Wikipedia:ထင်ရှားအရေးပါမှု

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဝီကီပီးဒီးယားပေါ်တွင် ထင်ရှားအရေးပါမှု ဆိုသည်မှာ ပေးထားသည့် အကြောင်းအရာခေါင်းစဉ်တစ်ခုသည် ယင်း၏ ဆောင်းပါးအတွက် မည်မျှ ကျိုးကြောင်းခိုင်လုံစေသည်ဟူသော အချက်ကို တည်းဖြတ်သူများက ဆုံးဖြတ်သည့် စမ်းသပ်မှုတစ်ခုပင် ဖြစ်သည်။

ဝီကီပီးဒီးယားပေါ်ရှိ အချက်အလက်များသည် စိစစ်အတည်ပြုခံနိုင်မှု ရှိရမည်ဖြစ်သည်။ အကယ်၍ အကြောင်းအရာတစ်ခုအတွက် third-party ရင်းမြစ်များ မရှိခဲ့ပါက ယင်းအကြောင်းအရာအတွက် သီးခြားဆောင်းပါးတစ်ခု မရှိသင့်သေးပေ။ ထင်ရှားအရေးပါမှုအတွက် ဝီကီပီးဒီးယား၏ သဘောထားအမြင်သည် ဤအခြေခံစံနှုန်းပေါ်တွင် မူတည်နေပြီး အကြောင်းအရာများတွင် လက်လွတ်စပယ် ပါဝင်နေခြင်းကို ရှောင်ရှားနိုင်ရန် ဖြစ်သည်။ ဆောင်းပါးများသည် ထင်ရှားအရေးပါမှု သို့မဟုတ် "သတိပြုမိထိုက်လောက်အောင်" ရှိနေရမည်ဖြစ်သည်။ ထင်ရှားအရေးပါမှုကို ဆုံးဖြတ်ရာတွင် ဂုဏ်သတင်းကြီးခြင်း၊ အရေးပါခြင်း၊ သို့မဟုတ် လူကြိုက်များခြင်း စသည့်အချက်များပေါ်တွင် သေချာပေါက် မှီခိုနေသည် မဟုတ်ပါ။

အကြောင်းအရာတစ်ခုသည် အောက်ပါအချက်များ ရှိပါက ဆောင်းပါးတစ်ခုရှိရန် ထိုက်တန်သည်။

  1. အောက်တွင် ဖော်ပြထားသည့် ယေဘုယျ ထင်ရှားအရေးပါမှု လမ်းညွှန်ချက်များ သို့မဟုတ် သီးခြားဖွင့်ဆိုထားသည့် လမ်းညွှန်ချက်များနှင့် ကိုက်ညီနေခြင်း၊ နှင့်
  2. ဝီကီပီးဒီးယားက ဘာမဟုတ်ဘူးလဲ မူဝါဒနှင့် သွေဖယ်မှု မရှိခြင်း။

ဤသည်မှာ အကြောင်းအရာတစ်ခုသည် သီးခြားဆောင်းပါးတစ်ပုဒ်အနေဖြင့် ရှိနေသင့်သည်ဟူသော အချက်ကို အာမခံထားခြင်း မဟုတ်ပါ။ တည်းဖြတ်သူများသည် သူတို့၏ လိမ္မာပါးနပ်မှုကို အသုံးချ၍ ပေါင်းစပ်ခြင်း သို့မဟုတ်၊ နှစ်ခု သို့မဟုတ် ထို့ထက်ပိုသော ဆက်စပ်သည့် ခေါင်းစဉ်များကို အုပ်စုဖွဲ့ကာ ဆောင်းပါးတစ်ခုတည်းအဖြစ် ပေါင်းစပ်ခြင်းများ ပြုလုပ်နိုင်သည်။ အောက်ပါ လမ်းညွှန်ချက်များသည် အကြောင်းအရာတစ်ခုအတွက် သီးခြားဆောင်းပါး သို့မဟုတ် စာရင်းဆောင်းပါး အဖြစ် သင့်လျော်သည်ကို ထုတ်နှုတ်ပြသထားမည် ဖြစ်သည်။ ယင်းတို့သည် ဆောင်းပါးတစ်ခု သို့မဟုတ် စာရင်းဆောင်းပါးတစ်ခု၏ ပါဝင်အကြောင်းအရာကို ကန့်သတ်ထားမည် မဟုတ်ပါ။ ဝီကီပီးဒီးယား၏ မူဝါဒဆိုင်ရာ အကြောင်းအရာအတွက် ဘက်မလိုက်သော အမြင်စိစစ်အတည်ပြုခံနိုင်မှုကိုယ်တိုင် ထုတ်ဖော်ထားသော သုတေသနများဝီကီပီးဒီးယားက ဘာမဟုတ်ဘူးလဲ၊ နှင့် သက်ရှိပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိတို့တွင် ဖတ်ရှုပါ။


မှတ်စုများ[ပြင်ဆင်ရန်]