမယ်လို့ ထင်ပါတယ်။ သုတေသီ ၀၀:၂၉၊ ၉ ဒီဇင်ဘာ ၂၀၁၀ (UTC)

စွယ်စုံကျမ်း နှစ်ချုပ်ထဲမှာ့ ကျွန်တော် လေ့လာကြည့်တာတော့ မြန်မာနာမည်တွေဆို ( ၊ ) ပါပြီး၊ အင်္ဂလိပ် နာမည်တွေဆိုရင် ( , ) ခံတာတွေ့ရပါသည်။ ဒါကြောင့် ကျွန်တော် ( , ) ကိုသုံးခြင်း ဖြစ်ပါသည်။--Mayor mt ၀၅:၁၀၊ ၉ ဒီဇင်ဘာ ၂၀၁၀ (UTC)[အကြောင်းပြန်ရန်]

မြန်မာလူမျိုးတွေက ခုနောက်ပိုင်း အင်္ဂလိပ်စာ ညံ့မယ်မထင်ပါဘူး ပြီးတော့ ခုခေတ်က အချိန်ရှားပါးတဲ့ ခေတ်ကြီးပါ မလိုအပ်တဲ့ နောက်သံတွေကို ဖြုတ်သင့်ကြောင်း အကြံပြုလိုပါတယ် ဝီကီလိဆိုပါက သင့်တော်လိမ့်မည် ထင်မြင်ကြောင်း၊ ဝီကီလိလို့ ဘာသာမပြန်မီမှာလည်း အင်္ဂလိပ်လို wikileaks ကိုတော့ အင်တာနက်သုံးတဲ့ သူတိုင်း မြင်ဖူးကြမှာပါလို့ အောက်မေ့ရပါတယ် Bhone.bm (ဆွေးနွေး) ၀၃:၂၀၊ ၂၂ ဒီဇင်ဘာ ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]

ကောက်နှုတ်ချက် နှင့် ကိုးကား[ပြင်ဆင်ရန်]

ဆောင်းပါးကြားထဲမှာ ref tag တွေထည့်ပြီးရေးတာ တွေ့တယ်။ စာပိုဒ်ဲမှာ နံပါတ်လေးတွေနဲ့ ပြတယ်။ အင်္ဂလိပ်မှာ အဲဒါကို cites လို့ခေါ်တယ်။ ကျွန်တော်ကတော့ အဲဒါကို ကောက်နှုတ်ချက်လို့ ဘာသာပြန်ချင်တယ်။ ကောက်နှုတ်ချက်က စာအုပ်ထဲမှာ ဒီအကြောင်းက ဒီအတိုင်းပါတယ်ဆိုပြီး ရေးထားတာ။ ကိုးကားကကျတော့ အဲလိုတစ်ကြောင်းချင်းပြစရာမလိုဘူး။ အောက်ဆုံးမှာ တန်းစီရေးလိုက်ရင် ရပြီ။ အဲဒါ ကွဲပြားအောင် ပြန်ရေးကြရအောင်။ Lionslayer ၁၆:၂၆၊ ၈ ဒီဇင်ဘာ ၂၀၁၀ (UTC)[အကြောင်းပြန်ရန်]

ကျွန်တော်လဲ အဲ့ဒီလို ဖြစ်ချင်ပါတယ်..ကိုမောင်မောင်ဆန်း နမူနာ လုပ်ပြပေးပါ။ ကျွန်တော်တို့ လေ့လာပြီး ဆက်လုပ်ပါ့မယ်။--Mayor mt ၀၅:၁၅၊ ၉ ဒီဇင်ဘာ ၂၀၁၀ (UTC)[အကြောင်းပြန်ရန်]
အင်္ဂလိပ်ဝီကီကို လိုက်ကြည့်တော့ Cite တွေက Reference အောက်မှာပဲ ဝင်တယ်။ ဒီတော့ ကျွန်တော်တို့လုပ်နေတာ မှန်တယ်။ တစ်ခုပဲ။ ကိုးကားတဲ့ စာသားမှာ လိုက်တပ်ပေးဖို့ပဲ။ Lionslayer ၀၅:၃၃၊ ၉ ဒီဇင်ဘာ ၂၀၁၀ (UTC)[အကြောင်းပြန်ရန်]

သင်္ချာ[ပြင်ဆင်ရန်]

Complex Number ကို မြန်မာလို ဘယ်လို ခေါ်သလဲ မသိဘူး။ Zawthet ၀၀:၄၈၊ ၁၃ ဒီဇင်ဘာ ၂၀၁၀ (UTC)[အကြောင်းပြန်ရန်]

ကိန်းရှုပ် :D အထက်တန်းထိ မသင်ဖူးဘူး။ တက္ကသိုလ်ရောက်တော့ ဘိုလိုပဲ သင်တော့တယ်ထင်တယ်။ Lionslayer ၀၁:၄၅၊ ၁၃ ဒီဇင်ဘာ ၂၀၁၀ (UTC)[အကြောင်းပြန်ရန်]
“ကိန်းရှုပ်” ဆိုတာကို သဘောကျတယ်။ ကိန်း ထဲမှာ “ကွန်းပလက်စ်ကိန်း” လို့ပဲရေးထားတာကိုလည်းတွေ့လို့ ကျွန်တော်ဖြည့်ရေးတုန်းက ဒီအတိုင်းဘဲထားထားတယ်။ သင်္ချာနဲ့ပတ်သက်ပြီး ဖလှယ်ထား၊ ဘာသာပြန်ထားတဲ့ စကားလုံးစာရင်းလေးတစ်ခုလုပ်ရင်ကောင်းမလား စဉ်းစားနေပါတယ်။ အဲလိုစာရင်းမျိုးကို ဝီကီရဲ့ ဘယ်နားမှာ ထားသင့်တယ်လို့ ထင်ပါသလဲ။ ကျွန်တော် စဉ်းစားမိတာ သင်္ချာ portal ရဲ့ ဆွေးနွေးချက်ထဲမှာ လုပ်မလားလို့။ ဘယ်လိုသဘောရကြပါလဲခင်ဗျာ။ မင်းသန့် (talk) ၂၃:၄၉၊ ၂၇ ဒီဇင်ဘာ ၂၀၁၄ (UTC)[အကြောင်းပြန်ရန်]
ဝီကီမှာ သုံးပြီးသမျှ သင်္ချာဝေါဟာရနဲ့ နာမည် ဘာသာပြန်နှင့် အသံဖလှယ်ထားချက်တွေကို [[Talk:Portal:သင်္ချာ#သင်္ချာဝေါဟာရနှင့် အမည်များ|ဒီမှာ]] စာရင်းလုပ်ထားပါတယ်။ စာလုံးအသစ်တစ်လုံးကို ဘာသာမပြန်ခင်၊ အသံမလှယ်ခင် ဘာသာပြန်ပြီး၊ အသံဖလှယ်ပြီး ရှိ/မရှိ ရှာနိုင်ဖို့၊ ရှိပြီးသားဆိုရင်လည်း သင့်တော်၏/မတော်၏ စဉ်းစားပြီး ဆွေးနွေးပြင်ဆင်နိုင်ဖို့ ရည်ရွယ်ပါတယ်။ အသစ်ဘာသာပြန်ရမယ်၊ အသံဖလှယ်ရမယ်ဆိုရင်လည်း အဲဒီစာလုံးသစ်ကို အဲဒီစာရင်းထဲကို ထပ်ဖြည့်ဖို့ အဆိုပြုပါတယ်၊ နောက်လူတွေအတွက် အကျိုးရှိအောင်ပါ။ မင်းသန့် (talk) ၁၆:၃၅၊ ၂၉ ဒီဇင်ဘာ ၂၀၁၄ (UTC)[အကြောင်းပြန်ရန်]

တမ်းပလိတ်စာလုံးပေါင်း[ပြင်ဆင်ရန်]

Template:သမိုင်းမတင်မှီခေတ် က မှီ က မီ ဖြစ်ရမယ်။ @=={Lionslayer> ၀၉:၁၀၊ ၁၉ မတ် ၂၀၁၁ (UTC)[အကြောင်းပြန်ရန်]

IPA နှင့် ဗမာ Phonetics[ပြင်ဆင်ရန်]

[၁] ဒီမှာ အိုင်ပီအေ အက္ခရာတွေ အလွယ် Generate လုပ်နိုင်ပါပြီ။ ဗမာ အသံထွက်ရေးနည်းလည်း အဲမှာလင့်ပေးထားပါတယ်။ အားရင် တမ်းပလိတ်လုပ်ပြီး ရှိပြီးသားဆောင်းပါးတွေမှာ လိုက်ထည့်ပေးပါ။ ကျေးဇူးတင်ပါတယ်။ @=={Lionslayer> ၁၈:၄၁၊ ၂၇ မတ် ၂၀၁၁ (UTC)[အကြောင်းပြန်ရန်]

မြန်မာအမည် နှင့် လင့်ခ်များ[ပြင်ဆင်ရန်]

မြန်မာအမည် ကို လင့်ခ် လုပ်ရတာ မလွယ်ပါခင်ဗျား၊

လူပုဂ္ဂိုလ် မှာ ထုံးတမ်းစဉ်လာအရ လူတစ်ယောက်ရဲ့ အသက်အရွယ် အလိုက် (သို့) ခေါ်သူအလိုက် မောင်၊ ကို၊ ဦး၊ မ၊ ဒေါ် စသဖြင့် အမြဲပြောင်းလဲ နေတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ခေါင်းစဉ်ဆိုရင် မောင်၊ ကို၊ ဦး၊ မ၊ ဒေါ် မထည့်ချင်ပါဘူး။ ဒါမှ လင့်ခ်လုပ်ရတာ လွယ်မှာဖြစ်ပါတယ်(ရှိပြီးသား လူပုဂ္ဂိုလ် တွေရဲ့ စာမျက်နှာတွေ နီနေတဲ့ အကြောင်းရင်း ဖြစ်ပါတယ်) ။ စာကိုယ်ထဲမှာတော့ ကိစ္စမရှိပါ။ ဘုန်းကြီး အတွက် ဦး (သို့) သျှင် ၊ သခင်၊ ဗိုလ်၊ ဒေါက်တာ စသည်တို့ကတော့ ထုံးစံအတိုင်းပဲ ကောင်းမယ် ထင်ပါတယ်။ ဒါတောင်မှ ဗိုလ်ဗကို လိုဟာမျိုး ကျတော့ လူသိများတာပဲထည့်ရမလား၊ စံအတိုင်း လိုက်ရမလား ရှိနိုင်ပါသေးတယ်။
အဖွဲ့အစည်းများ ဆိုရင် လည်း အမည် သိပ်ရှည်သွားရင် ဘယ်လို စပေ့ ခံရမယ် ဆိုတာ နှုန်းစံ မရှိပါ(ဒါကြောင့် ရှိပြီးသား အချို့လင့်ခ်များ နီနေပါတယ်)။ နီနေသဖြင့် မရှိဟု ယူဆကာ အသစ်ရေးသဖြင့် အကြောင်းအရာ ထပ်ပါတယ်။ ဆိုတော့ ပေါင်းစပ်ရတဲ့ အလုပ် ပိုလာ ပါတယ်။ အဖိုးတန် အင်တာနက် အချိန်လေးများ(မမ မှ) ဆုံးပါတယ် ခင်ဗျား။ :)

အက်မင်းများလည်း စာကြည့်တိုက် ဗဟုသုတ ရှိသူများ၊ မြန်မာစာပေ ကျွမ်းကျင်သူများ ကို ပင့်လာဖို့ အကြံပြု ပါတယ်။ အမည်ပေးစနစ် ဖြစ်ဖို့ ဘာတွေလိုလဲ ဆိုတာ သိချင်ပါသေးတယ်။ Aunghtike ၀၇:၄၀၊ ၁၀ ဩဂုတ် ၂၀၁၁ (UTC)[အကြောင်းပြန်ရန်]

  • ဇန်နဝါရီ လား၊ ဇန္နဝါရီ လား ၊ ဇန် လား
  • ဖေဖော်ဝါရီ လား၊ ဖေ လား
  • ဧပြီ လား၊ ဧ လား
  • ဂျွန် လား ၊ ဇွန် လား
  • ဂျူလိုင် လား၊ ဇူလိုင် လား
  • သြဂုတ် လား၊ သြဂတ် လား၊ သြ လား
  • စက် လား၊ စက်တင်ဘာ လား
  • အောက်တို လား၊ အောက်တိုဘာ လား
  • နို လား၊ နိုင်ဝင်ဘာ လား
  • ဒီ လား၊ ဒီဇင်ဘာ လား

စည်းရှိပါမူ တိုင်းမ်လိုင်းဆိုလည်း မခက်သာ၊ ဒေတာ ဆိုလည်း ကောက်၍ လွယ်မည်သာကုန်။Aunghtike ၁၈:၄၁၊ ၁၂ ဩဂုတ် ၂၀၁၁ (UTC)[အကြောင်းပြန်ရန်]

အမည်ပေးစနစ်အတွက် issue လေးကို ပြန်အစဖော်ပါရစေ။ အပေါ်က ကိုအောင်ထိုက်ပြောသလိုပဲ မြန်မာနာမည်တွေအရ လူတစ်ဦးရဲ့ အမည်ရှေ့စာလုံးက ပြောင်းလဲနေတတ်တော့ ခေါင်းစဉ်မှာ ဦး၊ ဒေါ် ထည့်ရေးရတာကို ကျွန်တော်လဲ သိပ်သဘောမတွေ့လှဘူး။ ခေါင်းစဉ်ကို ဦး၊ ဒေါ် မပါဘဲထားပြီး စာကိုယ်ထဲမှာ ထည့်ရေးတာက ပိုအဆင်ပြေလိမ့်မယ်လို့ ထင်တယ်။ နာမည်တူရှိလာတဲ့အခါ နောက်မှာ ကွင်းစကွင်းပိတ်နဲ့ ရာထူး၊ ဘွဲ့၊ ဂုဏ်ပုဒ်တွေ ထည့်ပေးလိုက်ရင် မှားစရာ မရှိတော့ဘူး။ "တင့်ဆန်း (စာရေးဆရာ)" နဲ့ "တင့်ဆန်း (ဝန်ကြီး)" ဒီလိုဆို နာမည်တစ်ခုကို ရှာတဲ့သူအနေနဲ့ တင့်ဆန်း လို့ ရိုက်လိုက်တာနဲ့ စာရေးဆရာလား ဝန်ကြီးလား ဆိုတာ result မှာလဲ မမှားနိုင်တော့ဘူး။ တော်တော်များများက ရှာမယ်ဆိုရင် နောက်က"ဦး" ကိုတော့ ထည့်ရိုက်ပြီး ရှာမယ်လို့တော့ မထင်ဘူး။
နောက်တစ်ခုက အင်္ဂလိပ်အမည်တွေ ဖြစ်ပါတယ်။ "Winston Churchill" ကို "ဝင်စတန် ချာချီ" လို့ ခေါင်းစဉ်မထားပဲ "ချာချီ၊ ဆာဝင်စတန်၊ လင်းနတ်၊ စပင်ဆာ" လို့ပေးထားတော့ ဖတ်ရတာလဲ တစ်မျိုးဖြစ်သလို လင့်ခ်ချိတ်ရာမှာလဲ အခက်တွေ့လှပါတယ်။ enwiki ဖက်မှာ နာမည် အပြည့်အစုံကို ခေါင်းစဉ်အနေနဲ့ မထားပါဘူး။ နိဒါန်းစာပိုဒ်အစမှာပဲ နာမည်အပြည့်အစုံကို ဖော်ပြတတ်ပါတယ်။ "Margaret Thatcher" လည်း "သက်ချာ မာဂရက်" ဖြစ်နေရောပဲ။ အင်္ဂလိပ်အမည်တွေကိုတော့ သူ့အရေးအသားအတိုင်း ရေးဖို့ အကြံပြုလိုပါတယ်။ စပေ့ခြားဖို့အတွက်လည်း အင်္ဂလိပ်အမည်အတိုင်း စပေ့ခြားမယ်ဆိုရင် လင့်ခ်ပြန်ချိတ်ဖို့လဲ အဆင်ပြေပါလိမ့်မယ်။

ဒီကနေ ရလာမယ့် အိုင်ဒီယာတွေကို Wikipedia:Article titles မှာ ထည့်သွင်းသတ်မှတ်ကြဖို့ ဖြစ်ပါတယ်။ NinjaStrikers «» ၀၆:၃၈၊ ၂၆ မတ် ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]

ဟုတ်တယ်ဗျ။ နာမည်အတိုင်းပဲ ရေးမယ်ဗျာ။ ပြန်ခေါ်ရတာလည်း လွယ်အောင်လို့။ ကျွန်တော်လည်း ပြောမလို့ပဲ။ အရင်ရှိပြီးသား နာမည်တွေကိုတောင် ပြန် sorting လုပ်ပစ်ချင်တာ။ :3 Dr Lotus Black (ဆွေးနွေး) ၀၆:၅၂၊ ၂၆ မတ် ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]
ရှေးက ဝီကီရေးခဲ့တဲ့သူတွေက မျိုးရိုးနာမည်ကို ကျမ်းတွေမှာလို့ ရှေ့မှာထားပြီး ရေးခဲ့လို့ဖြစ်မယ်။ တိကျတဲ့ စည်းမျဉ်းတစ်ခုနဲ့ သတ်သတ်မှတ်မှတ် ပြဋ္ဌာန်းထားမယ်ဆိုရင်တော့ နာမည် ကိစ္စအဆင်ပြေသွားနိုင်မယ်လို့ ထင်ပါတယ်။ အင်္ဂလိပ်ဝီကီက အတိုင်းပဲ နာမည်အရေးအသားအတိုင်းထားတာပဲ ရေးတာကောင်းပါလိမ့်မယ်။ သာမန်စာဖတ်သူတစ်ဦးအနေဖြင့် Family name, surname, last name တွေ ခွဲခြားရခတ်ပါတယ် ပုံမုန် အင်္ဂလိပ်လို ကြားဖူးနေကြနာမည်ကို ပဲ ရှာတာများမယ် ထင်ပါတယ်။NayiMuu® talk ၁၁:၀၇၊ ၂၆ မတ် ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]
နောက်တစ်ခုကျန်ခဲ့လို့ဗျ။ နာမည်တွေရဲ့နောက်မှ ဝိသေသတွေ တပ်တော့မယ်ဆိုရင် () နဲ့ထားမလား ဒါမဟုတ်ရင် "၊" နဲ့ပဲ ထားမလား။ ဥပမာ - အောင်သူ (ဘောလုံးသမား) (သို့) အောင်သူ ၊ ဘောလုံးသမား သတ်သတ်မှတ်မှတ်လေး ဖြစ်ရင် ပိုကောင်းမယ် ထင်လို့ပါ။ NayiMuu® talk ၁၁:၁၃၊ ၂၆ မတ် ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]
ကွင်းစ ကွင်းပိတ် ( ) အဲဒါကိုပဲ ပိုမိုသဘောကျမိပါတယ်၊ ကျွန်တော့်ဖုန်းမှာ ပုဒ်ကလေးကိုရေးလို့ မရလို့။ :3 Dr Lotus Black (ဆွေးနွေး) ၁၂:၃၉၊ ၂၆ မတ် ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]
အရင်တုန်းက ရေးခဲ့တဲ့သူတွေက မြန်မာ့စွယ်စုံကျမ်းက ပုံစံကို ယူပြီး ရေးခဲ့တော့ အင်္ဂလိပ်နာမည်တွေမှာ မျိုးရိုးနာမည်ကို ရှေ့ကထားပြီး ရေးထား တာဖြစ်နေတယ်။ အဲဒါကြောင့် ကျွန်တော်လည်း အရင်က အတ္တုပတ္တိဆောင်းပါး တွေ မှာ လူ၂ယောက်၊ ၃ယောက်လောက် ထင်တယ်။ အဲလိုမျိုး မျိုးရိုးနာမည် ရှေ့က ထားပြီး ရေးခဲ့သေးတယ်။ (အဲလိုပုံစံကို သိပ်တော့မကြိုက်ဘူး)။ ကျွန်တော်လည်း အင်္ဂလိပ်ဝီကီက နာမည်အရေးအသားပုံစံကို ပိုသဘောကျပါတယ်။ အဲဒါက user friendly ပို ဖြစ်မယ်လို့ ထင်တာပဲ။ အရင်ရှိပြီးသားနာမည်တွေကို ပြန်ပြီး ပြင်မယ်ဆိုရင် ပြင်ရမယ့် ဆောင်းပါးပုဒ်ရေ ရာကျော်မယ် ထင်တယ်။ နောက်တစ်ခုက လူနာမည်ရဲ့နောက်က ကွင်းစကွင်းပိတ် ထားတာက ပိုကောင်း မယ်လို့ ထင်တယ်ဗျ။
ကွင်းစ ကွင်းပိတ်နဲ့ ရေးတာ အဆင်ပြေပါတယ်။ ရှိပြီးသားတွေ ပြန်ပြင်ဖို့အတွက်က ဒီဆွေးနွေးချက်ကနေ အဖြေတိတိကျကျ ထွက်ရင် နည်းနည်းချင်း ပြန်ပြင်ကြတာပေါ့။ အင်္ဂလိပ်ဝီကီဖက်က Wikipedia:Article titles, Wikipedia:Manual of Style/Biographies စတာတွေကို ဒီဖက်မှာ ဖြည်းဖြည်းချင်း ဘာသာပြန်ပြီး မူဝါဒ သတ်မှတ်ကြတာပေါ့ဗျာ။ NinjaStrikers «» ၁၃:၂၇၊ ၂၆ မတ် ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]
အကြံပြုချင်တာကတော့
  • လူပုဂ္ဂိုလ်- မောင်၊ ကို၊ ဦး၊ ဒေါက်တာ မထည့်ချင်ပါ (နာမယ်တူမရှိရင် နောက်က ဝိသေသတွေမထည့်ချင်ပါ)....ဦးနုဦးသန့် အပါအဝင်
  • ဗိုလ် (ရဲဘော်သုံးကျိပ်)- လက်ရှိအတိုင်းထားရန် သင့်မသင့်
  • ဗိုလ်ချုပ်များ- ဗိုလ်ချုပ်(ကြီး)ကို နောက်မှာမထည့်ချင်ပါ (ရာထူးပြောင်းလဲ/ငြိမ်း နိုင်၊ နာမယ်တူမရှိရင် နောက်က ဝိသေသတွေမထည့်ချင်ပါ)
  • ဘုန်းကြီး- ဆရာတော်နာမည်/ဘွဲ့ ပိုထင်ရှားတာ သုံးရန် (လယ်တီဆရာတော်)၊ ဘွဲ့သုံးလျှင် ဦး/သျှင် ကို နောက်မှာ ထည့်သင့်မသင့်? (မဟာရဋ္ဌသာရ၊ သျှင်)
  • အင်္ဂလိပ်အမည်တွေ- အင်္ဂလိပ်ဝီကီက အတိုင်းပဲရေးရန် ( မြန်မာ့စွယ်စုံကျမ်းက ပုံစံကိုလုံးဝပယ်ရန်)
စာကိုယ် အတွင်းမှာတော့ ဦး၊ ဒေါက်တာ၊ ဒေါ် ထည့်စေချင်ပါတယ်။ Infobox မှာ ဦး၊ ဒေါ် မပါတာ ဖတ်ရတာ ထောက်နေသလို ထင်မိပါတယ်။ မြန်မာဝီကီမှာ အရေးကြီးတဲ့ အပြောင်းအလဲမို့ တပတ်အနည်းဆုံးစောင့်ဖို့နဲ့ Facebook group မှာလဲ notify လုပ်စေချင်ပါတယ်။ ကျေးဇူးပါ။ ဖြိုးWP (ဆွေးနွေးရန်) ၁၃:၅၉၊ ၂၆ မတ် ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]
  • လူပုဂ္ဂိုလ်အမည်တွေကို နာမည်တူမရှိသရွေ့ ဝိသေသများ မထည့်ရန်။
  • ဗိုလ် (ရဲဘော်သုံးကျိပ်) အမည်တွေကို အခြားထင်ရှားတဲ့နာမည် မရှိရင် နောက်က ရဲဘော်သုံးကျိပ်မပါပဲ ရှေ့မှာ ဗိုလ်ထည့်ပြီး ရေးရင်ရော? (ဥပမာ ဗိုလ်မှူးအောင်၊ ဗိုလ်လက်ျာ)
  • ဗိုလ်ချုပ်များ အမည်တွေက ရာထူးအရ အပြောင်းအလဲရှိနေမှာ ဖြစ်တဲ့အတွက် နာမည်တူမရှိရင် နောက်က ဝိသေသတွေမထည့်တာ ကောင်းပါတယ်။
  • ဘုန်းကြီးတွေရဲ့ ဘွဲ့တွေကတော့ တူနေနိုင်တဲ့အတွက် ထင်ရှားတဲ့ ဆရာတော်နာမည်ရှိရင် ဆရာတော်အမည်ကိုပဲ သုံးသင့်ပါတယ်။ ဘွဲ့သုံးခဲ့ပါက ဦး/သျှင် ထည့်ဖို့ မထည့်ဖို့တော့ မဆုံးဖြတ်တတ်ဘူးဗျ။
  • အင်္ဂလိပ်အမည်တွေကတော့ အင်္ဂလိပ်ဝီကီအတိုင်းပဲ ရေးဖို့ကို သဘောတူပါတယ်။
  • Infobox မှာနဲ့ စာကိုယ်တွေမှာ ဖတ်ရတာ အဆင်ပြေစေဖို့ ဦး/ဒေါ် ထည့်ရေးကြပါမယ်။ NinjaStrikers «» ၁၅:၂၄၊ ၂၆ မတ် ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]

────────────────────────────────────────────────────────────────────────────────────────────────────ဗိုလ် (ရဲဘော်သုံးကျိပ်) အမည်တွေကို- ဗိုလ်လက်ျာ

  • ALT1: လက်ျာ (ဗိုလ်)

စိန်ဝင်း (သံတူကြောင်းကွဲ)ကို နမူနာ စဉ်းစားကြည့်တာ

စာရေးဆရာအမည်၊ အနုပညာအမည် စတာတွေကို ဒီအတိုင်းပဲ ထားကြမလား? မောင်စိန်ဝင်း (ပုတီးကုန်း)တက္ကသိုလ်ဘုန်းနိုင်စိုင်းစိုင်းခမ်းလှိုင် စသဖြင့်ပေါ့။ အင်္ဂလိပ်ဝီကီဖက်မှာလဲ အဲသလိုပဲ ပြောထားတယ်။ Wikipedia:Naming conventions (Burmese) ကိုလည်း ကိုးကားကြတာပေါ့။
နောက်ပြီး တိုင်းရင်းသားအမည်တွေဖြစ်တဲ့ စိုင်း၊ မန်း၊ နိုင်၊ စဝ် စတာတွေအတွက်လည်း စဉ်းစားဖို့လိုလိမ့်မယ်။ အမည်အတိုင်းပဲ ရေးပြီး {{DEFAULTSORT}} or {{Lifetime}} သုံးပြီး ပြန်စီမလား (စိုင်းမောက်ခမ်း၊ မန်းဝင်းမောင်၊ နိုင်ရွှေကျင်)၊ ဒါမှမဟုတ် နောက်ကိုပို့မလား။ အမည်အတိုင်းပဲ ထားမယ်ဆိုရင် နိုင်ရွှေကျင် ကို ရွှေကျင်၊ နိုင်၊ ဥက္ကဋ္ဌ၊ မွန်ပြည်သစ် ပါတီ ဆီ ပြန်ညွှန်းစရာမလိုတော့တဲ့အတွက် ပြန်ညွှန်းတွေ ဖောင်းပွတာကို လျှော့ချနိုင်လိမ့်မယ်။
အပေါ်က စိန်ဝင်း (သံတူကြောင်းကွဲ) ကို ကြည့်ရင် ကျန်တဲ့ နာမည်တွေက အဆင်ပြေပေမယ့် စိန်ဝင်း၊ ဒေါက်တာ နဲ့ စိန်ဝင်း (ဂျာနယ်လစ်) ကျ တိုင်ပတ်ပြန်ရော။ စိန်ဝင်း (ဂျာနယ်လစ်) ကို စိန်ဝင်း (မဇ္ဈိမ)စိန်ဝင်း၊ ဒေါက်တာ ကို စိန်ဝင်း (အဝေးရောက်အစိုးရ) လို့ ထားရင်တော့ ရနိုင်မယ်။
ရဲဘော်သုံးကျိပ် အမည်အတွက် နှစ်မျိုးလုံး အဆင်ပြေနိုင်ပါတယ်။ ကျန်တဲ့သူတွေ ဘယ်လိုသဘောရကြသလဲ။ NinjaStrikers «» ၀၃:၁၅၊ ၂၇ မတ် ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]
မြန်မာ့စွယ်စုံကျမ်းမှာတုန်းကတော့ နည်းပညာ အခက်အခဲအရ နာမည်တွေကို ရှေ့ထားပြီး စီခဲ့ရတယ် ထင်ပါတယ်။ ဝီကီပီးဒီးယားမှာတော့ {{DEFAULTSORT}} ပါလို့ ပြသနာ မရှိပါ။ အဲဒီတော့ မောင်စိန်ဝင်း (ပုတီးကုန်း)၊ လူထုစိန်ဝင်း စတာမျိုးနဲ့ပဲ ရေးပြီးမှ {{DEFAULTSORT}} ပြန်ထည့်တာ ပိုအဆင်ပြေပါလိမ့်မယ်။ စိန်ဝင်းချင်းတူရင် နာမည်အကြီးဆုံး စိန်ဝင်း ရှိခဲ့ရင် သူ့ဆောင်းပါးကို ညွှန်းပြီး ကျန်တာကို Disambiguation နဲ့ ညွှန်းတာ ကောင်းပါလိမ့်မယ်။ ဒါပေမယ့် စိန်ဝင်း အားလုံး နာမည်ကြီးနေရင်တော့ Disambiguation စာမျက်နှာကနေ ညွှန်းတာ ပိုကောင်းပါလိမ့်မယ်။ Zawthet (ဆွေးနွေး) ၁၃:၅၀၊ ၂၇ မတ် ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]
စိန်ဝင်း ချင်းတူရင် Disambiguation စာမျက်နှာ တခုထဲ ကို ညွှန်းတာ ပိုအဆင်ပြေမယ် ထင်တယ်။ အဲမှာ စိန်ဝင်း အကုန်လုံး ရှိမယ်။ (ဥပမာ လူစိန်ဝင်းတွေ၊ စိန်ဝင်း ရုပ်ရှင်ရုံ၊ စိန်ဝင်း လေကြောင်းလိုင်း စတာတွေပါမယ်) လူသစ်ဆိုရင် ရှာနေတာ လွယ်လွယ်ကူကူ တွေ့သွားမှ နောက်လာချင်မယ်။ လင့်ခ်နီနေတာတွေ တစုတစည်း ရှိတော့ ဝင်ရေးချင်တဲ့သူတွေ အတွက်လဲ အဆင်ပြေမယ် ထင်တယ်။ နောက်ပိုင်းကျမှ ကိုဇော်သက် ပြောသလို အီးဝီကီ အတိုင်း လုပ်ကြတာပေါ့။ Aunghtike (ဆွေးနွေး) ၀၅:၁၉၊ ၃၀ မတ် ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]
၁။ဟိုရက်တုန်းက ဆွေးနွေးခဲ့တုန်းက ဆိုင်းထိုးလိုက်တယ်လို့ ထင်ထားတာ။ နောက်ရက်မှပဲ သိတော့တယ်။ ဆိုင်းပါမသွားတာ။ ဆိုင်းမထိုးလိုက်မိတဲ့အတွက် ဆောရီးပါပဲဗျာ။
၂။ အပေါ်မှာ ဆွေးနွေးထားတဲ့အထဲမှာ မပါတဲ့တစ်ခုကို တစ်ခါတည်း ဆွေးနွေး ချင်တယ်ဗျ။ မြန်မာ မင်းညီမင်းသားနာမည်တွေမှာ နာမည်တူ ဆိုရင် ဘယ်လိုခွဲခြားမလဲဆိုတာ။ ဥပမာ- ကုန်းဘောင်ခေတ်မှာ ပြင်စည်မင်းသားက ငါးပါး၊ မက္ခရာမင်းသားက နှစ်ပါးရှိတယ်။ ပြင်စည်မင်းသားငါးပါးက တစ်ပါးနဲ့ တစ်ပါး အထက်အောက် တူဝရီးတော်တယ်။ သုံးပါးလောက်က စာဆိုတွေလို့ ပြောတယ်။ ပြင်စည်မင်းသားမောင်နဂါး၊ ပြင်စည်မင်းသားထိပ်တင်ပု၊ ပြင်စည် မင်းသားသတိုးမင်းရဲ (နောက်၂ပါးတော့ နာမည်မမှတ်မိဘူး) လက်ရှိ မြန်မာ ဝီကီက ပြင်စည်မင်းသားက ဘယ်မင်းသားလဲဆိုတာ မောင်သန်းဆွေ(ထားဝယ်)ရဲ့ ကုန်းဘောင်ရှင်းတမ်းနဲ့ ပြန်တိုက်ကြည့်ရ မယ်။ နောက်က ငယ်နာမည်တွေနဲ့ တွဲပြီး အမည်ပေးမလား။ မင်းသားတွေ တင်မက မှူးမတ်တွေလည်း အဲလို နာမည်တူတွေ ရှိမယ် ထင်တယ်။
၃။ နောက်တစ်ချက်က en wiki အတိုင်း လူနာမည်တွေ ပြောင်းမယ်ဆိုရင် ပြောင်းပုံပြောင်းနည်းက ဒီလိုမျိုး ပြောင်းမှာလားဗျ။ ဥပမာ ဒေးဗစ်လိုး ဆိုတဲ့ ဗြိတိသျှကာတွန်းဆရာဆိုရင် လိုး၊ ဒေးဗစ် လို့ ဖြစ်နေမယ်ထင်တယ်။ အဲဒီ့ လိုး၊ဒေးဗစ် က စာတွေ၊ ပုံတွေ အကုန်လုံးကို cut လုပ်ပြီး ဒေးဗစ်လိုးမှာ paste ပြန်လုပ်ပြီး en wiki နဲ့လည်း inter wiki ချိတ်လိုက်။ လိုး၊ ဒေးဗစ် ကို ဒေးဗစ်လိုး ကို redirect လုပ်လိုက်။ အဲဒီလိုလား။ တခြားနည်းရှိရင်လည်း ပြောပြပေးပါ။
၄။ နာမည်တွေ ပြန်ပြောင်းတာကို ဖြည်းဖြည်းချင်းလုပ်မယ်လို့ ဆိုတော့ ကျွန်တော် တစ်ခုလောက် request လုပ်ချင်တယ်ဗျ။ နာမည်တွေ ပြောင်းရင်း နဲ့ တစ်ခါတည်း အဲဒီ့ page တွေမှာ ရှိသင့်ရှိထိုက်တဲ့ link တွေပါ တစ်ခါတည်း ချိတ် ပေးပါဗျာ။ ပြီးတော့ လင့်ခ်ချိတ်ရင် ပေ့ချ်မရှိတဲ့ အကြောင်းအရာတွေ ဆိုရင်လည်း လင့်နီနေမှာစိုးပြီး မချိတ်ဘဲ ချန်မထားခဲ့ ဘို့ request လုပ်ပါရစေ။ အဲဒီ့ နီနေတဲ့ လင့် တွေကို stub page တွေအဖြစ် လုပ်လိုက်ပါ။ (ကျွန်တော်တို့ထက် စာမျက်နှာများတဲ့ ဗီယက်နမ် ဝီကီတို့၊ အင်္ဂလိပ်ဝီကီတို့မှာလည်း stub page တွေ အများကြီးပဲ။) မြန်မာဝီကီ အတွက် စာမျက်နှာတွေလည်း အသစ်တွေ အများကြီး ထပ်တိုးတာ ပေါ့ဗျာ။ MoeZawSoe (ဆွေးနွေး) ၁၄:၄၆၊ ၅ ဧပြီ ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]
  • "ပြင်စည်မင်းသား" စာမျက်နှာကို သံတူကြောင်းကွဲအနေနဲ့ထား၊ ပြီးတော့ တစ်ဦးချင်းစီကို "အမည် (ပြင်စည်မင်းသား)" လို့ ထားရင် ရနိုင်ပါတယ်။
  • အကယ်၍ "ဒေးဗစ်လိုး" စာမျက်နှာဟာ "လိုး၊ ဒေးဗစ်" ကို ပြန်ညွှန်းထားတဲ့ တည်းဖြတ်မှု တစ်ခုပဲ ရှိမယ်ဆိုရင် "လိုး၊ ဒေးဗစ်" ကို "ဒေးဗစ်လိုး" ဆီကို move function နဲ့ ရွှေ့ပေးလိုက်ရုံပါပဲ။ အဲဒီအတွက် interwiki ကိုလဲ ပြန်ပြောင်းနေစရာ မလိုတော့ပါဘူး။ "ဒေးဗစ်လိုး"မှာ ပြန်ညွှန်းတာမဟုတ်တဲ့ အခြားတည်းဖြတ်မှုရှိနေမယ်ဆိုရင်တော့ အပေါ်မှာ ပြောသလို cut/paste နဲ့ ပြောင်းပြီး redirect ပြန်လုပ်၊ interwiki ပြန်ပြောင်း အဲလိုတော့ လုပ်လို့ရသလို၊ နောက်တစ်နည်းအနေနဲ့ "လိုး၊ ဒေးဗစ်" ကို "ဒေးဗစ်လိုး" စာမျက်နှာကို overwrite လုပ်ပြီး (ဒေးဗစ်လိုး စာမျက်နှာကို အရင် ဖျက်ပြီးမှ လိုး၊ ဒေးဗစ် ကို ရွှေ့တဲ့နည်း) ပြောင်းလို့ရပါတယ်။ အဲမှာ တစ်ခုသတိထားရမှာက "ဒေးဗစ်လိုး" မှာရှိတဲ့ စာမျက်နှာ ရာဇဝင်ကို မဖျက်ခင်မှာ "လိုး၊ ဒေးဗစ်" ထဲကို ပေါင်းထည့်ပေးဖို့ပါ။ ဒုတိယနည်းကတော့ အက်ဒမင်တွေမှပဲ ဆောင်ရွက်နိုင်မှာပါ။
  • stub စာမျက်နှာတွေ အတွက် stub တမ်းပလိတ်တွေ (အထူးသဖြင့် top level stub template) ကို အရင် ဖန်တီးထားပေးပါမယ်။ ဒါမှ ဘာလာလာ {{stub}} ထည့်တာထက်စာရင် ပိုပြီး စနစ်ကျသွားအောင်လို့ပါ။ ဆောင်းပါးတိုးဖို့ကတော့ အားလုံး ဝိုင်းပြီး လုပ်ကြတာပေါ့။ NinjaStrikers «» ၀၂:၃၂၊ ၆ ဧပြီ ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]
  • ကျေးဇူးပဲဗျာ။ တိရစ္ဆာန်နဲ့ visitor attraction page တွေမှာ လင့်ချိတ်တာတွေ၊ တိုလွန်းတဲ့ဆောင်းပါးတွေမှာ စာထပ်ဖြည့်တာတွေ၊ infobox နဲ့ ပုံတွေ ထည့် တာတွေ တော်တော်ပြီးသွား တဲ့အချိန် ကျရင်တော့ မြန်မာမင်းမျိုးမင်းနွယ်တွေ အကြောင်း ရေးမယ်ဗျ။
  • လူနာမည်ပြောင်းပုံပြောင်းနည်းနဲ့ပတ်သက်ပြီး ရှင်းပြပေးတဲ့ အတွက်လည်း ကျေးဇူးပါပဲ။
  • ပြီးတော့ page အသစ်တွေ တိုးဖို့ဆိုတာထက် လင့်တွေများဖို့နဲ့ page မရှိသေးတဲ့ လင့်နီနေတာတွေကို မချိတ်ဘဲ ချန်မထားခဲ့ဖို့ကို ဆိုလိုတာပါ။ လင့် များမှပဲ မြန်မာဝီကီမှာ page တစ်ခုကနေ တစ်ခု သွားတာ မြန်ဆန်မယ်လို့ ထင် လို့ပါ။
  • ဗီယက်နမ်ဝီကီမှာက stub page တွေအများကြီးပဲ။ (animal page တွေမှာပါ)။ ဒါပေမယ့် stub page မှန်းမသိအောင် လုပ်ထားတယ်။ inter wiki ချိတ်ထားတယ်။ infobox ပါတယ်။ photo gallery ပါတယ်။ en wiki အတိုင်း အပြည့်အစုံ category ခွဲထားတယ်။ template table တွေ ရှိရင် ပါတယ်။ အဓိကကျတဲ့ စာကိုယ်မှာတော့ စာတစ်ကြောင်း၊ နှစ်ကြောင်းပဲ။ တချို့ page တွေမှာ စာတစ်ပိုဒ်လောက်ပဲ။ ဒါပေမယ့် လင့်တွေလည်း ချိတ် ထားတယ်။ stub page လို့ သိပ်မထင်ရဘူး။ MoeZawSoe (ဆွေးနွေး) ၁၅:၁၄၊ ၇ ဧပြီ ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]
Relisted to generate a more thorough discussion and clearer consensus.
Please add new comments below this notice. Thanks, NinjaStrikers «» ၁၀:၄၅၊ ၂၁ ဧပြီ ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]

ဆွေးနွေးချက်ကို ပိတ်သိမ်းခြင်း မပြုမီ ဆွေးနွေးချက်ကနေ ရလာတဲ့ သဘောတူညီချက်တွေကို ပြန်စီစဉ်လိုက်ပါတယ်။

  • လူပုဂ္ဂိုလ်အမည် ဆောင်းပါးခေါင်းစဉ်တွေကို နာမည်တူမရှိသရွေ့ မောင်၊ ကို၊ ဦး၊ ဒေါက်တာ အပါအဝင် ဝိသေသများ မထည့်ရန်။
  • စိန်ဝင်း ကဲ့သို့သော အမည်တူများစွာအတွက် စိန်ဝင်း ကို စိန်ဝင်း (သံတူကြောင်းကွဲ) ကို ညွှန်းထားပြီး ကျန်တဲ့ စိန်ဝင်းများအားလုံးကို စိန်ဝင်း (သံတူကြောင်းကွဲ) မှာ စာရင်းသွင်းထားရန်။
  • တပ်မတော်သားများ၏ ရာထူးအဆင့်အတန်းများ (ဗိုလ်မှူး၊ ဗိုလ်ချုပ် စသည်) တို့ မထည့်ရန်။
  • အင်္ဂလိပ်အမည်များအား အင်္ဂလိပ်ဝီကီအတိုင်းပဲ ရေးရန်။
  • ဗိုလ် (ရဲဘော်သုံးကျိပ်) အမည်တွေကို- ဗိုလ်လက်ျာ / လက်ျာ (ဗိုလ်) ဘယ်လိုထားမလဲဆိုတာ သေချာ မသတ်မှတ်နိုင်သေးပါ။
  • ဘုန်းကြီးများအတွက် ဘွဲ့အမည် / ဆရာတော်အမည် ဘယ်လိုထားမလဲဆိုတာ သေချာ မသတ်မှတ်နိုင်သေးပါ။
  • ဒီနေရာမှာ တိုင်းရင်းသားအမည် (နိုင်၊ စဝ်၊ မန်း၊ စော၊ စိုင်း စသည့်)တို့အတွက်နှင့် အနုပညာအမည်/ကလောင်အမည်တို့အတွက် ပြန်လည်ဆွေးနွေးထားတာ မရှိပါ။

NinjaStrikers «» ၁၀:၄၅၊ ၂၁ ဧပြီ ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]

သိကောင်းစရာ ဘာသာပြန်ဆိုင်ရာများ[ပြင်ဆင်ရန်]

ဝီကီ အယ်ဒီတာ အများစုသည် တစ်ချိန်မဟုတ် တစ်ချိန် ဘာသာပြန်ခြင်း အမှုကို ကြုံတွေ့ရမည်ဖြစ်သော ကြောင့် ဘာသာပြန်ဆိုင်ရာ သိကောင်းစရာများကို ဖေါ်ပြ လိုက်ပါသည်။

အင်္ဂလိပ်ဝေါဟာရများကို မြန်မာမှုပြုရေးအတွက် မြန်မာနိုင်ငံပညာရေးဌာနက ဦးဆောင်၍ တက္ကသိုလ်အသီးသီး၊ အစိုးရဌာန အသီးသီးမှ ပညာရှင်များ နှင့် ပြင်ပ ပညာရှင်များ စုဝေးညှိနှိုင်းကာ မူ ၁၂ ရပ် ချမှတ်ကြဖူးပါသည်။

ယင်းတို့မှာ-

  • ၁။ မြန်မာလို ပြောဆိုရိုးစကားရှိလျှင် ထိုစကားမျိုးကို သုံးရန်
  • ၂။ မျိုးခြား ဝေါဟာရ တစ်ခုအတွက် အဓိပ္ပါယ်အပြည့်အဝ မငုံမိစေကာမူ သင့်တင်သော အဓိပ္ပါယ်ပေါ်ရုံမျှ၊ ပေါင်းစပ်ဖန်တီးယူရန်
  • ၃။ အနက်ပြ ဝေါဟာရတွင် ရှိပြီးလျှင် ရှိရင်းတိုင်းကိုပင် သုံးရန်
  • ၄။ အသံလှယ်ရာ၌ အင်္ဂလိပ်အသံထွက်ကို မူတည်၍ ဖလှယ်ရန်
  • ၅။ မြန်မာ့နှုတ်၊ အာ၊ လျှာတို့နှင့်သင့်၍မြန်မာနားဖြင့်ကြားကောင်းအောင် အသံလှယ်ရန်
  • ၆။ အဆုံးသတ်အသံအတိုင်းလှယ်ရန်
  • ၇။ အသံလှယ် ဝေါဟာရ တွင်ပြီးရှိလျှင် ရှိရင်းတိုင်းကိုပင် သုံးရန်
  • ၈။ သိလွယ်သောဝေါဟာရဖြစ်စေရန်
  • ၉။ သင့်လျော်ပါက အရပ်သုံးဝေါဟာရကိုပင် လက်ခံရန်
  • ၁၀။ ပညာရပ်အလိုက် အဓိပ္ပါယ်တစ်မျိုးမျိုးရှိလျှင် ခွဲခြား၍ ဝေါဟာရပြုရန်
  • ၁၁။ အနက်တူ ဝေါဟာရ တွင် ပါဠိ နှင့် မြန်မာနှစ်မျိုးရှိလျှင် မြန်မာ ဝေါဟာရကို လက်ခံရန်
  • ၁၂။ အသံလှယ် အနက်ပြန်စသည့် ဝေါဟာရတစ်မျိုးမျိုးရှိနေလျှင် သင့်လျော်ရာ တစ်မျိုးမျိုးကို လက်ခံရန် ဟူ၍ ဖြစ်ပါသည်။

တက္ကသိုလ်ပညာရပ်ဆိုင်ရာ စာအုပ်များတွင် အထက်ပါနည်းအတိုင်း ဝေါဟာရများ ဖန်တီးသုံးစွဲခဲ့ကြပြီး ပြင်ပညာရှင်များကလည်း လိုက်နာခဲ့ကြသည်ကို တွေ့ရှိရပါသည်။

ဤတွင် အလျဉ်းသင့်၍ သုတဝိဇ္ဇာပညာရပ်တွင်သာမက သိပ္ပံပညာရပ်နှင့်ရသစာပေ များအတွက်ပါ ဘာသာပြန်ဆိုရာတွင် လိုက်နာအပ်သော စည်းကမ်း ၁၀ ချက် (ဝါ) ဘာသာပြန် ပညတ်တော် ၁၀ ပါးကို John of London မဂ္ဂဇင်းမှ ကောက်နုတ်၍ တင်ပြလိုက်ပါသည်။

၁။ သင်သည် မူရင်းစာမူရှင်၏အတွေးအခေါ်အတိုင်းကို တိကျညီညွှတ်စွာ ဘာသာပြန် ဆိုခြင်းသည်သာလျှင် သင်၏အဓိကတာဝန်ဝတ္တရား ဖြစ်သည်ဟုမှတ်ယူပါလေ။ မူရင်းကို တစ်စုံ တစ်ရာဖြည့်စွက်ခြင်း သို့တည်းမဟုတ် မူရင်းမှ တစ်စုံတစ်ရာ နုတ်ပယ်ခြင်းသည် ဘာသာပြန်ဆို ခြင်း၏ဦးတည်ချက်ကို ဖြည့်စွမ်းရာမရောက်နိုင်ချေ။ ပမာမခန့်ပြုလုပ်မိသည့်အပြစ်ငယ်သည် ကြိုတင်ကြံစည်ကျူးလွန်သည့်ရာဇဝတ်မှုကြီးထက် အပြစ်ပိုမိုကြီးလေးပေသည်။

၂။ သင်သည် သင်၏ဘာသာပြန်ဆိုချက်တွင် မူလစာ၏ပင်ကိုပကတိအတိုင်း တစ်ထပ် တည်းသောအသွင်၊ တစ်ထပ်တည်းသော လေယူလေသိမ်း၊ တစ်ထပ်တည်းသောလေသံနှင့် စကားသွားအတိုင်း ဖြစ်စေရမည်။ သင်၏ပုံစံရေးဖွဲ့ဟန်တို့ကို ဖယ်ထားပြီး မူရင်းစာရေးသူနှင့် ဘာသာစကားခြားနားသော စာဖတ်ပရိသတ်တို့၏စပ်ကြားတွင် သစ္စာရှိသောကြားခံလူတစ် ယောက် ဧကန်မုချဖြစ်ပါစေ။

၃။ သင်သည် မူလဝါကျအစီအစဉ်အတိုင်း ကျိုးနွံစွာ တစ်သွေမတိမ်းလိုက်၍ ပြန်ဆိုနေ ခြင်း မပြုသင့်ပေ။ ဘာသာစကား၏သဘောသကန်နှင့်ရေးသားထုံးဖွဲ့မှု၏အနေအထားအရ အကြောင်းဆိုက်ရောက်လာသည့်အခါတိုင်း အနည်းငယ်မျှ နောက်ဆံမတင်းပဲ ဝါကျများကို လို အပ်သလို ခွဲခြားဖြတ်တောက်ခြင်း၊ ပေါင်းစည်းဆက်စပ်ခြင်း စသည်တို့ကို ပြုလုပ်ပါ။ သို့ရာတွင် ဝါကျဖွဲ့သီထားသည့်ဆိုရင်း အဓိပ္ပါယ်အဆက်အစပ်ကို လေးလေးနက်နက် သတိထားပါလေ။

၄။ မူရင်းစာရေးဆရာသည် အဓိပ္ပါယ်မရှိသည့်အကြောင်းများကို ရေးသားထားပုံရသည့် တိုင်အောင် သင်သည် သင်၏စာရေးဆရာကို ပြင်ဆင်ပေးရန် ဘယ်သောအခါမှ စိတ်ကူးမထည့် ပါလေနှင့်၊ တာဝန်သည် သူ၏တာဝန်သာ ဖြစ်သည်။

၅။ သင်သည် သင်၏ဘာသာပြန်ကို အသံကျယ်ကျယ်ထွက်၍ ဖတ်ပါ။ သင်၏မျက်လုံးများ ဖြင့်ေဝဖန်ဆန်းစစ်ခြင်းမပြုဘဲ သင်၏နားများဖြင့်သာဝေဖန်ဆန်းစစ်ခြင်း ပြုပါ။

၆။ သင်သည် ပညာရပ်ဆိုင်ရာ စကားအဓိပ္ပါယ်များအားလုံးကို သဘောပေါက်နားလည် သည်အထိ သင်ပြန်ဆိုရမည့်နိုင်ငံခြားဘာသာစကားကို ကုံကုံလုံလုံ ကျွမ်းကျွမ်းကျင်ကျင် တတ် မြောက်ရပါမည်။

၇။ သင်သည် ကောင်းမွန်လှပသော နိုင်ငံခြားဘာသာစကားပိုဒ်တိုင်းကို စကားလုံးတစ်လုံးချင်း လိုက်ပြီး လုံးကောက်ပြန်ဆိုခြင်း မပြုပါနှင့်။ ဘာသာစကားတိုင်းမှာပင် ငြိစရာ၊ မိစရာ၊ ထိစရာ များ ရှိပါသည်။

၈။ သင်သည် သင်၏ပင်ရင်းဘာသာစကားကို အဆက်မပြတ် လေ့လာအားထုတ်နေရမည်။ သင် သည် ကာလမကြာမီအတွင်းမှာပင် နိုင်ငံခြားဘာသာတစ်ခုကို ဘာသာပြန်ကောင်းတစ်ယောက် ဖြစ်သည်အထိ သင်ကြားတတ်မြောက်လာလိမ့်မည်။ သို့သော် သင်၏ပင်ရင်းဘာသာစကားကိုမူ ကား မည်သည့်အခါတွင်မှ ပြည့်စုံစွာ တတ်မြောက်ပြီဟုမရှိနိုင်ပါချေ။

၉။ သင်သည် ဘာသာပြန်ဆို၍ မရနိုင် ဟူသော စကားလုံးတွင် သင်၏ဝေါဟာရစကားလုံးများထဲမှ အပြီးအပိုင် ဖယ်ထုတ်ပစ်လိုက်ပါလေ။ ဆီရာနိုဒါဗာဇ်ရက်အမည်ရှိ ပြင်သစ်ပြဇာတ်တပုဒ်ကို တချိန်တုန်းက ဂျာမန်ဝေဖန်ရေးသမားများအားလုံးကပင် ဘာသာပြန်ဆို၍ မရနိုင်ဟု ပြောခဲ့ကြဖူးသည်။

၁၀။ သင်သည် သင်၏ဘာသာပြန်ဆိုချက် ကောင်းမွန်လှပြီဟု မသေချာမချင်း ကြိုးပမ်းအား ထုတ်မှုကို မလျှော့ပါနှင့်။ သင်သည် ဤအချက်ကို ဤအဘိဓာန်တစ်ခုတည်း၏အကူအညီဖြင့် မရရှိနိုင်ပါ။ အကြောင်းမှာ ဘာသာပြန်ဆိုရာတွင် အာရုံဝင်စားခြင်းနှင့်စဉ်းစားတွေးခေါ်ခြင်း ဟူသည့်အချက်နှစ်ရပ်စလုံး လိုအပ်နေသောကြောင့် ဖြစ်သည်။

အထက်ပါ အကြောင်းအရာများသည် (ဒေါက်တာတင်အောင်၊ မင်းကျော်, နတ်နွယ်၊ လှသမိန်၊ (ရန်ကုန်၊ စာပေဗိမာန်). ဘာသာပြန် စာပေစာတမ်းများ, ပြည်သူ့လက်စွဲစာစဉ် ဒုတိယတွဲ.) မှ ကူးယူ ဖေါ်ပြခြင်း ဖြစ်သည်။ Aunghtike (talk) ၁၀:၃၁၊ ၁ ဇွန် ၂၀၁၂ (UTC)[အကြောင်းပြန်ရန်]

Page move requested[ပြင်ဆင်ရန်]

Please move ကွန်ဒုံး to ကွန်ဒုံး. The first one contains an invisible unicode character. I can't do it by myself because the latter exists as a redirect. -- Magioladitis (talk) ၁၅:၃၁၊ ၁၈ ဇန်နဝါရီ ၂၀၁၃ (UTC)[အကြောင်းပြန်ရန်]

I have done it. Thanks. Zawthet (talk) ၁၈:၃၇၊ ၁၉ ဇန်နဝါရီ ၂၀၁၃ (UTC)[အကြောင်းပြန်ရန်]

အက်ဒမင်ခင်ဗျား စုန်းကဝေအတတ် ဆိုတဲ့ ခေါင်းစဉ်မှာ ကကြီးနဲ့ သတ်ထားတာတွေ့ရတယ်။ တဝမ်းပူနဲ့သတ်မှ မှန်မယ်။ အောက်က ခေါင်းစဉ်ကလေးမှာတော့ တသတ်ဖြစ်နေပြန်တယ်။ ခေါင်းစဉ်ကိုတော့ ကျွန်တောင်မပြင်တတ်တာမို့ ဒီနေရာကနေ တင်ပြတာပါ။Arkar Shine (talk) ၀၅:၃၁၊ ၂၃ ဧပြီ ၂၀၁၃ (UTC)--Arkar Shine (talk) ၀၅:၃၁၊ ၂၃ ဧပြီ ၂၀၁၃ (UTC)[အကြောင်းပြန်ရန်]

"တာတာ" လား၊ "မွန်ဂို" လား[ပြင်ဆင်ရန်]

ငဆောင်ချမ်းတိုက်ပွဲဟာ တရုတ်နိုင်ငံကိုသိမ်းထားတဲ့ မွန်ဂိုတွေနဲ့တိုက်ရတာမဟုတ်လား။ တာတာလူမျိုးဆိုတာ မြန်မာလိုတော့ ရင်းမြစ်မသိပါဘူး။ အင်္ဂလိပ်လို Tartar ကတော့ မွန်ဂိုနဲ့ မတူဘူး။ နောက်ပြီး အဲဒီအချိန်က တရုတ်နိုင်ငံကို အုပ်စိုးနေတာ ကူဘလိုင်ခန် ဖြစ်ပါတယ်။ ဥဒဉ်ဘွားဆိုတာ မင်းမသိ ဗာရာဏသီဆိုတာလို တရုတ်ဘုရင် အားလုံးကို သိမ်းကျုံးခေါ်တဲ့ မြန်မာအမည်ပါ။ ဝိုင်းဝန်းဆွေးနွေးကြပါဦး။ Arkar Shine (talk) ၀၆:၀၆၊ ၂၃ ဧပြီ ၂၀၁၃ (UTC)--Arkar Shine (talk) ၀၆:၀၆၊ ၂၃ ဧပြီ ၂၀၁၃ (UTC)[အကြောင်းပြန်ရန်]

Help for translate[ပြင်ဆင်ရန်]

Hello and sorry for writing in English. Can anyone help me translate a small article (2 paragraphs) from English to your language and create the article in your wiki? Please, fell free to answer in my talk page in your wiki anytime. Thanks! Xaris333 (talk) ၀၀:၁၉၊ ၁၄ ဩဂုတ် ၂၀၁၄ (UTC)[အကြောင်းပြန်ရန်]

False Awakening (အိပ်မက်ထဲမှာ အိပ်မက်ကနိုးတာ) ကိုခေါင်းစဉ်ဘယ်လိုတပ်ရင်ကောင်းမလဲ "အတုအယောင်နိုးထခြင်း" "အိပ်မက်ထဲမှအတုအယောင် နိုးထခြင်း" လို့ပေးရင်ကောင်းမလား အသုံးအနှုန်းနဲ့ပတ်သက်ပြီး ဇဝေဇဝါဖြစ်နေလို့ အကြံပြုကြပါဦးခင်ဗျ။ ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။ Tiake Tiake

Wikimania Scholarship Deadline Tomorrow[ပြင်ဆင်ရန်]

မင်္ဂလာပါ :)

Apologies for my English. I am writing to encourage you to apply for a scholarship to Wikimania, if you have not done so already.

Wikipedia in Myanmar is so important. It would be wonderful if someone from Myanmar could come to Mexico and represent your community there.

The 2015 Wikimania Scholarship Program will be closing in approximately 24 hours.

The deadline to apply is tomorrow: 16 February 23:59 UTC.

Please apply!

Chezu tinbade. <3 Anna Koval (WMF) (talk) ၁၉:၃၇၊ ၁၄ ဖေဖော်ဝါရီ ၂၀၁၅ (UTC)[အကြောင်းပြန်ရန်]

This is just translation for what's written by Anna.
အင်္ဂလိပ်လိုရေးရတဲ့အတွက် တောင်းပန်ပါတယ်။ အခုရေးရတဲ့အကြောင်းကတော့ လျှောက်လွှာမတင်ရသေးလို့ရှိရင် ဝီကီမန္နီယာစကောလားရှစ်အတွက် ဝင်လျှောက်ကြဖို့ပါ။
မြန်မာနိုင်ငံမှာ ဝီကီပီးဒီးယားဟာ အရမ်းအရေးပါပါတယ်။ မြန်မာကတစ်ယောက်ယောက်သာ မက္ကဆီကို ကို မြန်မာဝီကီမိသားစုလေးကို ကိုယ်စားပြုပြီး လာနိုင်မယ်ဆို သိပ်ကောင်းမှာပဲ။
၂၀၁၅ ဝီကီမန္နီယာ စကောလားရှစ်ပရိုဂရမ်က ၂၄ နာရီအတွင်း ပိတ်ပါတော့မယ်။
လျှောက်လွှာတင်ဖို့ နောက်ဆုံးရက်ကတော့ မနက်ဖြန်ပါ။ ၁၆ ဖေဖော်ဝါရီ 23:59 UTC။
လျှောက်ဖြစ်အောင်လျှောက်ကြပါ။
ကျေးဇူးတင်ပါတယ်။ <3 @=={Lionslayer> ၀၄:၀၄၊ ၁၅ ဖေဖော်ဝါရီ ၂၀၁၅ (UTC)[အကြောင်းပြန်ရန်]

wiktionary တွင်မှရှိေသာ ဝေါဟာရတစ်ခု[ပြင်ဆင်ရန်]

Hi; Mingabalar, I wish there is someone who can help me. As I have just translated the article about Walt Disney from English to Burmese, I found difficulty in some words. What's the Burmese meaning of the word "business mogul." Would you like to help me ? Because I'm a new wikipedian.

"Mogul" ဆိုတာ အဓိကရ ပုဂ္ဂိုလ်/ အရေးကြီးပြီး ဩဇာအာဏာရှိ ပုဂ္ဂိုလ် လို့ အောက်စဖို့အဘိဓာန်မှာ တွေ့ရပါတယ်။ "business mogul" ကို အတိုပြောမယ်ဆိုရင် စီးပွားရေးထိပ်သီးပုဂ္ဂိုလ် ပေါ့ဗျာ။ NinjaStrikers «» ၂၁:၄၈၊ ၁၅ မေ ၂၀၁၅ (UTC)[အကြောင်းပြန်ရန်]

ဂယ်လက်ဆီ vs ဂလက်ဆီ[ပြင်ဆင်ရန်]

ကျွန်တော်ကတော့ အာကာသဂြိုဟ်တွေအကြောင်းရေးတော့ Galaxy ကို ဘာသာပြန်တာ ဂယ်လက်ဆီဆိုပြီး တွေ့ရတယ်။ တချို့ကတော့ ဂလက်ဆီလို့ပဲ ပြန်တာတွေလည်း ရှိပါတယ်။ ဒါကတော့ အသံထွက်အတိုင်း တိုက်ရိုက်ပြန်တာကိုးဗျ။ မြန်မာလိုဆိုရင်တော့ ကြယ်စုတန်း ဆိုလားပဲ။ ဒါပေမယ့် Galaxy နှင့် Constellation ကို ရောနိုင်တယ်ဗျ။ ဘာကြောင့်ဆို Constellation ကိုလည်း ကြယ်စုတန်း၊ ကြယ်တာရာအစုအဝေး ဒီလိုပဲ ပြန်ကြတာကိုး။ ပြသနာက ကျွန်တော် အင်ဒရိုမီဒါ ဂလက်ဆီဆိုပြီး ပြန်လိုက်တယ်။ Title မှာကိုက ဂလက်ဆီဆိုပြီး ပြန်လိုက်တော့ ပြန်ညွန်းချိန်မှာ ဂယ်လက်ဆီဆိုပြီး ပြန်ညွန်းတာကိုး။ ဒီတော့ အင်ဒရိုမီဒါ ဂယ်လက်ဆီဆိုတာ ဘာသာမပြန်ရသေးသလို ဖြစ်သွားပြီပေါ့ဗျာ။ မြန်မာစကားတွေကလည်း ခက်ပါတယ်ဗျာ။ Title ကို ပြန်ပြင်လို့ရရင်တော့ ကောင်းမှာပဲ။ :D

အင်ဒရိုမီဒါ ဂယ်လက်ဆီ ဆိုပြီး စာမျက်နှာအသစ်ကို အင်ဒရိုမီဒါ ဂလက်ဆီ ဆီကို ပြန်ညွှန်း (redirect) လုပ်လိုက်လို့ရပါတယ်။ အဲဒါဆိုရင် ခေါင်းစဉ်နှစ်ခုပေမယ့် စာမျက်နှာကတော့ တစ်ခုတည်းပဲလေ။ NinjaStrikers «» ၁၃:၄၄၊ ၂၇ ဩ​ဂုတ်​ ၂၀၁၅ (UTC)

PSC.စာမေးပွဲအတွက် လေ့လာချင်လို့ပါ[ပြင်ဆင်ရန်]

ပြည်ထ⁣ောင်စုရေွေးကောက်ပွဲကော်မရှင်က ခေါ်တဲ့ စာမေးပွဲအတွက် လေ့လာသင့်တဲ့ LINK လေးတ⁣ေွ ညွှန်ပြပ⁣ေးပါဦး --လူကလေး (talk) ၁၀:၁၉၊ ၁၆ စက်​တင်​ဘာ​ ၂၀၁၅ (UTC)

နိုင်ငံများ၏ ဘောလုံးအဖွဲ့ချုပ် အမည်သတ်မှတ်ရန်[ပြင်ဆင်ရန်]

နိုင်ငံအသီးသီးရဲ့ ဘောလုံးအဖွဲ့ချုပ်အမည်တွေကို ဘယ်လိုရေးရင်ကောင်းမလဲ မသိဘူးဗျ။ ဥပမာအားဖြင့် သူတို့မှာ Afghanistan Football Federation(Myanmar Football Federation ကဲ့သို့)၊ National Football Association of Brunei Darussalam၊ Football Federation of Cambodia၊ Hong Kong Football Association၊ All India Football Federation ကွဲပြားတဲ့ အမည်ပေးမှုတွေရှိပါတယ်။ အဲဒါတွေအားလုံးကို ဥပမာ အာဖဂန်နစ္စတန်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ ဘရူနိုင်းနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ ကမ္ဘောဒီးယားနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ ဟောင်ကောင် ဘောလုံးအဖွဲ့ချုပ်၊ အိန္ဒိယနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဆိုပြီးပဲ တသမတ်တည်း ဘာသာပြန်ကြမလား၊ ဒါမှမဟုတ် သီခြားစီပဲ ခေါ်ဆိုသင့်သလား။ ဆွေးနွေးပေးကြပါဦး အကိုတို့။ NayiMuu® talk ၁၁:၀၅၊ ၁၈ မတ် ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]

သူတို့ဆီက အခေါ်ဝေါ်ချင်း မတူပေမယ့် ဆိုလိုရင်းက အတူတူပဲဆိုရင် ဘဒိုအဆင်ပြေသလို လုပ်တာအဆင်ပြေမယ်ထင်ပါတယ်။ တစ်ခုချင်းစီ လိုက်ပြီး ဘာသာပြန်နေရင် ပြန်ညွန်းရတာတွေလည်း ရှုပ်တယ်ထင်တာပဲဗျာ။ Dr Lotus Black (ဆွေးနွေး) ၁၁:၄၄၊ ၁၈ မတ် ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]
"နိုင်ငံ ဘောလုံးအဖွဲ့ချုပ်"။ ကောင်းပါတယ်ဗျ။ ဆောင်းပါးထဲမှာပဲ {{lang-en}} နဲ့ အင်္ဂလိပ်အမည်ထည့်ထားလိုက်ပေါ့။ NinjaStrikers «» ၁၅:၁၉၊ ၁၉ မတ် ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]
ဟုတ်ကဲ့ပါ ဘရိုတို့ :) NayiMuu® talk ၁၈:၂၃၊ ၁၉ မတ် ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]

Boeing ကို ဘိုရင်း လို့ရေးရမလား ... အရင်ရေးထားတဲ့အတိုင်း ဘိုအင်း လို့ပဲ ပေါင်းရမလား ??? D.Lynn (ဆွေးနွေး) ၁၅:၀၃၊ ၃၀ နိုဝင်ဘာ ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]

လောလောဆယ် ကျန်တာတွေနဲ့ တစ်ပုံစံထဲဖြစ်အောင် ဘိုးအင်း လို့ပဲ ထားရင်ကောင်းမယ်ထင်တာပဲ .. NinjaStrikers «» ၁၅:၁၃၊ ၃၀ နိုဝင်ဘာ ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]
စာမျက်နှာ အနည်းငယ်ပဲ ရှိသေးလို့ ရွေ့ချင်ပါသည်... ကိုနင်ဂျာ ... အဆင်ပြေနိုင်ပါ့မလား ? D.Lynn (ဆွေးနွေး) ၁၅:၁၈၊ ၃၀ နိုဝင်ဘာ ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]
အဆင်ပြေပါသည်။ အင်္ဂလိပ်အသံထွက်ကို မြန်မာလိုပြန်ရေးရတာ စာလုံးပေါင်းအခက်အခဲရှိနေဆဲပါပဲ NinjaStrikers «» ၀၁:၃၇၊ ၁ ဒီဇင်ဘာ ၂၀၁၆ (UTC)[အကြောင်းပြန်ရန်]

''unicodeနဲ့ zawgyi codeနဲ့ကတော့တော်တိုင်ပတ်တယ် editလုပ်တာရေးပီးကာမှunicodeပြောင်းသွားတယ် ၁၆:၃၁၊ ၃၁ ဒီဇင်ဘာ ၂၀၁၆ (UTC)