ဝီကီပီးဒီးယား:ထင်ရှားအရေးပါမှု (လူပုဂ္ဂိုလ်များ)

ဝီကီပီးဒီးယား မှ

ဝီကီပီးဒီးယားတွင် ထင်ရှားအရေးပါမှုသည် တည်းဖြတ်သူများအား အကြောင်းအရာတစ်ခုသည် ယင်း၏ကိုယ်ပိုင်ဆောင်းပါးအတွက် ခိုင်လုံစေခြင်းရှိမရှိ ဆုံးဖြတ်ရာတွင် အသုံးပြုသော စမ်းသပ်မှုတစ်ခု ဖြစ်သည်။ လူပုဂ္ဂိုလ်များအတွက် အတ္ထုပ္ပတ္တိဆောင်းပါးတစ်ခုသည် "ထိုက်တန်ခြင်း"[၁] သို့မဟုတ် "အလေးထားဂရုပြုခြင်း"[၂] ရှိရမည် ဖြစ်သည်။ ဆိုလိုသည်မှာ အဆိုပါလူပုဂ္ဂိုလ်၏ ဘဝအကြောင်း ဝီကီပီးဒီးယားတွင် ရေးသားမှတ်တမ်းတင်ရာတွင် "မှတ်သားလောက်ဖွယ်ရာ"[၂] သို့မဟုတ် "သိသာထင်ရှားသော၊ အရေးပါအရာရောက်သော၊ စိတ်ဝင်စားဖွယ်ရာ" ရှိရမည် ဖြစ်သည်။[၁]

အခြေခံသတ်မှတ်ချက်များ[ပြင်ဆင်ရန်]

လူပုဂ္ဂိုလ်များသည် ယင်းတို့အကြောင်းဖော်ပြထားသော စိတ်ချယုံကြည်ရပြီး ပုဂ္ဂိုလ်ရေးရာ ကင်းလွတ်သော[၃][၄] 'ထုတ်ဝေဖြန့်ချိပြီးဖြစ်သည့် ဒုတိယရင်းမြစ်များ[၅]တွင် သိသာထင်ရှားစွာ လွှမ်းခြုံဖော်ပြနိုင်ခြင်းရှိလျှင် ထင်ရှားအရေးပါမှုရှိသည်ဟု မှတ်ယူသည်။

  • ကိုးကားထားသော မည်သည့်ရင်းမြစ်တွင်မှ လွှမ်းခြုံဖော်ပြနိုင်လောက်အောင် မည်မည်ရရ မရှိပါက လွတ်လပ်သော ရင်းမြစ်များစွာကို ပူးပေါင်းကာ ထင်ရှားအရေးပါမှုကို ပုံဖော်ပြနိုင်သည်။[၆]
  • ပင်မရင်းမြစ်များကို ဆောင်းပါးတစ်ခုရှိ အကြောင်းအရာကို ထောက်ပံရန် အသုံးပြုကောင်း အသုံးပြုနိုင်သော်လည်း ယင်းတို့သည် အကြောင်းအရာ၏ ထင်ရှားအရေးပါမှုကို သက်သေသာဓကပြရာတွင် ပံ့ပိုးနိုင်ခြင်း မရှိပေ။

အခြေခံသတ်မှတ်ချက်များနှင့် ကိုက်ညီသော လူပုဂ္ဂိုလ်များကို အောက်ပါ ထပ်ဆောင်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိမရှိ ထည့်သွင်းမဆုံးဖြတ်ဘဲနှင့် ထင်ရှားအရေးပါမှုရှိသည်ဟု မှတ်ယူနိုင်သည်။ ဖြစ်ရပ်တစ်ခုတည်းအတွက်သာ ထင်ရှားအရေးပါနေသော သို့မဟုတ် Wikipedia:ဝီကီပီးဒီးယားက ဘာမဟုတ်ဘူးလဲတွင် ဖော်ပြထားသည်များကဲ့သို့သော ချန်လှပ်ထားသော သတ်မှတ်ချက်များတွင် ပါဝင်နေသော ပုဂ္ဂိုလ်များအတွက် ဆောင်းပါးများကို ဖန်တီးပေးရမည် မဟုတ်ပေ။

ထပ်ဆောင်းသတ်မှတ်ချက်များ[ပြင်ဆင်ရန်]

အောက်ပါ စံသတ်မှတ်ချက်များတစ်ခုခုနှင့် ကိုက်ညီနေပါက လူပုဂ္ဂိုလ်များကို ထင်ရှားအရေးပါသည် ဟု ယူဆနိုင်သည်။ အဆိုပါ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိခဲ့ပါက အကြောင်းအရာတစ်ခုသည် မပါဝင်သင့်ဟူသော ခိုင်မာသည့် သက်သေ မဟုတ်သလို အပြန်အလှန်အားဖြင့် သတ်မှတ်ချက် တစ်ခုသို့မဟုတ် တစ်ခုထက်ပို၍ ကိုက်ညီနေခြင်းသည်လည်း အကြောင်းအရာတစ်ခုအား ပါဝင်သင့်သည်ဟု အာမခံချက် မပေးထားပါ

အောက်ပါ ထပ်ဆောင်းသတ်မှတ်ချက်များနှင့် မညီသည့် လူပုဂ္ဂိုလ်တစ်ဦးသည် Wikipedia:ထင်ရှားအရေးပါမှုအရ ထင်ရှားအရေးပါနေနိုင်သည်။ တည်းဖြတ်သူများအနေဖြင့် အောက်ပါ သတ်မှတ်ချက်များကို သိနားလည်နေခြင်းဖြင့် ဆောင်းပါးတစ်ခုအား ထပ်ဆောင်းကိုးကားချက် လိုအပ်နေခြင်း၊ သို့မဟုတ် ဖျက်ပစ်ရန် ဆွေးနွေးခြင်းတစ်ခုကို စတင်ခြင်း စသည်တို့ကို ဆုံးဖြတ်ရာတွင် အထောက်အကူရနိုင်သည်။

မည်သည့် အတ္ထုပ္ပတ္တိမဆို[ပြင်ဆင်ရန်]

  1. လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည် လူသိများပြီး ထင်ရှားသည့် ဆုတံဆိပ် သို့မဟုတ် ဂုဏ်ပြုမှု ရရှိခြင်း သို့မဟုတ် အဆိုပါ ဆုအတွက် ကြိမ်ဖန်များစွာ အဆိုပြုခြင်းခံရခြင်း
  2. လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည် သူ/သူမ၏ သက်ဆိုင်ရာနယ်ပယ်တွင် သမိုင်းမှတ်တမ်းတလျောက် ကျယ်ပြန့်သိသာသော အသိအမှတ်ပြု ပါဝင်ပံ့ပိုးမှုများ ရှိခဲ့ခြင်း[၇]
  3. လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည် အမျိုးသားအတ္ထုပ္ပတ္တိအဘိဓာန် သို့မဟုတ် ယင်းကဲ့သို့သော ထုတ်ဝေမှုတွင် ထည့်သွင်းဖော်ပြခြင်း ခံရခြင်း

ပညာရပ်ဆိုင်ရာ လူပုဂ္ဂိုလ်များ[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - :en:Wikipedia:Notability (academics)

သိပ္ပံပညာရှင်များ၊ သုတေသနပညာရှင်များ၊ ဒဿနပညာရှင်များနှင့် အခြားသော ပညာရှင်များသည် သူတို့၏ အတ္ထုပ္ပတ္တိသည် ဒုတိယရင်းမြစ်များတွင် ပင်မအကြောင်းအရာဖြစ် ဟုတ်မနေသော်လည်း သူတို့သည် ကမ္ဘာတစ်ဝှမ်းတွင် ထင်ရှားကျော်ကြားသူများ ဖြစ်ပါက ထင်ရှားအရေးပါသည်ဟု သတ်မှတ်သည်။

ဖန်တီးမှု ကျွမ်းကျင်ပညာရှင်များ[ပြင်ဆင်ရန်]

စာရေးသူများ၊ တည်းဖြတ်သူများ၊ ဂျာနယ်လစ်များ၊ ရုပ်ရှင်ဖန်တီးသူများ၊ ဓာတ်ပုံဆရာများ၊ ပန်းချီဆရာများ၊ ဗိသုကာရှင်များနှင့် အခြားသော ဖန်တီးမှု ကျွမ်းကျင်အနုပညာရှင်များ

  1. လူပုဂ္ဂိုလ်အား အရေးပါသူ တစ်ဦးအဖြစ် ခတ်ပြိုင်တန်းတူပညာရှင်များ သို့မဟုတ် အောင်မြင်သူများက အသိအမှတ်ပြုကြခြင်း
  2. ထင်ရှားသော အယူအဆသစ်၊ သီအိုရီသစ်၊ သို့မဟုတ် နည်းပညာသစ်တစ်ခုခုကို စတင်ခဲ့သူဖြစ်ခြင်း
  3. ထင်ရှားသော သို့မဟုတ် လူသိများသော ဖန်တီးမှုတစ်ခုခုကို ဖန်တီးခဲ့သူဖြစ်ခြင်း သို့မဟုတ် အဓိက အများဆုံးဖန်တီးသူဖြစ်ခြင်း။ ထပ်ဆောင်းအနေဖြင့် အဆိုပါ ဖန်တီးမှုသည် လွတ်လပ်ပြီး ထင်ရှားသော ဖန်တီးမှုတစ်ခုခု (ဥပမာ စာအုပ်၊ ရုပ်ရှင်၊ ရုပ်သံစီးရီးများ၊ သို့သော် ရုပ်သံစီးရီး၏ အပိုင်းတစ်ခုထဲတွင် မဟုတ်ရ) ၏ ပင်မအကြောင်းအရာအဖြစ် ပါဝင်ခြင်း၊ သို့မဟုတ် ဆောင်းပါးဆက်များ သို့မဟုတ် သုံးသပ်ချက်များစွာတွင် ပါဝင်ခြင်း ရှိရမည်။
  4. လူပုဂ္ဂိုလ်၏ ဖန်တီးမှုလက်ရာ (သို့မဟုတ် လက်ရာများ)သည် (က) ထင်ရှားသော အထိမ်းအမှတ် တစ်ခုခု ဖြစ်ခြင်း၊ (ခ) ထင်ရှားသော ပြပွဲတစ်ခုခုတွင် အမြောက်အများ ပါဝင်ခြင်း၊ (ဂ) အများအပြား အာရုံစိုက်မှု ခံရခြင်း (ဃ) များစွာသော ထင်ရှားသည့် ပြခန်းများ သို့မဟုတ် ပြတိုက်များ၏ စုဆောင်းမှုများတွင် ကိုယ်စားပြုခံရခြင်း ရှိရမည်။

ရာဇဝတ်မှု ကျူးလွန်ခံရသူများနှင့် ပြစ်မှုကျူးလွန်သူများ[ပြင်ဆင်ရန်]

ယေဘုယျအားဖြင့် ပြစ်မှုဖြစ်ရပ်တစ်ခုခု သို့မဟုတ် တရားခွင်နှင့် ဆက်စပ်မှုရှိနေသော လူပုဂ္ဂိုလ်တစ်ဦးအကြောင်းအား သီးခြား ဝီကီပီးဒီးယားဆောင်းပါးတစ်ခု၏ ပင်မအကြောင်းအရာအဖြစ် ရှိမနေသင့်ပါ။ (ရှိနှင့်ပြီး ဆောင်းပါးတစ်ခုသည် အဆိုပါပုဂ္ဂိုလ်နှင့် စွယ်စုံကျမ်းဆန်သော ပတ်သက်ဆက်နွယ်မှု ရှိမနေလျှင်)

ထိုကဲ့သို့သော ဆောင်းပါးတစ်ခု ရှိနေပါက ဆောင်းပါးအရွယ်အစားကို ထည့်သွင်းဆုံးဖြတ်ကာ ဆောင်းပါးခွဲတစ်ခုအဖြစ် ဖန်တီးရန် ဆီလျော်နိုင်သည်။

ဆီလျော်သော ရှိနှင့်ပြီး ဆောင်းပါး မရှိပါက ပြစ်မှုကျူးလွန်သူ သို့မဟုတ် ကျူးလွန်ခံရသူသည် အောက်ပါအခြေအနေ တစ်ရပ်ရပ်တွင် ဝီကီပီးဒီးယား ဆောင်းပါးတစ်ပုဒ်၏ ပင်မအကြောင်းအရာအဖြစ် ထားနိုင်သည်။

ကျူးလွန်ခံရသူနှင့် မှားယွင်းစွပ်စွဲခံရသူ သို့မဟုတ် မှားယွင်းပြစ်ဒဏ်ချခံရသူများအတွက်-

  1. ကျူးလွန်ခံရသူ သို့မဟုတ် မှားယွင်းပြစ်ဒဏ်ချခံရသော လူပုဂ္ဂိုလ်တစ်ဦးသည် ဝီကီပီးဒီးယား:သက်ရှိပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိများ#ဖြစ်ရပ်တစ်ခုတည်းအတွက်သာ_ထင်ရှားအရေးပါခြင်းနှင့် ကိုက်ညီနေပြီး ကောင်းမွန်စွာ မှတ်တမ်းတင်ထားသော သမိုင်းဝင်ဖြစ်ရပ်တစ်ခုတွင် အဓိက ပါဝင်ပတ်သက်နေသူဖြစ်နေခြင်း။ သမိုင်းဝင်ဖြစ်ရပ်ဆိုသည်ကို အဆိုပါတစ်စုံတစ်ယောက်အကြောင်းကို ထင်ရှားစွာဖော်ပြထားသော စိစစ်အတည်ပြုခံနိုင်သော ဒုတိယရင်းမြစ်များမှ ဖြစ်ရပ်အကြောင်းလွှမ်းခြုံဖော်ပြထားနိုင်ခြင်း ဖြစ်သည်။

ပြစ်မှုကျူးလွန်သူများအတွက်-

  1. ပြစ်မှုတစ်ခု၏ ကျူးလွန်ခံရသူသည် နိုင်ငံရေးသမားများ၊ ထင်ပေါ်ကျော်ကြားသူများ အပါအဝင် တိုင်းသိပြည်သိ သို့မဟုတ် ကမ္ဘာကျော် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခြင်း။
  2. ပြစ်မှုကျူးလွန်ခြင်း အကြောင်းရင်းခံ သို့မဟုတ် ပြစ်မှုအတွက် စီရင်ကွပ်မျက်ခြင်းသည် ပုံမှန်မဟုတ်ခြင်း—သို့မဟုတ် သတိထားစရာအဖြစ် သတ်မှတ်ယူဆထားခြင်း— သမိုင်းဝင်ဖြစ်ရပ်တစ်ခုအဖြစ် ကောင်းမွန်စွာ မှတ်တမ်းတင်ထားခြင်း။
    • မှတ်ချက်။ ပြစ်မှုတစ်ခုအတွက် စွပ်စွဲခံရသော သက်ရှိပုဂ္ဂိုလ်တစ်ဦးသည် တရားဥပဒေအရ ဆုံးဖြတ်ခြင်းမရှိသေးပါက မပြစ်မရှိဟု ယူဆသည်။ တည်းဖြတ်သူများအနေဖြင့် အဆိုပါကဲ့သို့သော ကျူးလွန်သူဟု စွပ်စွဲခံထားရသည့် လူပုဂ္ဂိုလ်အကြောင်းကို ပြစ်မှုထင်ရှားစီရင်ခြင်း မခံရမီအတွင်း ဆောင်းပါးအဖြစ် မဖန်တီးမိစေရန် အထူးသတိပြုရမည်။

ဖျော်ဖြေရေးသမားများ[ပြင်ဆင်ရန်]

ဂီတပညာရှင်များ၊ တေးဂီတအဖွဲ့များ၊ တေးရေးများ အတွက် ဝီကီပီးဒီးယား:ထင်ရှားအရေးပါမှု (ဂီတ) ကို ကြည့်ပါ။

သရုပ်ဆောင်များ၊ အသံသရုပ်ဆောင်များ၊ ဟာသပညာရှင်များ၊ ကိုယ်ဟန်ပြမယ်များနှင့် ထင်ရှားကျော်ကြားသူများအတွက်

  1. ထင်ရှားသော ရုပ်ရှင်ဇာတ်ကားများရုပ်မြင်သံကြားအစီအစဉ်များ၊ စင်တင်ဖျော်ဖြေပွဲများ သို့မဟုတ် အခြားသော ထုတ်လုပ်မှုများစွာတို့တွင် အရေးပါသော ဇာတ်ကောင် အဖြစ် ပါဝင်မှုရှိခြင်း။

သို့မဟုတ်

  1. ဖျော်ဖြေရေးလောကတွင် ပြိုင်ဖက်ကင်းသော၊ ဆန်းသစ်သော ပံ့ပိုးမှုများ ပြုလုပ်ထားနိုင်ခြင်း။

နိုင်ငံရေးသမားများနှင့် တရားသူကြီးများ[ပြင်ဆင်ရန်]

အောက်ပါတို့ကို ထင်ရှားအရေးပါသည်ဟု မှတ်ယူသည်။

  • နိုင်ငံတကာအဆင့်၊ နိုင်ငံအဆင့် သို့မဟုတ် (ဖက်ဒရယ် သို့မဟုတ် အလားတူစနစ်ရှိ အစိုးရအုပ်ချုပ်သော နိုင်ငံများတွင်) ပြည်နယ်အဆင့် ရုံးများတွင် ရုံးထိုင်သော၊ သို့မဟုတ် အဆိုပါအဆင့်များရှိ ဥပဒေပြုရေးအဖွဲ့အစည်းများတွင် အဖွဲ့ဝင်အဖြစ် ပါဝင်သော နိုင်ငံရေးသမားများနှင့် တရားသူကြီးများ။[၈] အဆိုပါရုံးများတွင် ရွေးကောက်တင်မြှောက်ခံရသူများသည်လည်း ဤအချက်တွင် အကျုံးဝင်သည်။
  • လုံလောက်သိသာသော မီဒီယာလွှမ်းခြုံဖော်ပြထားခြင်းရှိသည့် ထင်ရှားသော ဒေသခံနိုင်ငံရေးသမားများ။[၇]

ဒေသခံရုံးအဆင့်တွင် ရွေးကောက်တင်မြှောက်ခံရခြင်း သို့မဟုတ် နိုင်ငံရေးရုံးအတွက် ရွေးကောက်ခြင်းမခံရသော ကိုယ်စားလှယ်လောင်းများသည် ယေဘုယျ ထင်ရှားအရေးပါမှု လမ်းညွှန်ချက်နှင့် ကိုက်ညီနိုင်ပါက ထင်ရှားအရေးပါနိုင်သော်လည်း ဤအချက်အောက်တွင် ထင်ရှားအရေးပါသည်ဟု အာမခံထားခြင်း မရှိပါ။

အားကစားသမားများ[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောစာမျက်နှာ - ဝီကီပီးဒီးယား:ထင်ရှားအရေးပါမှု (အားကစား)

အားကစားသမားတစ်ဦးသည် ထင်ရှားသော ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် တစ်ခုခုရရှိခဲ့ပါက ထိုသူအား ထင်ရှားအရေးပါသည်ဟု ယူဆကာ အကြောင်းအရာနှင့် ကင်းလွတ်ပြီး လွတ်လပ်သည့် ခိုင်လုံသော ဒုတိယရင်းမြစ်များတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားခြင်း ရှိနိုင်သည်။ အားကစားအတ္ထုပ္ပတ္တိများတွင် အကြောင်းအရာအား ကျယ်ကျယ်ပြန့်ပြန့် လွှမ်းခြုံထားနိုင်သည့် ကိုးကားရင်းမြစ် အနည်းဆုံးတစ်ခု ပါဝင်ရမည်။ ဤလိုအပ်ချက်တစ်ခုတည်းနှင့် ကိုက်ညီနေခြင်းသည် ထင်ရှားအရေးပါသည်ဟု ညွှန်းဆိုခြင်းမဟုတ်သော်လည်း ထင်ရှားအရေးပါမှုအတွက် ယေဘုယျ လမ်းညွှန်ချက်နှင့် ကိုက်ညီနိုင်သော ကိုးကားရင်းမြစ်များ လုံလုံလောက်လောက်ရှိနိုင်သည်ဟု ညွှန်းဆိုနိုင်သည်။

မှတ်ချက်များ[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ "Notable"Encarta။ May 28, 2011 တွင် မူရင်း အား မော်ကွန်းတင်ပြီးDecember 13, 2018 တွင် ပြန်စစ်ပြီး
  2. ၂.၀ ၂.၁ "Notable"American Heritage DictionaryJanuary 17, 2015 တွင် ပြန်စစ်ပြီး
  3. Sources that are pure derivatives of an original source can be used as references, but do not contribute toward establishing the notability of a subject. "Intellectual independence" requires not only that the content of sources be non-identical, but also that the entirety of content in a published work not be derived from (or based in) another work (partial derivations are acceptable). For example, a speech by a politician about a particular person contributes toward establishing the notability of that person, but multiple reproductions of the transcript of that speech by different news outlets do not. A biography written about a person contributes toward establishing his or her notability, but a summary of that biography lacking an original intellectual contribution does not.
  4. Autobiography and self-promotion are not the routes to having an encyclopedia article. The barometer of notability is whether people independent of the subject itself have actually considered the subject notable enough that they have written and published non-trivial works that focus upon it. Thus, entries in biographical dictionaries that accept self-nominations (such as the Marquis Who's Who) do not contribute toward notability, nor do web pages about an organization's own staff or members.
  5. What constitutes a "published work" is deliberately broad.
  6. Non-triviality is a measure of the depth of content of a published work, and how far removed that content is from a simple directory entry or a mention in passing ("John Smith at Big Company said…" or "Mary Jones was hired by My University") that does not discuss the subject in detail. A credible 200-page independent biography of a person that covers that person's life in detail is non-trivial, whereas a birth certificate or a 1-line listing on an election ballot form is not. Database sources such as Notable Names Database, Internet Movie Database and Internet Adult Film Database are not considered credible since they are, like many wikis, mass-edited with little oversight. Additionally, these databases have low, wide-sweeping generic standards of inclusion. In addition, in cases like the Internet Movie Database, inclusion is routine for people in the associated domain and can therefore especially not be taken as evidence of notability.
  7. ၇.၀ ၇.၁ Generally, a person who is "part of the enduring historical record" will have been written about, in depth, independently in multiple history books on that field, by historians. A politician who has received "significant press coverage" has been written about, in depth, independently in multiple news feature articles, by journalists. An actor who has been featured in magazines has been written about, in depth, independently in multiple magazine feature articles, by magazine article writers. An actor or TV personality who has "an independent biography" has been written about, in depth, in a book, by an independent biographer.
  8. This is a secondary criterion. People who satisfy this criterion will almost always satisfy the primary criterion. Biographers and historians will usually have already written about the past and present holders of major political offices. However, this criterion ensures that our coverage of major political offices, incorporating all of the present and past holders of that office, will be complete regardless.